×

၁။ အစာအိမ္ ေရာဂါ ဆိုတာ ဘာလဲ။

 အစားအိမ္ႏွင့္ အူသိမ္ ဦးပိုင္းရွိ အတြင္းနံရံ အေျမႇးပါးတြင္း ျဖစ္ပြားေသာ အနာေရာဂါႏွင့္ အဆိုပါ ေနရာမ်ားရွိ အေျမႇးပါးမ်ား ေရာင္ရမ္း ျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အစာမေၾကျခင္း၊ ရင္ဘတ္ ေအာင့္ျခင္း ေရာဂါ ေ၀ဒနာကို ဆိုလုိပါတယ္။ ယခင္အခါ မ်ားက အစာအိမ္ အတြင္း အက္စစ္ဓာတ္ လြန္ကဲျခင္းေၾကာင့္ အစာအိမ္ ေရာဂါ ျဖစ္တယ္လုိ႔ ဆိုခဲ့ၾကေပမယ့္ ယခုအခါ H.pylori ေရာဂါပိုးေၾကာင့္ အက္စစ္ဓာတ္ လြန္ကဲကာ အစာအိမ္ေရာဂါ ျဖစ္ပြားတယ္လုိ႔ သိရပါတယ္။ အကိုက္အခဲ ေပ်ာက္ေဆး၊ ထုိးေဆးမ်ား အလြန္အကၽြံသံုးစြဲမႈ ေၾကာင့္လည္း ျဖစ္ပြား တတ္ပါတယ္။

၂။ ေရာဂါျဖစ္ႏုိင္ေခ်ရွိၿပီး အႏၲရာယ္ရွိတဲ့ အုပ္စုက ဘယ္သူေတြလဲ။

လူတုိင္းမွာ အစာအိမ္ ေရာဂါ ျဖစ္ႏုိင္တဲ့ အႏၲရာယ္ ရွိပါတယ္။ ဖြံ႕ၿဖိဳးဆဲ ႏုိင္ငံမ်ားမွာ လူဦးေရရဲ႕ ၁၀% အထိ ျဖစ္ပြားေလ့ ရွိတတ္ပါတယ္။

၃။ ဒီေရာဂါ ျဖစ္မွန္း ဘယ္လုိသိမလဲ။

၀မ္းဗိုက္ အထက္ပိုင္း ရင္ၫြန္႔ ေနရာမွ ေအာင့္ျခင္း၊ တစ္ခါတစ္ရံ အစာအိမ္ ေပါက္သြား ျခင္းေၾကာင့္ ၀မ္းဗုိက္ အထက္ပိုင္း အလြန္ အမင္းေအာင့္ျခင္း၊ အစာအိမ္ အနားမွ ေသြးယို စီးတဲ့အတြက္ ေသြးအန္ျခင္း၊ ေသြး၀မ္း သြားျခင္းစတဲ့ လကၡဏာမ်ား ျဖစ္ေပၚ ခံစားရပါတယ္ အစာအိမ္ နာေရာဂါ ျဖစ္တာ ႏွစ္ေပါင္းမ်ားစြာ ၾကာလာတဲ့ အခါ၊ အစာအိမ္ ထြက္ေပါက္ က်ဥ္းၿပီး ပိတ္ဆုိ႔ တတ္ေသာေၾကာင့္ စားၿပီးေသာ အစာမ်ား မၾကာခဏ ျပန္အန္ျခင္းတို႔ ျဖစ္ပြား တတ္ပါတယ္။ အခ်ိဳ႕ေသာ သူမ်ားမွာ အစာအိမ္ ကင္ဆာေရာဂါ အျဖစ္နဲ႔ လာတတ္ ပါတယ္။ အစာအိမ္ ေရာဂါျဖစ္မွန္း ေသခ်ာေအာင္ သက္ဆုိင္ရာ ဆရာ၀န္၏ အဆံုးအျဖတ္ အစီအစဥ္ျဖင့္ ဓာတ္မွန္ ႐ုိက္ျခင္း၊ အစာအိမ္ လမ္းေၾကာင္း မွန္ေျပာင္းႏွင့္ ၾကည့္႐ႈ ေလ့လာျခင္း၊ H.pylori ပိုးရွိမရွိ မွန္ေျပာင္းႏွင့္ၾကည့္ျခင္း၊ အစာအိမ္နာ ျဖစ္ေသာေနရာမွ အသားစ ယူကာ စစ္ေဆးျခင္း(သို႔) အစာအိမ္ မွန္ေျပာင္း မၾကည့္ဘဲ H.pylori ပိုးအတြက္ ပဋိပစၥည္းမ်ား၊ ခုခံပစၥည္းမ်ား ထြက္ေနျခင္း ရွိမရွိ ေသြးကို ဓာတ္ခြဲစစ္ေဆးျခင္း အားျဖင့္လည္း သိရွိႏုိင္ပါတယ္။

