ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လြန္ခဲ့ေသာ ရက္ပုိင္းက မႏၲေလးၿမိဳ႕ က်ံဳးနံေဘးတြင္ ညေနဖက္ အေျပးေလ့က်င့္ေနသူ တစ္ဦးကို သတ္မွတ္ထားေသာ ေနရာ ပန္းဝင္လာခ်ိန္တြင္ ေရခဲစိမ္ ေရသန္႔ဘူး ေပးလိုက္ရာ တစ္ရွိန္ထုိး ေမာ့ခ်လိုက္ၿပီးေနာက္ သတိလစ္လဲက်ၿပီး ပါးစပ္မွ အျမႇဳပ္မ်ား ထြက္လာသျဖင့္ ျပင္ပ ေဆး႐ံုတစ္ခုသို႔ ပို႔လုိက္ရသည္ဟု သိရပါသည္။

ေနပူထဲမွ ျပန္လာၿပီး အိမ္ေရာက္သည္ႏွင့္ ေရခဲေသတၱာထဲမွ ေရေအးေအး တစ္ပုလင္း ထုတ္ယူၿပီး အားရပါးရ ေသာက္ခ်ေလ့ရွိသူ တစ္ဦးသည္ လြန္ခဲ့ေသာ ရက္ပုိင္းက မ်က္စိမ်ား နီရဲလာၿပီး ေခါင္းကိုက္လာသျဖင့္ ျပင္ပ ေဆးခန္းတစ္ခုတြင္ ေသြးခ်ိန္ၾကည့္ရာ အေပၚေသြး 200 mm Hg တက္ေနသျဖင့္ ဦးေႏွာက္ေသြးေၾကာ ေပါက္ႏုိင္ေသာေၾကာင့္ ဆရာဝန္က ေဆး႐ံု တက္ခုိင္းလိုက္ရသည္ဟု သိရသည္။

ရာသီဥတု ပူျပင္းသျဖင့္ ျပင္ပသို႔ လံုးဝမထြက္ဘဲ အိမ္ထဲမွာေနရင္း ေရခဲေရကို Water Cooler စက္မွယူၿပီး တစ္စြက္စြက္နဲ႔ ေသာက္ေလ့ရွိေသာ မိသားစုတစ္စု ရွိသည္။

သူတို႔တစ္အိမ္လံုး မိတ္အုိင္းေခၚ မိတ္ဖု အျပင္လုိက္ ထြက္ၿပီး နီရဲေနသည္ကို ေတြ႕ရသည္။ ၂ ႏွစ္ ၃ ႏွစ္ အရြယ္ကေလးမ်ားမွာ ေရခဲေရ ေသာက္ၿပီး ေခါင္းတြင္ အပူဖုႀကီးမ်ား ထြက္ၿပီး အခ်ိဳ႕အဖုႀကီးမ်ားမွာ ျပည္တည္ၿပီး အနာကဲ့သို႔ ျဖစ္ေနသည္။

ေရခဲေရကို ေလျဖင့္ မႈတ္ေပးေနသည့္ ပန္ကာ တစ္မ်ိဳး Air Cooler ဝယ္ၿပီး အသံုးျပဳေနသူမ်ားမွာ မ်က္ႏွာမ်ား ေရာင္အမ္းျခင္း၊ အေရျပားထူၿပီး ယားနာမ်ား ထြက္ျခင္းတို႔ ျဖစ္ေၾကာင္း သတိထားမိလာသျဖင့္ ေလမႈတ္ ပန္ကာထဲသို႔ ေရခဲေရမထည့္ဝံ့ၾကေတာ့ဘဲ သာမာန္ ႐ိုး႐ိုးေရကိုသာ ထည့္သံုးစြဲေနရေၾကာင္း သံုးစြဲသူ မိတ္ေဆြတစ္ဦးက ေျပာျပသျဖင့္ သိရေလသည္။

