ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မနက္ ၉ နာရီ ၂၀ မိနစ္

အေဆာက္အဦတစ္ခုအေပၚမွ ပန္းျခံမ်ားၾကားထဲသို႔ မိန္းမငယ္တစ္ဦး ဝုန္းကနဲ ျပဳတ္က်လာသည္။”လူတစ္ေယာက္ ျပတင္းေပါက္က ခုန္ခ်လိုက္တယ္ဗ်ိဳ႕”အလန္႔တၾကားေအာ္သံေၾကာင့္ လူမ်ားဝိုင္းလာသည္။မိန္းကေလးတစ္ေယာက္ျဖစ္ေနသည္။ ဖိနပ္မပါ ေသြးအလိမ္းလိမ္းႏွင့္အျမင့္မွက်ေသာဒါဏ္ရာမ်ားေၾကာင့္ ေသလုေျမာပါးျဖစ္ေနသည္။သူမသည္ လူမ်ားကို ေတြ႕ေသာအခါ အားကိုးတႀကီးျဖင့္ မ်က္ရည္မ်ားက်လာသည္။”ကယ္ပါ” အသံတိုးတိုးထြက္လာသည္။အလြန္အမင္း နာက်င္မႈကို ခံစားေနရပံုရသည္။သူမ ၄ ထပ္တိုက္ေပၚမွ ခုန္ခ်လိုက္ျခင္းျဖစ္သည္၊မိန္းမငယ္သည္ စိတ္ပိုင္းဆိုင္ရာ လည္း အလြန္ထိခိုက္ကာ နာက်င္လြန္း၍ ငိုေႂကြးေနေလသည္။သူမသည္ သတိရလိုက္ မရလိုက္ ျဖစ္ေနရွာသည္။

အေဆာက္အဦ အေစာင့္ႀကီးက” သမီး ဘာျဖစ္တာလဲ? တစ္ေယာက္ေယာက္နဲ႔ရန္ျဖစ္တာလား? တိုက္ေပၚကမ်ားခုန္ခ်လိုက္သလား?”” မသိပါဘူးရွင့္ ကြ်န္မ ဘာမွ သတိမရ”မိန္းကေလး သတိလံုးဝလစ္သြားေတာ့သည္။”ဟာ, ေသသြားတာမ်ားလား နားလည္တဲ့သူရွိရင္ လုပ္ၾကပါဦး?”ဝိုင္းၾကည့္ေနေသာ အိမ္နီးခ်င္းမ်ား တုန္လွဳပ္သြားေတာ့သည္။

အေဆာက္အဦ အေစာင့္ႀကီးသည္ ၁၁၉ အေရးေပၚဌာနအား လွ်င္ျမန္စြာဖုန္းဆက္လိုက္သည္။မိန္းကေလး၏ တင္ပါးဆံုအ႐ိုးမ်ားသည္ အစိတ္စိတ္ အမႊာမႊာက်ိဳးေနသည္။သူမအား တို႔ထိလိုက္လွ်င္ပင္ နာက်င္လြန္းသြားေၾကာင္း သိသာသည္။ဘယ္သူမွ ဘာလုပ္လို႔လုပ္ရမွန္းမသိနာက်င္မႈမ်ားႏွင့္ သတိလက္လြတ္ျဖစ္ေနပံုရသည္။ကယ္ဆယ္ေရးဝန္ထမ္းတို႔က သူမအား ၁၁၉ ကားေပၚသို႔တင္၍ ေဆး႐ုံသို႔ အျမန္ဆံုးပို႔ရန္ႀကိဳးစားၾကသည္။

သူမအား အေရးေပၚကားျဖင့္ေခၚသြားစဥ္ သတိျပန္လည္လာ၍ ေအာ္ဟစ္လိုက္သည္။”ကြ်န္မ အိမ္အထဲကို သြားၾကည့္ၾကပါ ျပႆနာေတြတက္ေနတယ္”သူမ သတိျပန္ေမ့သြားသည္။

၁၁၉ ကယ္ဆယ္ေရးဝန္ထမ္းသည္ ရဲစခန္းအား ခ်က္ခ်င္း ဖုန္းဆက္ေလသည္။” အေရးႀကီးတယ္ခင္ဗ် xxxxx လိပ္စာကို အျမန္သြားေပးၾကပါ”ေပးသည့္လိပ္စာအတိုင္း ရဲေတြက အျမန္ဆံုးေျပးသြားလိုက္ၾကသည္..။အားလံုးေနာက္က်သြားၿပီျဖစ္သည္။မိန္းကေလး၏ အသက္ ၅၀ ဝန္းက်င္ရွိ မိခင္ႀကီးႏွင့္ ဖခင္ႀကီးသည္ ဒါဏ္ရာမ်ားစြာႏွင့္ ေသြးအိုင္ထဲတြင္ အသက္ ဆံုးရႈံးေနၿပီျဖစ္ေၾကာင္းေတြ႕ရေလသည္။

ဒါဟာ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈ။ရဲေထာက္လွမ္းေရးမ်ားသည္ လုပ္႐ိုးလုပ္စဥ္အတိုင္း CCTV ကိုစစ္ၾကည့္ၾကသည္။ဓာတ္ေလွကား CCTV တြင္ ေက်ာပိုးအိတ္ႏွင့္လူငယ္တစ္ဦးသည္ ေသဆံုးသူ မိသားစု၏ အိမ္ထဲသို႔ ဝင္သြားသည္ကိုေတြ႕ရေလသည္။CCTV တြင္ ထို ေက်ာပိုးအိတ္ႏွင့္လူငယ္တစ္ေယာက္သည္ သူ႔ လက္မွာရွိသည့္ ေသြးမ်ားကို အဝတ္နဲ႔ပတ္ကာ ထိုအိမ္မွ ျပန္ထြက္ေျပးသြားသည္ကိုလည္း ေတြ႕ရေလသည္။ထို႔ေၾကာင့္ လူသတ္တရားခံကို ရဲေထာက္လွမ္းေရးတို႔က ပင္ပင္ပန္းပန္း ရွာေဖြစရာမလိုပဲ ဖမ္းဆီးႏိုင္လိုက္ၾကသည္။

လူသတ္တရားခံ လူငယ္အား စတင္စစ္ေဆးၾကသည္။“မင္း ဘာလို႔ မိန္းကေလးရဲ႕ မိဘေတြကို သတ္ပစ္ခဲ့တာလဲ?” လူသတ္တရားခံက ရဲအရာရွိေမးခြန္းအားမေျဖ သူက ေမးခြန္းျပန္ထုတ္ေနသည္။”၄ ထပ္ကခုန္ခ်တဲ့ မိန္းကေလး ေသလား? မေသဘူးလားဗ် ?” “မေသပါဘူး အ႐ိုးေတြပဲက်ိဳးသြားတာမင္း ေျဖာင့္ခ်က္မေပးရင္ အဲဒီမိန္းကေလးက သက္ေသအျဖစ္ အကုန္ေျပာမွာပဲေလ” လူသတ္တရားခံသည္ ထိုစကားကို ၾကားလိုက္ရသည့္အခါ အေတာ္တုန္လႈပ္သြားေလသည္။” ဒီေကာင္မ ကြ်န္ေတာ့္ မေကာင္းေၾကာင္းေျပာတာ လံုးဝမခံႏိုင္ဘူး။ ကြ်န္ေတာ့္အေၾကာင္း ကြ်န္ေတာ္ကိုယ္တိုင္ေျပာမယ္”ထို႔ေနာက္ လူသတ္သမားသည္ ျဖစ္သမွ် အေၾကာင္းမွန္ကို ေျဖာင့္ခ်က္ေပးေလေတာ့သည္။

သူမနာမည္ ‘ဂြန္**’ ေလ က်ဳပ္ရည္းစားေဟာင္းေပါ့။ ေခ်ာတယ္မဟုတ္လား?

က်ဳပ္နာမည္ ‘ဂ်န္**’ ။
အသက္?
၂၄ ႏွစ္ပါ။

က်ဳပ္လား ေက်ာင္းမွာ နာမည္ႀကီးတစ္ေယာက္ေပါ့ဗ်ာ။က်ဳပ္ က ေက်ာင္းသား လူမႈေရးအဖြဲ႕အစည္းတစ္ခုရဲ႕ေခါင္းေဆာင္ေပါ့။ေက်ာင္းသားေတြကို ေမးၾကည့္လိုက္  က်ဳပ္ဟာ အလြန္ယဥ္ေက်းၿပီး ပရဟိတအလုပ္ေတြကို မၿငီးျငဴပဲလုပ္ခဲ့သူလို႔ နာမည္ႀကီးတာဗ်။ေတာက္!! ဒီေကာင္မေၾကာင့္က်ဳပ္လို လူတကာကို ကူညီတဲ့ေကာင္ ဘယ္ႏွစ္ေယာက္ရွိလဲ က်ဳပ္တို႔ တကၠသိုလ္မွာ လက္ခ်ိဳးေရတြက္လို႔ရတယ္။ဟုတ္တယ္က်ဳပ္ဆို ေက်ာင္းသားေတြေလးစားၾကတယ္။က်ဳပ္က ေက်ာင္းသား ေခါင္းေဆာင္တစ္ေယာက္ေပါ့ဗ်ာ။ ( ထိုစကားကို ဂ်န္ အထပ္ထပ္ေျပာေနသည္။ )

က်ဳပ္ဘာလို႔ ဒီအလုပ္သလုပ္ခဲ့သလဲ?က်ဳပ္ ကို မသိတဲ့လူမရွိေအာင္ နာမည္ႀကီးခ်င္လြန္းလို႔ေပါ့ဗ်,ဒီေနရာကို မရ ရေအာင္ႀကိဳးစားခဲ့ရတာ။က်ဳပ္က ေက်ာ္ေစာမႈကို ႏွစ္သက္တယ္ေလ လူေတြၾကားထဲ ထင္ေပၚခ်င္တယ္။လူေတြ ဂ႐ုစိုက္မႈခံခ်င္တယ္ဒီလိုေနရာရရဖို႔ အေတာ္ခက္ခဲ့တာဗ်.။

