ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သစၥာေဖာက္ခံရျခင္းေၾကာင့္ ခံစားေနရတဲ့ ေဝဒနာေတြဟာ သက္သာႏုိင္တယ္လို႔ ကၽြန္မယံုၾကည္ပါတယ္။ အဓိက ကေတာ့ သစၥာေဖာက္ခံရတဲ့အခါ ေဒါသနဲ႔ ဝမ္းနည္းျခင္းေတြကို ရင္ဆို္င္ႏုိင္စြမ္း ရွိဖို႔ပါပဲ။ ကုိယ့္ယံုၾကည္မႈကို ဖ်က္ဆီးခံလိုက္ရတာဟာ ေတာ္ေတာ္ေလးကို ခံစားရခက္ပါတယ္။ ဒီလိုျဖစ္ရပ္ေတြေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ လင္မယားေတြ ကြဲကြာကုန္ၾကတာ ေတာ္ေတာ္ေလးကို မ်ားျပားေနပါျပီ။ ဒါေတြအျပင္ လူတစ္ေယာက္ရဲ႕ ကိုယ့္ကုိယ္ကိုေလးစားမႈနဲ႔ ယံုၾကည္မႈေတြကုိလည္း ထိခိုက္ေစႏုိင္ျပီး ရုတ္တရက္ဆိုရင္ စိတ္ဓာတ္က်ျခင္းေတြေတာင္ ျဖစ္ေပၚေစႏုိင္ပါတယ္။ ဘာေတြပဲျဖစ္ျဖစ္ပါ၊ ကိုယ့္ကိုယ္ကုိေတာ့ ဆံုးရႈံးမခံသင့္ပါဘူး။ ဒီလို မေကာင္းတဲ့အေတြ႔အၾကံဳေတြက စိတ္ပုိင္းဆိုင္ရာကို ပိုျပီးခံႏုိင္ရည္ရွိလာေအာင္ မရိုးသားတဲ့လူေတြကို ေခါင္းထဲက ထုတ္ႏုိင္ေအာင္ ကူညီေပးပါလိမ့္မယ္။

သစၥာေဖာက္ခံရလုိ႔ ခံစားေနရတာေတြကေန ပံုမွန္ျပန္ျဖစ္လာေအာင္ လုပ္ဖုိ႔က မလြယ္ကူပါဘူး။ ေအာက္ေဖာ္ျပပါ အခ်က္ေလးေတြကို ဖတ္ၾကည့္ျပီး အခက္အခဲေတြကေန ရုန္းထြက္ႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္လုိက္ပါတယ္။

၁။နာက်င္ခံစားေနရတာေတြကို ထုတ္ေျပာလုိက္ပါ။

ခံစားေနရတာေတြကေန ပံုမွန္ျပန္ျဖစ္လာေစဖို႔ ဆိုရင္ အေရးအၾကီးဆံုး ေျခလွမ္းတစ္ခုကို လွမ္းဖို႔လိုပါတယ္။ ဒါကေတာ့ ကိုယ့္ကို သစၥာေဖာက္သြားတဲ့ လူဆီမွာ ကိုယ့္ခံစားခ်က္ေတြ၊ နာက်င္တာေတြကို ဖြင့္ဟေျပာလုိက္ပါ။ သူတို႔ေၾကာင့္ ကိုယ္နာက်င္ခံစားခဲ့ရတာေတြ၊ ခက္ခဲလြန္းတဲ့ အခ်ိန္ေတြကို ရင္ဆိုင္ေနခဲ့ရတယ္ဆိုတာေတြကို ရွင္းျပပါ။ ျပႆနာအားလံုးကို ကုိယ္ကိုယ္တိုင္ ႏုိင္ေအာင္ထိန္းသိမ္းပါ။ ေကာလဟာလထြက္ေပၚလာတာမ်ိဳးေတြျဖစ္ရင္ ကိုယ္ပဲခံစားရမွာေၾကာင့္ ျဖစ္ပါတယ္။ သူတို႔ကို ကိုယ္ေနာက္ထပ္ မယံုၾကည္ႏိုင္ေတာ့ဘူးဆိုတာ သိေအာင္ေျပာျပပါ။ သူတို႔ လုပ္ခဲ့တာေတြအတြက္၊ ကိုယ့္ကုိခက္ခဲတဲ့အေျခအေန ေပးခဲ့တာေတြအတြက္ သူတို႔မွာ တာဝန္ရွိသလို ခံစားသင့္ပါတယ္။