၄။ ေခတ္မီေရာဂါကုထံုး ဘာေတြရွိသလဲ။

ဆိုဒါမႈန္႔ ေဆး၀ါးႏွင့္ ေခတၱခဏ ေ၀ဒနာ သက္သာ ေစႏိုင္ပါတယ္။ ATACID ေဆးျပားမ်ား ေသာက္ျခင္းျဖင့္ အေတာ္အတန္ အစာအိမ္နာေရာဂါကို ဖံုးကြယ္ ေပးထား ႏုိင္ပါတယ္။ CIETIDINE,RANITIDINE စတဲ့ ေဆးမ်ားႏွင့္ အစာအိမ္ အနာ အမ်ားအျပားကို အနာက်က္ ေစႏုိင္ပါတယ္။ OMEPRAZOLE ေဆးႏွင့္ အစာအိမ္နာ မ်ားကို အလ်င္အျမန္ ေပ်ာက္ကင္း ေစႏုိင္ပါတယ္။ ဒါေပမယ့္ အစာအိမ္ေရာဂါမ်ားဟာ သဘာ၀အေလ်ာက္ တစ္ႏွစ္အတြင္း
၈၀%မွာ ေရာဂါ ျပန္ေပၚ တတ္ပါတယ္။ H.pylori ပိုးလံုး၀ ကင္းစင္ႏုိင္ ေသာကုသမႈ စတင္အသံုးျပဳလာခဲ့တဲ့ ၁၉၈၀-၉၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာ အစာအိမ္နာေရာဂါကို လံုး၀ ေပ်ာက္ကင္းေအာင္ စြမ္းေဆာင္ ႏုိင္ၿပီျဖစ္ပါတယ္။

၅။ အစာအိမ္ေရာဂါျဖစ္ေနတယ္လုိ႔ သိရင္ဘာလုပ္ရမလဲ။

သက္ဆုိင္ရာ ဆရာ၀န္ႏွင့္ တုိင္ပင္ ေဆြးေႏြးၿပီး လုိအပ္ေသာ စမ္းသပ္ စစ္ေဆးမႈမ်ား၊ ကုသမႈမ်ား ခံယူရပါမယ္။

၆။ အမ်ားျပည္သူအား မွာၾကားခ်င္ေသာ အဓိကအႀကံေပးခ်က္။

အစာအိမ္နာ ေရာဂါဟာ ယခု ၂၁ ရာစုႏွစ္တြင္ ေဆး၀ါးႏွင့္ လံုး၀ ေပ်ာက္ကင္းေအာင္ ကုသႏုိင္ေသာ ေရာဂါ တစ္ခုျဖစ္ေၾကာင္း ေဆးသိပၸံ ပညာရွင္မ်ားက လက္ခံ ထားၾကပါၿပီ။ သက္ဆိုင္ရာ ဆရာ၀န္ႏွင့္ တုိင္ပင္ၿပီး ကုသရန္ လုိပါတယ္။ အကိုက္အခဲ ေပ်ာက္ေဆးမ်ား ကိုလည္း မိမိသေဘာႏွင့္ မိမိ အလြန္အကၽြံ သံုးစြဲျခင္းမွ ေရွာင္ ၾကဥ္ သင့္ပါေၾကာင္း မွာၾကား ခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမ၀တီ

#Unicode Version#
၁။ အစာအိမ် ရောဂါ ဆိုတာ ဘာလဲ။

 အစားအိမ်နှင့် အူသိမ် ဦးပိုင်းရှိ အတွင်းနံရံ အမြှေးပါးတွင်း ဖြစ်ပွားသော အနာရောဂါနှင့် အဆိုပါ နေရာများရှိ အမြှေးပါးများ ရောင်ရမ်း ခြင်းကြောင့် ဖြစ်ပေါ်လာသော အစာမကြေခြင်း၊ ရင်ဘတ် အောင့်ခြင်း ရောဂါ ဝေဒနာကို ဆိုလိုပါတယ်။ ယခင်အခါ များက အစာအိမ် အတွင်း အက်စစ်ဓာတ် လွန်ကဲခြင်းကြောင့် အစာအိမ် ရောဂါ ဖြစ်တယ်လို့ ဆိုခဲ့ကြပေမယ့် ယခုအခါ H.pylori ရောဂါပိုးကြောင့် အက်စစ်ဓာတ် လွန်ကဲကာ အစာအိမ်ရောဂါ ဖြစ်ပွားတယ်လို့ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ထိုးဆေးများ အလွန်အကျွံသုံးစွဲမှု ကြောင့်လည်း ဖြစ်ပွား တတ်ပါတယ်။

၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့ အုပ်စုက ဘယ်သူတွေလဲ။

လူတိုင်းမှာ အစာအိမ် ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ လူဦးရေရဲ့ ၁၀% အထိ ဖြစ်ပွားလေ့ ရှိတတ်ပါတယ်။

၃။ ဒီရောဂါ ဖြစ်မှန်း ဘယ်လိုသိမလဲ။

ဝမ်းဗိုက် အထက်ပိုင်း ရင်ညွန့် နေရာမှ အောင့်ခြင်း၊ တစ်ခါတစ်ရံ အစာအိမ် ပေါက်သွား ခြင်းကြောင့် ဝမ်းဗိုက် အထက်ပိုင်း အလွန် အမင်းအောင့်ခြင်း၊ အစာအိမ် အနားမှ သွေးယို စီးတဲ့အတွက် သွေးအန်ခြင်း၊ သွေးဝမ်း သွားခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ် ခံစားရပါတယ် အစာအိမ် နာရောဂါ ဖြစ်တာ နှစ်ပေါင်းများစွာ ကြာလာတဲ့ အခါ၊ အစာအိမ် ထွက်ပေါက် ကျဉ်းပြီး ပိတ်ဆို့ တတ်သောကြောင့် စားပြီးသော အစာများ မကြာခဏ ပြန်အန်ခြင်းတို့ ဖြစ်ပွား တတ်ပါတယ်။ အချို့သော သူများမှာ အစာအိမ် ကင်ဆာရောဂါ အဖြစ်နဲ့ လာတတ် ပါတယ်။ အစာအိမ် ရောဂါဖြစ်မှန်း သေချာအောင် သက်ဆိုင်ရာ ဆရာဝန်၏ အဆုံးအဖြတ် အစီအစဉ်ဖြင့် ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ် လမ်းကြောင်း မှန်ပြောင်းနှင့် ကြည့်ရှု လေ့လာခြင်း၊ H.pylori ပိုးရှိမရှိ မှန်ပြောင်းနှင့်ကြည့်ခြင်း၊ အစာအိမ်နာ ဖြစ်သောနေရာမှ အသားစ ယူကာ စစ်ဆေးခြင်း(သို့) အစာအိမ် မှန်ပြောင်း မကြည့်ဘဲ H.pylori ပိုးအတွက် ပဋိပစ္စည်းများ၊ ခုခံပစ္စည်းများ ထွက်နေခြင်း ရှိမရှိ သွေးကို ဓာတ်ခွဲစစ်ဆေးခြင်း အားဖြင့်လည်း သိရှိနိုင်ပါတယ်။

၄။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။

ဆိုဒါမှုန့် ဆေးဝါးနှင့် ခေတ္တခဏ ဝေဒနာ သက်သာ စေနိုင်ပါတယ်။ ATACID ဆေးပြားများ သောက်ခြင်းဖြင့် အတော်အတန် အစာအိမ်နာရောဂါကို ဖုံးကွယ် ပေးထား နိုင်ပါတယ်။ CIETIDINE,RANITIDINE စတဲ့ ဆေးများနှင့် အစာအိမ် အနာ အများအပြားကို အနာကျက် စေနိုင်ပါတယ်။ OMEPRAZOLE ဆေးနှင့် အစာအိမ်နာ များကို အလျင်အမြန် ပျောက်ကင်း စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါများဟာ သဘာဝအလျောက် တစ်နှစ်အတွင်း
၈၀%မှာ ရောဂါ ပြန်ပေါ် တတ်ပါတယ်။ H.pylori ပိုးလုံး၀ ကင်းစင်နိုင် သောကုသမှု စတင်အသုံးပြုလာခဲ့တဲ့ ၁၉၈၀-၉၀ ပြည့်နှစ်နောက်ပိုင်းမှာ အစာအိမ်နာရောဂါကို လုံး၀ ပျောက်ကင်းအောင် စွမ်းဆောင် နိုင်ပြီဖြစ်ပါတယ်။

၅။ အစာအိမ်ရောဂါဖြစ်နေတယ်လို့ သိရင်ဘာလုပ်ရမလဲ။

သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပြီး လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ၊ ကုသမှုများ ခံယူရပါမယ်။

၆။ အများပြည်သူအား မှာကြားချင်သော အဓိကအကြံပေးချက်။

အစာအိမ်နာ ရောဂါဟာ ယခု ၂၁ ရာစုနှစ်တွင် ဆေးဝါးနှင့် လုံး၀ ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါ တစ်ခုဖြစ်ကြောင်း ဆေးသိပ္ပံ ပညာရှင်များက လက်ခံ ထားကြပါပြီ။ သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း မိမိသဘောနှင့် မိမိ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင် ကြဉ် သင့်ပါကြောင်း မှာကြား ချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top