iMyanmarHouse.com - Best Property Website for Myanmar
×

အာဂ်င္တီးနားေဘာလံုးအဖြဲ႕ခ်ဳပ္ (AFA) က ၂၀၁၈ ခုႏွစ္ ဖီဖာကမၻာ့ဖလားၿပိဳင္ပြဲသို႔ သြားေရာက္ယွဥ္ၿပိဳင္မည့္ အာဂ်င္တီးနားကစားသမားမ်ား၊ နည္းျပမ်ားႏွင့္ ဂ်ာနယ္လစ္မ်ားအား ေပးအပ္ရန္ စီစဥ္႐ိုက္ကူးခဲ့ေသာ လမ္းညႊန္စာအုပ္တစ္အုပ္တြင္ ႐ုရွားႏိုင္ငံသူအမ်ိဳးသမီးတစ္ဦးႏွင့္ ပတ္သက္ခြင့္ရရန္ မည္သုိ႔ လုပ္ေဆာင္ရမည္ဆုိသည့္ အႀကံျပဳခ်က္မ်ားကိုပါ ထည့္သြင္းေရးသားထားေသာေၾကာင့္ ကစားသမားမ်ားအပါအ၀င္ အဆိုပါလမ္းညႊန္စာအုပ္ ရရွိသူအားလံုး အံ့အားတသင့္ျဖစ္ခဲ့ရသည္ဟု ဆုိသည္။
႐ုရွားသူမ်ားႏွင့္ ပတ္သက္ခြင့္ရရန္ မည္သုိ႔ လုပ္ေဆာင္ရမည္ဆုိသည့္ လမ္းညႊန္စာအုပ္ကို အာဂ်င္တီးနားေဘာလံုးအဖြဲ႕ခ်ဳပ္မွ စီစဥ္ခဲ့ 
၂၀၁၈ ခုႏွစ္ ဖီဖာကမၻာ့ဖလားၿပိဳင္ပြဲ ၏ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ ႐ုရွားႏုိင္ငံ၏ ယဥ္ေက်းမႈမ်ား ေရးသားေဖာ္ျပထားေသာ အဆုိပါ စာအုပ္တြင္ ႐ုရွားအမ်ိဳးသမီးမ်ားႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကိုလည္း ထည့္သြင္းေရးသားထားျခင္းျဖစ္သည္။ အဆုိပါ စာအုပ္အား ႐ုရွားဘာသာကၽြမ္းက်င္သူ ေဒါက္တာ အက္ဒူယာဒိုပန္နီဆီက ေရးသားကာ အာဂ်င္တီးနားေဘာလံုးအဖြဲ႕ခ်ဳပ္မွ စီစဥ္႐ိုက္ကူးခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

လမ္းညႊန္စာအုပ္မွ အခန္းေခါင္းစဥ္တစ္ခုမွာ “႐ုရွားမိန္းကေလးတစ္ဦးကို ရရွိဖုိ႔ ကၽြန္ေတာ္တို႔ ဘာေတြလုပ္ရမလဲ”ဆုိသည့္ ေခါင္းစဥ္ျဖစ္ၿပီး အဆိုပါ အခန္းပါ စာသားမ်ားမွာ လူမႈစာမ်က္ႏွာမ်ားေပၚတြင္လည္း က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚခဲ့သည္။ အႀကံျပဳခ်က္၌ “႐ုရွားမိန္းကေလးေတြကလည္း အျခားေသာ မိန္းကေလးေတြလိုပါပဲ။ ခင္ဗ်ားရဲ႕ သန္႔ရွင္းမႈ၊ အနံ႔အသက္ေကာင္းမြန္မႈနဲ႔ ေကာင္းမြန္စြာ ၀တ္စားဆင္ယင္မႈေတြကို အေလးဂ႐ုျပဳတတ္ၾကပါတယ္။ သူတုိ႔ရဲ႕ ပထမဆံုး ထင္ျမင္ယူဆခ်က္က အလြန္အေရးပါပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ပံုရိပ္ကို အထူးသတိျပဳရမွာပါ”ဟု ေရးသားထားသည္။

