ဘုန္းဘုရားႀကီးအျပင္မွာဖူးေတြ႕ခ်င္ပါတယ္ဆိုသူေတြအတြက္ဒီပို႔စ္ေလးကိုဒီအေကာင့္မွာထပ္ေရးပါရေစ ယံုမွၾကည္တယ္ ယံုၾကည္သူမ်ားအတြက္သာဘုန္းဘုရားႀကီး ကန္ႀကီးေထာင့္ၿမိဳ႕နယ္အပိုင္ေညာင္ပင္သာေက်းရြာ အာေရာဂ်သာလာဇရပ္ႀကီးေက်ာင္းမွာသီတင္းသံုးေတာ္မူစဥ္ဘုန္းဘုရားႀကီးရဲ႕သတင္းကေတာ့ဧရာဝတီတိုင္းအတြင္းကေတာ့ေျပာစရာမလို ဧရာဝတီတိုင္းအတြက္အားကိုးအားထားရာဆရာေတာ္ႀကီးတစ္ပါးေပါ့

ဘုန္းဘုရားႀကီးရဲ႕ဂုဏ္သတင္းကိုၾကားယံုနဲ႔ၾကည္ညိဳၿပီးယံုၾကည္စြာကိုးကြယ္ေနတဲ့ရန္ကုန္တိုင္းဒလၿမိဳ႕နယ္ကပဲျပဳတ္သည္အေဒၚႀကီးတစ္ေယာက္ရိွခဲ့တယ္အျပင္မွာမျမင္ဘူးမဖူးဘူးေသးဘူးဒါေပမယ့္အဲ့ဒီအေဒၚႀကီးဟာဘုန္းဘုရားႀကီးရဲ႕ပံုေတာ္ကိုအိမ္ရဲ႕ဘုရားေက်ာင္းေပၚမွာတင္ၿပီးမနက္အိပ္ယာထပဲျပဳတ္ေရာင္းမထြက္ခင္ေန႔တိုင္းဘုရားရယ္ဘုန္းဘုရားႀကီးရယ္ကိုပဲျပဳတ္ဆြမ္းကပ္ေလ့ရိွတယ္တဲ့

အဲ့ဒီလိုနဲ႔တေန႔လဲက်ေရာဘုန္းဘုရားႀကီးဟာဝိဇၨာတို႔၏ထံုးစံအတိုင္းေကာက္ကာငင္ကာနဲ႔ရန္ကုန္တိုင္းသန္လ်င္ကိုႂကြေတာ္မူတယ္

ဘုန္းဘုရားႀကီးရန္ကုန္ႂကြေရာက္တယ္ဆိုတဲ့သတင္းလဲၾကားေရာ ပဲျပုတ္သည္အေဒၚႀကီးဟာအျပင္မွာဖူးေတြ႕ခ်င္စိတ္ေတြပိုျဖစ္ေပၚလာတာေပါ့

မေရာက္ေရာက္ေအာင္သြားဖူးမယ္ဆိုၿပီးေစ်းေရာင္းတေန႔ဖ်က္ကာသြားဖူးတယ္

ဘုန္းဘုရားႀကီးဆီကိုေရာက္ေတာ့ဧည့္ပရိတ္သတ္ေတကႀကိတ္ႀကိတ္တိုးေနတာေပါ့

အဲ့ဒါနဲ႔အေဒၚႀကီးလဲဦးခ်စရာေနရာေလးတေနရာရေအာင္ယူၿပီးရိွခိုးေတာ့တာေပါ့

သူရိွခိုးလို႔လဲပီးေရာ ဘုန္းဘုရားႀကီးက ဟဲ့ဒကာမႀကီးနင္ကငါ့ကိုလာဖူးတာေပါ့ေလ

မွန္လွပါဘုရားတပည့္ေတာ္မအျပင္မွာဖူးေတြ႕ခ်င္ေနတာဆုေတာင္းျပည့္ၿပီဘုရားလို႔ျပန္ေလ်ွာက္တယ္ဗ်ာ ဘုန္းဘုရားႀကီးကဘာထပ္မိန္႔တယ္ထင္လဲ