ေရခဲေခ်ာင္း ေရခဲထုပ္ အစားမ်ားသည့္ ကေလးမ်ားမွာ အပူကန္ျခင္း၊ မ်က္ႏွာႏွင့္ မ်က္ခြံမ်ားေပၚတြင္ မိတ္ဖုႀကီးမ်ားႏွင့္ အနာဖုမ်ား ထြက္ျခင္း၊ အစာမေၾကျခင္း၊ အာသီး ေရာင္ျခင္းမ်ား အျပင္ အခ်ိဳ႕မွာ ေရခဲမသန္႔သျဖင့္ ဝမ္းကိုက္ျခင္း၊ ဝမ္းေလွ်ာျခင္းမ်ား ျဖစ္ေၾကာင္း သိရသည္။

လွ်ာႏွင့္အာေခါင္မ်ားတြင္ အနာခြက္ ခ်ိဳင့္ငယ္ေလးမ်ား ေပါက္ၿပီး အစပ္ မစားႏုိင္သူမ်ား ေဆးခန္းလာျပသည္ကို ေတြ႕ရဖူးသည္။

လွ်ာေဘးမွာ အနာဖုေလး ထြက္လာေသာအခါ သြားဖံုး၊ အံသြားတို႔ႏွင့္ ပြတ္တိုက္မိၿပီး အနာ ျဖစ္လာသည္။ ထိုအနာမွာ အစက္ကေလးမွ က်ယ္ျပန္႔သြားေသာအခါ ခ်ိဳင့္ခြက္ကဲ့သို႔ ျဖစ္သည္။အစာႏွင့္ အခ်ဥ္အစပ္တို႔ ထိေတြ႕လွ်င္ မခံႏုိင္ျဖစ္သည္။

စိတ္ပင္ပန္းသူ၊ ေသာကမ်ားသူ၊ စာေမးပြဲနီးခ်ိန္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားတြင္ ဤပါးစပ္နာမ်ား ေတြ႕ရသျဖင့္ ဆရာဝန္ႀကီးမ်ားက Stress Ulcer ဟု ေခၚၾကသည္။

တုိင္းရင္းေဆးႏွင့္ ႐ိုးရာေဆးပညာ အယူအဆ ႐ႈေထာင့္မွ ၾကည့္လွ်င္ ထိုအနာမ်ားသည္ အပူကန္အနာမ်ား ျဖစ္သည္။

ဝမ္းထဲမွ အစာအိမ္ထဲမွ အပူမ်ား အထက္သို႔ ကန္တက္ၿပီး ခံတြင္းႏွင့္ လွ်ာအာေခါင္၊ သြားဖံုးတို႔တြင္ အနာစက္မ်ား ထြက္လာျခင္း ျဖစ္သည္။

မိတ္ေဆြတစ္ဦးက သူ၏ လွ်ာႏွင့္သြားဖံုးတြင္ မၾကာခဏ အပူကန္နာမ်ား ထြက္ၿပီး မစားႏုိင္၊ မေသာက္ႏုိင္ ျဖစ္ရေၾကာင္း ေျပာသည္။

ထိုသူ၏ အေလ့အက်င့္ကို ၾကည့္ေသာအခါ ထမင္းစားလွ်င္ ေရခဲေရပုလင္းႏွင့္ ေရခြက္ကို ေဘးမွာ ခ်ထားသည္။

ထမင္းစားၿပီးလွ်င္ ေရခဲေရႏွစ္ခြက္ခန္႔ အဝေသာက္ခ်သည္။ ဤအက်င့္ေၾကာင့္ သူ႔လွ်ာမွာ အပူကန္နာမ်ား မျပတ္ ထြက္ေနျခင္း ျဖစ္ႏုိင္သည္။

ထမင္းစားၿပီး ေရခဲမုန္႔ စားၾကသူမ်ားကို စားေသာက္ဆုိင္ႀကီးမ်ားတြင္ ေတြ႕ရဖူးသည္။ အခ်ိဳ႕ဆုိင္က စားေသာက္သူမ်ားကို ကုန္က်ေငြ Bill ရွင္းခ်ိန္တြင္ အခ်ိဳပြဲအျဖစ္ ေရခဲမုန္႔ခြက္မ်ား လာခ်ေပးသည္။