က်ဳပ္နဲ႔ ဂြန္ ၂၀၁၄ ခုႏွစ္ ၂ လပိုင္းမွာ ခ်စ္သူေတြျဖစ္ၾကတယ္။နာမည္ႀကီးတဲ့ က်ဳပ္ကို ႀကိဳက္တဲ့မိန္းကေလးေတြက အမ်ားသား။က်ဳပ္တို႔ အဖြဲ႕အစည္းထဲက ဂြန္က အေခ်ာဆံုး Queen ေလ။ ဂြန္နဲ႔ခ်စ္သူျဖစ္ရတာ က်ဳပ္ဂုဏ္ယူတယ္။ဒီေကာင္မ ေခ်ာတာ မေခ်ာတာေတြထက္ ဒီေကာင္မနဲ႔တြဲရင္ အျခားေကာင္ေတြက က်ဳပ္ကို အားက်တယ္ေလ။ နာမည္ပိုႀကီးတာေပါ့။ဒါေၾကာင့္ ဒီေကာင္မကို ေရြးခ်ယ္ခဲ့တာ။က်ဳပ္တို႔ ခ်စ္သူျဖစ္ၿပီး ၂ လေလာက္အၾကာေပါ့။ ျပႆနာစခဲ့တာ။ေက်ာင္းသားေတြကို က်ဳပ္ရည္းစား ကိုေခၚျပၿပီး ႂကြားခ်င္တယ္။ အခ်ိဳ႕က မသိၾကေသးဖူးေလဗ်ာ။ဒါေၾကာင့္ ေက်ာင္းသားေတြကို အရက္ေသာက္ဖို႔ က်ဳပ္ ဖိတ္လိုက္တယ္။

က်ဳပ္ရည္းစား ဂြန္ကို က်ဳပ္အနားမွာထိုင္ခိုင္းၿပီးလူအမ်ား အေရွ႕မွာ ဂြန္ကို ႏိုင္ထက္စီးနင္း ဆက္ဆံျပလိုက္တယ္။ဒီလိုေခ်ာတဲ့မိန္းမတစ္ေယာက္ဟာ က်ဳပ္အတြက္ေတာ့ ဘာမွမဟုတ္ဘူးဆိုတာ လူေတြသိေအာင္ေပါ့ဗ်ာ ပထမေတာ့ အဆင္ေျပတယ္ဗ် ဂြန္က ဘာဆိုဘာမွ သိပ္မေျပာဘူး။ အျခားေကာင္ေတြကလည္း အထင္တႀကီး ျပဳံးစိစိနဲ႔ေပါ့။မိန္းကေလးေတြကလည္း က်ဳပ္ကို ရွိန္သြားၾကတယ္။က်ဳပ္တို႔အားလံုး အတူတူ အရက္ဆက္ေသာက္ေနၾကတယ္။ ဂြန္ကို က်ဳပ္ ဟိုပစၥည္းယူခဲ့စမ္း ဒီပစၥည္းယူခဲ့စမ္း ခိုင္းလိုက္ ဟန္က်ေနတာေပါ့။႐ုတ္တရက္ ဂြန္နဲ႔ က်ဳပ္ ျပႆနာတက္ပါေလေရာ။စကားမ်ားၾကတာဗ်။

က်ဳပ္ေျပာတဲ့စကားေတြ အေရွ႕နဲ႔အေနာက္မညီပဲ..စကားမွားသြားတာကို ဂြန္က ၿငိမ္ၿငိမ္မေန ေထာက္ျပလိုက္ေတာ့ ေက်ာင္းသားေတြက သိသြားၿပီး ဝိုင္းရယ္ၾကေရာ။က်ဳပ္ ေသာက္ရွက္ကြဲသြားတယ္။” ေအးေလ  ေအးေလ ဟားဟား ေခါင္းေဆာင္ႀကီး ဂ်န္ ဘာေတြေလွ်ာက္ေျပာေနတာလဲ ဟား..ဟား”။” ဂြန္ကို မႏိုင္ပါနဲ႔ အကိုေရ ဒီေလာက္ေခ်ာတဲ့ ရည္းစားရထားတာ ေပ်ာ္ေအာင္ထားမွေပါ့” အရက္ အရွိန္ေလးရလာၿပီဆိုေတာ့ ေက်ာင္းသားေလးေတြက က်ဳပ္ကို ခံေျပာလာတယ္။

ဒီေကာင္မ ကဒီလိုအမွားေထာက္ျပလိုက္ေတာ့ က်ဳပ္ ေခြးလံုးလံုးျဖစ္သြားတယ္။က်ဳပ္ရည္းစားျဖစ္ရင္ က်ဳပ္လက္ေအာက္မွာေနရမွာေပါ့ဗ်အခုေတာ့ ေက်ာင္းသားေတြက ဂြန္ဖက္ပါၿပီး က်ဳပ္ကရႈံးနွိမ့္သလိုခံစားလိုက္ရတယ္။ဒါကို က်ဳပ္ မလိုလားဘူး။က်ဳပ္ အရွက္ကြဲသြားေတာ့ ဘယ္ရမလဲ  မဆီမဆိုင္ က်ဳပ္သိထားတဲ့ ဒီေကာင္မဒုကၡေရာက္ခဲ့တာကို ျပန္ ေလွာင္ပစ္လိုက္တယ္။”ေဟ့ အားလံုးနားေထာင္ၾက  ဂြန္ အေၾကာင္းေျပာျပမယ္ ဟိုတေန႔က ဂြန္ေလ အရွက္ကြဲတာ အိမ္သာထဲမွာ ေခ်ာ္လဲၿပီး xxx”

ေက်ာင္းသားေတြက မရယ္ပဲ က်ဳပ္ကို အံ့ၾသသလို ဝိုင္းၾကည့္လိုက္တယ္။” အစ္ကို႔ရည္းစားကို အစ္ကို ကိုယ္တိုင္ နွိမ္နွိမ္ခ်ခ်ေျပာရက္တယ္ဗ်ာ”  အတန္းငယ္တဲ့ ညီတစ္ေယာက္က ထ ေျပာတယ္။ရင္ထဲမွာ တင္းသြားတယ္။အၿမဲတမ္း အထင္ႀကီးခံရတဲ့ က်ဳပ္ဘာဆက္လုပ္ရမွန္းမသိ။က်ဳပ္စကားနဲ႔ က်ဳပ္  အဆင့္အတန္းက အနိမ့္ဆံုး ေျမႀကီးေအာက္ ေရာက္သြားၿပီ။ဒီေကာင္မကို အစိမ္းလိုက္ ဝါးစားပစ္ခ်င္တယ္။

မသာမ ဒင္းေၾကာင့္။

ဒီမွာတင္ ဂြန္က ” ကြ်န္မ ကိစၥေလးတစ္ခုရွိလို႔ အားလံုးခြင့္ျပဳပါဦးရွင့္”ျပႆနာတက္မွာစိုးလို႔ေရွာင္တဲ့ပံုစံမ်ိဳးေလး လူေတြအေရွ႕ လူေကာင္းလုပ္ျပန္တယ္။ေက်ာင္းသားေတြကလည္း ” အင္း  ျပန္ေလ ျပန္တာ အေကာင္းဆံုးပဲ” တဲ့။က်ဳပ္ ပိုၿပီး စိတ္တိုသြားတယ္။ေအးေပါ့  နင္က အေျခအေနကိုထိန္းတဲ့အေနနဲ႔ အိမ္ျပန္ေပးတယ္ေပါ့ေလ ငါ့ထက္ စဥ္းစားဉာဏ္ရွိတယ္ေပါ့။ဂ႐ုဏာသက္တဲ့မ်က္လံုးေတြက ဂြန္႔ဆီမွာ ငါကေတာ့ လူယုတ္မာႀကီးေပါ့ေလ ဟင္း ဘယ္ရမလဲ ။ က်ဳပ္ ဂြန္ရဲ႕အေရွ႕ကို သြားၿပီးလက္နဲ႔ကာလိုက္တယ္။” သူငယ္ခ်င္းတို႔ ငါ ဂြန္နဲ႔ရွင္းစရာရွိတယ္ မင္းတို႔ေတြ ထြက္သြားေပးၾကမလား”အႏွင္ထုတ္ခံရတဲ့ ေက်ာင္းသားေတြဟာ ကြ်န္ေတာ့္ကို ပိုအထင္ေသးသြားၾကမယ္ဆိုတာ က်ဳပ္ အဲဒီတုန္းက မေတြးမိဘူး။လူေတြကို က်ဳပ္ဟာ ဂြန္ကို အျပစ္ေပးေတာ့မယ့္ ေက်ာင္းဆရာတစ္ဦးလို႔ ျမင္ေစခ်င္တာ။ေက်ာင္းသားေတြလဲထြက္သြားေရာ က်ဳပ္ ဂြန္႔ မ်က္ႏွာကို စိတ္ရွိလက္ရွိ ထိုးပစ္လိုက္တယ္။ဂြန္ ပါးစပ္ထဲက ေသြးေတြ အမ်ားႀကီးက်လာတယ္။ အေတာ္ထိသြားပံုရတယ္။ေက်ာင္းသားေတြ ျပန္ေျပးလာၿပီး ဆြဲၾကတယ္။

က်ဳပ္သတိျပန္ဝင္လာတယ္။

ေသၿပီ။

အခုမွ တကယ့္ကို သြားၿပီ က်ဳပ္ တကယ့္အဆင့္အတန္းကို သူတို႔ေတြ သိသြားၿပီ။

နာမည္ပ်က္ၿပီ။

က်ဳပ္စိတ္ကို ဘယ္လိုမွ မထိန္းႏိုင္ခဲ့။

ျပႆနာကဒါနဲ႔တင္မၿပီးဘူး။ဂြန္ ပါးစပ္အတြင္းထဲမွာ အေတာ္ ဒါဏ္ရာရၿပီး ၅ ခ်က္ခ်ဳပ္လိုက္ရတယ္။ဂြန္ရဲ႕မိဘေတြသိသြားၿပီး က်ဳပ္မိဘေတြဆီလာတိုင္တယ္။က်ဳပ္ကို တရားစြဲမယ္တဲ့။က်ဳပ္ေထာင္ထဲေနရမွာစိုးတဲ့ က်ဳပ္မိဘေတြဟာ ဂြန္႔မိဘေတြကို ေတာင္းပန္တာေပါ့။ဘဝမွာ ေထာင္က်ဖူးတယ္ ဆိုတဲ့မွတ္တမ္းပါသြားရင္ မလြယ္ဘူးေလ။ က်ဳပ္ေက်ာင္းၿပီးရင္ အလုပ္ရဖို႔ခက္သြားမယ္။က်ဳပ္ အေမက ” တရားမစြဲပါနဲ႔ရွင္ကြ်န္မတို႔ သားေလးေက်ာင္း ခဏထုတ္ၿပီး အနားယူခိုင္းပါ့မယ္ ရွင္တို႔ သမီးကို ထပ္ၿပီး အဆက္အသြယ္မလုပ္ေစရပါဘူး”လို႔ အထပ္ထပ္ ေတာင္းပန္တယ္။ ေငြလည္းေပးတယ္။သူတို႔ဖက္က ေငြကို လက္မခံေပမယ့္ အေမေတာင္းပန္လို႔ ဂြန္ရဲ႕မိဘေတြက ေက်နပ္ သေဘာတူလိုက္တယ္။က်ဳပ္ကေတာ့ လံုးဝမေတာင္းပန္ႏိုင္လို႔ ထြက္ေတာင္မေတြ႕ဘူး။