ေအးေအးနင္ကငါ့ကိုေစာေစာစီးစီးလာဖူးေတာ့ငါ့မွာနင္မနက္တိုင္းေကြၽးေနတဲ့ပဲျပဳတ္ဒီေန႔ေတာ့ငါမစားရေတာ့ဘူးလို႔မိန္႔တယ္ေလ

ပဲျပုတ္သည္အေဒၚႀကီးဆိုတာအံ့ျသဝမ္းသာလြန္းလို႔မ်က္ရည္ေတြပါက်တယ္တဲ့ ဖူးခ်င္စိတ္နဲ႔ထြက္လာတာပဲျပဳတ္ဆြမ္းမကပ္ခဲ့မိတာရယ္

သူနဲ႔အခုမွအျပင္မွာျမင္ဘူးတာကိုသူကပ္ေနတဲ့ပဲျပဳတ္ဆြမ္းကိုမစားရဘူးဆိုေတာ့ သူကပ္လႉေနတာကိုဘုန္းဘုရားႀကီးတကယ္ဘုဥ္းေပးေနတယ္ဆိုတာသိၿပီးဝမ္းသာမ်က္ရည္က်တာေလ

အဲ့ဒီအျဖစ္အပ်က္လိုေပါ့

ဘုန္းဘုရားႀကီးကိုဖူးေတြ႔ခ်င္ပါတယ္ယံုၾကည္ပါတယ္ဆိုရင္ဘုရားရိွခိုးတိုင္းေမတၱာပို႔ပါဆုေတာင္းပါတိုင္တည္ပါ သင့္ယံုၾကည္မႈသင္ရဲ႕က်င့္ၾကံအားထုတ္မႈအရဆႏၵျပည့္ဝရပါလိမ့္မယ္

ယံုမွၾကည္တယ္ ယံုၾကည္စိတ္ကေတာ့အဓိကေပါ့ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရဟံ သိဒၶိ က်န္းမာ ခ်မ္းသာ

#Unicode Version#
ဘုန်းဘုရားကြီးအပြင်မှာဖူးတွေ့ချင်ပါတယ်ဆိုသူတွေအတွက်ဒီပို့စ်လေးကိုဒီအကောင့်မှာထပ်ရေးပါရစေ ယုံမှကြည်တယ် ယုံကြည်သူများအတွက်သာဘုန်းဘုရားကြီး ကန်ကြီးထောင့်မြို့နယ်အပိုင်ညောင်ပင်သာကျေးရွာ အာရောဂျသာလာဇရပ်ကြီးကျောင်းမှာသီတင်းသုံးတော်မူစဉ်ဘုန်းဘုရားကြီးရဲ့သတင်းကတော့ဧရာဝတီတိုင်းအတွင်းကတော့ပြောစရာမလို ဧရာဝတီတိုင်းအတွက်အားကိုးအားထားရာဆရာတော်ကြီးတစ်ပါးပေါ့

ဘုန်းဘုရားကြီးရဲ့ဂုဏ်သတင်းကိုကြားယုံနဲ့ကြည်ညိုပြီးယုံကြည်စွာကိုးကွယ်နေတဲ့ရန်ကုန်တိုင်းဒလမြို့နယ်ကပဲပြုတ်သည်အဒေါ်ကြီးတစ်ယောက်ရှိခဲ့တယ်အပြင်မှာမမြင်ဘူးမဖူးဘူးသေးဘူးဒါပေမယ့်အဲ့ဒီအဒေါ်ကြီးဟာဘုန်းဘုရားကြီးရဲ့ပုံတော်ကိုအိမ်ရဲ့ဘုရားကျောင်းပေါ်မှာတင်ပြီးမနက်အိပ်ယာထပဲပြုတ်ရောင်းမထွက်ခင်နေ့တိုင်းဘုရားရယ်ဘုန်းဘုရားကြီးရယ်ကိုပဲပြုတ်ဆွမ်းကပ်လေ့ရှိတယ်တဲ့

