iMyanmarHouse.com - Best Property Website for Myanmar
×

Ryleigh Taylor ဟာ မိဘေတြနဲ႔ ငါးမွ်ားထြက္ရင္းႏွစ္သန္းေပါင္း ၄၇၅သန္း ႐ွိၿပီျဖစ္တဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို႐ွာေဖြေတြ႔႐ွိခဲ့တာပါ။ သူမဟာ မိဘေတြနဲ႔အတူ ငါးမွ်ားေနရာမွ ခဏအနားယူကာလမ္းေလွ်ာက္ထြက္ရင္း အဲ့ဒီေက်ာက္ျဖစ္႐ုပ္ႂကြင္းကို ေတြ႔႐ွိခဲ့တာပါ။

“ကြၽန္မ ေမာလာေတာ့ သူငယ္ခ်င္းက ငါးမွ်ားတံကိုယူသြားတယ္။ ဒါနဲ႔ ကြၽန္မလည္း ေက်ာက္တံုးေလးေတြ႐ွိတဲ့ ကမ္းစပ္ဆီ လမ္းေလွ်ာက္ထြက္လာခဲ့တယ္။ အျပန္မွာေတာ့ ေခ်ာ္လဲမွာစိုးလို႔ ဂ႐ုတစိုက္နဲ႔ ေလွ်ာက္ရင္းဒီအရာကို ေတြ႔႐ွိခဲ့တာပဲ။ပထမေတာ့ သက္႐ွိသတၱဝါ တစ္ကာင္လို႔ထင္ခဲ့တာ။အဲ့တာနဲ႔ ေသခ်ာျပန္ၾကည့္ မိလိုက္တယ္”လို႔  Ryleighကေျပာျပတယ္။

သူမဟာ အေဖနဲ႔အေမကို လာၾကည့္ဖို႔ သံုးခါ ေလးခါလွမ္းေခၚေသးတယ္။ဒါေပမယ့္ သူမရဲ႕အေမကေတာ့ မယံုခဲ့ပါဘူး။

သူမရဲ႕အေမ Tammy Taylorေျပာျပတာကေတာ့ “သမီးက ဒါဟာ ေက်ာက္ျဖစ္႐ုပ္ႂကြင္းဆိုတာကိုေတာ့ သူသိေနတယ္။ ကြၽန္မတို႔ကိုလည္း လာၾကည့္ဖို႔အႀကိမ္ႀကိမ္လွမ္းေခၚေသးတယ္။ ဒါေပမယ့္ ကြၽန္မက သြားမၾကည့္ခဲ့ဘူး။ဘာလို႔လဲဆိုေတာ့ ဒါဟာ ေက်ာက္တံုးေတြ ၾကားထဲက သာမန္ေက်ာက္တံုး တစ္တံုးပဲလို႔ ကြၽန္မထင္ခဲ့တယ္ေလ”

ေနာက္ေတာ့ Ryleighဟာ အဲ့ဒီအရာကို သူ႔မိဘေတြဆီယူလာျပ ခဲ့ပါတယ္။ အဲ့ဒီအခါမွာေတာ့ သူ႔ရဲ႕မိဘေတြဟာ အံ့အားသင့္သြားရပါေတာ့တယ္။ ဒါဟာေက်ာက္ျဖစ္႐ုပ္ႂကြင္းတစ္ခုဆိုတာသိသာေနပါတယ္။ ဒါေပမယ့္ သက္တမ္းဘယ္ေလာက္႐ွိၿပီဆိုတာကိုေတာ့ သူတို႔မခန္႔မွန္းႏိုင္ခဲ့ၾကပါဘူး။

