AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ကမာၻေပၚတြင္ တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္လ်က္ရွိ ၾကေသာ သမၼတမ်ားႏွင့္ ဘုရင္အသီးအသီးတို႔သည္ တိုင္းျပည္၏ အုပ္ခ်ဳပ္ ေရးတြင္ အခ်ဳပ္အျခာအာဏာပိုင္မ်ား ျဖစ္ၾကေသာ္လည္း သာသနာေရးဘက္တြင္ကား အာဏာပိုင္မ်ား မဟုတ္ၾကေခ်။ ဆိုင္ရာဆိုင္ရာ သာသနာပိုင္မ်ား၊ အယူဝါဒေရးေခါင္းေဆာင္မ်ားကသာ သာသနာေရးကို သီးျခားစီမံအုပ္ခ်ဳပ္လ်က္ရွိၾကသည္။ တိဗက္ျပည္တြင္ကား လာမာဘုန္းႀကီးမ်ား အေျမာက္ အျမားရွိသည့္အနက္ အႀကီးဆုံးျဖစ္ေသာ ဒလိုင္းလာမာဘုန္းႀကီးသည္ တစ္ခ်ိန္ေသာအခါက တိဗက္ျပည္၏ ႏိုင္ငံေရးအခ်ဳပ္အခ်ာ အာဏာပိုင္ျဖစ္ခဲ့ေပ သည္။ ဤသည္ကား တိဗက္ျပည္၏ ယခင္က ထူးျခားခ်က္ပင္ျဖစ္သည္။

တိဗက္ျပည္တြင္ ကိုးကြယ္ေသာ အယူဝါဒမွာ ဗုဒၶအယူဝါဒပင္ ျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ သီရိလကၤာႏိုင္ငံ၊ ေလာႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံ တို႔တြင္ ကိုးကြယ္ေသာ ေထရဝါဒ ဗုဒၶအယူဝါဒမ်ိဳးမဟုတ္၊ မဟာယာန ဗုဒၶအယူဝါဒျဖစ္သည္။ တိဗက္ျပည္သို႔ ဗုဒၶသာသနာသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၃ဝဝ ေက်ာ္ေလာက္က ဆ႐ုန္စန္ဂံပိုမင္း လက္ထက္၌ ပထမဆုံးဆိုက္ေရာက္လာခဲ့ေလသည္။ ထိုမင္းသည္ ဗုဒၶအယူဝါဒီ နိေပါမင္းသမီးတစ္ပါးႏွင့္တ႐ုတ္မင္းသမီးတစ္ပါးတို႔ကို မိဖုရားေျမႇာက္၍ စိုးစံခဲ့သည့္ေနာက္ပိုင္းတြင္ ထိုမိဖုရားတို႔၏ ၫႊန္ျပမႈအစြမ္းအားျဖင့္ ဗုဒၶအယူဝါဒ စတင္ထြန္းကားလာခဲ့သည္ဟုဆိုသည္။ သို႔ရာတြင္ ထိုမင္းလက္ထက္တြင္ ဗုဒၶအယူဝါဒသည္ ထြန္းကားသင့္သေလာက္ မထြန္းကားေခ်။

ေနာက္ႏွစ္ေပါင္းတစ္ရာ လြန္ၿပီးေသာအခါ ခရီဆ႐ုန္အိုက္ဗခန္ မင္းလက္ထက္၌ အိႏၵိယႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ ဥဒယာနအရပ္မွ ပဒုမသမၻဝအမည္ရွိ မေထရ္တစ္ပါးအား ပင့္ေဆာင္ခဲ့၏။ ထိုပဒုမသမၻဝမေထရ္သည္ မူလက စုန္း၊ နတ္၊ တေစၧ၊ ပေယာဂတို႔ႏွင့္ ေရာႁပြမ္းလ်က္ရွိသည့္ တိဗက္ျပည္သူျပည္သား အေျမာက္အျမားကို ဗုဒၶအယူဝါဒီမ်ား အျဖစ္သို႔ သြတ္သြင္းႏိုင္ခဲ့ေလသည္။ သို႔ေသာ္ သူ၏ ဗုဒၶအယူဝါဒမွာ မဟာယာနဗုဒၶအယူဝါဒျဖစ္သည္။ ထိုမေထရ္သည္ လာမာဂိုဏ္းကို စ၍ တည္ေထာင္သည္။

လာမာမွာ တိဗက္ဘာသာျဖင့္ ျမင့္ျမတ္ေသာ ပုဂၢိဳလ္ဟု အဓိပၸာယ္ရသည္ဆို၏။ သူ၏ အယူဝါဒကို လက္ခံသူတို႔မွာ ယခုတိုင္ ေဒါက္ခ်ာနီလာမာ ဘုန္းႀကီးဂိုဏ္းအျဖစ္ျဖင့္ ႂကြင္းက်န္ရွိေနေပသည္။ ပဒုမသမၻဝႀကီးမႉးေသာ ေဒါက္ခ်ာနီလာမာဘုန္းႀကီးမ်ားသည္ ဗုဒၶအယူဝါဒီအမည္ကို ခံယူေသာ္လည္း အသားစားျခင္း၊ အိမ္ရာ ေထာင္ျခင္းႏွင့္ ေသရည္ေသရက္ ေသာက္စားျခင္မ်ားကို ျပဳလုပ္ၾကသည္။ ဤသို႔ျပဳလုပ္ရန္ကိုလည္း ပဒုမသမၻဝက ဝါဒျဖန္႔ခဲ့သည္။ သို႔မွသာ ဘုရားေလာင္းဘဝကို လ်င္ျမန္စြာ ေရာက္ႏိုင္သည္ဟုလည္း ေဟာေျပာခဲ့ေလသည္။ ကိုးရာစုႏွစ္တြင္ လန္ဒါမာ မင္းလက္ထက္၌ ပဒုမသမၻဝ၏ အယူဝါဒကို ႏွိမ္နင္းခဲ့ၿပီးသည့္ေနာက္ ဗုဒၶအယူဝါဒ တစ္ဖန္ျပန္လည္ ထြန္း ကားလာျပန္ေလသည္။