အခ်ိဳ႕အလွဴမ်ားတြင္လည္း ထမင္းသို႔မဟုတ္ ဒံေပါက္၊ ၾကက္ဆီထမင္း စသည္ ေကၽြးေမြးဧည့္ခံ ၿပီးေနာက္ အခ်ိဳပြဲဝုိင္းသို႔ ထပ္မံႂကြေရာက္ရန္ ဖိတ္ေခၚၿပီး အခ်ိဳပြဲမ်ားႏွင့္ ေရခဲမုန္႔ ေကၽြးသည္ကို ေတြ႕ရဖူးသည္။

ေရခဲမုန္႔အျပင္ ေရခဲေရပါ ပါသည့္ အလွဴမ်ားလည္း ေတြ႕ဖူးသည္။ အီဆိမ့္ေသာ အစာမ်ား တစ္ဝစားၿပီးခ်ိန္တြင္ ေရခဲမုန္႔၊ ေရခဲေရ ေသာက္ျခင္းမွာ အစာအိမ္မွ မီးဖိုႀကီးကို ၿငိမ္းပစ္သည္ႏွင့္ အလားသ႑န္ တူေလသည္။

လူ၏ အစာအိမ္တြင္ ဝမ္းမီးဟုေခၚေသာ အစာေခ်သည့္မီး ရွိသည္။ ပါစကေတေဇာဓာတ္ ဟုလည္း ေခၚဆုိႏုိင္ေလသည္။

ထိုဓာတ္အားေကာင္းမွ ဝမ္းမီးေတာက္မည္။ ဝမ္းမီးေတာက္မွသာ အစာေၾကမည္။ အစာေၾကမွသာ ဝမ္းမွန္မည္။ ဝမ္းမွန္မွသာ အေၾကာအခ်ဥ္မ်ား ေပါ့ပါးၿပီး ေနထုိင္ေကာင္းမည္။

က်န္းမာမည္။ ထုိင္းမိႈင္းျခင္း၊ ေနာက္ေၾကာတက္ျခင္း၊ ဇက္ထုိးျခင္းတို႔မွာ ဝမ္းခ်ဳပ္သူမ်ားတြင္ ျဖစ္ေလ့ရွိေသာ ေရာဂါမ်ား ျဖစ္သည္။ အစာေၾကလွ်င္ ဝမ္းမွန္လွ်င္ ေညာင္းကုိက္၊ ဇက္ေၾကာတက္ ေဝဒနာမ်ား မျဖစ္ႏုိင္ပါ။

ထိုကဲ့သို႔ အစာေၾကက်က္ေစရန္ ေတာက္ေနေသာ ဝမ္းမီးကို ေရခဲေရ ေသာက္ခ်လိုက္ေသာအခါ ၿငိမ္းလိုက္သည္ႏွင့္ သ႑ာန္တူေလသည္။

မီးပံုႀကီးကို ေရႏွင့္ေလာင္းခ်လိုက္ေသာအခါ ဝုန္းကနဲ အခုိးအေငြ႕မ်ားႏွင့္ ျပာပူမ်ား အထက္သို႔ ပ်ံ႕လြင့္တက္သြားသည္ကို ျမင္ၾကည့္ႏုိင္ေပသည္။

ထိုအခိုးအေငြ႕မ်ားသည္ အစာအိမ္မွ အထက္သုိ႔ တက္လွ်င္ လည္ေခ်ာင္း တစ္ေလွ်ာက္ႏွင့္ အာေခါင္၊ လွ်ာ၊ သြားဖံုး စသည္တို႔ကို ေရာက္မည္ ျဖစ္သည္။

စာေရးသူကုိယ္တုိင္ ေနပူျပင္းၿပီး မေနႏုိင္၊ မထုိင္ႏုိင္ျဖစ္ေအာင္ ပူျပင္းသည့္ ကာလက ေဆးခန္းမွ အိမ္ျပန္ေရာက္သည္လွ်င္ သမီးမ်ားေသာက္သည့္ ေရခဲေရပုလင္းကို ယူၿပီး ေသာက္မိသည္။

အသိတရား ရွိေသာ္လည္း ပူလြန္း၍ မေနႏုိင္။ အလြန္အရသာ ရွိပါသည္။ ပူၿပီး ေမာေနသည့္အခ်ိန္ ေရခဲေရ ေအးေအးေလးကို ကိုင္းဖန္ခြက္ႀကီး တစ္ခြက္ အျပည့္ေမာ့ခ် လိုက္ရသည့္ အရသာမွာ ေကာင္းလွသည္။