“ကြၽန္မတို႔ အဲ့ဒီအရာကို အိမ္ယူလာခဲ့လိုက္တယ္။ၿပီးေတာ့ဒါကိုဆံုးျဖတ္ေပးဖို႔ ပညာ႐ွင္တစ္ေယာက္ကို ႐ွာခဲ့တယ္။ ေနာက္ေန႔မနက္ေရာက္ေတာ့ ဖုန္းေခၚလာခဲ့ပါတယ္။ဒီအရာဟာ ႏွစ္သန္းေပါင္း ၄၇၅သန္း႐ွိၿပီ ျဖစ္တဲ့ ေရေနသတၱဝါ ေက်ာက္ျဖစ္႐ုပ္ႂကြင္း တစ္ခုျဖစ္တယ္ဆိုၿပီးေျပာခဲ့ပါတယ္”လို႔ Tammyကေျပာျပပါတယ္။ “Ryleighဟာဆိုရင္ ေပ်ာ္လြန္းလို႔ ထေတာင္ခုန္ပါတယ္”ဆိုၿပီးRyleighရဲ႕ခံစာခ်က္ကိုလည္းေျပာျပပါတယ္။

ဒီလိုေရသတၱဝါေက်ာက္ျဖစ္႐ုပ္ႂကြင္းဟာ အလြန္႐ွားပါတဲ့အရာမ်ိဳးျဖစ္ၿပီး ကမၻာ့သက္တမ္းအရင့္ဆံုးေက်ာက္ျဖစ္႐ုပ္ႂကြင္း ထက္ သက္တမ္းအနည္းငယ္ ပိုငယ္ပါတယ္။ကမၻာ့သက္တမ္း အရင့္ဆံုး ေက်ာက္ျဖစ္႐ုပ္ႂကြင္းဟာဆိုရင္ႏွစ္သန္းေပါင္း ၅၄၀သန္း သက္တမ္း႐ွိပါတယ္။ Releight ကေတာ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြကိုဆက္လက္႐ွာေဖြဖို႔ စိတ္အားထက္သန္ေနပါတယ္။ ခရီးေတြထြက္ၿပီး ပတ္ဝန္းက်င္ကို စူးစမ္းေလ့လာရင္း ေက်ာက္ျဖစ္႐ုပ္ႂကြင္းေတြကို ဆက္လက္႐ွာေဖြသြားမယ္လို႔ဆိုပါတယ္။

“ကေလးငယ္ေတြအေနနဲ႔ဂိမ္းေဆာ့တာေတြ ၊အင္တာနက္သံုးတာ ေတြကိုေလွ်ာ့ၿပီး ခရီးေတြထြက္ပါ။ပတ္ဝန္းက်င္ကို စူးစမ္းေလ့လာပါ။စာသင္ေက်ာင္းနဲ႔အိမ္မွာပဲ အခ်ိန္ေတြကုန္မေနပါနဲ႔”လို႔Releightအေမ Tammyက အၾကံျပဳေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thu Rein(Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
Ryleigh Taylor ဟာ မိဘတွေနဲ့ ငါးမျှားထွက်ရင်းနှစ်သန်းပေါင်း ၄၇၅သန်း ရှိပြီဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကိုရှာဖွေတွေ့ရှိခဲ့တာပါ။ သူမဟာ မိဘတွေနဲ့အတူ ငါးမျှားနေရာမှ ခဏအနားယူကာလမ်းလျှောက်ထွက်ရင်း အဲ့ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိခဲ့တာပါ။

“ကျွန်မ မောလာတော့ သူငယ်ချင်းက ငါးမျှားတံကိုယူသွားတယ်။ ဒါနဲ့ ကျွန်မလည်း ကျောက်တုံးလေးတွေရှိတဲ့ ကမ်းစပ်ဆီ လမ်းလျှောက်ထွက်လာခဲ့တယ်။ အပြန်မှာတော့ ချော်လဲမှာစိုးလို့ ဂရုတစိုက်နဲ့ လျှောက်ရင်းဒီအရာကို တွေ့ရှိခဲ့တာပဲ။ပထမတော့ သက်ရှိသတ္တဝါ တစ်ကာင်လို့ထင်ခဲ့တာ။အဲ့တာနဲ့ သေချာပြန်ကြည့် မိလိုက်တယ်”လို့  Ryleighကပြောပြတယ်။