လာမာဘုန္းႀကီးမ်ား၏တန္ခိုးအာဏာမ်ားလည္း တိုးတက္လာခဲ့ေလသည္။ ၁၁ ရာစုႏွစ္သို႔ ေရာက္ေသာအခါ အိႏၵိယႏိုင္ငံမွ ဘုန္းေတာ္ႀကီးတစ္ပါးသည္ တိဗက္ျပည္သို႔ ေရာက္ရွိလာျပန္ရာ ေရွးကရွိခဲ့ေသာ အယူဝါဒမ်ားကို ျပဳျပင္၍စင္ၾကယ္ေသာ ဝါဒမ်ားကို ေဟာေျပာသည္ဟုဆိုသည္။ ဤသို႔ျဖင့္ တိဗက္ျပည္တြင္ လာမာဘုန္းႀကီးမ်ား ဂိုဏ္းအမ်ိဳးမ်ိဳး ကြဲထြက္သြားေလသည္။ ဂိုဏ္းအမ်ိဳးမ်ိဳးတို႔အနက္ ေဒါက္ခ်ာနီဂိုဏ္း ျဖစ္ေသာ သက်အႏြယ္လာမာ ဘုန္းႀကီးတို႔ကား ႏိုင္ငံေရးတြင္ အလြန္အေရးပါအရာေရာက္ၾကေပသည္။ ထိုအခ်ိန္အခါကား တိဗက္ျပည္တြင္ ႏိုင္ငံ ေရးႏွင့္ သာသနာေရးေရာေထြးကာ တိုင္းျပည္အစိတ္စိတ္အႁမြာႁမြာ ကြဲခဲ့ရ ေလသည္။

၁၃ ရာစုႏွစ္သို႔ ေရာက္ေသာအခါ သက်ႏြယ္ဝင္လာမာဘုန္းႀကီး ေခါင္းေဆာင္တို႔သည္ မိမိတို႔၏ဂိုဏ္းတန္ခိုးအာဏာပို၍ ႀကီးမားလာရန္ ရည္သန္၍ တ႐ုတ္ႏိုင္ငံ၏ မြန္ဂိုဧကရာဇ္ ကူဗလိုင္ခန္ ႏွင့္မဟာမိတ္ဖြဲ႕ကာ အကူအညီကို ေတာင္းခံေလသည္။ ကူဗလိုင္ခန္မင္းသည္ ၁၂၇ဝ ျပည့္ႏွစ္ တြင္ သက်ႏြယ္ဝင္ လာမာဘုန္းႀကီးတို႔၏ အယူဝါဒကို ႏွစ္သက္ရကား ယင္းတို႔အထဲမွအႀကီးဆုံးလာမာဘုန္းႀကီး သက်ပ႑ိတကို ႏိုင္ငံေရးအာဏာႏွင့္တကြ သာသနာေရး အာဏာကိုပါ တစ္ၿပိဳင္တည္းအပ္ႏွင္းကာ တိဗက္ျပည္ကို အုပ္ခ်ဳပ္ေစသည္။ ထိုအခ်ိန္အခါမွစ၍ တိဗက္ျပည္ လာမာဘုန္းေတာ္ႀကီးသည္ ႏိုင္ငံေရးအခ်ဳပ္အခ်ာ အာဏာပိုင္ျဖစ္သည့္ျပင္ သာသနာေရးတြင္လည္း အာဏာပိုင္ျဖစ္လာသည္။
ပိုတလာနန္းေတာ္

တစ္ဆယ့္ငါးရာစုႏွစ္တြင္ ဆြန္ခါပအမည္ရွိ ဘုန္းေတာ္ႀကီးသည္ ဘုန္းႀကီးသိကၡာပုဒ္မ်ားကို တစ္မ်ိဳးတစ္ဖုံ ျပဳျပင္ဖန္တီးျခင္းျဖင့္ ေဒါက္ခ်ာဝါ လာမာဘုန္းႀကီးဂိုဏ္းကို တစ္ဖန္တည္ေထာင္ျပန္ေလသည္။ ဤေဒါက္ခ်ာဝါ ဂိုဏ္းသည္ ေဒါက္ခ်ာနီဂိုဏ္းႏွင့္ ဆန္႔က်င္ကာ ဘုန္းႀကီး သိကၡာပုဒ္မ်ားကို မ်ားစြာ ျပဳျပင္ခဲ့ေလသည္။ အိမ္ရာေထာင္ျခင္းကို အလ်င္းခြင့္မျပဳေခ်။ ဤ ဂိုဏ္းသစ္မွ ဘုန္းေတာ္ႀကီး ဆြန္ခါပ ကြယ္လြန္ ၿပီးသည့္ေနာက္ တတိယ ဘုန္းေတာ္ႀကီးမွစ၍ ဒလိုင္းလာမာဟူေသာ ဘြဲ႕ကိုခံယူေလသည္။ ဤပထမဆုံး ဒလိုင္းလာမာဘုန္းေတာ္ႀကီးကား ဆြန္ခါပ၏ တူေတာ္ပင္ျဖစ္သည္။ ဒလိုင္းလာမာဟူေသာအမည္ျဖင့္ ထင္ရွားလာၿပီးလၽွင္ သူ၏အဆက္အႏြယ္မ်ားကို ဒလိုင္းလာမာဟု ေခၚလာၾကသည္။

ပၪၥမဒလိုင္းလာမာ၏ေခတ္တြင္ ဒလိုင္းလာမာကို အႀကံဉာဏ္ေပးသည့္ ပန္ခ်င္လာမာဟုလည္းေခၚေသာ ‘တာရွိလာမာ’ ကိုခန္႔အပ္ေလရာ ဒလိုင္းလာမာမင္းဆက္ႏွင့္အတူ တာရွိလာမာ မင္းဆက္တို႔လည္း ေပၚေပါက္လာေလသည္။ ေနာင္အခါတြင္ လာမာဂိုဏ္းႏွစ္ဂိုဏ္းကြဲခဲ့ရာ တိဗက္ျပည္သူျပည္သားမ်ားက ဒလိုင္းလာမာကို တိုင္းျပည္အုပ္ခ်ဳပ္ေရးအတြက္လည္းေကာင္း၊ ပန္ခ်င္လာမာကို သာသနာ ေရးအတြက္လည္းေကာင္း အာဏာပိုင္မ်ားဟူ၍ခြဲျခားကာ အသိအမွတ္ျပဳခဲ့ၾက ေလသည္။ ၁၅ ရာစုႏွစ္ ဆြန္ခါပဘုန္းေတာ္ႀကီး ေပၚေပါက္လာၿပီးသည့္ အခ်ိန္မွစ၍ တိဗက္ျပည္ပ ‘လူဝင္စားမႈ’ အယူဝါဒသည္ ခိုင္ၿမဲစြာ အျမစ္ တြယ္ၿပီးျဖစ္ေလသည္။ ထိုအယူဝါဒမွာ အက်င့္၊ သီလ၊ သမာဓိႏွင့္ ျပည့္စုံ ၍ ဗုဒၶဘုရားျဖစ္ႏိုင္ရန္ ထိုက္တန္ေသာသူသည္ ေလာကီလူသားတို႔အား ငဲ့ၫွာေသာက႐ုဏာေတာ္ျဖင့္သတၱဝါတို႔အား ကူညီေစာင့္ေရွာက္ရန္ ဘုရားအျဖစ္ မခံယူဘဲ လူ႕ေလာကသို႔ ျပန္လည္ဝင္စားျခင္းျဖစ္၏။

