ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

#ဒညင္းသီး ႀကိဳက္ရင္ ဘယ္လိုစားမလဲ

ျမန္မာ လူမ်ိဳးတို႔ အႀကိဳက္ရိုးရာ အစားအစာျဖစ္ေသာ တညင္းသီး စားျခင္းမွာ အေနာက္တိုင္း ေဆးပညာရွင္ ဆရာဝန္ႀကီမ်ား လုံးဝလက္ မခံေသာ အစားအစာ ျဖစ္သည္။ ေက်ာက္ကပ္ႏွင့္ ဆီးလမ္းေၾကာင္း ပိတ္ ၿပီးအသက္အႏၲရာယ္ ျပဳနိုင္ေသာ အစားအစာ ျဖစ္သည္။ မ်ားမ်ားစား မိ၍ ဆီးလမ္းေၾကာင္း ပိတ္သြားသျဖင့္ ခြဲစိတ္ခန္းဝန္ၿပီး သံပိုက္ျဖင့္ ဆီးခ်ဴရသူ ပင္ရွိသည္ဟု ဆိုသည္။

ျမန္မာ လူမ်ိဳးတို႔သည္ တညင္းသီးကို အဘယ့္ေၾကာင့္ ႀကိဳက္သနည္း ဟုမူ ႏွုတ္ၿမိန္ေသာ အစားအစာျဖစ္၍ဟု ဆိုနိုင္သည္။ တညင္းသီး၏ ထူးျခားေသာ အစြမ္းသတၱိမွာ ခံတြင္းပ်က္ၿပီး စားခ်င္ေသာက္ခ်င္စိတ္ မရွိသူတို႔ေစးထန္ေသာ၊ ဖန္ၿပီးစပ္ေသာ အရသာတို႔ျဖင့္ လၽွာေပၚရွိ အရသာ ဖုမ်ားကို နိုးၾကားေစၿပီးစားခ်င္ ေသာက္ခ်င္စိတ္ ျဖစ္လာေသာေၾကာင့္ ျဖစ္သည္။

တညင္းသီး စားပုံ အမ်ိဳးမ်ိဳးရွိသည္။ ျပဳတ္၍ ေသာ္လည္းေကာင္း၊ မီးဖုတ္၍ ေသာ္လည္းေကာင္း၊ ဆားရည္ စိမ္၍ ေသာ္လည္းေကာင္း၊ အဖန္ဓာတ္ႏွင့္ အေစးဓာတ္ ကုန္ေအာင္ ျပဳျပင္ စားသုံး ၾကသည္။ ေရွးယခင္က မႏၲေလး ေဈးခ်ိဳေတာ္ အလယ္ေပါက္တြင္ ေရာင္းေသာ တညင္းသီး အုန္းနို႔ဆမ္းသည္ နာမည္ႀကီးေသာ ေဈးခ်ိဳ သေရစာျဖစ္ခဲ့ ဖူးသည္။ ယခုထိလည္း ေက်ာ္ၾကားဆဲ၊ ေရာင္းေကာင္း ဆဲျဖစ္သည္။

Altermative Medicine ဟုေခၚေသာ ေပါင္းကူး ေဆးပညာ ပါရဂူ ေဒါက္တာ ခင္ေမာင္လြင္၏ ေဟာေျပာခ်က္တြင္ တညင္းသီးကို ဓာတ္ခြဲ သုေတသန ျပဳၾကည့္ေသာအခါ လူကို အက်ိဳးျပဳသည့္ မည္သည့္ အဟာရ မၽွမပါဝင္ဟု ဆိုသည္။ ၎တြင္ ပါဝင္ေသာ ဖန္ေခ်ာင္း ကဲ့သို႔ေသာ ကလာပ္စည္းမ်ားသည္ ေက်ာက္ကပ္တြင္ သြားပိတ္နိုင္သျဖင့္ အႏၲရာယ္ ရွိသည္။ ေက်ာက္ကပ္ပ်က္စီး ေစနိုင္သည္။ စားသင့္သည့္ အသီး မဟုတ္။ အတိုင္း အတာမရွိ။ လုံးဝမစားသင့္ေသာ အသီးမ်ိဳး ျဖစ္သည္ဟု တင္ျပထားသည္။

သို႔ေသာ္ ျမစ္ဝကၽြန္းေပၚႏွင့္ ဧရာဝတီတိုင္း ေဒသႀကီး တို႔မွလာေသာ တညင္းသီးကို ျမန္မာတို ့စားသုံးခဲ့သည္မွာ ႏွစ္ေပါင္း ၂၀ဝ ေက်ာ္ခဲ့ၿပီဟု သိရွိရသည္။