႐ုရွားသူမ်ားႏွင့္ ပတ္သက္ခြင့္ရရန္ မည္သုိ႔ လုပ္ေဆာင္ရမည္ဆုိသည့္ လမ္းညႊန္စာအုပ္ကို အာဂ်င္တီးနားေဘာလံုးအဖြဲ႕ခ်ဳပ္မွ စီစဥ္ခဲ့

အျခားစာပိုဒ္တြင္ “႐ုရွားမိန္းကေလးေတြက စိတ္တိုတတ္တဲ့ အမ်ိဳးသားေတြကို မုန္းတီးၾကပါတယ္။ တူညီတဲ့ ေမးခြန္းေဟာင္းေတြကိုလည္း ခဏခဏ မေမးမိဖုိ႔ လိုပါတယ္။ ကိုယ္ပိုင္တီထြင္တဲ့ ေမးခြန္းေတြ ျဖစ္ပါေစ။ သူတုိ႔က ကိုယ္ပိုင္ဉာဏ္စြမ္းဉာဏ္စ ရွိသူေတြကို ႏွစ္သက္ၾကပါတယ္။ ႐ုရွားအမ်ိဳးသမီးေတြဟာ လွပသူေတြျဖစ္တာေၾကာင့္ အမ်ိဳးသားအမ်ားအျပားက သူတို႔နဲ႔ လက္ပြန္းတတီး ရင္းႏွီးမႈရလိုၾကတယ္”ဟု ေရးသားထားသည္။

အဆုိပါ အခန္းတြင္ “႐ုရွားမိန္းကေလးေတြကို လိင္ကိစၥနဲ႔ပတ္သက္ၿပီး မိုက္မဲတဲ့ ေမးခြန္းမ်ိဳးေတြ မေမးပါနဲ႔။ ႐ုရွားႏုိင္ငံမွာ လိင္ကိစၥဟာ အထူးလွ်ိဳ႕၀ွက္တဲ့ ကိုယ္ေရးကိုယ္တာ ကိစၥျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥကို လူပံု အလယ္မွာ မေဆြးေႏြးပါနဲ႔”ဟုလည္း လမ္းညႊန္ထားသည္။ လမ္းညႊန္စာအုပ္ႏွင့္ ပတ္သက္၍ ေ၀ဖန္မႈမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ စာအုပ္ေရးသားသူ ေဒါက္တာ ပန္နီဆီက အဆုိပါ စာသားမ်ားကို Blog တစ္ခုတြင္ ေရးသားထားသည့္ လိင္မႈဆုိင္ရာ ျဖားေယာင္းေသြးေဆာင္သည့္ နည္းဗ်ဴဟာမ်ားမွ ကူးယူေဖာ္ျပျခင္းျဖစ္ေၾကာင္း ၀န္ခံခဲ့ၿပီး အာဂ်င္တီးနား ေဘာလံုးအဖြဲ႕ခ်ဳပ္ကလည္း အဆုိပါ လမ္းညႊန္စာအုပ္ကို အသံုးမျပဳမီ စာအုပ္ပါ စာသားမ်ားကို အထူးဂ႐ုျပဳ စီစစ္ခဲ့ရျခင္းမရွိဟု ေတာင္းပန္ခဲ့ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: akonthi
# Unicode Version ျဖင့္ ဖတ္ပါ #
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) က ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အာဂျင်တီးနားကစားသမားများ၊ နည်းပြများနှင့် ဂျာနယ်လစ်များအား ပေးအပ်ရန် စီစဉ်ရိုက်ကူးခဲ့သော လမ်းညွှန်စာအုပ်တစ်အုပ်တွင် ရုရှားနိုင်ငံသူအမျိုးသမီးတစ်ဦးနှင့် ပတ်သက်ခွင့်ရရန် မည်သို့ လုပ်ဆောင်ရမည်ဆိုသည့် အကြံပြုချက်များကိုပါ ထည့်သွင်းရေးသားထားသောကြောင့် ကစားသမားများအပါအဝင် အဆိုပါလမ်းညွှန်စာအုပ် ရရှိသူအားလုံး အံ့အားတသင့်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ၏ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုများ ရေးသားဖော်ပြထားသော အဆိုပါ စာအုပ်တွင် ရုရှားအမျိုးသမီးများနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။ အဆိုပါ စာအုပ်အား ရုရှားဘာသာကျွမ်းကျင်သူ ဒေါက်တာ အက်ဒူယာဒိုပန်နီဆီက ရေးသားကာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