ထုိကဲ့သို႔ တစ္ပါတ္ခန္႔ ေရခဲေရကို ေသာက္ၿပီးေနာက္ စာေရးသူ၏ လွ်ာေဘးတြင္ အပူဖုတစ္ခု ထြက္လာသည္။ ထို႔ေနာက္ အဖုႀကီးလာၿပီး အနာျဖစ္လာသည္။

စကားေျပာသည့္အခါ သြားႏွင့္ ပြတ္မိၿပီး စကားမေျပာႏုိင္၊ အစား မစားႏုိင္ေအာင္ ျဖစ္ရသည္။ ေရခဲေရ၏ အက်ိဳးပင္ ျဖစ္သည္။

ေရခဲေရသည္ အစာအိမ္မွ ဝမ္းမီးအားကို နည္းသြားေစသျဖင့္ အစာ မေၾကသမွ်သည္ အစာေဟာင္းအိမ္မွာ သြားစုၿပီး စမ်ဥ္းဟုေခၚေသာ ဝမ္းအမာအက်စ္ခဲမ်ား ျဖစ္ရသည္။

ဝမ္းကိုခက္ခဲစြာ သြားရသည္။ အပူႏွင့္အေအးသည္ ဆန္႔က်င္ဘက္ ဝိေရာဓိျဖစ္သည္။ ရွင္းျပေနစရာ မလိုေအာင္ ထင္ရွားေသာ ဓာတ္သေဘာ ျဖစ္သည္။

အစာအိမ္အတြင္းတြင္ အပူဓာတ္ ရွိသည္။ ထိုအပူသည္ပင္ သက္ေစာင့္ဓာတ္ ျဖစ္သည္။ အစာအိမ္မွ အပူသည္ အာခံတြင္းသို႔ တက္သည္။

အာခံတြင္းတြင္ ငံုထားလွ်င္ ပူေႏြးလာသည္။ ဘုရားရွင္ လက္ထက္က အဇာတသတ္ မင္းသား ငယ္စဥ္က လက္မတြင္ ခူနာေပါက္သည္။ အနာ ျပည္ကိုက္သက္သာေစရန္ ဖခင္ ဗိမၼိသာရ မင္းႀကီးက အာခံတြင္းတြင္ ငံုထားေပးသည္။

အာေငြ႕ေၾကာင့္ အနာျပည္ ေပါက္သြားသည္ကို သားႏုိးမည္စိုး၍ မ်ဳိခ်လိုက္သည္။ အာခံတြင္း အေငြ႕၏ အစြမ္းကား အနာကိုပင္ ျပည္ေပါက္ေစသည္။

ဆရာဝန္တို႔သည္ လူနာ၏ ကိုယ္အပူခ်ိန္ကို ျပဒါးတုိင္ ငံုထားခုိင္းၿပီး တစ္မိနစ္ ၾကာေသာအခါ မွတ္သားရသည္။ ၉၈.၄ ဒီဂရီဖာရင္ဟိုက္ ဆိုလွ်င္ ပံုမွန္ျဖစ္သည္။

ကိုယ္တြင္းအပူခ်ိန္ တက္လာလွ်င္ အဖ်ားရွိသည္ဟု သတ္မွတ္သည္။ ျပဒါးခ်ိန္ ၁၀၀ ဒီဂရီဖာရင္ဟိုက္မွ ၁၀၃ ဒီဂရီ ဖာရင္ဟိုက္အထိ ခံႏုိင္ရည္ရွိေသာ္လည္း ထို႔ထက္ အပူႀကီးလွ်င္ သတိလစ္ျခင္း၊ တက္ျခင္းအထိ ျဖစ္ႏုိင္သည္။

၁၀၇ ဒီဂရီဖာရင္ဟိုက္တြင္ အူေပါက္ၿပီး အသက္ဆံုး႐ႈံးႏုိင္သည္။ ထိုကဲ့သုိ႔ အပူႀကီးေနသူမ်ားကို ျပင္ပမွ ေရေအးဖတ္ တင္ျခင္း၊ ေရခဲေရျဖင့္ ေရပတ္တိုက္ျခင္း ျပဳလုပ္၍ ရေသာ္လည္း ပါးစပ္ထဲသို႔ ေရခဲေရ မတုိက္ရေပ။