တညင္းသီးကို ႀကိဳက္သူမ်ား အတြက္ တင္ျပလိုသည္မွာ ျမန္မာ့ ရိုးရာေဆးပညာ ရွု႔ေထာင့္မ်ားအရ ေစးထန္ပ်စ္ခၽြဲေသာ အာေပါအာဗႏၶရ အစာျဖစ္သည္။ အာကာသကို ပ်က္ေစသျဖင့္ အေပါက္အေခါင္းမ်ား ကိုပိတ္ေစနိုင္ေသာ အစာျဖစ္သည္။ ထိုအစာကိုစားလၽွင္ အာကာသ ပြင့္ေစတတ္ေသာ အစာႏွင့္ တြဲဖက္စားသင့္သည္။

တညင္းသီးျပဳတ္ကိုတို႔စရာမ်ားအျဖစ္စားလၽွင္အေျဖဓာတ္အျဖစ္ ေရွာက္ရြက္ အနည္းငယ္ကို တို႔စားေပးပါ။ ပိတ္ေသာ အာကာသဓာတ္ ကိုျပန္ပြင့္ေအာင္ကူညီေပးနိုင္သည္။

တညင္းသီး ျပဳတ္လၽွင္သၾကားအနည္းငယ္ႏွင့္ ေရွာက္ရြက္ထည့္ၿပီး ျပဳတ္ပါ။ ႏူးလြယ္ၿပီးအဖန္ဓာတ္၊အေစးဓာတ္ေလ်ာ့နည္း ေစသည္။

တညင္းသီးကို ရင့္သည့္ အသီးေရွာင္ ၿပီးႏုေသာ အသီးမ်ားကို ထက္ျခမ္းခြဲၿပီး ဖန္ပုလင္းတြင္ ထည့္ၿပီးဆားရည္ စိမ္ထားပါ။ အာကာသပိတ္ျခင္း၊ ေက်ာက္ကပ္တြင္အေစးဓာတ္ပိတ္ဆို႔ ျခင္းမွကာကြယ္ နိုင္ပါသည္။

ထမင္းစားေသာအခါ ႀကိဳက္တတ္၍ တညင္းသီးမ်ားမ်ား စားမိလၽွင္ျဖစ္ေစ၊တညင္းသီးအုန္းနို႔ဆမ္းစားမိလၽွင္ ျဖစ္ေစ၊စားၿပီးၿပီးခ်င္း သံပုရာေဖ်ာ္ရည္ တစ္ခြက္ ေသာက္ေပးပါ။ အဆိပ္ မတက္ေစနိုင္ေသာ အေျဖဓာတ္ျဖစ္ေၾကာင္း တင္ျပလိုက္ ရေပသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwelayoung

#Unicode Version#
#ဒညင်းသီး ကြိုက်ရင် ဘယ်လိုစားမလဲ

မြန်မာ လူမျိုးတို့ အကြိုက်ရိုးရာ အစားအစာဖြစ်သော တညင်းသီး စားခြင်းမှာ အနောက်တိုင်း ဆေးပညာရှင် ဆရာဝန်ကြီများ လုံးဝလက် မခံသော အစားအစာ ဖြစ်သည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပိတ် ပြီးအသက်အန္တရာယ် ပြုနိုင်သော အစားအစာ ဖြစ်သည်။ များများစား မိ၍ ဆီးလမ်းကြောင်း ပိတ်သွားသဖြင့် ခွဲစိတ်ခန်းဝန်ပြီး သံပိုက်ဖြင့် ဆီးချူရသူ ပင်ရှိသည်ဟု ဆိုသည်။

မြန်မာ လူမျိုးတို့သည် တညင်းသီးကို အဘယ့်ကြောင့် ကြိုက်သနည်း ဟုမူ နှုတ်မြိန်သော အစားအစာဖြစ်၍ဟု ဆိုနိုင်သည်။ တညင်းသီး၏ ထူးခြားသော အစွမ်းသတ္တိမှာ ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် မရှိသူတို့စေးထန်သော၊ ဖန်ပြီးစပ်သော အရသာတို့ဖြင့် လျှာပေါ်ရှိ အရသာ ဖုများကို နိုးကြားစေပြီးစားချင် သောက်ချင်စိတ် ဖြစ်လာသောကြောင့် ဖြစ်သည်။