မေက်နပ္တာက က်ဳပ္။နစ္နာသြားတာက က်ဳပ္ေလ။

ဂြန္လို ေခ်ာေမာလွပတဲ့မိန္းကေလးကို ရဖို႔လြယ္တာမဟုတ္ဘူး။ က်ဳပ္ ဂြန္ကိုျပန္လိုခ်င္တယ္။ ဂြန္နဲ႔ ရည္းစားျပန္ျဖစ္ခ်င္တယ္။ သူမလို ေခ်ာတဲ့မိန္းမလွနဲ႔ ရည္းစားျဖစ္ဖို႔ လြယ္တာမဟုတ္။က်ဳပ္ကို အရင္ကလို လူေတြေလးစားတာ ျပန္ခံယူခ်င္တယ္။ ဘယ္လိုလုပ္ရမလဲ?႐ိုက္ႏွက္တာ မွားမွန္းသိေပမယ့္ မေတာင္းပန္ခ်င္ဘူး။ ျပႆနာ မီးေမႊးတာ ဂြန္မဟုတ္လား။ လူၾကား သူၾကားထဲ ေသာက္ရွက္ခြဲတာေလ။ဘာပဲျဖစ္ျဖစ္ ဂြန္က က်ဳပ္ကို ေတာင္းပန္ေစခ်င္တယ္ ဒါဆို က်ဳပ္ လက္ခံမယ္ေလ။ က်ဳပ္ ျပန္ေခ်ာ့မွာေပါ့။ၿပီးေတာ့ တစ္ေက်ာင္းလံုးကို ဂြန္က သူမ အမွားပါလို႔ေျပာၿပီး က်ဳပ္သိကၡာကို ဆယ္ေစခ်င္တယ္။ဒီလိုျဖစ္ရင္ သိပ္ေကာင္းမွာပဲ။ဂြန္က မေတာင္းပန္။ က်ဳပ္ကို အေရးမလုပ္ေတာ့ဘူး.။ဂြန္ကိုလည္း မဆံုးရႈံးႏိုင္တဲ့ ဒုကၡပါ က်ဳပ္ခံစားေနရၿပီ။

လက္ေတြ႕မွာေတာ့ က်ဳပ္မိဘေတြက က်ဳပ္ကို ေက်ာင္းထုတ္လိုက္တယ္။ဒီေတာ့ ေက်ာင္းသားအဖြဲ႕အစည္းေခါင္းေဆာင္အျဖစ္က အလိုလိုျပဳတ္သြားတယ္။သူမ်ားေတြေက်ာင္းတက္ခ်ိန္ေရာက္တိုင္း က်ဳပ္ ေဒါသျဖစ္ရတယ္။ေက်ာင္းသာေတြ က်ဳပ္မရွိတဲ့ေနာက္ပိုင္း က်ဳပ္အတင္းေတြ ေျပာေနၾကမွာေပါ့။ ဒီလိုေတြးမိတိုင္း ရင္ထဲကေအာင့္ၿပီး ပိုၿပီး ဝမ္းနည္း ေဒါသျဖစ္တယ္။ဒါေတြဟာ ဂြန္နဲ႔ ဂြန္႔မိဘေတြေၾကာင့္။

ဂြန္ကေတာ့ ေအးေဆးပဲ ရည္းစားလဲထပ္မထားဘူး စာႀကိဳးစားတယ္လို႔ ၾကားတယ္။ဂြန္႔ကို ႀကိဳက္ေနတဲ့ေကာင္ေတြကလည္း ရည္းစားနဲ႔ကြဲတယ္ၾကားေတာ့ ျပန္ခ်ဥ္းကပ္ေနတယ္ ေျပာၾကတယ္။ဒီသတင္းေတြက က်ဳပ္ကို ပိုနာက်ည္းေစတယ္။ဂြန္က အဆင့္အတန္းျမင့္ျမင့္ လူေကာင္းမႀကီးေပါ့ လူေတြရဲ႕အခ်စ္ေတာ္။က်ဳပ္က ေသာက္အဆင့္မရွိတဲ့ေကာင္ေပါ့။ေျပာင္းျပန္ျဖစ္ေနၿပီအိမ္မွာေနရတဲ့ ဒုကၡကလည္း မေသးလ။

ေန႔တိုင္းေတြးမိတယ္

‘ ငါဒီေလာက္ နာမည္ႀကီးတာငါ့ကို ေက်ာင္းမွာမေတြ႕ၾကရင္ လူေတြက ဒီေကာင္မကို ေမးမွာပဲ။ ဒီေကာင္မ ငါ့အေၾကာင္းမေကာင္းေျပာမွာေပါ့။’လို႔

တစ္ေန႔ထက္ တစ္ေန႔ က်ဳပ္ရင္ေတြ ပူေလာင္လာတယ္။ေက်ာင္းတက္ခြင့္ရရင္ လူေတြငါ့အတင္းသိပ္ေျပာမွာမဟုတ္ဘူး။ ငါ့မရွိေတာ့ ပိုဆိုးေနမွာ။ဂြန္႔မိဘေတြကို သတ္ပစ္မယ္။

၂၀၁၄ ခုႏွစ္ ၅ လပိုင္း ၁၉ ရက္ေန႔

ညေန ၅ နာရီ

က်ဳပ္ ဂြန္ တို႔အိမ္ကို ေရပိုက္ျပင္တဲ့ အလုပ္သမားဟန္ေဆာင္ၿပီး ဝင္လိုက္တယ္။ ဂြန္မိဘေတြ တံခါးဖြင့္ေပးတယ္။က်ဳပ္ရဲ႕႐ုပ္ကို သူတို႔ မမွတ္မိတာ ေသခ်ာၿပီ။ျပီးေတာ့ အိမ္အေနအထားကို အကဲခတ္လိုက္တယ္ ။အိမ္မွာ ဂြန္ရဲ႕ အေမနဲ႔အေဖ ၂ ေယာက္ပဲ ရွိေနတယ္။က်ဳပ္ ဒီလိုေျပာလိုက္တယ္။”အန္တီ ကြ်န္ေတာ္ ပစၥည္းက်န္ခဲ့လို႔ ခဏၾကာရင္ ျပန္လာခဲ့ပါမယ္။” အနီးဆံုး စူပါမားကက္ကိုသြားၿပီး က်ဳပ္ အရက္နဲ႔ ဓားေတြ ဝယ္လိုက္တယ္။ ဂြန္တို႔အိမ္ကို ျပန္သြားလိုက္တယ္။ “ဪ ေစာေစာက အလုပ္သမားပါလား”ဆိုၿပီး က်ဳပ္ကို တံခါးဖြင့္ေပးၾကျပန္တယ္ေလ။က်ဳပ္ဟာ အိမ္သာထဲဝင္ ေရပိုက္ျပင္ခ်င္ေရာင္ေဆာင္ၿပီး ဂြန္အေမကို” အန္တီေရ ကြ်န္ေတာ့္ကို ခဏလာကူပါဦး”

ဂြန္ရဲ႕အေမေရာက္လာေတာ့ ႐ုတ္တရက္ တံခါးပိတ္ၿပီး ဓားနဲ႔ မ်က္ႏွာကိုထိုးလိုက္ၿပီး တူနဲ႔ထုၿပီး သတ္ပစ္လိုက္တယ္ ႐ုတ္႐ုတ္သဲသဲ အေျခအေနကို ရိပ္မိတဲ့ ဂြန္႔အေဖက ထြက္ေျပးဖို႔ႀကိဳးစားတယ္။ ဘယ္ရမလဲ သူမ အေဖကို အမိအရဖမ္းၿပီး ဓါးနဲ႔ထိုး သတ္ပစ္လိုက္တယ္။ ေသြးထြက္ေနတဲ့ အေလာင္းေတြကို အသင့္ယူလာတဲ့ ဂ်ဳံမႈန္႔နဲ႔ ျဖဴးထားလိုက္တယ္။ေသြးေတြ ဂ်ဳံမႈန္႔နဲ႔ကပ္ၿပီး လံုးသြားေအာင္ေပါ့။ၿပီးေတာ့ ဂြန္႔အေဖရဲ႕အေလာင္းကို အိပ္ခန္းထဲထည့္ပိတ္ထားလိုက္တယ္။သူတို႔အိမ္ကေခြးကိုေတာ့ အဝတ္ေလွ်ာ္စက္ထဲ ထည့္လွည့္ၿပီးသတ္ပစ္လိုက္တယ္။

ၿပီးေတာ့ အရက္ေသာက္ၿပီး ဂြန္ အိမ္ျပန္အလာကို ေစာင့္ေနလိုက္တယ္။ဒီေကာင္မ ေတာ္ေတာ္နဲ႔အိမ္ျပန္မလာဘူး။ဂြန္ အေဖ ဖုန္းကိုသံုးၿပီး ” အိမ္အျမန္ျပန္လာ” လို႔စာပို႔လိုက္တယ္။ဂြန္ အိမ္ျပန္လာေတာ့ ည ၁၂ နာရီေက်ာ္ေနၿပီ..။

ကြ်န္ေတာ္ အိမ္ထဲဝင္လာတဲ့ ဂြန္ကို ပါးစပ္ပိတ္ၿပီး ေရခ်ိဳးခန္းဖက္ကို ေခၚသြားလိုက္တယ္။”ငါ… မင္းအေမကို သတ္လိုက္ၿပီ…” ၿပီးေတာ့ ဂြန္ကို သူမအိပ္ခန္းထဲေခၚသြားလိုက္တယ္။ “အေဖ အေဖေရာ?”

“.ဓားနဲ႔ထိုးထားတယ္ သူ႔အခန္းထဲမွာ”

” နင္ ငါ့အေဖကို မသတ္ပါနဲ႔  ၁၁၉ ကို ဖုန္းေခၚခြင့္ေပးပါ နင္ ငါ့ဆီကဘာလိုခ်င္လဲ အကုန္ေပးပါမယ္”

“ငါ နဲ႔ အတူအိပ္!”