ဒလိုင္းလာမာ တစ္ဦးပ်ံလြန္၍ ေနာက္ဆက္ခံမည့္ ဒလိုင္းလာမာတစ္ဦး ထပ္မံေ႐ြးခ်ယ္ပုံမွာ ‘လူဝင္စားေပၚေပါက္မႈ’ ေပၚတြင္ မူတည္ေ႐ြးခ်ယ္ သျဖင့္ အထူးစိတ္ဝင္စား ဖြယ္ေကာင္းေပသည္။ ဒလိုင္းလာမာတစ္ဦး ပ်ံလြန္လၽွင္ပ်ံလြန္ျခင္း အျခား တစ္ေနရာ၌ ခ်က္ျခင္းလူဝင္စားျဖစ္သည္ဟု တိဗက္လူမ်ိဳးတို႔က မယုံၾကည္ ေခ်။ လူအျဖစ္သို႔ျပန္လည္မယူမီ တစ္ႏွစ္တန္သည္ ႏွစ္ႏွစ္တန္သည္ စသည္ျဖင့္ ၾကာသည္ဟုယုံၾကည္ၾကသည္။တစ္ဆယ့္သုံးဆက္ေျမာက္ ဒလိုင္းလာမာပ်ံလြန္ခဲ့ၿပီးေနာက္ ျပန္လည္၍ ၁၄ ဆက္ေျမာက္ ဒလိုင္းလာမာအျဖစ္ ဝင္စားရာ၌ျဖစ္ေပၚမည့္ မိမိ၏ လကၡဏာမ်ားကို ႀကိဳတင္၍ အရိပ္အႁမြက္မၽွမိန္႔ဆိုထားခဲ့ေလသည္။

ခရစ္ ၁၉၃၃ ခုႏွစ္၌ ၁၃ ဆက္ေျမာက္ဒလိုင္းလာမာပ်ံလြန္ေတာ္မူေသာအခါ လာဆာၿမိဳ႕ေတာ္အနီး ပိုတာလာနန္းေတာ္ႀကီးတြင္ ေရွးအစဥ္အလာ ထုံးတမ္းအရ ေတာင္ဘက္သို႔ မ်က္ႏွာေတာ္မူေစ၍ ထိုင္လ်က္ တည္ရွိေစခဲ့ ေလသည္။ တစ္ေန႔ေသာ နံနက္တြင္ ထူးဆန္းအံ့ဩဖြယ္ရာ ၁၃ ဆက္ေျမာက္ ဒလိုင္းလာမာ၏ ႐ုပ္ကလာပ္သည္ အေရွ႕ဘက္သို႔ လွည့္ေနသည္ကို ေတြ႕ၾကရသည္ဟုဆိုသည္။ ဤသို႔ျဖင့္ ၁၄ ဆက္ေျမာက္ျဖစ္မည့္ ဒလိုင္း လာမာေလာင္းသည္ အေရွ႕အရပ္မွ ေပၚထြန္းလာ လိမ့္မည္ဟု နိမိတ္ဖတ္ၾကေတာ့၏။ သို႔ေသာ္ ႏွစ္ႏွစ္ခန္႔ ၾကာသည့္တိုင္ေအာင္ တိက်ေသာ အတိတ္နိမိတ္မ်ားကို မေတြ႕ရွိခဲ့ၾကေခ်။

ထိုအေတာအတြင္း တိဗက္ျပည္ကို ရင္ခြင္ ပိုက္အဖြဲ႕က အုပ္ခ်ဳပ္ေန၏။ ေနာက္ဆုံး၌ ရင္ခြင္ပိုက္ အဖြဲ႕သည္ ခ်ိဳေခါႀကီး ေခၚ ေရအိုင္ႀကီးသို႔သြား၍ နိမိတ္ဖတ္ေလသည္။ ထိုေရအိုင္ႀကီးမွာ တိဗက္ ျပည္တြင္ အလြန္ပင္ေက်ာ္ၾကားေလသည္။ ထိုေရအိုင္ႀကီးတြင္ ၾကည့္ပါက ေနာင္ျဖစ္မည့္ အနာဂတ္အေျခအေနမ်ားကို ေတြ႕ျမင္ႏိုင္သည္ဟု တိဗက္ ျပည္သူျပည္သားမ်ားက ယုံၾကည္ၾကေလသည္။ရင္ခြင္ပိုက္အုပ္စိုးသူသည္ ဆုေတာင္းပတၱနာျပဳျခင္း၊ ဝတ္ျပဳျခင္း မ်ားကို ျပဳၿပီးသကာလ ေရအိုင္တြင္းသို႔ ၾကည့္ေသာအခါ ေခါင္မိုးတြင္ ေ႐ႊ မ်ားခ်ထားေသာ သုံးထပ္ေက်ာင္းတစ္ခုႏွင့္ ထိုေက်ာင္းအနီးရွိ တ႐ုတ္လယ္ သမား အိမ္ကေလးတစ္လုံးကို ေတြ႕ရွိခဲ့သည္ဟုဆိုသည္။သို႔ျဖင့္ ၁၉၃၇ ခုႏွစ္တြင္ ဒလိုင္းလာမာေလာင္းအားရွာေဖြရန္ အေရွ႕ဘက္ဆီသို႔ အဖြဲ႕မ်ား စတင္ခရီးထြက္ၾကေလသည္။ ထိုအဖြဲ႕မ်ားသည္ ၁၃ ဆက္ေျမာက္ ဒလိုင္း လာမာမပ်ံလြန္မီ ကိုင္ေဆာင္သုံးစြဲခဲ့ေသာ အသုံးအေဆာင္ပစၥည္းမ်ားကို ယူေဆာင္သြားၾကသည္။