အဲ့ဒီလိုနဲ့တနေ့လဲကျရောဘုန်းဘုရားကြီးဟာဝိဇ္ဇာတို့၏ထုံးစံအတိုင်းကောက်ကာငင်ကာနဲ့ရန်ကုန်တိုင်းသန်လျင်ကိုကြွတော်မူတယ်

ဘုန်းဘုရားကြီးရန်ကုန်ကြွရောက်တယ်ဆိုတဲ့သတင်းလဲကြားရော ပဲပြုတ်သည်အဒေါ်ကြီးဟာအပြင်မှာဖူးတွေ့ချင်စိတ်တွေပိုဖြစ်ပေါ်လာတာပေါ့

မရောက်ရောက်အောင်သွားဖူးမယ်ဆိုပြီးဈေးရောင်းတနေ့ဖျက်ကာသွားဖူးတယ်

ဘုန်းဘုရားကြီးဆီကိုရောက်တော့ဧည့်ပရိတ်သတ်တေကကြိတ်ကြိတ်တိုးနေတာပေါ့

အဲ့ဒါနဲ့အဒေါ်ကြီးလဲဦးချစရာနေရာလေးတနေရာရအောင်ယူပြီးရှိခိုးတော့တာပေါ့

သူရှိခိုးလို့လဲပီးရော ဘုန်းဘုရားကြီးက ဟဲ့ဒကာမကြီးနင်ကငါ့ကိုလာဖူးတာပေါ့လေ

မှန်လှပါဘုရားတပည့်တော်မအပြင်မှာဖူးတွေ့ချင်နေတာဆုတောင်းပြည့်ပြီဘုရားလို့ပြန်လျှောက်တယ်ဗျာ ဘုန်းဘုရားကြီးကဘာထပ်မိန့်တယ်ထင်လဲ

အေးအေးနင်ကငါ့ကိုစောစောစီးစီးလာဖူးတော့ငါ့မှာနင်မနက်တိုင်းကျွေးနေတဲ့ပဲပြုတ်ဒီနေ့တော့ငါမစားရတော့ဘူးလို့မိန့်တယ်လေ

ပဲပြုတ်သည်အဒေါ်ကြီးဆိုတာအံ့သြဝမ်းသာလွန်းလို့မျက်ရည်တွေပါကျတယ်တဲ့ ဖူးချင်စိတ်နဲ့ထွက်လာတာပဲပြုတ်ဆွမ်းမကပ်ခဲ့မိတာရယ်

သူနဲ့အခုမှအပြင်မှာမြင်ဘူးတာကိုသူကပ်နေတဲ့ပဲပြုတ်ဆွမ်းကိုမစားရဘူးဆိုတော့ သူကပ်လှူနေတာကိုဘုန်းဘုရားကြီးတကယ်ဘုဉ်းပေးနေတယ်ဆိုတာသိပြီးဝမ်းသာမျက်ရည်ကျတာလေ

အဲ့ဒီအဖြစ်အပျက်လိုပေါ့

ဘုန်းဘုရားကြီးကိုဖူးတွေ့ချင်ပါတယ်ယုံကြည်ပါတယ်ဆိုရင်ဘုရားရှိခိုးတိုင်းမေတ္တာပို့ပါဆုတောင်းပါတိုင်တည်ပါ သင့်ယုံကြည်မှုသင်ရဲ့ကျင့်ကြံအားထုတ်မှုအရဆန္ဒပြည့်ဝရပါလိမ့်မယ်

ယုံမှကြည်တယ် ယုံကြည်စိတ်ကတော့အဓိကပေါ့နော်

ဖိုးသူတော် (www.phothutaw.com)
Credit: အရဟံ သိဒ္ဓိ ကျန်းမာ ချမ်းသာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top