” ဟင္? ”

“ဘာလဲမလိုက္ေလွ်ာႏိုင္ဘူးလားနင္နဲ႔ ၂ လေက်ာ္ ႀကိဳက္ခဲ့တာ ဘာမွလဲမျဖစ္ခဲ့ရလို႔ မေက်နပ္ဘူး”

“အဲဒါဆိုလဲ လိုက္ေလွ်ာပါ့မယ္ အေဖ့ကိုေတာ့ မသတ္ပါနဲငါေတာင္းပန္ပါတယ္ဟာ”

” အင္း နင္အဲလို လိမၼာရင္ စဥ္းစားမယ္ေလ”

က်ဳပ္ ဂြန္ကို မုဒိမ္းက်င့္လိုက္တယ္။ မုဒိမ္းက်င့္ၿပီးသြားေတာ့ ဂြန္ကိုေခၚၿပီး သူမ အေဖေသေနၿပီဆိုတာျပလိုက္တယ္။ဟား ဒီေကာင္မ ႐ူးေတာ့တာပဲ။ဒီေကာင္မ ေသမလို စိတ္ထိခိုက္တာေတြေတာ့ က်ဳပ္ ဝမ္းသာတယ္။”နင္ငါ့ကို စကားအေျပာမဆင္ျခင္တာေလ။မွတ္ၿပီလား?”

ထြက္ေျပးဖို႔ႀကိဳးစားတဲ့ ဂြန္ကို က်ဳပ္ ေျခလက္ေတြ ခ်ည္ေႏွာင္ၿပီး ဖမ္းခ်ဳပ္ထားလိုက္တယ္။ၿပီးေတာ့ က်ဳပ္ ေက်ာင္းသား လူမႈေရးအသင္းေခါင္းေဆာင္ဘယ္လိုျဖစ္ေအာင္လုပ္ခဲ့ရတယ္ဆိုတာ ဒီေကာင္မသိေအာင္ ေျပာျပတယ္။ဒီေကာင္မကို အဖြဲ႕ကထြက္ဖို႔ ကတိေတာင္းတယ္။တစ္ညလံုး ဒီေကာင္မ ကို က်ဳပ္စကားထိုင္ေျပာတယ္။ အဖြဲ႕သားတစ္ေယာက္ခ်င္းက က်ဳပ္ကို ဘယ္လိုေလးစားတဲ့အေၾကာင္းေတြေပါ့။

ဒါနဲ႔ မနက္ ၉ နာရီေက်ာ္လာတယ္။ ဒီေကာင္မ ေျခလက္ေတြျဖည္ေပးလိုက္ၿပီး ဒီေကာင္မကို နွိပ္စက္ဖို႔ ကြ်န္ေတာ္ စ လုပ္တယ္။ဒီေကာင္မကို တစ္ခ်က္ခ်င္း႐ိုက္တယ္။ၿပီးရင္ သတ္ပစ္မလို႔ေပါ့။ဒါေပမဲ့ ဒီေကာင္မက က်ဳပ္ အလစ္မွာ အိမ္ေပၚကခုန္ခ်လိုက္တယ္ေလ။က်ဳပ္လည္း အကႌိ်- ေဘာင္းဘီ လဲၿပီး ထြက္ေျပးလာခဲ့တယ္။ေသြးေတြေပမယ္ဆိုတာသိလို႔ အကႌ်ေတြ အသင့္ယူလာတာေလ။ဒါေပမဲ့ ဒီေကာင္မ မိဘေတြကို ဓါးနဲ႔ထိုးေတာ့ က်ဳပ္လက္ေတြပါ ဓါးရွကုန္တယ္။ဒီမွာၾကည့္။ နာလိုက္တာ။ဒီေကာင္မ မိဘမဲ့သြားၿပီ,။တစ္ဘဝလံုး ေနာင္တရေပေတာ့

ဂ်န္သည္ ေထာက္လွမ္းေရး ရဲအရာရွိႏွင့္ မႈခင္းဆိုင္ရာ စိတ္ပညာရွင္တို႔အားေျပာခဲ့ေသာ ေျဖာင့္ခ်က္မ်ားျဖစ္ပါသည္။တစ္ခါတစ္ရံ လူတို႔သည္ ဂ်န္ကဲ့သို႔ ပရဟိတလုပ္ငန္းမ်ားကို မိမိနာမည္ႀကီးလိုမႈ၊ လူတကာ အထင္ႀကီးေလးစားမႈကို ခံလိုမႈ စသည္.. မိမိအက်ိဳးအတြက္ ျပဳလုပ္ၾကေလသည္။ ၎တို႔သည္ မ်က္ႏွာဖံုးစြပ္ ပရဟိတမ်ားျဖစ္ေလသည္။မ်က္ႏွာဖံုးကြ်တ္သြားေသာအခါ ယခုလို ရွက္ရမ္းရမ္း၍ အႏၲရယ္ႀကီးစြာေပးတတ္ေလသည္။

နိဂုံး

လူမိုက္တို႔သည္ မိမိကိုယ္ကို မိမိအျပစ္မျမင္တတ္ေပ။ တနည္းအားျဖင့္ မိမိအျပစ္ကို မိမိ ဝန္မခံတတ္ေသာသူမ်ားသည္ လူမိုက္မ်ားျဖစ္ၾကသည္။အရာအားလံုးကို သူတပါးေၾကာင့္ျဖစ္သည္ဟု အျပစ္ပံုခ်တတ္ေလသည္။ကြ်န္မတို႔ငယ္စဥ္က ေက်ာက္တုံုးတစ္ခု မေတာ္တဆ ခလုတ္တိုက္၍ လမ္းေပၚေခ်ာ္လဲက်လွ်င္ မိဘ အဘိုးအဘြားက မည္သို႔ေျပာသနည္း?

“သမီး နာသြားလား ဒီေက်ာက္တုံးေၾကာင့္ကိုး ။ ”

“ကဲဟယ္. ကဲဟယ္” ဆို၍ ကေလးကိုေခ်ာ့သည္အေနျဖင့္ ေက်ာက္တုံးကို ႐ိုက္ခ်င္ေယာင္ေဆာင္ပါသည္။စိတ္ပညာရွင္တို႔က ဤနည္းသည္ အလြန္မွားေသာ ကေလးေခ်ာ့နည္းျဖစ္သည္တဲ့။ထို ကေလးသည္ မိမိအျပစ္ကို မျမင္ပဲ သက္ရွိ၊ သက္မဲ့တို႔ေၾကာင့္ဟု အျပစ္လႊဲခ်တတ္သည့္ အက်င့္သည္ အ႐ိုးစြဲသြားတတ္ေလသည္။ထိုအက်င့္ဆိုးရေအာင္ မိဘမ်ားက သင္ေပးလိုက္သလို ျဖစ္ေနသည္။

ကေလးအခ်င္းခ်င္းရန္ျဖစ္လွ်င္ မိမိ သားသမီးဖက္မွ ၁၀၀ % ရန္ျဖစ္ေပးေသာ မိဘမ်ားရွိသည္။ အလြန္မွားပါသည္။ ထိုအခါ သားသမီးတို႔သည္ မိမိတြင္ အျပစ္မရွိ သူတပါးအျပစ္ကိုသာျမင္ေလသည္။ ၎ကို မိဘကိုယ္တိုင္က အားေပးအားေျမႇာက္ ရန္ျဖစ္ေပးေသာအခါ မိမိမွာ အျပစ္မရွိဟု ပို၍ ယံုၾကည္သြားၾကသည္။

ကေလးအခ်င္းခ်င္းရန္ျဖစ္လွ်င္ တစ္ဖက္ကို အားနာ၍ ၁၀၀ % ေတာင္းပန္ကာ မိမိသားသမီးအား အျပစ္ဒါဏ္ေပးေသာ မိဘမ်ားသည္လည္း အလြန္မွားေလသည္။ ထိုအခါ သားသမီးတို႔သည္ မိမိတို႔ ေနာက္ဆံုးအားကိုးအားထားရာ မိဘတို႔ အကူအညီကိုမရ၍ မိဘမ်ားအား အယံုအၾကည့္မဲ့သြားသည္ဟု စိတ္ပညာရွင္မ်ားကေျပာၾကသည္။

ျပႆနာတစ္ခုျဖစ္လာလွ်င္ ႐ိုးသားစြာ အမွန္တရားဖက္မွရပ္တည္ေပးေသာမိဘတို႔၏ ကေလးတို႔သည္သာ အမွန္တရားကို ခ်စ္ျမတ္ႏိုးေလသည္။ မိမိအျပစ္ရွိလွ်င္ ဝန္ခံတတ္ေလသည္။မႈခင္းစိတ္ပညာရွင္တို႔က လူသတ္သမား ဂ်န္ သည္ မိမိအျပစ္ကို မိမိဝန္ခံရမည္ကို အလြန္ေၾကာက္တတ္သည္မွာ ငယ္စဥ္ဘဝကစခဲ့ေၾကာင္း ေတြ႕ရွိရသည္။

ယခုအခါတြင္ ဂ်န္၏ မိဘမ်ားက သူ႔အား မဆံုးမႏိ္ုင္ေတာ့။ ထိုအခါ လူသတ္မႈမ်ားကို က်ဴးလြန္သည္အထိျဖစ္ခဲ့သည္ဟု…မွတ္ခ်က္ခ်ေလသည္။ဂ်န္သည္ သူလုပ္ခဲ့မိေသာ အျပစ္ကို သူမသိခ်င္ပါ ။ မသိခ်င္ေသာ္လည္း သိေနသည့္အခါ  ေဒါသျဖစ္သည္။အရွက္ကြဲသည့္အခါ မခံမရပ္ႏိုင္ျဖစ္သြားသည္။ျဖစ္သမွ်အားလံုးအား ဂြန္ေၾကာင့္ဟုဆိုကာ သူမအား ေနာင္တရ ဝမ္းနည္းေစလို၍ လူသတ္သည္အထိ ျပဳလုပ္ခဲ့ေလသည္။

လူသတ္ၿပီးေသာ ဂ်န္သည္ အပူအပင္မရွိ အိမ္ျပန္၍ ထမင္းစားကာ ေမာေမာႏွင့္ အိပ္ေပ်ာ္သြားသည္။ရဲမ်ားလာေသာအခါ အိပ္ေပ်ာ္ေန၍ အတင္းႏႈိးရသည္ဟုဆိုသည္။ဂြန္ တိုက္ေပၚမွ ခုန္မခ်ခင္ ဂ်န္က ဂြန္အားေနာက္ဆံုးေျပာခဲ့သည့္စကားမွာ” ငါ ေက်ာင္းသြားၿပီး ေက်ာင္းသားလူမႈေရးအဖြဲ႕က နင့္ဖက္ပါတဲ့သူေတြ အကုန္လိုက္သတ္ဦးမွာ အခု နင့္ကိုအရင္သတ္မယ္” အဖမ္းခံရေသာအခါလည္း သူ႔လက္မွ ဓားထိေသာဒါဏ္ရာအား ပတ္တီးစီးရန္ တာဝန္ရွိသူမ်ားအား ေဆးခန္းျပခိုင္းခဲ့သည္။