ေနာက္ဆုံး၌ နိမိတ္ပါအတိုင္း ေ႐ႊေရာင္မ်ားျဖင့္ ဝင္းေျပာင္လ်က္ရွိေသာ သုံးထပ္ေက်ာင္းႏွင့္အနီးရွိ တ႐ုတ္လယ္သမား အိမ္ကေလးဆီသို႔ ေရာက္ရွိခဲ့ၾကေလသည္။ ထိုအခါ ထုံးစံအတိုင္း အရာရွိႀကီး မ်ားႏွင့္ ေနာက္လိုက္အေစခံမ်ားသည္ တစ္ဦးႏွင့္တစ္ဦး အဝတ္အစားခ်င္း လဲလွယ္ဝတ္ၾကၿပီးလၽွင္ တဲအိမ္ကေလးအတြင္းသို႔ ဝင္ၾကေလသည္။ အိမ္တြင္းမွ ႏွစ္ႏွစ္သားခန္႔ သူငယ္ကေလးသည္ထြက္လာၿပီးလၽွင္ အေစခံ၏အဝတ္အစားကို ဝတ္ဆင္ထားေသာ သီရဘုန္းေတာ္ႀကီးအားဆြဲကိုင္၍ သီရဘုန္းေတာ္ႀကီး ျဖစ္ေၾကာင္း ေျပာႏိုင္သျဖင့္ အဖြဲ႕ဝင္မ်ားအား တအံ့တဩ ျဖစ္ေစခဲ့သည္။ သို႔ျဖင့္ ဒလိုင္းလာမာေလာင္းအစစ္အမွန္ကို ေတြ႕ရွိၿပီဟုစိတ္ခ်ယုံၾကည္စြာျဖင့္ ျပန္လာခဲ့ၾကသည္။

ရက္အနည္းငယ္ခန္႔ ၾကာေသာအခါ တစ္ဖန္ျပန္၍ သြားေရာက္ ေတြ႕ဆုံၾကျပန္ေလသည္။ ထိုအႀကိမ္တြင္ ယခင္အခါကကဲ့သို႔ ႐ုပ္ဖ်က္ျခင္းမရွိဘဲ မိမိတို႔၏ သက္ဆိုင္ရာ အဝတ္အစားမ်ားႏွင့္ပင္ သြားေရာက္ေတြ႕ဆုံၾကသည္။ ပထမတြင္ ကေလးအား စိပ္ပုတီးေလးခု ျပသ၏။ ထိုအထဲမွကေလးသည္ ၁၃ ဆက္ေျမာက္ ဒလိုင္းလာမာ မပ်ံလြန္မီက ကိုင္သုံးခဲ့ေသာ စိပ္ပုတီးအမွန္ကို ျပသႏိုင္သည္ဟုဆိုသည္။ တစ္ဖန္ ဗုံေပါင္းမ်ားစြာထဲမွ ယခင္ဘဝက အေစခံမ်ားအား ေခၚယူသည့္အခါ တီးေလ့ရွိေသာ ဗုံကို မွန္ကန္စြာ ေ႐ြးခ်ယ္ယူျပျပန္ေလသည္။

ေနာက္ဆုံးတြင္ ယခင္ဘဝက အသုံးျပဳခဲ့ေသာ ေတာင္ေဝွးေဟာင္းကို အမ်ားထဲမွ ေ႐ြးထုတ္ယူျပႏိုင္ခဲ့သည္ဟု ဆိုေလသည္။ ထိုေနာက္ကေလးငယ္၏ ကိုယ္ေပၚတြင္ ရွာေဖြၾကည့္႐ႈၾက ေသာအခါ ပါအပ္ေသာ ကိုယ္အဂၤါ အခ်ိဳးအစားႏွင့္ အမွတ္အသားမ်ားပါရွိသည္ကို ေတြ႕ရွိၾက ရေလသည္။ သို႔ျဖင့္ ကေလးအား တိဗက္ျပည္ လာဆာၿမိဳ႕ေတာ္ရွိ ပိုတာလာနန္းေတာ္သို႔ ဒလိုင္းလာမာအျဖစ္ ေဆာင္ၾကဥ္း သြားၾကေလသည္။ သို႔ေသာ္ ကေလးငယ္ေတြ႕ ရွိေသာေဒသမွာ တ႐ုတ္ႏိုင္ငံပိုင္ေဒသျဖစ္ေၾကာင့္ ေတာင္းဆိုေသာတ႐ုတ္ျပည္သုံးေငြတစ္သိန္း ေပးခဲ့ရေလသည္။
အသက္ငါးႏွစ္အရြယ္ ဒလုိင္းလာမား

အသက္ငါးႏွစ္မၽွသာရွိေသးေသာ ဒလိုင္လာမာငယ္ကေလးကို ၁၉၃၉ ခုႏွစ္တြင္ လာဆာၿမိဳ႕ေတာ္သို႔ေခၚေဆာင္ကာ ၁၉၄ဝ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ ရင္ခြင္ပိုက္အဖြဲ႕ျဖင့္ အုပ္စိုးေစလ်က္ ၁၉၅ဝ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၁၇ ရက္ေန႔တြင္ ၁၄ ဆက္ေျမာက္ ဒလိုင္းလာမာအျဖစ္ျဖင့္လုံးဝ အာဏာလႊဲအပ္ေပးလိုက္ေလသည္။ သို႔ေသာ္ တိဗက္ျပည္သည္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ ၏ အစိတ္အပိုင္းတစ္ခု ျဖစ္လာၿပီးသည့္ေနာက္၁၉၅၉ ခုႏွစ္တြင္ ဒလိုင္းလာမာသည္ အိႏၵိယႏိုင္ငံသို႔ ေျပးဝင္ခိုလႈံခဲ့ရာ၊ ယခု တိုင္ေအာင္ပင္ နယူးေဒလီ ၿမိဳ႕ေတာ္မွ ( ၅၈၂ ) ကီလိုမီတာကြာေ၀းသည့္ ဓရမ္စလာ(Dharamshala) ၌ ေနထိုင္ဆဲျဖစ္သည္။

