×
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။
.
ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။
———————————————————————–
ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ်ချက်များအရသိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။
ထို့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့် လိုင်ချီးသီးများဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲ?
.
၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။
.
၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။
.
၃။ ဒူရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိုကို ၀မ်းအေးစေရေန်သောက်သုံးပေးသင့်ပါတယ်။
.
၎။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အ၀လွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။
.
၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။
.
၆။ ဒူရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။
.
.
၈။ ဒူရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။
.
ဒူရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ၀မ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေး ခြင်းဖြင့် အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်။
.
ဒါကြောင့် ဒုရင်းသီး ကြိုက်နှစ်သက်ကြသော MI ပရိသတ်ကြီးအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအက်ျိုးငှာ တင်ဆက်ပေးလိုက်ပါတယ်။
Credit: Via Soe Khaing
#Unicode Version#
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံုးရာမှာ အခန့်မသင့်ရင်ဒုုက္ခရောက်တတ်တာကိုုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတိုု့ရဲ့ဘုုရင်လိုု့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံုရုုံမျှမက အားအင်ဖြစ်စေနိုုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုုင်ငံတွင်သာမက ထိုုင်းနိုုင်ငံ၊မလေးရှားနိုုင်ငံ တိုု့မှနေပြီးအများဆုံုးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။
.
ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလိုု မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလိုု့လည်းပြောလိုု့ရပါတယ်။
———————————————————————–
ထိုုင်းနိုုင်ငံသိုု့ အလည်အပတ် သွားရောက်သော နိုုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံုးရှူံးသွားရသော ဖြစ်ရပ်တစ်ခုုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံုးခဲ့ကာ နွားနိုု့ နှင့် ကော်ဖီကိုုလည်း သောက်သုံုးခဲ့သောကြောင့် အသက်ဆုံုးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုုတော့ ဒူရင်းသီးနှင့် နွားနိုု့ပေါင်းစပ်လိုုက် ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံုးရခြင်းဖြစ်တယ်လိုု့ ဆေးစစ်ချက်များအရသိရပါတယ်။ ဒါကြောင့် ထိုုင်းနိုုင်ငံမှာ ဒူရင်းသီးကိုု စားသုံုးပြီး ၈-နာရီအတွင်း နိုု့ထွက်အစားအသောက်များကိုု မစားသုံုးဖိုု့ တိုုက်တွန်းထားပါတယ်။
ထိုု့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုုကာကိုုလာ နှင့် လိုုင်ချီးသီးများဖြစ်ပြီး စားသုံုးမိပါက အသက်အန္တရာယ်ဖြစ်စေနိုုင်တယ် လိုု့ဆိုုပါတယ်။
ဘာကြောင့်ဒီလိုုဖြစ်ရတာလဲ?
ဗဟုသုတ ရအောင်ဖော်ပြပေးလိုက်ပါတယ်။
.
၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုံုးသင့်ပါဘူး။ ဘာလိုု့လည်းဆိုုတော့ နှစ်ခုုစလုံုး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုုးနှင့် ဆီးချိုရှိသူများဆိုုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံုးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုုင်ခြင်းတိုု့ကြောင့် တွဲဖက်စားသုံုးခြင်း မပြုဖိုု့တိုုက်တွန်း လိုုပါတယ်။
.
၂။ အပူများတဲ့ခန္ဓာကိုုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုံုးပါက ရောဂါ အခြေအနေ ပိုုမိုုဆိုုးရွားတတ်တာကြောင့် မစားသုံုးသင့်ပါဘူး။
.
၃။ ဒူရင်းသီးစားသုံုးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကိုု ဝမ်းအေးစေရေန်သောက်သုံုးပေးသင့်ပါတယ်။
.
၄။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမိုု့ အဝလွန်ရောဂါရှိသူများ နှင့် ကိုုယ်အလေးချိန်များသူများ စားသုံုးရန်မသင့်ပါဘူး။
.
၅။ ပိုုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံုးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။
.
၆။ ဒူရင်းသီးကိုုတစ်ကြိမ်စားတိုုင်း အများအပြားမစားသုံုးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုုရင်လည်း စားသုံုးဖိုု့မသင့်တော့ပါဘူး။
.
၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူသင့်ပါဘူး။
.
၈။ ဒူရင်းသီး စားသုံုးပြီးချိန်မှာ ရေအမြောက်အများသောက်သုံုးပေးသင့်ပါတယ်။
.
ဒူရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံုးခြင်းဟာ ခန္ဓာကိုုယ်ကိုုဒုုက္ခဖြစ်စေရုုံသာမက ဝမ်းချုပ်နိုုင်တာကြောင့် ထိန်းသိမ်း စားသုံုးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုံုးမိပါက မင်းကွတ်သီးစားသုံုးပေး ခြင်းဖြင့် အပူဓာတ်ကိုုလျော့ချပေးနိုုင်ပါတယ်။
.
ဒါကြောင့် ဒုူရင်းသီး ကြိုက်နှစ်သက်ကြသော MI ပရိသတ်ကြီးအနေနဲ့ ဆင်ခြင်စားသောက်နိုုင်ဖို့ အန္တရာယ်ကင်းစေခြင်းအကျိုးငှာ တင်ဆက်ပေးလိုုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Via Soe Khaing
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top