ဂ်န္တြင္ ေနာင္တမရွိ။
တကိုယ္ေကာင္းဆန္သည္။
သနားၾကင္နာမႈမရွိ။

တရားသူႀကီးက လူမဆန္ေသာ ဂ်န္အား ” ေသဒါဏ္” ေပးခဲ့ေလသည္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ ယခုေလာေလာဆယ္ ေသဒါဏ္အား လူမႈအခြင့္အေရး ဥပေဒအရ ခဏတာ ရပ္ဆိုင္းထားေသာ္လည္း အစိုးရေျပာင္း၍ ေသဒါဏ္ခြင့္ျပဳလွ်င္ တစ္ေယာက္ၿပီး တစ္ေယာက္ ႀကိဳးစင္တက္ရမည္ျဖစ္သည္။ဂ်န္သည္ ေတာင္ကိုရီးယား၏ ၆၁ ေယာက္ေျမာက္ ႀကိဳးစင္တက္ရမည့္သူျဖစ္ေလသည္။ဂြန္က မိဘမဲ့ျဖစ္သြားသည္။ဂ်န္ကေတာ့ ေသဒါဏ္အေပးခံလိုက္ရသည္။

တကၠသိုလ္တစ္ခုလံုးတင္သာမက ေတာင္ကိုရီးယားတစ္ႏိုင္ငံလံုးက ဂ်န္႔ကိုမုန္းေတာ့သည္။ေကာင္းေသာရလဒ္တစ္ခုမွ မရွိေပ..။ယခုအခါ ေထာင္ထဲတြင္ ေဒါသမီးတို႔ျဖင့္ပူေလာင္၍ ေသရမည့္ရက္ကို ေစာင့္ေနေလသည္။မည္သူမျပဳ မိမိမႈျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး (ကိုရီးယား)
# Unicode Version ျဖင့္ ဖတ္ပါ #
မနက် ၉ နာရီ ၂၀ မိနစ်

အဆောက်အဦတစ်ခုအပေါ်မှ ပန်းခြံများကြားထဲသို့ မိန်းမငယ်တစ်ဦး ဝုန်းကနဲ ပြုတ်ကျလာသည်။”လူတစ်ယောက် ပြတင်းပေါက်က ခုန်ချလိုက်တယ်ဗျို့”အလန့်တကြားအော်သံကြောင့် လူများဝိုင်းလာသည်။မိန်းကလေးတစ်ယောက်ဖြစ်နေသည်။ ဖိနပ်မပါ သွေးအလိမ်းလိမ်းနှင့်အမြင့်မှကျသောဒါဏ်ရာများကြောင့် သေလုမြောပါးဖြစ်နေသည်။သူမသည် လူများကို တွေ့သောအခါ အားကိုးတကြီးဖြင့် မျက်ရည်များကျလာသည်။”ကယ်ပါ” အသံတိုးတိုးထွက်လာသည်။အလွန်အမင်း နာကျင်မှုကို ခံစားနေရပုံရသည်။သူမ ၄ ထပ်တိုက်ပေါ်မှ ခုန်ချလိုက်ခြင်းဖြစ်သည်၊မိန်းမငယ်သည် စိတ်ပိုင်းဆိုင်ရာ လည်း အလွန်ထိခိုက်ကာ နာကျင်လွန်း၍ ငိုကြွေးနေလေသည်။သူမသည် သတိရလိုက် မရလိုက် ဖြစ်နေရှာသည်။

အဆောက်အဦ အစောင့်ကြီးက” သမီး ဘာဖြစ်တာလဲ? တစ်ယောက်ယောက်နဲ့ရန်ဖြစ်တာလား? တိုက်ပေါ်ကများခုန်ချလိုက်သလား?”” မသိပါဘူးရှင့် ကျွန်မ ဘာမှ သတိမရ”မိန်းကလေး သတိလုံးဝလစ်သွားတော့သည်။”ဟာ, သေသွားတာများလား နားလည်တဲ့သူရှိရင် လုပ်ကြပါဦး?”ဝိုင်းကြည့်နေသော အိမ်နီးချင်းများ တုန်လှုပ်သွားတော့သည်။

အဆောက်အဦ အစောင့်ကြီးသည် ၁၁၉ အရေးပေါ်ဌာနအား လျှင်မြန်စွာဖုန်းဆက်လိုက်သည်။မိန်းကလေး၏ တင်ပါးဆုံအရိုးများသည် အစိတ်စိတ် အမွှာမွှာကျိုးနေသည်။သူမအား တို့ထိလိုက်လျှင်ပင် နာကျင်လွန်းသွားကြောင်း သိသာသည်။ဘယ်သူမှ ဘာလုပ်လို့လုပ်ရမှန်းမသိနာကျင်မှုများနှင့် သတိလက်လွတ်ဖြစ်နေပုံရသည်။ကယ်ဆယ်ရေးဝန်ထမ်းတို့က သူမအား ၁၁၉ ကားပေါ်သို့တင်၍ ဆေးရုံသို့ အမြန်ဆုံးပို့ရန်ကြိုးစားကြသည်။

သူမအား အရေးပေါ်ကားဖြင့်ခေါ်သွားစဉ် သတိပြန်လည်လာ၍ အော်ဟစ်လိုက်သည်။”ကျွန်မ အိမ်အထဲကို သွားကြည့်ကြပါ ပြဿနာတွေတက်နေတယ်”သူမ သတိပြန်မေ့သွားသည်။

၁၁၉ ကယ်ဆယ်ရေးဝန်ထမ်းသည် ရဲစခန်းအား ချက်ချင်း ဖုန်းဆက်လေသည်။” အရေးကြီးတယ်ခင်ဗျ xxxxx လိပ်စာကို အမြန်သွားပေးကြပါ”ပေးသည့်လိပ်စာအတိုင်း ရဲတွေက အမြန်ဆုံးပြေးသွားလိုက်ကြသည်..။အားလုံးနောက်ကျသွားပြီဖြစ်သည်။မိန်းကလေး၏ အသက် ၅၀ ဝန်းကျင်ရှိ မိခင်ကြီးနှင့် ဖခင်ကြီးသည် ဒါဏ်ရာများစွာနှင့် သွေးအိုင်ထဲတွင် အသက် ဆုံးရှုံးနေပြီဖြစ်ကြောင်းတွေ့ရလေသည်။

ဒါဟာ နှစ်လောင်းပြိုင် လူသတ်မှု။ရဲထောက်လှမ်းရေးများသည် လုပ်ရိုးလုပ်စဉ်အတိုင်း CCTV ကိုစစ်ကြည့်ကြသည်။ဓာတ်လှေကား CCTV တွင် ကျောပိုးအိတ်နှင့်လူငယ်တစ်ဦးသည် သေဆုံးသူ မိသားစု၏ အိမ်ထဲသို့ ဝင်သွားသည်ကိုတွေ့ရလေသည်။CCTV တွင် ထို ကျောပိုးအိတ်နှင့်လူငယ်တစ်ယောက်သည် သူ့ လက်မှာရှိသည့် သွေးများကို အဝတ်နဲ့ပတ်ကာ ထိုအိမ်မှ ပြန်ထွက်ပြေးသွားသည်ကိုလည်း တွေ့ရလေသည်။ထို့ကြောင့် လူသတ်တရားခံကို ရဲထောက်လှမ်းရေးတို့က ပင်ပင်ပန်းပန်း ရှာဖွေစရာမလိုပဲ ဖမ်းဆီးနိုင်လိုက်ကြသည်။

လူသတ်တရားခံ လူငယ်အား စတင်စစ်ဆေးကြသည်။“မင်း ဘာလို့ မိန်းကလေးရဲ့ မိဘတွေကို သတ်ပစ်ခဲ့တာလဲ?” လူသတ်တရားခံက ရဲအရာရှိမေးခွန်းအားမဖြေ သူက မေးခွန်းပြန်ထုတ်နေသည်။”၄ ထပ်ကခုန်ချတဲ့ မိန်းကလေး သေလား? မသေဘူးလားဗျ ?” “မသေပါဘူး အရိုးတွေပဲကျိုးသွားတာမင်း ဖြောင့်ချက်မပေးရင် အဲဒီမိန်းကလေးက သက်သေအဖြစ် အကုန်ပြောမှာပဲလေ” လူသတ်တရားခံသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အတော်တုန်လှုပ်သွားလေသည်။” ဒီကောင်မ ကျွန်တော့် မကောင်းကြောင်းပြောတာ လုံးဝမခံနိုင်ဘူး။ ကျွန်တော့်အကြောင်း ကျွန်တော်ကိုယ်တိုင်ပြောမယ်”ထို့နောက် လူသတ်သမားသည် ဖြစ်သမျှ အကြောင်းမှန်ကို ဖြောင့်ချက်ပေးလေတော့သည်။

သူမနာမည် ‘ဂွန်**’ လေ ကျုပ်ရည်းစားဟောင်းပေါ့။ ချောတယ်မဟုတ်လား?

