×

ပစိဖိတ္သမုဒၵရာထဲက “ရပ္” လို႔ေခၚတဲ႔ ကၽြန္းေသးေသးေလးမွာေနထိုင္တဲ႔ ရပ္လူမ်ိဳးေတြဟာ ေက်က္တံုးေတြကို ေငြေၾကးအျဖစ္ သံုးစြဲတဲ႔အတြက္ လူသိမ်ားပါတယ္။ စိတ္၀င္စားစရာေကာင္းတာက ဒီေက်ာက္တံုးပိုက္ဆံကို မဂၤလာခန္း၀င္ပစၥည္းအတြက္၊ ေတာင္းပန္ဖို႔ အတြက္နဲ႔ တျခား သူတို႔ယဥ္ေက်းမႈနဲ႔ဆိုင္တဲ႔ ကိစၥေတြမွာ လက္ရွိအသံုးျပဳေနၾကဆဲပါ။
ေရွးေခတ္တုန္းက ရပ္လူမ်ိဳးေတြဟာ Palau ေရာက္စဥ္ ပုလဲနဲ႔ေရာစပ္ထားတဲ႔ ေက်ာက္တံုးၾကီးေတြကို ေတြ႔ရွိခဲ႔ပါတယ္။ ဒီေက်ာက္တုန္းၾကီးေတြက လွပလြန္းတဲ႔အတြက္ ေငြေၾကးအျဖစ္ေျပာင္းလဲခ်င္စိတ္ ေၾကာင့္ ရပ္လူမ်ိဳးေတြရဲ႕ေငြေၾကးအေနနဲ႔ ထုတ္လုပ္ခဲ႔ၾကပါတယ္။ ဒါေပမယ့္ သြားလာေရးအခက္အခဲ ေၾကာင့္ တခ်ိဳ႕ေက်ာက္တံုးေတြဟာ ေရေအာက္ကို နစ္ျမဳပ္ေပ်ာက္ကြယ္ခဲ႔ၾကပါတယ္။
ဒီေက်ာက္တံုးပိုက္ဆံေတြကို ဟိုတယ္အ၀င္အ၀မွာ အလွဆင္ထားတာေတြ႔ႏုိင္သလို ကၽြန္းက ေတာအုပ္ေတြထဲမွာလည္း ေတြ႔ႏိုင္ပါတယ္။ ဒါတင္မကပါဘူး။ ဒီေက်ာက္တံုးပိုက္ဆံအတြက္ ဘဏ္ေတာင္ရွိေနပါေသးတယ္။ ေက်ာက္တံုးေတြဟာ (၃၀) စင္တီမီတာကေန (၃.၅) မီတာအထိရွိျပီး အရြယ္ၾကီးေလ တန္ဖိုးၾကီးေလပါ။ ရာစုႏွစ္မ်ားစြာတုန္းကေတာ့ ေက်ာက္တုန္းအရြယ္အစားက ေသးငယ္ပါတယ္။ ဒါေပမယ့္ တိုးတက္လာတဲ႔ နည္းပညာေတြနဲ႔အတူ အရြယ္အစားေတြပါ ၾကီးမားလာပါတယ္။

ေက်ာက္တံုးက အရြယ္အစားၾကီးျပီး သယ္ယူရခက္ခဲေလ၊ ဘယ္သူ႔အတြက္ေပးမယ္၊ ေပးရတဲ႔ရည္ ရြယ္ခ်က္ေပၚမူတည္ျပီး တန္ဖိုးၾကီးေလပါ။
ဒါေပမယ့္ သိထားရမွာက ဒီေက်ာက္တံုးေတြကို ေန႔စဥ္ သံုးစြဲရမယ့္ ကိစၥေတြမွာ သယ္ယူသံုးစြဲေနတာမဟုတ္ပါဘူး။ ဒီကိစၥေတြအတြက္ေတာ့ ေဒၚလာကိုသာ သံုးၾကပါတယ္။ မဂၤလာခန္း၀င္ပစၥည္းအတြက္၊ ေကာက္ပဲခင္းပ်က္စီးသြားလို႔အစားအေသာက္အတြက္လိုမ်ိဳးေတြ မွာသာဒီေက်ာက္တံုးေတြကို သံုးစြဲၾကပါတယ္။
ေက်ာက္တုန္းေတြမွာလည္း သံုးစြဲသူေတြအေပၚမူတည္ျပီး ေတာင္းပန္မႈ၊ ပဋိပကၡ၊ မဂၤလာပြဲ စသျဖင့္ သမိုင္းေၾကာင္းေတြရွိေနပါတယ္။ ျပီးေတာ့ ဒီသမိုင္းေၾကာင္းေတြကို ေဒသအတြင္း ေနထိုင္သူေတြေလာက္သာ သိတဲ႔အတြက္ ဘယ္ေက်ာက္တုန္းက တန္ဖိုးပိုၾကီးတယ္ဆိုတာ သူတို႔ပဲ ဆံုးျဖတ္ႏိုင္ၾကပါတယ္။ ေက်ာက္တုန္းပိုက္ဆံေတြဟာ ပိုင္ရွင္ေျပာင္းသြားႏိုင္ေပမယ့္ ၄င္းပိုင္ရွင္ဆီကုိ ေရႊ႔ေျပာင္းသယ္ေဆာင္ သြားစရာမလိုပါဘူး။ တရြာလံုးက ဘယ္သူပိုင္တယ္ဆိုတာ အားလံုးသိၾကပါတယ္။