၂။ကိုယ့္ခံစားခ်က္ေတြကို နားလည္လက္ခံလုိက္ပါ။

သစၥာေဖာက္ခံရတဲ့အခါ မထင္မွတ္ထားဘဲနဲ႔ မေကာင္းတဲ့ခံစားခ်က္ေတြ အမ်ားၾကီးကို ခံစားဖို႔ ဖိအားေပးလာႏုိင္ပါတယ္။ စိတ္ရႈပ္တာတို႔၊ ေဒါသထြက္တာတို႔၊ ဝမ္းနည္းေနတာတို႔ အျပင္ ခံစားခ်က္ေတြ မ်ားစြာ ခံစားႏုိင္ပါတယ္။ ဒီခံစားခ်က္ေတြကို မျငင္းပယ္လုိက္ပါနဲ႔။ ဒါေတြက ကိုယ္ခံစားေနရတာေတြကို လက္ခံႏုိင္ဖို႔ပါ။ ဝမ္းနည္းေနတာေတြကို ဖံုးကြယ္မထားပါနဲ႔။ ဒါေတြကို ၾကံဳေတြ႔ရမွာပဲေလ။ ကိုယ္ခံစားေနရတာကို ကုိယ္သိရင္ ျပန္ဆင္ျခင္ႏုိင္ဖုိ႔ အခြင့္အလမ္းပိုမ်ားတယ္၊ ျပီးေတာ့ ေမ့ေဖ်ာက္သင့္တာေတြ ေမ့ေဖ်ာက္ႏုိင္ပါတယ္။

၃။ေအးေအးေဆးေဆး ကိုင္တြယ္ပါ။

ဒီလုိအေျခအေနမ်ိဳး ၾကံဳရလုိ႔ လူေတြကို ေရွာင္ျပီး ကိုယ့္ကိုယ္ကို ႏွိပ္စက္ေနတာမ်ိဳး မလုပ္ပါနဲ႔။ ေရွ႕မဆက္ႏုိင္ခင္မွာေတာ့ ကိုယ့္ကိုယ္ကို ဝမ္းနည္းပူေဆြးဖို႔ အခ်ိန္ေတာ့ ေပးရမွာေပါ့။ ဒါမွ စိတ္ရွင္းလာျပီး ခံစားနာက်င္ရတာေတြ ေပ်ာက္ကင္းႏုိင္မွာပါ။ စိတ္တည္ျငိမ္ ေအးေဆးေနေတာ့ မွန္ကန္တဲ့ဆံုးျဖတ္ခ်က္မ်ိဳးလဲ ခ်ႏုိင္တာေပါ့။ ဒါ့အျပင္ ေရွ႕ဆက္ ဘာလုပ္ရမလဲဆိုတာကို စဥ္းစားဖို႔ အခ်ိန္လိုေသးတယ္ေလ။

၄။ကုိယ့္ကုိယ္ကို ယံုၾကည္မႈ ျမွင့္တင္ေပးပါ။

ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈက သစၥာေဖာက္ခံရတဲ့အခါ ကိုယ့္ကို ကူညီေပးပါလိမ့္မယ္။ ကိုယ္က ထူးျခားတဲ့လူတစ္ေယာက္ဆိုတာ ကိုယ့္ကိုယ္ကို ျပန္သတိေပးပါ။ ကိုယ့္မွာရွိတဲ့ ေကာင္းတဲ့ အရည္အေသြးေတြ၊ ေအာင္ျမင္မႈေတြကို အာရံုစိုက္ပါ။ သစၥာေဖာက္ခံရတာေလးနဲ႔ ကိုယ့္ရဲ႕လွပေနတဲ့ ဘဝေလးကို အပ်က္အဆီးမခံပါနဲ႔။ ယံုၾကည္မႈရွိျခင္းက ျပႆနာေတြကို ၾကံ႕ၾကံ႕ခံႏုိင္ပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ကုိယ့္ကိုယ္ကုိ ယံုၾကည္ျပီး ကိုယ့္ရဲ႕လုပ္ႏုိင္စြမ္းေတြကို ယံုၾကည္တာေၾကာင့္ပါ။ ဒါ့အျပင္ တျခားလူအေပၚ မွီခုိျခင္းကင္းေနတာေၾကာင့္ အခက္အခဲေတြကို ေက်ာ္လႊားဖို႔ အခြင့္အလမ္းေတြ ပိုမိုရရွိပါတယ္။ မေကာင္းတဲ့အေတြးေတြကို ရွင္းထုတ္ေပးဖို႔လည္း ကူညီေပးပါလိမ့္မယ္။