ကျုပ်နာမည် ‘ဂျန်**’ ။
အသက်?
၂၄ နှစ်ပါ။

ကျုပ်လား ကျောင်းမှာ နာမည်ကြီးတစ်ယောက်ပေါ့ဗျာ။ကျုပ် က ကျောင်းသား လူမှုရေးအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ပေါ့။ကျောင်းသားတွေကို မေးကြည့်လိုက်  ကျုပ်ဟာ အလွန်ယဉ်ကျေးပြီး ပရဟိတအလုပ်တွေကို မငြီးငြူပဲလုပ်ခဲ့သူလို့ နာမည်ကြီးတာဗျ။တောက်!! ဒီကောင်မကြောင့်ကျုပ်လို လူတကာကို ကူညီတဲ့ကောင် ဘယ်နှစ်ယောက်ရှိလဲ ကျုပ်တို့ တက္ကသိုလ်မှာ လက်ချိုးရေတွက်လို့ရတယ်။ဟုတ်တယ်ကျုပ်ဆို ကျောင်းသားတွေလေးစားကြတယ်။ကျုပ်က ကျောင်းသား ခေါင်းဆောင်တစ်ယောက်ပေါ့ဗျာ။ ( ထိုစကားကို ဂျန် အထပ်ထပ်ပြောနေသည်။ )

ကျုပ်ဘာလို့ ဒီအလုပ်သလုပ်ခဲ့သလဲ?ကျုပ် ကို မသိတဲ့လူမရှိအောင် နာမည်ကြီးချင်လွန်းလို့ပေါ့ဗျ,ဒီနေရာကို မရ ရအောင်ကြိုးစားခဲ့ရတာ။ကျုပ်က ကျော်စောမှုကို နှစ်သက်တယ်လေ လူတွေကြားထဲ ထင်ပေါ်ချင်တယ်။လူတွေ ဂရုစိုက်မှုခံချင်တယ်ဒီလိုနေရာရရဖို့ အတော်ခက်ခဲ့တာဗျ.။

ကျုပ်နဲ့ ဂွန် ၂၀၁၄ ခုနှစ် ၂ လပိုင်းမှာ ချစ်သူတွေဖြစ်ကြတယ်။နာမည်ကြီးတဲ့ ကျုပ်ကို ကြိုက်တဲ့မိန်းကလေးတွေက အများသား။ကျုပ်တို့ အဖွဲ့အစည်းထဲက ဂွန်က အချောဆုံး Queen လေ။ ဂွန်နဲ့ချစ်သူဖြစ်ရတာ ကျုပ်ဂုဏ်ယူတယ်။ဒီကောင်မ ချောတာ မချောတာတွေထက် ဒီကောင်မနဲ့တွဲရင် အခြားကောင်တွေက ကျုပ်ကို အားကျတယ်လေ။ နာမည်ပိုကြီးတာပေါ့။ဒါကြောင့် ဒီကောင်မကို ရွေးချယ်ခဲ့တာ။ကျုပ်တို့ ချစ်သူဖြစ်ပြီး ၂ လလောက်အကြာပေါ့။ ပြဿနာစခဲ့တာ။ကျောင်းသားတွေကို ကျုပ်ရည်းစား ကိုခေါ်ပြပြီး ကြွားချင်တယ်။ အချို့က မသိကြသေးဖူးလေဗျာ။ဒါကြောင့် ကျောင်းသားတွေကို အရက်သောက်ဖို့ ကျုပ် ဖိတ်လိုက်တယ်။

ကျုပ်ရည်းစား ဂွန်ကို ကျုပ်အနားမှာထိုင်ခိုင်းပြီးလူအများ အရှေ့မှာ ဂွန်ကို နိုင်ထက်စီးနင်း ဆက်ဆံပြလိုက်တယ်။ဒီလိုချောတဲ့မိန်းမတစ်ယောက်ဟာ ကျုပ်အတွက်တော့ ဘာမှမဟုတ်ဘူးဆိုတာ လူတွေသိအောင်ပေါ့ဗျာ ပထမတော့ အဆင်ပြေတယ်ဗျ ဂွန်က ဘာဆိုဘာမှ သိပ်မပြောဘူး။ အခြားကောင်တွေကလည်း အထင်တကြီး ပြုံးစိစိနဲ့ပေါ့။မိန်းကလေးတွေကလည်း ကျုပ်ကို ရှိန်သွားကြတယ်။ကျုပ်တို့အားလုံး အတူတူ အရက်ဆက်သောက်နေကြတယ်။ ဂွန်ကို ကျုပ် ဟိုပစ္စည်းယူခဲ့စမ်း ဒီပစ္စည်းယူခဲ့စမ်း ခိုင်းလိုက် ဟန်ကျနေတာပေါ့။ရုတ်တရက် ဂွန်နဲ့ ကျုပ် ပြဿနာတက်ပါလေရော။စကားများကြတာဗျ။

ကျုပ်ပြောတဲ့စကားတွေ အရှေ့နဲ့အနောက်မညီပဲ..စကားမှားသွားတာကို ဂွန်က ငြိမ်ငြိမ်မနေ ထောက်ပြလိုက်တော့ ကျောင်းသားတွေက သိသွားပြီး ဝိုင်းရယ်ကြရော။ကျုပ် သောက်ရှက်ကွဲသွားတယ်။” အေးလေ  အေးလေ ဟားဟား ခေါင်းဆောင်ကြီး ဂျန် ဘာတွေလျှောက်ပြောနေတာလဲ ဟား..ဟား”။” ဂွန်ကို မနိုင်ပါနဲ့ အကိုရေ ဒီလောက်ချောတဲ့ ရည်းစားရထားတာ ပျော်အောင်ထားမှပေါ့” အရက် အရှိန်လေးရလာပြီဆိုတော့ ကျောင်းသားလေးတွေက ကျုပ်ကို ခံပြောလာတယ်။

ဒီကောင်မ ကဒီလိုအမှားထောက်ပြလိုက်တော့ ကျုပ် ခွေးလုံးလုံးဖြစ်သွားတယ်။ကျုပ်ရည်းစားဖြစ်ရင် ကျုပ်လက်အောက်မှာနေရမှာပေါ့ဗျအခုတော့ ကျောင်းသားတွေက ဂွန်ဖက်ပါပြီး ကျုပ်ကရှုံးနှိမ့်သလိုခံစားလိုက်ရတယ်။ဒါကို ကျုပ် မလိုလားဘူး။ကျုပ် အရှက်ကွဲသွားတော့ ဘယ်ရမလဲ  မဆီမဆိုင် ကျုပ်သိထားတဲ့ ဒီကောင်မဒုက္ခရောက်ခဲ့တာကို ပြန် လှောင်ပစ်လိုက်တယ်။”ဟေ့ အားလုံးနားထောင်ကြ  ဂွန် အကြောင်းပြောပြမယ် ဟိုတနေ့က ဂွန်လေ အရှက်ကွဲတာ အိမ်သာထဲမှာ ချော်လဲပြီး xxx”

ကျောင်းသားတွေက မရယ်ပဲ ကျုပ်ကို အံ့သြသလို ဝိုင်းကြည့်လိုက်တယ်။” အစ်ကို့ရည်းစားကို အစ်ကို ကိုယ်တိုင် နှိမ်နှိမ်ချချပြောရက်တယ်ဗျာ”  အတန်းငယ်တဲ့ ညီတစ်ယောက်က ထ ပြောတယ်။ရင်ထဲမှာ တင်းသွားတယ်။အမြဲတမ်း အထင်ကြီးခံရတဲ့ ကျုပ်ဘာဆက်လုပ်ရမှန်းမသိ။ကျုပ်စကားနဲ့ ကျုပ်  အဆင့်အတန်းက အနိမ့်ဆုံး မြေကြီးအောက် ရောက်သွားပြီ။ဒီကောင်မကို အစိမ်းလိုက် ဝါးစားပစ်ချင်တယ်။

မသာမ ဒင်းကြောင့်။

ဒီမှာတင် ဂွန်က ” ကျွန်မ ကိစ္စလေးတစ်ခုရှိလို့ အားလုံးခွင့်ပြုပါဦးရှင့်”ပြဿနာတက်မှာစိုးလို့ရှောင်တဲ့ပုံစံမျိုးလေး လူတွေအရှေ့ လူကောင်းလုပ်ပြန်တယ်။ကျောင်းသားတွေကလည်း ” အင်း  ပြန်လေ ပြန်တာ အကောင်းဆုံးပဲ” တဲ့။ကျုပ် ပိုပြီး စိတ်တိုသွားတယ်။အေးပေါ့  နင်က အခြေအနေကိုထိန်းတဲ့အနေနဲ့ အိမ်ပြန်ပေးတယ်ပေါ့လေ ငါ့ထက် စဉ်းစားဉာဏ်ရှိတယ်ပေါ့။ဂရုဏာသက်တဲ့မျက်လုံးတွေက ဂွန့်ဆီမှာ ငါကတော့ လူယုတ်မာကြီးပေါ့လေ ဟင်း ဘယ်ရမလဲ ။ ကျုပ် ဂွန်ရဲ့အရှေ့ကို သွားပြီးလက်နဲ့ကာလိုက်တယ်။” သူငယ်ချင်းတို့ ငါ ဂွန်နဲ့ရှင်းစရာရှိတယ် မင်းတို့တွေ ထွက်သွားပေးကြမလား”အနှင်ထုတ်ခံရတဲ့ ကျောင်းသားတွေဟာ ကျွန်တော့်ကို ပိုအထင်သေးသွားကြမယ်ဆိုတာ ကျုပ် အဲဒီတုန်းက မတွေးမိဘူး။လူတွေကို ကျုပ်ဟာ ဂွန်ကို အပြစ်ပေးတော့မယ့် ကျောင်းဆရာတစ်ဦးလို့ မြင်စေချင်တာ။ကျောင်းသားတွေလဲထွက်သွားရော ကျုပ် ဂွန့် မျက်နှာကို စိတ်ရှိလက်ရှိ ထိုးပစ်လိုက်တယ်။ဂွန် ပါးစပ်ထဲက သွေးတွေ အများကြီးကျလာတယ်။ အတော်ထိသွားပုံရတယ်။ကျောင်းသားတွေ ပြန်ပြေးလာပြီး ဆွဲကြတယ်။

ကျုပ်သတိပြန်ဝင်လာတယ်။

သေပြီ။

အခုမှ တကယ့်ကို သွားပြီ ကျုပ် တကယ့်အဆင့်အတန်းကို သူတို့တွေ သိသွားပြီ။

နာမည်ပျက်ပြီ။

ကျုပ်စိတ်ကို ဘယ်လိုမှ မထိန်းနိုင်ခဲ့။

ပြဿနာကဒါနဲ့တင်မပြီးဘူး။ဂွန် ပါးစပ်အတွင်းထဲမှာ အတော် ဒါဏ်ရာရပြီး ၅ ချက်ချုပ်လိုက်ရတယ်။ဂွန်ရဲ့မိဘတွေသိသွားပြီး ကျုပ်မိဘတွေဆီလာတိုင်တယ်။ကျုပ်ကို တရားစွဲမယ်တဲ့။ကျုပ်ထောင်ထဲနေရမှာစိုးတဲ့ ကျုပ်မိဘတွေဟာ ဂွန့်မိဘတွေကို တောင်းပန်တာပေါ့။ဘဝမှာ ထောင်ကျဖူးတယ် ဆိုတဲ့မှတ်တမ်းပါသွားရင် မလွယ်ဘူးလေ။ ကျုပ်ကျောင်းပြီးရင် အလုပ်ရဖို့ခက်သွားမယ်။ကျုပ် အမေက ” တရားမစွဲပါနဲ့ရှင်ကျွန်မတို့ သားလေးကျောင်း ခဏထုတ်ပြီး အနားယူခိုင်းပါ့မယ် ရှင်တို့ သမီးကို ထပ်ပြီး အဆက်အသွယ်မလုပ်စေရပါဘူး”လို့ အထပ်ထပ် တောင်းပန်တယ်။ ငွေလည်းပေးတယ်။သူတို့ဖက်က ငွေကို လက်မခံပေမယ့် အမေတောင်းပန်လို့ ဂွန်ရဲ့မိဘတွေက ကျေနပ် သဘောတူလိုက်တယ်။ကျုပ်ကတော့ လုံးဝမတောင်းပန်နိုင်လို့ ထွက်တောင်မတွေ့ဘူး။