သူမဟာ အဖေနဲ့အမေကို လာကြည့်ဖို့ သုံးခါ လေးခါလှမ်းခေါ်သေးတယ်။ဒါပေမယ့် သူမရဲ့အမေကတော့ မယုံခဲ့ပါဘူး။

သူမရဲ့အမေ Tammy Taylorပြောပြတာကတော့ “သမီးက ဒါဟာ ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာကိုတော့ သူသိနေတယ်။ ကျွန်မတို့ကိုလည်း လာကြည့်ဖို့အကြိမ်ကြိမ်လှမ်းခေါ်သေးတယ်။ ဒါပေမယ့် ကျွန်မက သွားမကြည့်ခဲ့ဘူး။ဘာလို့လဲဆိုတော့ ဒါဟာ ကျောက်တုံးတွေ ကြားထဲက သာမန်ကျောက်တုံး တစ်တုံးပဲလို့ ကျွန်မထင်ခဲ့တယ်လေ”

နောက်တော့ Ryleighဟာ အဲ့ဒီအရာကို သူ့မိဘတွေဆီယူလာပြ ခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ သူ့ရဲ့မိဘတွေဟာ အံ့အားသင့်သွားရပါတော့တယ်။ ဒါဟာကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဆိုတာသိသာနေပါတယ်။ ဒါပေမယ့် သက်တမ်းဘယ်လောက်ရှိပြီဆိုတာကိုတော့ သူတို့မခန့်မှန်းနိုင်ခဲ့ကြပါဘူး။

“ကျွန်မတို့ အဲ့ဒီအရာကို အိမ်ယူလာခဲ့လိုက်တယ်။ပြီးတော့ဒါကိုဆုံးဖြတ်ပေးဖို့ ပညာရှင်တစ်ယောက်ကို ရှာခဲ့တယ်။ နောက်နေ့မနက်ရောက်တော့ ဖုန်းခေါ်လာခဲ့ပါတယ်။ဒီအရာဟာ နှစ်သန်းပေါင်း ၄၇၅သန်းရှိပြီ ဖြစ်တဲ့ ရေနေသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုဖြစ်တယ်ဆိုပြီးပြောခဲ့ပါတယ်”လို့ Tammyကပြောပြပါတယ်။ “Ryleighဟာဆိုရင် ပျော်လွန်းလို့ ထတောင်ခုန်ပါတယ်”ဆိုပြီးRyleighရဲ့ခံစာချက်ကိုလည်းပြောပြပါတယ်။

ဒီလိုရေသတ္တဝါကျောက်ဖြစ်ရုပ်ကြွင်းဟာ အလွန်ရှားပါတဲ့အရာမျိုးဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံးကျောက်ဖြစ်ရုပ်ကြွင်း ထက် သက်တမ်းအနည်းငယ် ပိုငယ်ပါတယ်။ကမ္ဘာ့သက်တမ်း အရင့်ဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဟာဆိုရင်နှစ်သန်းပေါင်း ၅၄၀သန်း သက်တမ်းရှိပါတယ်။ Releight ကတော့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုဆက်လက်ရှာဖွေဖို့ စိတ်အားထက်သန်နေပါတယ်။ ခရီးတွေထွက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဆက်လက်ရှာဖွေသွားမယ်လို့ဆိုပါတယ်။

“ကလေးငယ်တွေအနေနဲ့ဂိမ်းဆော့တာတွေ ၊အင်တာနက်သုံးတာ တွေကိုလျှော့ပြီး ခရီးတွေထွက်ပါ။ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပါ။စာသင်ကျောင်းနဲ့အိမ်မှာပဲ အချိန်တွေကုန်မနေပါနဲ့”လို့Releightအမေ Tammyက အကြံပြုပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thu Rein(Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top