၅။ကိုယ့္ႏွစ္သက္တဲ့ အရာေတြကို ျပဳလုပ္ပါ။

ဝမ္းနည္းေနတာေတြကို ေပ်ာ္ရႊင္တဲ့ခံစားခ်က္ေတြနဲ႔ အစားထိုးသင့္ပါတယ္။ မေကာင္းတဲ့အေတြးေတြ မဝင္ႏုိင္ေအာင္ ကိုယ့္ပတ္ဝန္းက်င္ကို ေပ်ာ္စရာေကာင္းေအာင္ ဖန္တီးပါ။ ဟာသဇာတ္လမ္းေလးေတြ ၾကည့္တာ၊ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္တာေတြ လုပ္ေပါ့။ ဒါေတြက ကိုယ့္ကို မေကာင္းတဲ့အေတြးေတြကေန ကင္းေဝးေစျပီး ဘဝကို စိတ္လႈပ္ရွားေပ်ာ္ရႊင္စရာေတြန႔ဲ ျပည့္နက္ေနေအာင္ ျပဳလုပ္ဖုိ႔ အားရွိလာေစပါတယ္။ အေကာင္းျမင္တဲ့စိတ္ကို ေမြးျမဴတာ ေကာင္းပါတယ္။

၆။ေဒါသေတြကို ထိန္းခ်ဳပ္ထားပါ။

ေဒါသဆိုတာ စိတ္နဲ႔ ခႏၶာကို ျဖည္းျဖည္းခ်င္း ဝါးျမိဳေနတာပါ။ ေဒါသက ေပ်ာ္ရႊင္ျခင္းေတြကို ယူေဆာင္သြားျပီး မေကာင္းတဲ့ အေတြးေတြကို တုိးပြားေစပါတယ္။ ဗုဒၶေဟာေျပာခဲ့တာေလး တစ္ခုရွိပါတယ္၊ “ေဒါသကို သိမ္းဆည္းထားျခင္းက တစ္စံုတစ္ေယာက္ကို ပစ္ေပါက္ဖို႔ၾကံရြယ္ျပီး ပူေနတဲ့မီးေသြးခဲကို လက္ထဲမွာကိုင္ထားတာနဲ႔ တူပါတယ္၊ တကယ္ေတာ့ ပူေလာင္တဲ့ဒဏ္ကို ခံစားေနရတာက ကိုယ္ကိုတုိင္ပါပဲ။” ဒါေၾကာင့္ ေဒါသကို ထိန္းခ်ဳပ္ပါ၊ ကိုယ့္ကိုခံစားေအာင္လုပ္တဲ့လူကို လက္တံု႔ျပန္ခ်င္တဲ့ စိတ္ကို ထိန္းခ်ဳပ္ပါ။ ေဒါသထိန္းခ်ဳပ္ျခင္းအားျဖင့္ ေနာင္တစ္ခ်ိန္မွာ ေနာင္တရမယ့္ လုပ္ရပ္မ်ိဳးကို ေရွာင္ၾကဥ္ႏုိင္ပါလိမ့္မယ္။

၇။ခြင့္လႊတ္တတ္ေအာင္ ေလ့က်င့္ပါ။

ခြင့္လႊတ္ျခင္းဆိုတာ စိတ္ပိုင္းဆိုင္ရာ တုိးတက္ေကာင္းမြန္ဖို႔အတြက္ အလြန္အေရးၾကီးပါတယ္။ ခြင့္လႊတ္ျခင္းက ေဒါသေတြ၊ ခံစားရတာေတြကို ေမ့ႏုိင္ျပီး ေရွ႕ဆက္ႏုိုင္ေအာင္ ကူညီေပးပါလိမ့္မယ္။ မဟတၱမဂႏၶီ ေျပာခဲ့ဖူးပါတယ္။ “ေပ်ာ့ညံ့တဲ့လူက ဘယ္ေတာ့မွ ခြင့္မလႊတ္ႏုိင္ပါဘူး၊ ခြင့္လႊတ္ျခင္းဆို စိတ္ဓာတ္ၾကံ့ခိုင္သူေတြ အတြက္ပါ”တဲ့။ နာက်င္ခံစားရတဲ့အခါ ခြင့္လႊတ္ဖို႔ခက္ခဲတယ္ဆိုတာ နားလည္ပါတယ္။ ဒါေပမယ့္ ကို္ယ့္ဘဝေလး ေကာင္းမြန္လာေအာင္ ၾကိဳးစားသင့္တယ္ မဟုတ္လား။ အတိတ္က ကိုယ့္ရဲ႕လက္ရွိအခ်ိန္ေတြကို အဆိပ္ခက္ေနတာမ်ိဳး အျဖစ္မခံပါနဲ႔။