မကျေနပ်တာက ကျုပ်။နစ်နာသွားတာက ကျုပ်လေ။

ဂွန်လို ချောမောလှပတဲ့မိန်းကလေးကို ရဖို့လွယ်တာမဟုတ်ဘူး။ ကျုပ် ဂွန်ကိုပြန်လိုချင်တယ်။ ဂွန်နဲ့ ရည်းစားပြန်ဖြစ်ချင်တယ်။ သူမလို ချောတဲ့မိန်းမလှနဲ့ ရည်းစားဖြစ်ဖို့ လွယ်တာမဟုတ်။ကျုပ်ကို အရင်ကလို လူတွေလေးစားတာ ပြန်ခံယူချင်တယ်။ ဘယ်လိုလုပ်ရမလဲ?ရိုက်နှက်တာ မှားမှန်းသိပေမယ့် မတောင်းပန်ချင်ဘူး။ ပြဿနာ မီးမွှေးတာ ဂွန်မဟုတ်လား။ လူကြား သူကြားထဲ သောက်ရှက်ခွဲတာလေ။ဘာပဲဖြစ်ဖြစ် ဂွန်က ကျုပ်ကို တောင်းပန်စေချင်တယ် ဒါဆို ကျုပ် လက်ခံမယ်လေ။ ကျုပ် ပြန်ချော့မှာပေါ့။ပြီးတော့ တစ်ကျောင်းလုံးကို ဂွန်က သူမ အမှားပါလို့ပြောပြီး ကျုပ်သိက္ခာကို ဆယ်စေချင်တယ်။ဒီလိုဖြစ်ရင် သိပ်ကောင်းမှာပဲ။ဂွန်က မတောင်းပန်။ ကျုပ်ကို အရေးမလုပ်တော့ဘူး.။ဂွန်ကိုလည်း မဆုံးရှုံးနိုင်တဲ့ ဒုက္ခပါ ကျုပ်ခံစားနေရပြီ။

လက်တွေ့မှာတော့ ကျုပ်မိဘတွေက ကျုပ်ကို ကျောင်းထုတ်လိုက်တယ်။ဒီတော့ ကျောင်းသားအဖွဲ့အစည်းခေါင်းဆောင်အဖြစ်က အလိုလိုပြုတ်သွားတယ်။သူများတွေကျောင်းတက်ချိန်ရောက်တိုင်း ကျုပ် ဒေါသဖြစ်ရတယ်။ကျောင်းသာတွေ ကျုပ်မရှိတဲ့နောက်ပိုင်း ကျုပ်အတင်းတွေ ပြောနေကြမှာပေါ့။ ဒီလိုတွေးမိတိုင်း ရင်ထဲကအောင့်ပြီး ပိုပြီး ဝမ်းနည်း ဒေါသဖြစ်တယ်။ဒါတွေဟာ ဂွန်နဲ့ ဂွန့်မိဘတွေကြောင့်။

ဂွန်ကတော့ အေးဆေးပဲ ရည်းစားလဲထပ်မထားဘူး စာကြိုးစားတယ်လို့ ကြားတယ်။ဂွန့်ကို ကြိုက်နေတဲ့ကောင်တွေကလည်း ရည်းစားနဲ့ကွဲတယ်ကြားတော့ ပြန်ချဉ်းကပ်နေတယ် ပြောကြတယ်။ဒီသတင်းတွေက ကျုပ်ကို ပိုနာကျည်းစေတယ်။ဂွန်က အဆင့်အတန်းမြင့်မြင့် လူကောင်းမကြီးပေါ့ လူတွေရဲ့အချစ်တော်။ကျုပ်က သောက်အဆင့်မရှိတဲ့ကောင်ပေါ့။ပြောင်းပြန်ဖြစ်နေပြီအိမ်မှာနေရတဲ့ ဒုက္ခကလည်း မသေးလ။

နေ့တိုင်းတွေးမိတယ်

‘ ငါဒီလောက် နာမည်ကြီးတာငါ့ကို ကျောင်းမှာမတွေ့ကြရင် လူတွေက ဒီကောင်မကို မေးမှာပဲ။ ဒီကောင်မ ငါ့အကြောင်းမကောင်းပြောမှာပေါ့။’လို့

တစ်နေ့ထက် တစ်နေ့ ကျုပ်ရင်တွေ ပူလောင်လာတယ်။ကျောင်းတက်ခွင့်ရရင် လူတွေငါ့အတင်းသိပ်ပြောမှာမဟုတ်ဘူး။ ငါ့မရှိတော့ ပိုဆိုးနေမှာ။ဂွန့်မိဘတွေကို သတ်ပစ်မယ်။

၂၀၁၄ ခုနှစ် ၅ လပိုင်း ၁၉ ရက်နေ့

ညနေ ၅ နာရီ

ကျုပ် ဂွန် တို့အိမ်ကို ရေပိုက်ပြင်တဲ့ အလုပ်သမားဟန်ဆောင်ပြီး ဝင်လိုက်တယ်။ ဂွန်မိဘတွေ တံခါးဖွင့်ပေးတယ်။ကျုပ်ရဲ့ရုပ်ကို သူတို့ မမှတ်မိတာ သေချာပြီ။ပြီးတော့ အိမ်အနေအထားကို အကဲခတ်လိုက်တယ် ။အိမ်မှာ ဂွန်ရဲ့ အမေနဲ့အဖေ ၂ ယောက်ပဲ ရှိနေတယ်။ကျုပ် ဒီလိုပြောလိုက်တယ်။”အန်တီ ကျွန်တော် ပစ္စည်းကျန်ခဲ့လို့ ခဏကြာရင် ပြန်လာခဲ့ပါမယ်။” အနီးဆုံး စူပါမားကက်ကိုသွားပြီး ကျုပ် အရက်နဲ့ ဓားတွေ ဝယ်လိုက်တယ်။ ဂွန်တို့အိမ်ကို ပြန်သွားလိုက်တယ်။ “ဪ စောစောက အလုပ်သမားပါလား”ဆိုပြီး ကျုပ်ကို တံခါးဖွင့်ပေးကြပြန်တယ်လေ။ကျုပ်ဟာ အိမ်သာထဲဝင် ရေပိုက်ပြင်ချင်ရောင်ဆောင်ပြီး ဂွန်အမေကို” အန်တီရေ ကျွန်တော့်ကို ခဏလာကူပါဦး”

ဂွန်ရဲ့အမေရောက်လာတော့ ရုတ်တရက် တံခါးပိတ်ပြီး ဓားနဲ့ မျက်နှာကိုထိုးလိုက်ပြီး တူနဲ့ထုပြီး သတ်ပစ်လိုက်တယ် ရုတ်ရုတ်သဲသဲ အခြေအနေကို ရိပ်မိတဲ့ ဂွန့်အဖေက ထွက်ပြေးဖို့ကြိုးစားတယ်။ ဘယ်ရမလဲ သူမ အဖေကို အမိအရဖမ်းပြီး ဓါးနဲ့ထိုး သတ်ပစ်လိုက်တယ်။ သွေးထွက်နေတဲ့ အလောင်းတွေကို အသင့်ယူလာတဲ့ ဂျုံမှုန့်နဲ့ ဖြူးထားလိုက်တယ်။သွေးတွေ ဂျုံမှုန့်နဲ့ကပ်ပြီး လုံးသွားအောင်ပေါ့။ပြီးတော့ ဂွန့်အဖေရဲ့အလောင်းကို အိပ်ခန်းထဲထည့်ပိတ်ထားလိုက်တယ်။သူတို့အိမ်ကခွေးကိုတော့ အဝတ်လျှော်စက်ထဲ ထည့်လှည့်ပြီးသတ်ပစ်လိုက်တယ်။

ပြီးတော့ အရက်သောက်ပြီး ဂွန် အိမ်ပြန်အလာကို စောင့်နေလိုက်တယ်။ဒီကောင်မ တော်တော်နဲ့အိမ်ပြန်မလာဘူး။ဂွန် အဖေ ဖုန်းကိုသုံးပြီး ” အိမ်အမြန်ပြန်လာ” လို့စာပို့လိုက်တယ်။ဂွန် အိမ်ပြန်လာတော့ ည ၁၂ နာရီကျော်နေပြီ..။

ကျွန်တော် အိမ်ထဲဝင်လာတဲ့ ဂွန်ကို ပါးစပ်ပိတ်ပြီး ရေချိုးခန်းဖက်ကို ခေါ်သွားလိုက်တယ်။”ငါ… မင်းအမေကို သတ်လိုက်ပြီ…” ပြီးတော့ ဂွန်ကို သူမအိပ်ခန်းထဲခေါ်သွားလိုက်တယ်။ “အဖေ အဖေရော?”

“.ဓားနဲ့ထိုးထားတယ် သူ့အခန်းထဲမှာ”

” နင် ငါ့အဖေကို မသတ်ပါနဲ့  ၁၁၉ ကို ဖုန်းခေါ်ခွင့်ပေးပါ နင် ငါ့ဆီကဘာလိုချင်လဲ အကုန်ပေးပါမယ်”

“ငါ နဲ့ အတူအိပ်!”