အစာအိမ္ေသြးေၾကာ ေပါက္ျခင္း၊ အူေပါက္ျခင္း၊ သတိလစ္ၿပီး တက္ျခင္း၊ ဦးေႏွာက္ေသြးေၾကာ ေပါက္ျခင္းတို႔ ျဖစ္ႏုိင္သည္။

တေလာက အလြန္အပူႀကီးခ်ိန္တြင္ မိတ္ေဆြ ဆရာဝန္တစ္ဦးက ဘီယာဆုိင္ တစ္ဆိုင္သို႔ ေခၚသြားၿပီး ဘီယာတုိက္သည္။ အလြန္ပူသည့္ အခ်ိန္တြင္ ဘီယာေသာက္ျခင္းသည္ အလြန္ေကာင္းသည္ဟု ေျပာသည္။

သဲကႏၲာရတြင္ လမ္းေပ်ာက္ေနသူ တစ္ဦးသည္ ဘီယာသံဘူးငယ္ ႏွစ္ဘူးျဖင့္ အသက္ ဆက္ခဲ့ရဖူးသည္ဟု သူစာထဲတြင္ ဖတ္ခဲ့ရဖူးေၾကာင္း ေျပာျပသည္။

ပညာရွိ သတိျဖစ္ခဲဟု ေျပာရမည္လား၊ သတိမမူ ဂူမျမင္ဟု ေျပာရမည္လား။ အပူဒဏ္ ကာကြယ္ရန္ အေၾကာင္းျပခ်က္ျဖင့္ ညေနတုိင္း ဘီယာသြားေသာက္ၾကၿပီး ၃၊ ၄ ရက္အၾကာတြင္ စာေရးသူတြင္ လည္ေခ်ာင္းနာၿပီး အသံဝင္သြားသည္။

လည္ေခ်ာင္းနာသည္မွာ အစာပင္ မ်ိဳမခ်ႏုိင္ ျဖစ္သည္။ ေသာက္ခါစရက္က ဆီးရႊင္ခဲ့ေသာ ဘီယာသည္ ေနာက္ပုိင္းရက္မ်ားတြင္ ဆီးပူဆီးေအာင့္ ျဖစ္လာသည္။

စာေရးသူကို ဘီယာေသာက္ ေခၚခဲ့သူ ဆရာဝန္ သူငယ္ခ်င္းမွာ ေျခေထာက္ မေထာက္ႏုိင္၊ ယခင္ကရွိေသာ Gout ေရာဂါ ျပန္ထလာၿပီး ေျခမဆစ္ႀကီး ေရာင္လာသျဖင့္၊ ဤကား ဘီယာေသာက္ျခင္း၏ အက်ိဳးပင္ ျဖစ္ေတာ့သည္။ ေႏြထေနာင္း၊ ေဆာင္းမန္က်ည္း ဟူေသာ စကားရွိသည္။

ေရွးက ဗမာႀကီးမ်ားသည္ ေႏြေနပူျပင္းခ်ိန္တြင္ ထေနာင္းပင္ အရိပ္ ေကာင္းေကာင္းတြင္ ေရေႏြးၾကမ္းအုိးႏွင့္ အညာထန္းလ်က္ခဲေလး စားၿပီး အပူၿငိမ္းခဲ့ၾကသည္။

ေရေႏြးၾကမ္းသည္ အဖန္ရည္ဟု ေခၚၿပီး ဝမ္းထဲကို ေရာက္လွ်င္ အပူကို ၿငိမ္းေစသည္။ ေလကိုလည္း ေၾကေစသည္။ အစာအိမ္ႏွင့္လည္း သင့္သည္ဟု ဆိုသည္။

ေရွးကလူႀကီးမ်ား အဆိုအရ ေႏြရာသီတြင္ ထေနာင္းရြက္၊ ထေနာင္းဖူး သုပ္စားလွ်င္ ဝမ္းေလွ်ာ၊ ဝမ္းပ်က္ ကာကြယ္သည္။ အပူၿငိမ္းသည္။ ေက်ာက္၊ ဝက္သက္ ေရာဂါမ်ားပင္ ကာကြယ္သည္ဟု ဆိုသည္။