တညင်းသီး စားပုံ အမျိုးမျိုးရှိသည်။ ပြုတ်၍ သော်လည်းကောင်း၊ မီးဖုတ်၍ သော်လည်းကောင်း၊ ဆားရည် စိမ်၍ သော်လည်းကောင်း၊ အဖန်ဓာတ်နှင့် အစေးဓာတ် ကုန်အောင် ပြုပြင် စားသုံး ကြသည်။ ရှေးယခင်က မန္တလေး ဈေးချိုတော် အလယ်ပေါက်တွင် ရောင်းသော တညင်းသီး အုန်းနို့ဆမ်းသည် နာမည်ကြီးသော ဈေးချို သရေစာဖြစ်ခဲ့ ဖူးသည်။ ယခုထိလည်း ကျော်ကြားဆဲ၊ ရောင်းကောင်း ဆဲဖြစ်သည်။

Altermative Medicine ဟုခေါ်သော ပေါင်းကူး ဆေးပညာ ပါရဂူ ဒေါက်တာ ခင်မောင်လွင်၏ ဟောပြောချက်တွင် တညင်းသီးကို ဓာတ်ခွဲ သုတေသန ပြုကြည့်သောအခါ လူကို အကျိုးပြုသည့် မည်သည့် အဟာရ မျှမပါဝင်ဟု ဆိုသည်။ ၎င်းတွင် ပါဝင်သော ဖန်ချောင်း ကဲ့သို့သော ကလာပ်စည်းများသည် ကျောက်ကပ်တွင် သွားပိတ်နိုင်သဖြင့် အန္တရာယ် ရှိသည်။ ကျောက်ကပ်ပျက်စီး စေနိုင်သည်။ စားသင့်သည့် အသီး မဟုတ်။ အတိုင်း အတာမရှိ။ လုံးဝမစားသင့်သော အသီးမျိုး ဖြစ်သည်ဟု တင်ပြထားသည်။

သို့သော် မြစ်ဝကျွန်းပေါ်နှင့် ဧရာဝတီတိုင်း ဒေသကြီး တို့မှလာသော တညင်းသီးကို မြန်မာတို့စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၂၀ဝ ကျော်ခဲ့ပြီဟု သိရှိရသည်။

တညင်းသီးကို ကြိုက်သူများ အတွက် တင်ပြလိုသည်မှာ မြန်မာ့ ရိုးရာဆေးပညာ ရှု့ထောင့်များအရ စေးထန်ပျစ်ချွဲသော အာပေါအာဗန္ဓရ အစာဖြစ်သည်။ အာကာသကို ပျက်စေသဖြင့် အပေါက်အခေါင်းများ ကိုပိတ်စေနိုင်သော အစာဖြစ်သည်။ ထိုအစာကိုစားလျှင် အာကာသ ပွင့်စေတတ်သော အစာနှင့် တွဲဖက်စားသင့်သည်။

တညင်းသီးပြုတ်ကိုတို့စရာများအဖြစ်စားလျှင်အဖြေဓာတ်အဖြစ် ရှောက်ရွက် အနည်းငယ်ကို တို့စားပေးပါ။ ပိတ်သော အာကာသဓာတ် ကိုပြန်ပွင့်အောင်ကူညီပေးနိုင်သည်။

တညင်းသီး ပြုတ်လျှင်သကြားအနည်းငယ်နှင့် ရှောက်ရွက်ထည့်ပြီး ပြုတ်ပါ။ နူးလွယ်ပြီးအဖန်ဓာတ်၊အစေးဓာတ်လျော့နည်း စေသည်။

တညင်းသီးကို ရင့်သည့် အသီးရှောင် ပြီးနုသော အသီးများကို ထက်ခြမ်းခွဲပြီး ဖန်ပုလင်းတွင် ထည့်ပြီးဆားရည် စိမ်ထားပါ။ အာကာသပိတ်ခြင်း၊ ကျောက်ကပ်တွင်အစေးဓာတ်ပိတ်ဆို့ ခြင်းမှကာကွယ် နိုင်ပါသည်။

ထမင်းစားသောအခါ ကြိုက်တတ်၍ တညင်းသီးများများ စားမိလျှင်ဖြစ်စေ၊တညင်းသီးအုန်းနို့ဆမ်းစားမိလျှင် ဖြစ်စေ၊စားပြီးပြီးချင်း သံပုရာဖျော်ရည် တစ်ခွက် သောက်ပေးပါ။ အဆိပ် မတက်စေနိုင်သော အဖြေဓာတ်ဖြစ်ကြောင်း တင်ပြလိုက် ရပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: shwelayoung


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top