အခုဆိုရင္ လံုေလာက္တဲ႔ ပမာဏရွိေနျပီးသားျဖစ္တဲ႔အတြက္ ဒီေက်ာက္တံုးေတြကုိ ထပ္ျပီး ဖန္တီးစရာမလိုပါဘူး။ ဒါေပမယ့္ သူတို႔ရဲ႕ စြမ္းရည္ကို မေမ့ေလ်ာ့သြားေစဖို႔ အခါအားေလ်ာ္စြာေတာ့ ဖန္တီးၾကပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: KSM (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ပစိဖိတ်သမုဒ္ဒရာထဲက “ရပ်” လို့ခေါ်တဲ့ ကျွန်းသေးသေးလေးမှာနေထိုင်တဲ့ ရပ်လူမျိုးတွေဟာ ကျေက်တုံးတွေကို ငွေကြေးအဖြစ် သုံးစွဲတဲ့အတွက် လူသိများပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီကျောက်တုံးပိုက်ဆံကို မင်္ဂလာခန်းဝင်ပစ္စည်းအတွက်၊ တောင်းပန်ဖို့ အတွက်နဲ့ တခြား သူတို့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ လက်ရှိအသုံးပြုနေကြဆဲပါ။
ရှေးခေတ်တုန်းက ရပ်လူမျိုးတွေဟာ Palau ရောက်စဉ် ပုလဲနဲ့ရောစပ်ထားတဲ့ ကျောက်တုံးကြီးတွေကို တွေ့ရှိခဲ့ပါတယ်။ ဒီကျောက်တုန်းကြီးတွေက လှပလွန်းတဲ့အတွက် ငွေကြေးအဖြစ်ပြောင်းလဲချင်စိတ် ကြောင့် ရပ်လူမျိုးတွေရဲ့ငွေကြေးအနေနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သွားလာရေးအခက်အခဲ ကြောင့် တချို့ကျောက်တုံးတွေဟာ ရေအောက်ကို နစ်မြုပ်ပျောက်ကွယ်ခဲ့ကြပါတယ်။
ဒီကျောက်တုံးပိုက်ဆံတွေကို ဟိုတယ်အဝင်အဝမှာ အလှဆင်ထားတာတွေ့နိုင်သလို ကျွန်းက တောအုပ်တွေထဲမှာလည်း တွေ့နိုင်ပါတယ်။ ဒါတင်မကပါဘူး။ ဒီကျောက်တုံးပိုက်ဆံအတွက် ဘဏ်တောင်ရှိနေပါသေးတယ်။ ကျောက်တုံးတွေဟာ (၃၀) စင်တီမီတာကနေ (၃.၅) မီတာအထိရှိပြီး အရွယ်ကြီးလေ တန်ဖိုးကြီးလေပါ။ ရာစုနှစ်များစွာတုန်းကတော့ ကျောက်တုန်းအရွယ်အစားက သေးငယ်ပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ အရွယ်အစားတွေပါ ကြီးမားလာပါတယ်။

ကျောက်တုံးက အရွယ်အစားကြီးပြီး သယ်ယူရခက်ခဲလေ၊ ဘယ်သူ့အတွက်ပေးမယ်၊ ပေးရတဲ့ရည် ရွယ်ချက်ပေါ်မူတည်ပြီး တန်ဖိုးကြီးလေပါ။
ဒါပေမယ့် သိထားရမှာက ဒီကျောက်တုံးတွေကို နေ့စဉ် သုံးစွဲရမယ့် ကိစ္စတွေမှာ သယ်ယူသုံးစွဲနေတာမဟုတ်ပါဘူး။ ဒီကိစ္စတွေအတွက်တော့ ဒေါ်လာကိုသာ သုံးကြပါတယ်။ မင်္ဂလာခန်းဝင်ပစ္စည်းအတွက်၊ ကောက်ပဲခင်းပျက်စီးသွားလို့အစားအသောက်အတွက်လိုမျိုးတွေ မှာသာဒီကျောက်တုံးတွေကို သုံးစွဲကြပါတယ်။
ကျောက်တုန်းတွေမှာလည်း သုံးစွဲသူတွေအပေါ်မူတည်ပြီး တောင်းပန်မှု၊ ပဋိပက္ခ၊ မင်္ဂလာပွဲ စသဖြင့် သမိုင်းကြောင်းတွေရှိနေပါတယ်။ ပြီးတော့ ဒီသမိုင်းကြောင်းတွေကို ဒေသအတွင်း နေထိုင်သူတွေလောက်သာ သိတဲ့အတွက် ဘယ်ကျောက်တုန်းက တန်ဖိုးပိုကြီးတယ်ဆိုတာ သူတို့ပဲ ဆုံးဖြတ်နိုင်ကြပါတယ်။ ကျောက်တုန်းပိုက်ဆံတွေဟာ ပိုင်ရှင်ပြောင်းသွားနိုင်ပေမယ့် ၎င်းပိုင်ရှင်ဆီကို ရွှေ့ပြောင်းသယ်ဆောင် သွားစရာမလိုပါဘူး။ တရွာလုံးက ဘယ်သူပိုင်တယ်ဆိုတာ အားလုံးသိကြပါတယ်။

အခုဆိုရင် လုံလောက်တဲ့ ပမာဏရှိနေပြီးသားဖြစ်တဲ့အတွက် ဒီကျောက်တုံးတွေကို ထပ်ပြီး ဖန်တီးစရာမလိုပါဘူး။ ဒါပေမယ့် သူတို့ရဲ့ စွမ်းရည်ကို မမေ့လျော့သွားစေဖို့ အခါအားလျော်စွာတော့ ဖန်တီးကြပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: KSM (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top