မိမိတို႔သည္ေလာကကို စြန္႔ခြာေသာ ဘုရားေလာင္းမ်ားဟု ဆိုၾကသည္။ လူအျဖစ္ႏွင့္ အိမ္ယာေထာင္ေနသူတို႔ကိုကား ဘုရားေလာင္းဟု မယူၾကေခ်။ သီလရွင္တို႔မွာ လူမိန္းမတို႔ထက္ အတန္းျမင့္ လွသည္ မဟုတ္ေခ်။ တိဗက္ျပည္၌ လူေျခာက္ေယာက္ (ဝါ) ရွစ္ေယာက္တြင္ တစ္ ေယာက္မွာ လာမာဘုန္းႀကီးျဖစ္၏။ လာမာတို႔ ဝတ္႐ုံေသာသကၤန္းမွာ အဝါ သို႔မဟုတ္ အနီျဖစ္၏။ အဝါေရာင္ကို တိုင္းျပည္က အသိအမွတ္ျပဳေသာ ေဒါက္ခ်ာဝါဂိုဏ္းႀကီးကသာ ဝတ္ဆင္ရ၏။ အျခားဂိုဏ္းတို႔က မဝတ္ဆင္ရေခ်။

ျမန္မာ့စြယ္စုံက်မ္း အတြဲ ၁၂

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Wikipedia
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာပေါ်တွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်လျက်ရှိ ကြသော သမ္မတများနှင့် ဘုရင်အသီးအသီးတို့သည် တိုင်းပြည်၏ အုပ်ချုပ် ရေးတွင် အချုပ်အခြာအာဏာပိုင်များ ဖြစ်ကြသော်လည်း သာသနာရေးဘက်တွင်ကား အာဏာပိုင်များ မဟုတ်ကြချေ။ ဆိုင်ရာဆိုင်ရာ သာသနာပိုင်များ၊ အယူဝါဒရေးခေါင်းဆောင်များကသာ သာသနာရေးကို သီးခြားစီမံအုပ်ချုပ်လျက်ရှိကြသည်။ တိဗက်ပြည်တွင်ကား လာမာဘုန်းကြီးများ အမြောက် အမြားရှိသည့်အနက် အကြီးဆုံးဖြစ်သော ဒလိုင်းလာမာဘုန်းကြီးသည် တစ်ချိန်သောအခါက တိဗက်ပြည်၏ နိုင်ငံရေးအချုပ်အချာ အာဏာပိုင်ဖြစ်ခဲ့ပေ သည်။ ဤသည်ကား တိဗက်ပြည်၏ ယခင်က ထူးခြားချက်ပင်ဖြစ်သည်။

တိဗက်ပြည်တွင် ကိုးကွယ်သော အယူဝါဒမှာ ဗုဒ္ဓအယူဝါဒပင် ဖြစ်သော်လည်း မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ လောနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ တို့တွင် ကိုးကွယ်သော ထေရဝါဒ ဗုဒ္ဓအယူဝါဒမျိုးမဟုတ်၊ မဟာယာန ဗုဒ္ဓအယူဝါဒဖြစ်သည်။ တိဗက်ပြည်သို့ ဗုဒ္ဓသာသနာသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ဝဝ ကျော်လောက်က ဆရုန်စန်ဂံပိုမင်း လက်ထက်၌ ပထမဆုံးဆိုက်ရောက်လာခဲ့လေသည်။ ထိုမင်းသည် ဗုဒ္ဓအယူဝါဒီ နိပေါမင်းသမီးတစ်ပါးနှင့်တရုတ်မင်းသမီးတစ်ပါးတို့ကို မိဖုရားမြှောက်၍ စိုးစံခဲ့သည့်နောက်ပိုင်းတွင် ထိုမိဖုရားတို့၏ ညွှန်ပြမှုအစွမ်းအားဖြင့် ဗုဒ္ဓအယူဝါဒ စတင်ထွန်းကားလာခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ထိုမင်းလက်ထက်တွင် ဗုဒ္ဓအယူဝါဒသည် ထွန်းကားသင့်သလောက် မထွန်းကားချေ။

နောက်နှစ်ပေါင်းတစ်ရာ လွန်ပြီးသောအခါ ခရီဆရုန်အိုက်ဗခန် မင်းလက်ထက်၌ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဥဒယာနအရပ်မှ ပဒုမသမ္ဘဝအမည်ရှိ မထေရ်တစ်ပါးအား ပင့်ဆောင်ခဲ့၏။ ထိုပဒုမသမ္ဘဝမထေရ်သည် မူလက စုန်း၊ နတ်၊ တစ္ဆေ၊ ပယောဂတို့နှင့် ရောပြွမ်းလျက်ရှိသည့် တိဗက်ပြည်သူပြည်သား အမြောက်အမြားကို ဗုဒ္ဓအယူဝါဒီများ အဖြစ်သို့ သွတ်သွင်းနိုင်ခဲ့လေသည်။ သို့သော် သူ၏ ဗုဒ္ဓအယူဝါဒမှာ မဟာယာနဗုဒ္ဓအယူဝါဒဖြစ်သည်။ ထိုမထေရ်သည် လာမာဂိုဏ်းကို စ၍ တည်ထောင်သည်။

