န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ထီထိုးထားသူမ်ား အေနျဖင္႔ မိမိကိုယ္တိုင္ ထီတိုက္ပါ။ တစ္လ ႏွစ္လ မဟုတ္ေတာ႔ပါဘူး။ နာမည္ ေတာင္းတယ္။ ဖုန္းနံပါတ္ ေတာင္းတယ္။ ထီတိုက္ေပးတဲ႔ ထီသည္ေတြ ရွားပါတယ္။ တစ္ခ်ိဳ႕ဆိုင္ေတြေလာက္သာ ထီတိုက္ျပီး ဖုန္းဆက္ ေပးတာပါ။ တစ္ခ်ိဳ႕ ထီေရာင္းစားတဲ႔ ထီသည္ေတြက ဖုန္းနံပါတ္သာ ေတာင္းထားတယ္။ သူတို႔ကိုယ္တိုင္ ထီမတိုက္တတ္ပါဘူး။

တခ်ိဳ႕က ထီသာ ထိုးထားၾကတယ္။ ထီ တိုက္မတတ္ပါဘူး။ အရင္လကတစ္ခါ ျပီးခဲ႔တဲ႔လကတစ္ခါ ထီထိုးထားျပီး ထီတိုက္ မတတ္တဲ႔ ကြ်န္ေတာ္႔တပည္႔ေတြ ထီဖြင္႔ျပီး တပတ္ေလာက္ အၾကာမွာ ထီလက္မွတ္ တိုက္ေပးလိုက္တာ ငါးေသာင္းဆု ၅ ဆုတြဲလိုက္နဲ႔ ၁ သိန္းဆု တဆု ေပါက္ေနတာ ေတြ႔ရတယ္။

ထီမတိုက္ဘူးလား ေမးေတာ႔ ထီမတိုက္တတ္ဘူးတဲ႔။ ထီေပါက္ရင္ ထီဆိုင္က ဖုန္းဆက္ေပးမွာပဲဆိုျပီး မတိုက္ပဲ ေနတာတဲ႔။ ဖုန္းမဆက္ရင္ မေပါက္ဘူးလို႔ပဲ ထင္ေနၾကတာပါ။ အဲဒီလိုနဲ႔ ေပါက္မွန္းမသိခဲ႔တဲ႔ ဆုေတြ ဘယ္ေလာက္မ်ားေနျပီးလဲ မသိဘူး။ ဒီေန႔လဲ အသိတေယာက္ ထီလက္မွတ္ လာျပလို႔ တိုက္ေပးလိုက္တာ ၅ ေသာင္းဆု ေပါက္ပါတယ္။ ထီဆိုင္က ဖုန္းမဆက္ပါဘူး။ မယုံရင္ တခ်ိဳ႕ထီေရာင္းတဲ႔ ထီသည္ေတြကို ထီသြားတိုက္ခိုင္း ၾကည္႔ပါ။ ခုထိ ထီမတိုက္တတ္တဲ႔ ထီသည္ေတြ အမ်ားႀကီးပါ။ ထီသည္ အားလုံးကလည္း တိုက္ေပးတယ္လို႔ ဘယ္သူမွ အာမမခံပါဘူး။လတခ်ိဳ႕ထီသည္ႀကီးေတြေလာက္သာ ေစတနာထားျပီး တိုက္ေပးတာပါ။

အဲဒါေၾကာင္႔ ထီ ထိုးထားသူမ်ား မိမိကံၾကမၼာကို မိမိကိုယ္တိုင္ ျပန္စမ္းစစ္ၾကပါ။ ထီဆိုင္က ဖုန္းအဆက္ကို မေစာင္႔ပဲ မိမိကိုယ္တိုင္ ထီတိုက္ၾကပါလို႔ ႏိႈးေဆာ္တိုက္တြန္း လိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zin Moe

#Unicode Version#
ထီထိုးထားသူများ အနေဖြင့် မိမိကိုယ်တိုင် ထီတိုက်ပါ။ တစ်လ နှစ်လ မဟုတ်တော့ပါဘူး။ နာမည် တောင်းတယ်။ ဖုန်းနံပါတ် တောင်းတယ်။ ထီတိုက်ပေးတဲ့ ထီသည်တွေ ရှားပါတယ်။ တစ်ချို့ဆိုင်တွေလောက်သာ ထီတိုက်ပြီး ဖုန်းဆက် ပေးတာပါ။ တစ်ချို့ ထီရောင်းစားတဲ့ ထီသည်တွေက ဖုန်းနံပါတ်သာ တောင်းထားတယ်။ သူတို့ကိုယ်တိုင် ထီမတိုက်တတ်ပါဘူး။

တချို့က ထီသာ ထိုးထားကြတယ်။ ထီ တိုက်မတတ်ပါဘူး။ အရင်လကတစ်ခါ ပြီးခဲ့တဲ့လကတစ်ခါ ထီထိုးထားပြီး ထီတိုက် မတတ်တဲ့ ကျွန်တော့်တပည့်တွေ ထီဖွင့်ပြီး တပတ်လောက် အကြာမှာ ထီလက်မှတ် တိုက်ပေးလိုက်တာ ငါးသောင်းဆု ၅ ဆုတွဲလိုက်နဲ့ ၁ သိန်းဆု တဆု ပေါက်နေတာ တွေ့ရတယ်။

ထီမတိုက်ဘူးလား မေးတော့ ထီမတိုက်တတ်ဘူးတဲ့။ ထီပေါက်ရင် ထီဆိုင်က ဖုန်းဆက်ပေးမှာပဲဆိုပြီး မတိုက်ပဲ နေတာတဲ့။ ဖုန်းမဆက်ရင် မပေါက်ဘူးလို့ပဲ ထင်နေကြတာပါ။ အဲဒီလိုနဲ့ ပေါက်မှန်းမသိခဲ့တဲ့ ဆုတွေ ဘယ်လောက်များနေပြီးလဲ မသိဘူး။ ဒီနေ့လဲ အသိတယောက် ထီလက်မှတ် လာပြလို့ တိုက်ပေးလိုက်တာ ၅ သောင်းဆု ပေါက်ပါတယ်။ ထီဆိုင်က ဖုန်းမဆက်ပါဘူး။ မယုံရင် တချို့ထီရောင်းတဲ့ ထီသည်တွေကို ထီသွားတိုက်ခိုင်း ကြည့်ပါ။ ခုထိ ထီမတိုက်တတ်တဲ့ ထီသည်တွေ အများကြီးပါ။ ထီသည် အားလုံးကလည်း တိုက်ပေးတယ်လို့ ဘယ်သူမှ အာမမခံပါဘူး။လတချို့ထီသည်ကြီးတွေလောက်သာ စေတနာထားပြီး တိုက်ပေးတာပါ။

အဲဒါကြောင့် ထီ ထိုးထားသူများ မိမိကံကြမ္မာကို မိမိကိုယ်တိုင် ပြန်စမ်းစစ်ကြပါ။ ထီဆိုင်က ဖုန်းအဆက်ကို မစောင့်ပဲ မိမိကိုယ်တိုင် ထီတိုက်ကြပါလို့ နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Zin Moe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top