ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

Work Out လုပ္ၿပီး ဝိတ္ေလ်ာ့ေနသူပဲျဖစ္ျဖစ္၊ diet plan နဲ႔ အစားအေသာက္ေလ်ာ့ခ်ၿပီး ခႏၶာကိုယ္ အေလးခ်ိန္ ထိန္းေနသူေတြအေနနဲ႔ အခုေဖာ္ျပေပးမယ့္ အစားအေသာက္ကိုေတာ့ မျဖစ္မေန စားသံုး ေပးသင့္ပါတယ္။ ဒီအစားအေသာက္ေတြက အာဟာရမွ်တမႈ ရွိေစၿပီး သင့္အတြက္ က်န္းမာ လွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ရရွိဖို႔ အေထာက္အကူျဖစ္ေစမွာပါ။

(၁) Green Tea

Green Tea က Antioxidants ၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ ဝိတ္ခ်ေနတဲ့သူေတြ ေန႔စဥ္ ပံုမွန္ ေသာက္သံုးသင့္ပါတယ္။ Green Tea က ခႏၶာကိုယ္အေလး ခ်ိန္ေလ်ာ့ခ်ေနသူအတြက္ အေထာက္ အကူ ျပဳရံုသာမက က်န္းမာေရးအတြက္လည္း မ်ားစြာ ေကာင္းက်ိဳးျပဳပါတယ္။

(၂) ဒိန္ခ်ဥ္

သင့္ရဲ႕ diet plan ထဲမွာ ဒိန္ခ်ဥ္ကိုလည္း ထည့္သြင္းထားသင့္ပါတယ္။ ဒိန္ခ်ဥ္မွာ ပါဝင္တဲ့ အာဟာရ ဓာတ္မ်ားနဲ႔ သဘာဝအဆီဓာတ္က သင့္ကို ဝိတ္မတက္ေစပါတယ္။ အစာအိမ္တြင္း လုပ္ေဆာင္ခ်က္ မ်ားကို ေကာင္းမြန္ေစၿပီး အက္ဆစ္ထုတ္လႊတ္မႈကို ေလ်ာ့ခ်ေပးႏုိင္တဲ့ Pro-biotics ပါဝင္ပါတယ္။

(၃) ေျပာင္းဆန္

ဝိတ္ခ်ေနတဲ့သူေတြ၊ ကိုယ္အေလးခ်ိန္ထိန္းေနတဲ့ သူေတြအေနနဲ႔ မနက္စာကို ေျပာင္းဆန္ စားသံုးေပး မယ္ဆိုရင္ တစ္ေနကုန္ အာဟာရျပည့္ဝေစပါတယ္။ မၾကာခဏ ဆာတတ္တဲ့သူေတြအေနနဲ႔ အစာစား ခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္ၿပီး ကယ္လိုရီပါဝင္မႈ နည္းပါးတဲ့အတြက္ ဝိတ္ေလ်ာ့ေနသူ အတြက္လည္း သင့္ေတာ္ပါတယ္။

(၄) ေထာပတ္သီး

ေထာပတ္သီးမွာ ပါဝင္တဲ့ သဘာဝ အဆီဓာတ္က ခႏၶာကိုယ္ က်န္းမာႀကံ႕ခုိင္ဖို႔ အတြက္ အေထာက္ အကူ ျပဳပါတယ္။ ဒါ့အျပင္ ေထာပတ္အဆီက သင့္ကို ဝိတ္မတက္ေစတာေၾကာင့္ စိတ္ခ်လက္ခ် စားသံုးႏုိင္ပါတယ္။

(၅) ဘယ္ရီသီး

ဘယ္ရီသီးကလည္း ဝိတ္ခ်ေနသူေတြ စားသံုးသင့္တဲ့ အသီးတစ္မ်ိဳးပါပဲ။ Antioxidants ၾကြယ္ဝစြာ ပါဝင္တဲ့အျပင္ ဗီတာမင္စီနဲ႔ ဗီတာမင္ E ဓာတ္ ပါဝင္မႈေၾကာင့္ ခႏၶာကိုယ္တြင္းက အဆီပိုမ်ားကုိ ေလာင္ကၽြမ္းေစႏုိင္ၿပီး ဝိတ္က်ဖို႔အတြက္ အေထာက္အကူျပဳပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
Work Out လုပ်ပြီး ဝိတ်လျော့နေသူပဲဖြစ်ဖြစ်၊ diet plan နဲ့ အစားအသောက်လျော့ချပြီး ခန္ဓာကိုယ် အလေးချိန် ထိန်းနေသူတွေအနေနဲ့ အခုဖော်ပြပေးမယ့် အစားအသောက်ကိုတော့ မဖြစ်မနေ စားသုံး ပေးသင့်ပါတယ်။ ဒီအစားအသောက်တွေက အာဟာရမျှတမှု ရှိစေပြီး သင့်အတွက် ကျန်းမာ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိဖို့ အထောက်အကူဖြစ်စေမှာပါ။

(၁) Green Tea

Green Tea က Antioxidants ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဝိတ်ချနေတဲ့သူတွေ နေ့စဉ် ပုံမှန် သောက်သုံးသင့်ပါတယ်။ Green Tea က ခန္ဓာကိုယ်အလေး ချိန်လျော့ချနေသူအတွက် အထောက် အကူ ပြုရုံသာမက ကျန်းမာရေးအတွက်လည်း များစွာ ကောင်းကျိုးပြုပါတယ်။

(၂) ဒိန်ချဉ်

သင့်ရဲ့ diet plan ထဲမှာ ဒိန်ချဉ်ကိုလည်း ထည့်သွင်းထားသင့်ပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ အာဟာရ ဓာတ်များနဲ့ သဘာဝအဆီဓာတ်က သင့်ကို ဝိတ်မတက်စေပါတယ်။ အစာအိမ်တွင်း လုပ်ဆောင်ချက် များကို ကောင်းမွန်စေပြီး အက်ဆစ်ထုတ်လွှတ်မှုကို လျော့ချပေးနိုင်တဲ့ Pro-biotics ပါဝင်ပါတယ်။

(၃) ပြောင်းဆန်

ဝိတ်ချနေတဲ့သူတွေ၊ ကိုယ်အလေးချိန်ထိန်းနေတဲ့ သူတွေအနေနဲ့ မနက်စာကို ပြောင်းဆန် စားသုံးပေး မယ်ဆိုရင် တစ်နေကုန် အာဟာရပြည့်ဝစေပါတယ်။ မကြာခဏ ဆာတတ်တဲ့သူတွေအနေနဲ့ အစာစား ချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပြီး ကယ်လိုရီပါဝင်မှု နည်းပါးတဲ့အတွက် ဝိတ်လျော့နေသူ အတွက်လည်း သင့်တော်ပါတယ်။

(၄) ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ သဘာဝ အဆီဓာတ်က ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ အတွက် အထောက် အကူ ပြုပါတယ်။ ဒါ့အပြင် ထောပတ်အဆီက သင့်ကို ဝိတ်မတက်စေတာကြောင့် စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။

(၅) ဘယ်ရီသီး

ဘယ်ရီသီးကလည်း ဝိတ်ချနေသူတွေ စားသုံးသင့်တဲ့ အသီးတစ်မျိုးပါပဲ။ Antioxidants ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဗီတာမင်စီနဲ့ ဗီတာမင် E ဓာတ် ပါဝင်မှုကြောင့် ခန္ဓာကိုယ်တွင်းက အဆီပိုများကို လောင်ကျွမ်းစေနိုင်ပြီး ဝိတ်ကျဖို့အတွက် အထောက်အကူပြုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top