လာမာမှာ တိဗက်ဘာသာဖြင့် မြင့်မြတ်သော ပုဂ္ဂိုလ်ဟု အဓိပ္ပာယ်ရသည်ဆို၏။ သူ၏ အယူဝါဒကို လက်ခံသူတို့မှာ ယခုတိုင် ဒေါက်ချာနီလာမာ ဘုန်းကြီးဂိုဏ်းအဖြစ်ဖြင့် ကြွင်းကျန်ရှိနေပေသည်။ ပဒုမသမ္ဘဝကြီးမှူးသော ဒေါက်ချာနီလာမာဘုန်းကြီးများသည် ဗုဒ္ဓအယူဝါဒီအမည်ကို ခံယူသော်လည်း အသားစားခြင်း၊ အိမ်ရာ ထောင်ခြင်းနှင့် သေရည်သေရက် သောက်စားခြင်များကို ပြုလုပ်ကြသည်။ ဤသို့ပြုလုပ်ရန်ကိုလည်း ပဒုမသမ္ဘဝက ဝါဒဖြန့်ခဲ့သည်။ သို့မှသာ ဘုရားလောင်းဘဝကို လျင်မြန်စွာ ရောက်နိုင်သည်ဟုလည်း ဟောပြောခဲ့လေသည်။ ကိုးရာစုနှစ်တွင် လန်ဒါမာ မင်းလက်ထက်၌ ပဒုမသမ္ဘဝ၏ အယူဝါဒကို နှိမ်နင်းခဲ့ပြီးသည့်နောက် ဗုဒ္ဓအယူဝါဒ တစ်ဖန်ပြန်လည် ထွန်း ကားလာပြန်လေသည်။

လာမာဘုန်းကြီးများ၏တန်ခိုးအာဏာများလည်း တိုးတက်လာခဲ့လေသည်။ ၁၁ ရာစုနှစ်သို့ ရောက်သောအခါ အိန္ဒိယနိုင်ငံမှ ဘုန်းတော်ကြီးတစ်ပါးသည် တိဗက်ပြည်သို့ ရောက်ရှိလာပြန်ရာ ရှေးကရှိခဲ့သော အယူဝါဒများကို ပြုပြင်၍စင်ကြယ်သော ဝါဒများကို ဟောပြောသည်ဟုဆိုသည်။ ဤသို့ဖြင့် တိဗက်ပြည်တွင် လာမာဘုန်းကြီးများ ဂိုဏ်းအမျိုးမျိုး ကွဲထွက်သွားလေသည်။ ဂိုဏ်းအမျိုးမျိုးတို့အနက် ဒေါက်ချာနီဂိုဏ်း ဖြစ်သော သကျအနွယ်လာမာ ဘုန်းကြီးတို့ကား နိုင်ငံရေးတွင် အလွန်အရေးပါအရာရောက်ကြပေသည်။ ထိုအချိန်အခါကား တိဗက်ပြည်တွင် နိုင်ငံ ရေးနှင့် သာသနာရေးရောထွေးကာ တိုင်းပြည်အစိတ်စိတ်အမြွာမြွာ ကွဲခဲ့ရ လေသည်။

၁၃ ရာစုနှစ်သို့ ရောက်သောအခါ သကျနွယ်ဝင်လာမာဘုန်းကြီး ခေါင်းဆောင်တို့သည် မိမိတို့၏ဂိုဏ်းတန်ခိုးအာဏာပို၍ ကြီးမားလာရန် ရည်သန်၍ တရုတ်နိုင်ငံ၏ မွန်ဂိုဧကရာဇ် ကူဗလိုင်ခန် နှင့်မဟာမိတ်ဖွဲ့ကာ အကူအညီကို တောင်းခံလေသည်။ ကူဗလိုင်ခန်မင်းသည် ၁၂၇ဝ ပြည့်နှစ် တွင် သကျနွယ်ဝင် လာမာဘုန်းကြီးတို့၏ အယူဝါဒကို နှစ်သက်ရကား ယင်းတို့အထဲမှအကြီးဆုံးလာမာဘုန်းကြီး သကျပဏ္ဍိတကို နိုင်ငံရေးအာဏာနှင့်တကွ သာသနာရေး အာဏာကိုပါ တစ်ပြိုင်တည်းအပ်နှင်းကာ တိဗက်ပြည်ကို အုပ်ချုပ်စေသည်။ ထိုအချိန်အခါမှစ၍ တိဗက်ပြည် လာမာဘုန်းတော်ကြီးသည် နိုင်ငံရေးအချုပ်အချာ အာဏာပိုင်ဖြစ်သည့်ပြင် သာသနာရေးတွင်လည်း အာဏာပိုင်ဖြစ်လာသည်။
ပိုတလာနန်းတော်

တစ်ဆယ့်ငါးရာစုနှစ်တွင် ဆွန်ခါပအမည်ရှိ ဘုန်းတော်ကြီးသည် ဘုန်းကြီးသိက္ခာပုဒ်များကို တစ်မျိုးတစ်ဖုံ ပြုပြင်ဖန်တီးခြင်းဖြင့် ဒေါက်ချာဝါ လာမာဘုန်းကြီးဂိုဏ်းကို တစ်ဖန်တည်ထောင်ပြန်လေသည်။ ဤဒေါက်ချာဝါ ဂိုဏ်းသည် ဒေါက်ချာနီဂိုဏ်းနှင့် ဆန့်ကျင်ကာ ဘုန်းကြီး သိက္ခာပုဒ်များကို များစွာ ပြုပြင်ခဲ့လေသည်။ အိမ်ရာထောင်ခြင်းကို အလျင်းခွင့်မပြုချေ။ ဤ ဂိုဏ်းသစ်မှ ဘုန်းတော်ကြီး ဆွန်ခါပ ကွယ်လွန် ပြီးသည့်နောက် တတိယ ဘုန်းတော်ကြီးမှစ၍ ဒလိုင်းလာမာဟူသော ဘွဲ့ကိုခံယူလေသည်။ ဤပထမဆုံး ဒလိုင်းလာမာဘုန်းတော်ကြီးကား ဆွန်ခါပ၏ တူတော်ပင်ဖြစ်သည်။ ဒလိုင်းလာမာဟူသောအမည်ဖြင့် ထင်ရှားလာပြီးလျှင် သူ၏အဆက်အနွယ်များကို ဒလိုင်းလာမာဟု ခေါ်လာကြသည်။