သစၥာေဖာက္ခံရတဲ့အခါ ပံုမွန္အတုိင္း ျပန္ျဖစ္ေစဖို႔ ျပင္းျပတဲ့ဆႏၵက ကူညီေပးပါလိမ့္မယ္၊ မျဖစ္ႏုိင္ဘူးဆိုတာမွ မရွိတာ။ ေဖာ္ျပပါ အခ်က္ေတြကို လုိက္နာျပီး ခံစားေနရတာေတြ အခ်ိန္တိုအတြင္းမွာ ေပ်ာက္သြားေအာင္ ကူညီႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: welovecele
# Unicode Version ျဖင့္ ဖတ္ပါ #
သစ္စာဖောက်ခံရခြင်းကြောင့် ခံစားနေရတဲ့ ဝေဒနာတွေဟာ သက်သာနိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။ အဓိက ကတော့ သစ္စာဖောက်ခံရတဲ့အခါ ဒေါသနဲ့ ဝမ်းနည်းခြင်းတွေကို ရင်ဆိုင်နိုင်စွမ်း ရှိဖို့ပါပဲ။ ကိုယ့်ယုံကြည်မှုကို ဖျက်ဆီးခံလိုက်ရတာဟာ တော်တော်လေးကို ခံစားရခက်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် သူငယ်ချင်းတွေနဲ့ လင်မယားတွေ ကွဲကွာကုန်ကြတာ တော်တော်လေးကို များပြားနေပါပြီ။ ဒါတွေအပြင် လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုနဲ့ ယုံကြည်မှုတွေကိုလည်း ထိခိုက်စေနိုင်ပြီး ရုတ်တရက်ဆိုရင် စိတ်ဓာတ်ကျခြင်းတွေတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ်ပါ၊ ကိုယ့်ကိုယ်ကိုတော့ ဆုံးရှုံးမခံသင့်ပါဘူး။ ဒီလို မကောင်းတဲ့အတွေ့အကြုံတွေက စိတ်ပိုင်းဆိုင်ရာကို ပိုပြီးခံနိုင်ရည်ရှိလာအောင် မရိုးသားတဲ့လူတွေကို ခေါင်းထဲက ထုတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

သစ္စာဖောက်ခံရလို့ ခံစားနေရတာတွေကနေ ပုံမှန်ပြန်ဖြစ်လာအောင် လုပ်ဖို့က မလွယ်ကူပါဘူး။ အောက်ဖော်ပြပါ အချက်လေးတွေကို ဖတ်ကြည့်ပြီး အခက်အခဲတွေကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်လိုက်ပါတယ်။

၁။နာကျင်ခံစားနေရတာတွေကို ထုတ်ပြောလိုက်ပါ။

ခံစားနေရတာတွေကနေ ပုံမှန်ပြန်ဖြစ်လာစေဖို့ ဆိုရင် အရေးအကြီးဆုံး ခြေလှမ်းတစ်ခုကို လှမ်းဖို့လိုပါတယ်။ ဒါကတော့ ကိုယ့်ကို သစ္စာဖောက်သွားတဲ့ လူဆီမှာ ကိုယ့်ခံစားချက်တွေ၊ နာကျင်တာတွေကို ဖွင့်ဟပြောလိုက်ပါ။ သူတို့ကြောင့် ကိုယ်နာကျင်ခံစားခဲ့ရတာတွေ၊ ခက်ခဲလွန်းတဲ့ အချိန်တွေကို ရင်ဆိုင်နေခဲ့ရတယ်ဆိုတာတွေကို ရှင်းပြပါ။ ပြဿနာအားလုံးကို ကိုယ်ကိုယ်တိုင် နိုင်အောင်ထိန်းသိမ်းပါ။ ကောလဟာလထွက်ပေါ်လာတာမျိုးတွေဖြစ်ရင် ကိုယ်ပဲခံစားရမှာကြောင့် ဖြစ်ပါတယ်။ သူတို့ကို ကိုယ်နောက်ထပ် မယုံကြည်နိုင်တော့ဘူးဆိုတာ သိအောင်ပြောပြပါ။ သူတို့ လုပ်ခဲ့တာတွေအတွက်၊ ကိုယ့်ကိုခက်ခဲတဲ့အခြေအနေ ပေးခဲ့တာတွေအတွက် သူတို့မှာ တာဝန်ရှိသလို ခံစားသင့်ပါတယ်။