လမ်းညွှန်စာအုပ်မှ အခန်းခေါင်းစဉ်တစ်ခုမှာ “ရုရှားမိန်းကလေးတစ်ဦးကို ရရှိဖို့ ကျွန်တော်တို့ ဘာတွေလုပ်ရမလဲ”ဆိုသည့် ခေါင်းစဉ်ဖြစ်ပြီး အဆိုပါ အခန်းပါ စာသားများမှာ လူမှုစာမျက်နှာများပေါ်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ အကြံပြုချက်၌ “ရုရှားမိန်းကလေးတွေကလည်း အခြားသော မိန်းကလေးတွေလိုပါပဲ။ ခင်ဗျားရဲ့ သန့်ရှင်းမှု၊ အနံ့အသက်ကောင်းမွန်မှုနဲ့ ကောင်းမွန်စွာ ဝတ်စားဆင်ယင်မှုတွေကို အလေးဂရုပြုတတ်ကြပါတယ်။ သူတို့ရဲ့ ပထမဆုံး ထင်မြင်ယူဆချက်က အလွန်အရေးပါပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပုံရိပ်ကို အထူးသတိပြုရမှာပါ”ဟု ရေးသားထားသည်။

ရုရှားသူများနှင့် ပတ်သက်ခွင့်ရရန် မည်သို့ လုပ်ဆောင်ရမည်ဆိုသည့် လမ်းညွှန်စာအုပ်ကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ခဲ့

အခြားစာပိုဒ်တွင် “ရုရှားမိန်းကလေးတွေက စိတ်တိုတတ်တဲ့ အမျိုးသားတွေကို မုန်းတီးကြပါတယ်။ တူညီတဲ့ မေးခွန်းဟောင်းတွေကိုလည်း ခဏခဏ မမေးမိဖို့ လိုပါတယ်။ ကိုယ်ပိုင်တီထွင်တဲ့ မေးခွန်းတွေ ဖြစ်ပါစေ။ သူတို့က ကိုယ်ပိုင်ဉာဏ်စွမ်းဉာဏ်စ ရှိသူတွေကို နှစ်သက်ကြပါတယ်။ ရုရှားအမျိုးသမီးတွေဟာ လှပသူတွေဖြစ်တာကြောင့် အမျိုးသားအများအပြားက သူတို့နဲ့ လက်ပွန်းတတီး ရင်းနှီးမှုရလိုကြတယ်”ဟု ရေးသားထားသည်။

အဆိုပါ အခန်းတွင် “ရုရှားမိန်းကလေးတွေကို လိင်ကိစ္စနဲ့ပတ်သက်ပြီး မိုက်မဲတဲ့ မေးခွန်းမျိုးတွေ မမေးပါနဲ့။ ရုရှားနိုင်ငံမှာ လိင်ကိစ္စဟာ အထူးလျှို့ဝှက်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို လူပုံ အလယ်မှာ မဆွေးနွေးပါနဲ့”ဟုလည်း လမ်းညွှန်ထားသည်။ လမ်းညွှန်စာအုပ်နှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် စာအုပ်ရေးသားသူ ဒေါက်တာ ပန်နီဆီက အဆိုပါ စာသားများကို Blog တစ်ခုတွင် ရေးသားထားသည့် လိင်မှုဆိုင်ရာ ဖြားယောင်းသွေးဆောင်သည့် နည်းဗျူဟာများမှ ကူးယူဖော်ပြခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ကလည်း အဆိုပါ လမ်းညွှန်စာအုပ်ကို အသုံးမပြုမီ စာအုပ်ပါ စာသားများကို အထူးဂရုပြု စီစစ်ခဲ့ရခြင်းမရှိဟု တောင်းပန်ခဲ့ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: akonthi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top