ပဉ္စမဒလိုင်းလာမာ၏ခေတ်တွင် ဒလိုင်းလာမာကို အကြံဉာဏ်ပေးသည့် ပန်ချင်လာမာဟုလည်းခေါ်သော ‘တာရှိလာမာ’ ကိုခန့်အပ်လေရာ ဒလိုင်းလာမာမင်းဆက်နှင့်အတူ တာရှိလာမာ မင်းဆက်တို့လည်း ပေါ်ပေါက်လာလေသည်။ နောင်အခါတွင် လာမာဂိုဏ်းနှစ်ဂိုဏ်းကွဲခဲ့ရာ တိဗက်ပြည်သူပြည်သားများက ဒလိုင်းလာမာကို တိုင်းပြည်အုပ်ချုပ်ရေးအတွက်လည်းကောင်း၊ ပန်ချင်လာမာကို သာသနာ ရေးအတွက်လည်းကောင်း အာဏာပိုင်များဟူ၍ခွဲခြားကာ အသိအမှတ်ပြုခဲ့ကြ လေသည်။ ၁၅ ရာစုနှစ် ဆွန်ခါပဘုန်းတော်ကြီး ပေါ်ပေါက်လာပြီးသည့် အချိန်မှစ၍ တိဗက်ပြည်ပ ‘လူဝင်စားမှု’ အယူဝါဒသည် ခိုင်မြဲစွာ အမြစ် တွယ်ပြီးဖြစ်လေသည်။ ထိုအယူဝါဒမှာ အကျင့်၊ သီလ၊ သမာဓိနှင့် ပြည့်စုံ ၍ ဗုဒ္ဓဘုရားဖြစ်နိုင်ရန် ထိုက်တန်သောသူသည် လောကီလူသားတို့အား ငဲ့ညှာသောကရုဏာတော်ဖြင့်သတ္တဝါတို့အား ကူညီစောင့်ရှောက်ရန် ဘုရားအဖြစ် မခံယူဘဲ လူ့လောကသို့ ပြန်လည်ဝင်စားခြင်းဖြစ်၏။

ဒလိုင်းလာမာ တစ်ဦးပျံလွန်၍ နောက်ဆက်ခံမည့် ဒလိုင်းလာမာတစ်ဦး ထပ်မံရွေးချယ်ပုံမှာ ‘လူဝင်စားပေါ်ပေါက်မှု’ ပေါ်တွင် မူတည်ရွေးချယ် သဖြင့် အထူးစိတ်ဝင်စား ဖွယ်ကောင်းပေသည်။ ဒလိုင်းလာမာတစ်ဦး ပျံလွန်လျှင်ပျံလွန်ခြင်း အခြား တစ်နေရာ၌ ချက်ခြင်းလူဝင်စားဖြစ်သည်ဟု တိဗက်လူမျိုးတို့က မယုံကြည် ချေ။ လူအဖြစ်သို့ပြန်လည်မယူမီ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် စသည်ဖြင့် ကြာသည်ဟုယုံကြည်ကြသည်။တစ်ဆယ့်သုံးဆက်မြောက် ဒလိုင်းလာမာပျံလွန်ခဲ့ပြီးနောက် ပြန်လည်၍ ၁၄ ဆက်မြောက် ဒလိုင်းလာမာအဖြစ် ဝင်စားရာ၌ဖြစ်ပေါ်မည့် မိမိ၏ လက္ခဏာများကို ကြိုတင်၍ အရိပ်အမြွက်မျှမိန့်ဆိုထားခဲ့လေသည်။

ခရစ် ၁၉၃၃ ခုနှစ်၌ ၁၃ ဆက်မြောက်ဒလိုင်းလာမာပျံလွန်တော်မူသောအခါ လာဆာမြို့တော်အနီး ပိုတာလာနန်းတော်ကြီးတွင် ရှေးအစဉ်အလာ ထုံးတမ်းအရ တောင်ဘက်သို့ မျက်နှာတော်မူစေ၍ ထိုင်လျက် တည်ရှိစေခဲ့ လေသည်။ တစ်နေ့သော နံနက်တွင် ထူးဆန်းအံ့ဩဖွယ်ရာ ၁၃ ဆက်မြောက် ဒလိုင်းလာမာ၏ ရုပ်ကလာပ်သည် အရှေ့ဘက်သို့ လှည့်နေသည်ကို တွေ့ကြရသည်ဟုဆိုသည်။ ဤသို့ဖြင့် ၁၄ ဆက်မြောက်ဖြစ်မည့် ဒလိုင်း လာမာလောင်းသည် အရှေ့အရပ်မှ ပေါ်ထွန်းလာ လိမ့်မည်ဟု နိမိတ်ဖတ်ကြတော့၏။ သို့သော် နှစ်နှစ်ခန့် ကြာသည့်တိုင်အောင် တိကျသော အတိတ်နိမိတ်များကို မတွေ့ရှိခဲ့ကြချေ။

ထိုအတောအတွင်း တိဗက်ပြည်ကို ရင်ခွင် ပိုက်အဖွဲ့က အုပ်ချုပ်နေ၏။ နောက်ဆုံး၌ ရင်ခွင်ပိုက် အဖွဲ့သည် ချိုခေါကြီး ခေါ် ရေအိုင်ကြီးသို့သွား၍ နိမိတ်ဖတ်လေသည်။ ထိုရေအိုင်ကြီးမှာ တိဗက် ပြည်တွင် အလွန်ပင်ကျော်ကြားလေသည်။ ထိုရေအိုင်ကြီးတွင် ကြည့်ပါက နောင်ဖြစ်မည့် အနာဂတ်အခြေအနေများကို တွေ့မြင်နိုင်သည်ဟု တိဗက် ပြည်သူပြည်သားများက ယုံကြည်ကြလေသည်။ရင်ခွင်ပိုက်အုပ်စိုးသူသည် ဆုတောင်းပတ္တနာပြုခြင်း၊ ဝတ်ပြုခြင်း များကို ပြုပြီးသကာလ ရေအိုင်တွင်းသို့ ကြည့်သောအခါ ခေါင်မိုးတွင် ရွှေ များချထားသော သုံးထပ်ကျောင်းတစ်ခုနှင့် ထိုကျောင်းအနီးရှိ တရုတ်လယ် သမား အိမ်ကလေးတစ်လုံးကို တွေ့ရှိခဲ့သည်ဟုဆိုသည်။သို့ဖြင့် ၁၉၃၇ ခုနှစ်တွင် ဒလိုင်းလာမာလောင်းအားရှာဖွေရန် အရှေ့ဘက်ဆီသို့ အဖွဲ့များ စတင်ခရီးထွက်ကြလေသည်။ ထိုအဖွဲ့များသည် ၁၃ ဆက်မြောက် ဒလိုင်း လာမာမပျံလွန်မီ ကိုင်ဆောင်သုံးစွဲခဲ့သော အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားကြသည်။