ယခုေခတ္တြင္ ေရေႏြးၾကမ္းဝုိင္း ဓေလ့မ်ားသည္ ေပ်ာက္ကြယ္သေလာက္ ျဖစ္ေနၿပီ။ အလွဴမ်ားတြင္ ေရေႏြးၾကမ္းအုိးႏွင့္ ေရသန္႔ဘူးမ်ားကိုသာ ေနရာတုိင္း ေတြ႕ေနရေလၿပီ။

လူ၏အသက္သည္ ဝမ္းမီး ျဖစ္သည္။ ဝမ္းမီး အားမေကာင္းလွ်င္ ေရာဂါအမ်ိဳးမ်ိဳး ရႏုိင္သည္။ အစာမေၾကေရာဂါႏွင့္ ဆီးခ်ိဳေရာဂါ၊ ကုိယ္တြင္ အဆီတက္ေသာ ေရာဂါ၊ ေက်ာက္ကပ္ ေရာဂါတို႔သည္ ေရခဲေရ အေသာက္မ်ားသူတို႔တြင္ ျဖစ္ေၾကာင္း ေတြ႕ရသည္။ေရခဲေရကို ေန႔စဥ္ ေသာက္သံုးသူမ်ားသည္ ခႏၶာကုိယ္တြင္းမွ ဝမ္းမီးကို ၿငိမ္းေနသူမ်ား ျဖစ္သည္။

မီးၿငိမ္းေသာ မီးဖိုျဖင့္ ခ်က္ေသာ အစာသည္ မေၾကက်က္ႏုိင္သည္ကို သတိျပဳမိဖို႔ လိုသည္။ လြန္ကဲျခင္းသည္ မည္သည့္အခါမွ် မေကာင္း၊ ေနာက္ဆက္တြဲ ဆုိးက်ိဳး ရွိႏုိင္သည္။

ေျမေသာက္ ေရအုိးတြင္ ထည့္ထားေသာ ေရေအးသည္ သာမန္ေရေအး ျဖစ္သည္။ လူကို ဒုကၡမေပးႏုိင္။ ထိုေရကိုပင္ အပူထဲမွ ျပန္လာလွ်င္ ခ်က္ျခင္း မေသာက္သင့္။ ေခၽြးသိပ္ၿပီးမွ ေသာက္ရမည္ဟု ေရွးလူႀကီးမ်ားက ဆိုသည္။

ေရခဲေသတၱာထဲမွ ထြက္လာေသာ ပုလင္းမ်ား၊ Water Cooler မွ က်လာေသာ ေရတို႔သည္ သဘာဝ လြန္ကဲေသာ ေရပ်က္ ျဖစ္သည္။

ခႏၶာကိုယ္မွ လက္ခံႏုိင္ေသာ အေအးဓာတ္ လြန္ကဲသျဖင့္ တုန္႔ျပန္ျခင္း၊ လက္မခံဘဲ ကန္ထုတ္ျခင္း၊တြန္းလွန္ျခင္းတို႔ကို ခံရမည္ ျဖစ္သည္။