၂။ကိုယ့်ခံစားချက်တွေကို နားလည်လက်ခံလိုက်ပါ။

သစ္စာဖောက်ခံရတဲ့အခါ မထင်မှတ်ထားဘဲနဲ့ မကောင်းတဲ့ခံစားချက်တွေ အများကြီးကို ခံစားဖို့ ဖိအားပေးလာနိုင်ပါတယ်။ စိတ်ရှုပ်တာတို့၊ ဒေါသထွက်တာတို့၊ ဝမ်းနည်းနေတာတို့ အပြင် ခံစားချက်တွေ များစွာ ခံစားနိုင်ပါတယ်။ ဒီခံစားချက်တွေကို မငြင်းပယ်လိုက်ပါနဲ့။ ဒါတွေက ကိုယ်ခံစားနေရတာတွေကို လက်ခံနိုင်ဖို့ပါ။ ဝမ်းနည်းနေတာတွေကို ဖုံးကွယ်မထားပါနဲ့။ ဒါတွေကို ကြုံတွေ့ရမှာပဲလေ။ ကိုယ်ခံစားနေရတာကို ကိုယ်သိရင် ပြန်ဆင်ခြင်နိုင်ဖို့ အခွင့်အလမ်းပိုများတယ်၊ ပြီးတော့ မေ့ဖျောက်သင့်တာတွေ မေ့ဖျောက်နိုင်ပါတယ်။

၃။အေးအေးဆေးဆေး ကိုင်တွယ်ပါ။

ဒီလိုအခြေအနေမျိုး ကြုံရလို့ လူတွေကို ရှောင်ပြီး ကိုယ့်ကိုယ်ကို နှိပ်စက်နေတာမျိုး မလုပ်ပါနဲ့။ ရှေ့မဆက်နိုင်ခင်မှာတော့ ကိုယ့်ကိုယ်ကို ဝမ်းနည်းပူဆွေးဖို့ အချိန်တော့ ပေးရမှာပေါ့။ ဒါမှ စိတ်ရှင်းလာပြီး ခံစားနာကျင်ရတာတွေ ပျောက်ကင်းနိုင်မှာပါ။ စိတ်တည်ငြိမ် အေးဆေးနေတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်မျိုးလဲ ချနိုင်တာပေါ့။ ဒါ့အပြင် ရှေ့ဆက် ဘာလုပ်ရမလဲဆိုတာကို စဉ်းစားဖို့ အချိန်လိုသေးတယ်လေ။

၄။ကိုယ့်ကိုယ်ကို ယုံကြည်မှု မြှင့်တင်ပေးပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုက သစ္စာဖောက်ခံရတဲ့အခါ ကိုယ့်ကို ကူညီပေးပါလိမ့်မယ်။ ကိုယ်က ထူးခြားတဲ့လူတစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်သတိပေးပါ။ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့ အရည်အသွေးတွေ၊ အောင်မြင်မှုတွေကို အာရုံစိုက်ပါ။ သစ္စာဖောက်ခံရတာလေးနဲ့ ကိုယ့်ရဲ့လှပနေတဲ့ ဘဝလေးကို အပျက်အဆီးမခံပါနဲ့။ ယုံကြည်မှုရှိခြင်းက ပြဿနာတွေကို ကြံ့ကြံ့ခံနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို ယုံကြည်တာကြောင့်ပါ။ ဒါ့အပြင် တခြားလူအပေါ် မှီခိုခြင်းကင်းနေတာကြောင့် အခက်အခဲတွေကို ကျော်လွှားဖို့ အခွင့်အလမ်းတွေ ပိုမိုရရှိပါတယ်။ မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်ပေးဖို့လည်း ကူညီပေးပါလိမ့်မယ်။