နောက်ဆုံး၌ နိမိတ်ပါအတိုင်း ရွှေရောင်များဖြင့် ဝင်းပြောင်လျက်ရှိသော သုံးထပ်ကျောင်းနှင့်အနီးရှိ တရုတ်လယ်သမား အိမ်ကလေးဆီသို့ ရောက်ရှိခဲ့ကြလေသည်။ ထိုအခါ ထုံးစံအတိုင်း အရာရှိကြီး များနှင့် နောက်လိုက်အစေခံများသည် တစ်ဦးနှင့်တစ်ဦး အဝတ်အစားချင်း လဲလှယ်ဝတ်ကြပြီးလျှင် တဲအိမ်ကလေးအတွင်းသို့ ဝင်ကြလေသည်။ အိမ်တွင်းမှ နှစ်နှစ်သားခန့် သူငယ်ကလေးသည်ထွက်လာပြီးလျှင် အစေခံ၏အဝတ်အစားကို ဝတ်ဆင်ထားသော သီရဘုန်းတော်ကြီးအားဆွဲကိုင်၍ သီရဘုန်းတော်ကြီး ဖြစ်ကြောင်း ပြောနိုင်သဖြင့် အဖွဲ့ဝင်များအား တအံ့တဩ ဖြစ်စေခဲ့သည်။ သို့ဖြင့် ဒလိုင်းလာမာလောင်းအစစ်အမှန်ကို တွေ့ရှိပြီဟုစိတ်ချယုံကြည်စွာဖြင့် ပြန်လာခဲ့ကြသည်။

ရက်အနည်းငယ်ခန့် ကြာသောအခါ တစ်ဖန်ပြန်၍ သွားရောက် တွေ့ဆုံကြပြန်လေသည်။ ထိုအကြိမ်တွင် ယခင်အခါကကဲ့သို့ ရုပ်ဖျက်ခြင်းမရှိဘဲ မိမိတို့၏ သက်ဆိုင်ရာ အဝတ်အစားများနှင့်ပင် သွားရောက်တွေ့ဆုံကြသည်။ ပထမတွင် ကလေးအား စိပ်ပုတီးလေးခု ပြသ၏။ ထိုအထဲမှကလေးသည် ၁၃ ဆက်မြောက် ဒလိုင်းလာမာ မပျံလွန်မီက ကိုင်သုံးခဲ့သော စိပ်ပုတီးအမှန်ကို ပြသနိုင်သည်ဟုဆိုသည်။ တစ်ဖန် ဗုံပေါင်းများစွာထဲမှ ယခင်ဘဝက အစေခံများအား ခေါ်ယူသည့်အခါ တီးလေ့ရှိသော ဗုံကို မှန်ကန်စွာ ရွေးချယ်ယူပြပြန်လေသည်။

နောက်ဆုံးတွင် ယခင်ဘဝက အသုံးပြုခဲ့သော တောင်ဝှေးဟောင်းကို အများထဲမှ ရွေးထုတ်ယူပြနိုင်ခဲ့သည်ဟု ဆိုလေသည်။ ထိုနောက်ကလေးငယ်၏ ကိုယ်ပေါ်တွင် ရှာဖွေကြည့်ရှုကြ သောအခါ ပါအပ်သော ကိုယ်အင်္ဂါ အချိုးအစားနှင့် အမှတ်အသားများပါရှိသည်ကို တွေ့ရှိကြ ရလေသည်။ သို့ဖြင့် ကလေးအား တိဗက်ပြည် လာဆာမြို့တော်ရှိ ပိုတာလာနန်းတော်သို့ ဒလိုင်းလာမာအဖြစ် ဆောင်ကြဉ်း သွားကြလေသည်။ သို့သော် ကလေးငယ်တွေ့ ရှိသောဒေသမှာ တရုတ်နိုင်ငံပိုင်ဒေသဖြစ်ကြောင့် တောင်းဆိုသောတရုတ်ပြည်သုံးငွေတစ်သိန်း ပေးခဲ့ရလေသည်။
အသက်ငါးနှစ်အရွယ် ဒလိုင်းလာမား

အသက်ငါးနှစ်မျှသာရှိသေးသော ဒလိုင်လာမာငယ်ကလေးကို ၁၉၃၉ ခုနှစ်တွင် လာဆာမြို့တော်သို့ခေါ်ဆောင်ကာ ၁၉၄ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ရင်ခွင်ပိုက်အဖွဲ့ဖြင့် အုပ်စိုးစေလျက် ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ၁၄ ဆက်မြောက် ဒလိုင်းလာမာအဖြစ်ဖြင့်လုံးဝ အာဏာလွှဲအပ်ပေးလိုက်လေသည်။ သို့သော် တိဗက်ပြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီးသည့်နောက်၁၉၅၉ ခုနှစ်တွင် ဒလိုင်းလာမာသည် အိန္ဒိယနိုင်ငံသို့ ပြေးဝင်ခိုလှုံခဲ့ရာ၊ ယခု တိုင်အောင်ပင် နယူးဒေလီ မြို့တော်မှ ( ၅၈၂ ) ကီလိုမီတာကွာဝေးသည့် ဓရမ်စလာ(Dharamshala) ၌ နေထိုင်ဆဲဖြစ်သည်။

မိမိတို့သည်လောကကို စွန့်ခွာသော ဘုရားလောင်းများဟု ဆိုကြသည်။ လူအဖြစ်နှင့် အိမ်ယာထောင်နေသူတို့ကိုကား ဘုရားလောင်းဟု မယူကြချေ။ သီလရှင်တို့မှာ လူမိန်းမတို့ထက် အတန်းမြင့် လှသည် မဟုတ်ချေ။ တိဗက်ပြည်၌ လူခြောက်ယောက် (ဝါ) ရှစ်ယောက်တွင် တစ် ယောက်မှာ လာမာဘုန်းကြီးဖြစ်၏။ လာမာတို့ ဝတ်ရုံသောသင်္ကန်းမှာ အဝါ သို့မဟုတ် အနီဖြစ်၏။ အဝါရောင်ကို တိုင်းပြည်က အသိအမှတ်ပြုသော ဒေါက်ချာဝါဂိုဏ်းကြီးကသာ ဝတ်ဆင်ရ၏။ အခြားဂိုဏ်းတို့က မဝတ်ဆင်ရချေ။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Wikipedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top