ေရခဲေရကို အစဥ္သျဖင့္ ေသာက္ေနသူမ်ားကို ေလ့လာၾကည့္ေသာအခါ ေခတၱသာ ေရငတ္ေျပၿပီး ျပန္ပူလာျခင္း၊ မၾကာခဏ ေရငတ္ျခင္း၊ အာေခါင္ေျခာက္ျခင္း၊ အာသီးေရာင္ျခင္း၊ သြားနာျခင္း၊ သြားဖံုးႂကြျခင္း၊ လွ်ာအရသာ မေတြ႕ျခင္း၊ လည္ေခ်ာင္းပူျခင္း၊ နာျခင္း၊ အစာေရမ်ိဳႁပြန္ ေရာင္ျခင္း၊ အစာအိမ္ ေရာင္ျခင္း၊ အစာမေၾကျခင္း၊ ဖ်ားလွ်င္ အလြယ္တကူ အူေရာင္ျခင္း၊ အသည္းေရာင္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ လိပ္ေခါင္းေရာဂါ ရျခင္း၊ တစ္ကုိယ္လံုး ေညာင္းကိုက္ၿပီးေနာက္ ေၾကာတက္ျခင္း၊ ႏံုးေခြျခင္း၊ မ်က္စိ အျမင္မၾကည္လင္ျခင္း၊ ေရခ်ိဳးၿပီးလွ်င္ မ်က္စိမ်ားနီရဲျခင္း၊ ဦးေခါင္းေနာက္ေစ့မွ ေခါင္းကိုက္ျခင္း၊ ဆံပင္ကၽြတ္ျခင္း၊ ဦးေခါင္းပူျခင္း၊ ခႏၶာကိုယ္တြင္ ယားနာမ်ားထြက္ျခင္း၊ အပူဖုမ်ား ထြက္ျခင္းတို႔ကို မလဲြမေသြ ျဖစ္ႏုိင္ေလသည္။

နိဂံုးအားျဖင့္ အႀကံျပဳလိုသည္မွာ-

၁။ ေျမအုိး၊ သဘာဝေရအုိးမွ ေအးေသာေရကိုသာ ေသာက္ပါ။

၂။ ျဖစ္ႏုိင္လွ်င္ ႀကိဳခ်က္ထားၿပီးေသာ ေရကို အေအးခံၿပီး ေရက်က္ေအး ေသာက္ပါ။

၃။ ေရေႏြးၾကမ္း သို႔မဟုတ္ အဖန္ရည္ကို ထမင္းစားၿပီးတုိင္း ေသာက္ပါ။

၄။ နံနက္အိပ္ယာထ ေရမခ်ိဳးမီ၊ ညအိပ္ယာဝင္ခ်ိန္တို႔တြင္ ေရတစ္ခြက္ ေသာက္ေသာ အက်င့္ကို က်င့္ပါ။

၅။ ေရခဲေရ၊ အလြန္ေအးေအာင္ ျပဳလုပ္ထားေသာ ေရကို ေရွာင္ပါ။

၆။ ထမင္းစားေနစဥ္ႏွင့္ ထမင္းစားၿပီး ေရခဲေရ တစ္ဆက္တည္း ေသာက္လွ်င္ အစာအိမ္ကို ဒုကၡေရာက္ေစပါသည္။

၇။ ေရခဲေရကုိ တစ္စြတ္စြတ္ ေသာက္ျခင္းသည္ အဆိပ္ေသာက္ျခင္းႏွင့္ တူသျဖင့္ ထိုအက်င့္ကို ေဖ်ာက္ပစ္ပါ။

၈။ ေရေၾကာင့္ အသက္ရွည္ေစႏုိင္သည္။ ေရခဲေရေၾကာင့္ အသက္တို ေစႏုိင္သည္ကို အထူးသတိျပဳပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Original

#Unicode Version#
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။

နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။

ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။

သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ် ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။

ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီး ရောင်ခြင်းများ အပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။

လျှာနှင့်အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။

လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။

စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။

တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။

ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။

မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။

ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။

ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။

ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။

အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံ ပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။

ရေခဲမုန့်အပြင် ရေခဲရေပါ ပါသည့် အလှူများလည်း တွေ့ဖူးသည်။ အီဆိမ့်သော အစာများ တစ်ဝစားပြီးချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။

လူ၏ အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာချေသည့်မီး ရှိသည်။ ပါစကတေဇောဓာတ် ဟုလည်း ခေါ်ဆိုနိုင်လေသည်။

ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအချဉ်များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။

ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ အစာကြေလျှင် ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက် ဝေဒနာများ မဖြစ်နိုင်ပါ။

ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြိမ်းလိုက်သည်နှင့် သဏ္ဍာန်တူလေသည်။

မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါ ဝုန်းကနဲ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။

ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့ တက်လျှင် လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့ကို ရောက်မည် ဖြစ်သည်။

စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာလက ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက်မိသည်။

အသိတရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီး မောနေသည့်အချိန် ရေခဲရေ အေးအေးလေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချ လိုက်ရသည့် အရသာမှာ ကောင်းလှသည်။

ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ၏ လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာပြီး အနာဖြစ်လာသည်။

စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစား မစားနိုင်အောင် ဖြစ်ရသည်။ ရေခဲရေ၏ အကျိုးပင် ဖြစ်သည်။

ရေခဲရေသည် အစာအိမ်မှ ဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာ မကြေသမျှသည် အစာဟောင်းအိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သော ဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။

ဝမ်းကိုခက်ခဲစွာ သွားရသည်။ အပူနှင့်အအေးသည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။

အစာအိမ်အတွင်းတွင် အပူဓာတ် ရှိသည်။ ထိုအပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အစာအိမ်မှ အပူသည် အာခံတွင်းသို့ တက်သည်။

အာခံတွင်းတွင် ငုံထားလျှင် ပူနွေးလာသည်။ ဘုရားရှင် လက်ထက်က အဇာတသတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။ အနာ ပြည်ကိုက်သက်သာစေရန် ဖခင် ဗိမ္မိသာရ မင်းကြီးက အာခံတွင်းတွင် ငုံထားပေးသည်။

အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျိုချလိုက်သည်။ အာခံတွင်း အငွေ့၏ အစွမ်းကား အနာကိုပင် ပြည်ပေါက်စေသည်။

ဆရာဝန်တို့သည် လူနာ၏ ကိုယ်အပူချိန်ကို ပြဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။ ၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။

ကိုယ်တွင်းအပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်းအထိ ဖြစ်နိုင်သည်။

၁၀၇ ဒီဂရီဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင်ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်း ပါးစပ်ထဲသို့ ရေခဲရေ မတိုက်ရပေ။

အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။

တလောက အလွန်အပူကြီးချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးက ဘီယာဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။ အလွန်ပူသည့် အချိန်တွင် ဘီယာသောက်ခြင်းသည် အလွန်ကောင်းသည်ဟု ပြောသည်။

သဲကန္တာရတွင် လမ်းပျောက်နေသူ တစ်ဦးသည် ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။

ပညာရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊ သတိမမူ ဂူမမြင်ဟု ပြောရမည်လား။ အပူဒဏ် ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ညနေတိုင်း ဘီယာသွားသောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာရေးသူတွင် လည်ချောင်းနာပြီး အသံဝင်သွားသည်။

လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာသည် နောက်ပိုင်းရက်များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။

စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ်ချင်းမှာ ခြေထောက် မထောက်နိုင်၊ ယခင်ကရှိသော Gout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊ ဤကား ဘီယာသောက်ခြင်း၏ အကျိုးပင် ဖြစ်တော့သည်။ နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။

ရှေးက ဗမာကြီးများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ် ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်းခဲ့ကြသည်။

ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်း ကြေစေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။

ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အပူငြိမ်းသည်။ ကျောက်၊ ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုသည်။

ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။

လူ၏အသက်သည် ဝမ်းမီး ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာမကြေရောဂါနှင့် ဆီးချိုရောဂါ၊ ကိုယ်တွင် အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင် ဖြစ်ကြောင်း တွေ့ရသည်။ရေခဲရေကို နေ့စဉ် သောက်သုံးသူများသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။

မီးငြိမ်းသော မီးဖိုဖြင့် ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိဖို့ လိုသည်။ လွန်ကဲခြင်းသည် မည်သည့်အခါမျှ မကောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။

မြေသောက် ရေအိုးတွင် ထည့်ထားသော ရေအေးသည် သာမန်ရေအေး ဖြစ်သည်။ လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများက ဆိုသည်။

ရေခဲသေတ္တာထဲမှ ထွက်လာသော ပုလင်းများ၊ Water Cooler မှ ကျလာသော ရေတို့သည် သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။

ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲသဖြင့် တုန့်ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။

ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ လျှာအရသာ မတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျိုပြွန် ရောင်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ရခြင်း၊ တစ်ကိုယ်လုံး ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများထွက်ခြင်း၊ အပူဖုများ ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။

နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ-

၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။

၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။

၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။

၄။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။

၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။

၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။

၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။

၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တို စေနိုင်သည်ကို အထူးသတိပြုပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:  Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top