၅။ကိုယ့်နှစ်သက်တဲ့ အရာတွေကို ပြုလုပ်ပါ။

ဝမ်းနည်းနေတာတွေကို ပျော်ရွှင်တဲ့ခံစားချက်တွေနဲ့ အစားထိုးသင့်ပါတယ်။ မကောင်းတဲ့အတွေးတွေ မဝင်နိုင်အောင် ကိုယ့်ပတ်ဝန်းကျင်ကို ပျော်စရာကောင်းအောင် ဖန်တီးပါ။ ဟာသဇာတ်လမ်းလေးတွေ ကြည့်တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတွေ လုပ်ပေါ့။ ဒါတွေက ကိုယ့်ကို မကောင်းတဲ့အတွေးတွေကနေ ကင်းဝေးစေပြီး ဘဝကို စိတ်လှုပ်ရှားပျော်ရွှင်စရာတွေနဲ့ ပြည့်နက်နေအောင် ပြုလုပ်ဖို့ အားရှိလာစေပါတယ်။ အကောင်းမြင်တဲ့စိတ်ကို မွေးမြူတာ ကောင်းပါတယ်။

၆။ဒေါသတွေကို ထိန်းချုပ်ထားပါ။

ဒေါသဆိုတာ စိတ်နဲ့ ခန္ဓာကို ဖြည်းဖြည်းချင်း ဝါးမြိုနေတာပါ။ ဒေါသက ပျော်ရွှင်ခြင်းတွေကို ယူဆောင်သွားပြီး မကောင်းတဲ့ အတွေးတွေကို တိုးပွားစေပါတယ်။ ဗုဒ္ဓဟောပြောခဲ့တာလေး တစ်ခုရှိပါတယ်၊ “ဒေါသကို သိမ်းဆည်းထားခြင်းက တစ်စုံတစ်ယောက်ကို ပစ်ပေါက်ဖို့ကြံရွယ်ပြီး ပူနေတဲ့မီးသွေးခဲကို လက်ထဲမှာကိုင်ထားတာနဲ့ တူပါတယ်၊ တကယ်တော့ ပူလောင်တဲ့ဒဏ်ကို ခံစားနေရတာက ကိုယ်ကိုတိုင်ပါပဲ။” ဒါကြောင့် ဒေါသကို ထိန်းချုပ်ပါ၊ ကိုယ့်ကိုခံစားအောင်လုပ်တဲ့လူကို လက်တုံ့ပြန်ချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။ ဒေါသထိန်းချုပ်ခြင်းအားဖြင့် နောင်တစ်ချိန်မှာ နောင်တရမယ့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။

၇။ခွင့်လွှတ်တတ်အောင် လေ့ကျင့်ပါ။

ခွင့်လွှတ်ခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ ခွင့်လွှတ်ခြင်းက ဒေါသတွေ၊ ခံစားရတာတွေကို မေ့နိုင်ပြီး ရှေ့ဆက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ မဟတ္တမဂန္ဓီ ပြောခဲ့ဖူးပါတယ်။ “ပျော့ညံ့တဲ့လူက ဘယ်တော့မှ ခွင့်မလွှတ်နိုင်ပါဘူး၊ ခွင့်လွှတ်ခြင်းဆို စိတ်ဓာတ်ကြံ့ခိုင်သူတွေ အတွက်ပါ”တဲ့။ နာကျင်ခံစားရတဲ့အခါ ခွင့်လွှတ်ဖို့ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝလေး ကောင်းမွန်လာအောင် ကြိုးစားသင့်တယ် မဟုတ်လား။ အတိတ်က ကိုယ့်ရဲ့လက်ရှိအချိန်တွေကို အဆိပ်ခက်နေတာမျိုး အဖြစ်မခံပါနဲ့။

သစ္စာဖောက်ခံရတဲ့အခါ ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့ ပြင်းပြတဲ့ဆန္ဒက ကူညီပေးပါလိမ့်မယ်၊ မဖြစ်နိုင်ဘူးဆိုတာမှ မရှိတာ။ ဖော်ပြပါ အချက်တွေကို လိုက်နာပြီး ခံစားနေရတာတွေ အချိန်တိုအတွင်းမှာ ပျောက်သွားအောင် ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်…

ဖိုးသူတော် (www.phothutaw.com)
Credit: welovecele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top