” ဟင်? ”

“ဘာလဲမလိုက်လျှောနိုင်ဘူးလားနင်နဲ့ ၂ လကျော် ကြိုက်ခဲ့တာ ဘာမှလဲမဖြစ်ခဲ့ရလို့ မကျေနပ်ဘူး”

“အဲဒါဆိုလဲ လိုက်လျှောပါ့မယ် အဖေ့ကိုတော့ မသတ်ပါနဲငါတောင်းပန်ပါတယ်ဟာ”

” အင်း နင်အဲလို လိမ္မာရင် စဉ်းစားမယ်လေ”

ကျုပ် ဂွန်ကို မုဒိမ်းကျင့်လိုက်တယ်။ မုဒိမ်းကျင့်ပြီးသွားတော့ ဂွန်ကိုခေါ်ပြီး သူမ အဖေသေနေပြီဆိုတာပြလိုက်တယ်။ဟား ဒီကောင်မ ရူးတော့တာပဲ။ဒီကောင်မ သေမလို စိတ်ထိခိုက်တာတွေတော့ ကျုပ် ဝမ်းသာတယ်။”နင်ငါ့ကို စကားအပြောမဆင်ခြင်တာလေ။မှတ်ပြီလား?”

ထွက်ပြေးဖို့ကြိုးစားတဲ့ ဂွန်ကို ကျုပ် ခြေလက်တွေ ချည်နှောင်ပြီး ဖမ်းချုပ်ထားလိုက်တယ်။ပြီးတော့ ကျုပ် ကျောင်းသား လူမှုရေးအသင်းခေါင်းဆောင်ဘယ်လိုဖြစ်အောင်လုပ်ခဲ့ရတယ်ဆိုတာ ဒီကောင်မသိအောင် ပြောပြတယ်။ဒီကောင်မကို အဖွဲ့ကထွက်ဖို့ ကတိတောင်းတယ်။တစ်ညလုံး ဒီကောင်မ ကို ကျုပ်စကားထိုင်ပြောတယ်။ အဖွဲ့သားတစ်ယောက်ချင်းက ကျုပ်ကို ဘယ်လိုလေးစားတဲ့အကြောင်းတွေပေါ့။

ဒါနဲ့ မနက် ၉ နာရီကျော်လာတယ်။ ဒီကောင်မ ခြေလက်တွေဖြည်ပေးလိုက်ပြီး ဒီကောင်မကို နှိပ်စက်ဖို့ ကျွန်တော် စ လုပ်တယ်။ဒီကောင်မကို တစ်ချက်ချင်းရိုက်တယ်။ပြီးရင် သတ်ပစ်မလို့ပေါ့။ဒါပေမဲ့ ဒီကောင်မက ကျုပ် အလစ်မှာ အိမ်ပေါ်ကခုန်ချလိုက်တယ်လေ။ကျုပ်လည်း အင်္ကီျိ- ဘောင်းဘီ လဲပြီး ထွက်ပြေးလာခဲ့တယ်။သွေးတွေပေမယ်ဆိုတာသိလို့ အင်္ကျီတွေ အသင့်ယူလာတာလေ။ဒါပေမဲ့ ဒီကောင်မ မိဘတွေကို ဓါးနဲ့ထိုးတော့ ကျုပ်လက်တွေပါ ဓါးရှကုန်တယ်။ဒီမှာကြည့်။ နာလိုက်တာ။ဒီကောင်မ မိဘမဲ့သွားပြီ,။တစ်ဘဝလုံး နောင်တရပေတော့

ဂျန်သည် ထောက်လှမ်းရေး ရဲအရာရှိနှင့် မှုခင်းဆိုင်ရာ စိတ်ပညာရှင်တို့အားပြောခဲ့သော ဖြောင့်ချက်များဖြစ်ပါသည်။တစ်ခါတစ်ရံ လူတို့သည် ဂျန်ကဲ့သို့ ပရဟိတလုပ်ငန်းများကို မိမိနာမည်ကြီးလိုမှု၊ လူတကာ အထင်ကြီးလေးစားမှုကို ခံလိုမှု စသည်.. မိမိအကျိုးအတွက် ပြုလုပ်ကြလေသည်။ ၎င်းတို့သည် မျက်နှာဖုံးစွပ် ပရဟိတများဖြစ်လေသည်။မျက်နှာဖုံးကျွတ်သွားသောအခါ ယခုလို ရှက်ရမ်းရမ်း၍ အန္တရယ်ကြီးစွာပေးတတ်လေသည်။

နိဂုံး

လူမိုက်တို့သည် မိမိကိုယ်ကို မိမိအပြစ်မမြင်တတ်ပေ။ တနည်းအားဖြင့် မိမိအပြစ်ကို မိမိ ဝန်မခံတတ်သောသူများသည် လူမိုက်များဖြစ်ကြသည်။အရာအားလုံးကို သူတပါးကြောင့်ဖြစ်သည်ဟု အပြစ်ပုံချတတ်လေသည်။ကျွန်မတို့ငယ်စဉ်က ကျောက်တုံးတစ်ခု မတော်တဆ ခလုတ်တိုက်၍ လမ်းပေါ်ချော်လဲကျလျှင် မိဘ အဘိုးအဘွားက မည်သို့ပြောသနည်း?

“သမီး နာသွားလား ဒီကျောက်တုံးကြောင့်ကိုး ။ ”

“ကဲဟယ်. ကဲဟယ်” ဆို၍ ကလေးကိုချော့သည်အနေဖြင့် ကျောက်တုံးကို ရိုက်ချင်ယောင်ဆောင်ပါသည်။စိတ်ပညာရှင်တို့က ဤနည်းသည် အလွန်မှားသော ကလေးချော့နည်းဖြစ်သည်တဲ့။ထို ကလေးသည် မိမိအပြစ်ကို မမြင်ပဲ သက်ရှိ၊ သက်မဲ့တို့ကြောင့်ဟု အပြစ်လွှဲချတတ်သည့် အကျင့်သည် အရိုးစွဲသွားတတ်လေသည်။ထိုအကျင့်ဆိုးရအောင် မိဘများက သင်ပေးလိုက်သလို ဖြစ်နေသည်။

ကလေးအချင်းချင်းရန်ဖြစ်လျှင် မိမိ သားသမီးဖက်မှ ၁၀၀ % ရန်ဖြစ်ပေးသော မိဘများရှိသည်။ အလွန်မှားပါသည်။ ထိုအခါ သားသမီးတို့သည် မိမိတွင် အပြစ်မရှိ သူတပါးအပြစ်ကိုသာမြင်လေသည်။ ၎င်းကို မိဘကိုယ်တိုင်က အားပေးအားမြှောက် ရန်ဖြစ်ပေးသောအခါ မိမိမှာ အပြစ်မရှိဟု ပို၍ ယုံကြည်သွားကြသည်။

ကလေးအချင်းချင်းရန်ဖြစ်လျှင် တစ်ဖက်ကို အားနာ၍ ၁၀၀ % တောင်းပန်ကာ မိမိသားသမီးအား အပြစ်ဒါဏ်ပေးသော မိဘများသည်လည်း အလွန်မှားလေသည်။ ထိုအခါ သားသမီးတို့သည် မိမိတို့ နောက်ဆုံးအားကိုးအားထားရာ မိဘတို့ အကူအညီကိုမရ၍ မိဘများအား အယုံအကြည့်မဲ့သွားသည်ဟု စိတ်ပညာရှင်များကပြောကြသည်။

ပြဿနာတစ်ခုဖြစ်လာလျှင် ရိုးသားစွာ အမှန်တရားဖက်မှရပ်တည်ပေးသောမိဘတို့၏ ကလေးတို့သည်သာ အမှန်တရားကို ချစ်မြတ်နိုးလေသည်။ မိမိအပြစ်ရှိလျှင် ဝန်ခံတတ်လေသည်။မှုခင်းစိတ်ပညာရှင်တို့က လူသတ်သမား ဂျန် သည် မိမိအပြစ်ကို မိမိဝန်ခံရမည်ကို အလွန်ကြောက်တတ်သည်မှာ ငယ်စဉ်ဘဝကစခဲ့ကြောင်း တွေ့ရှိရသည်။

ယခုအခါတွင် ဂျန်၏ မိဘများက သူ့အား မဆုံးမနိုင်တော့။ ထိုအခါ လူသတ်မှုများကို ကျူးလွန်သည်အထိဖြစ်ခဲ့သည်ဟု…မှတ်ချက်ချလေသည်။ဂျန်သည် သူလုပ်ခဲ့မိသော အပြစ်ကို သူမသိချင်ပါ ။ မသိချင်သော်လည်း သိနေသည့်အခါ  ဒေါသဖြစ်သည်။အရှက်ကွဲသည့်အခါ မခံမရပ်နိုင်ဖြစ်သွားသည်။ဖြစ်သမျှအားလုံးအား ဂွန်ကြောင့်ဟုဆိုကာ သူမအား နောင်တရ ဝမ်းနည်းစေလို၍ လူသတ်သည်အထိ ပြုလုပ်ခဲ့လေသည်။

လူသတ်ပြီးသော ဂျန်သည် အပူအပင်မရှိ အိမ်ပြန်၍ ထမင်းစားကာ မောမောနှင့် အိပ်ပျော်သွားသည်။ရဲများလာသောအခါ အိပ်ပျော်နေ၍ အတင်းနှိုးရသည်ဟုဆိုသည်။ဂွန် တိုက်ပေါ်မှ ခုန်မချခင် ဂျန်က ဂွန်အားနောက်ဆုံးပြောခဲ့သည့်စကားမှာ” ငါ ကျောင်းသွားပြီး ကျောင်းသားလူမှုရေးအဖွဲ့က နင့်ဖက်ပါတဲ့သူတွေ အကုန်လိုက်သတ်ဦးမှာ အခု နင့်ကိုအရင်သတ်မယ်” အဖမ်းခံရသောအခါလည်း သူ့လက်မှ ဓားထိသောဒါဏ်ရာအား ပတ်တီးစီးရန် တာဝန်ရှိသူများအား ဆေးခန်းပြခိုင်းခဲ့သည်။

ဂျန်တွင် နောင်တမရှိ။
တကိုယ်ကောင်းဆန်သည်။
သနားကြင်နာမှုမရှိ။

တရားသူကြီးက လူမဆန်သော ဂျန်အား ” သေဒါဏ်” ပေးခဲ့လေသည်။

တောင်ကိုရီးယားနိုင်ငံတွင် ယခုလောလောဆယ် သေဒါဏ်အား လူမှုအခွင့်အရေး ဥပဒေအရ ခဏတာ ရပ်ဆိုင်းထားသော်လည်း အစိုးရပြောင်း၍ သေဒါဏ်ခွင့်ပြုလျှင် တစ်ယောက်ပြီး တစ်ယောက် ကြိုးစင်တက်ရမည်ဖြစ်သည်။ဂျန်သည် တောင်ကိုရီးယား၏ ၆၁ ယောက်မြောက် ကြိုးစင်တက်ရမည့်သူဖြစ်လေသည်။ဂွန်က မိဘမဲ့ဖြစ်သွားသည်။ဂျန်ကတော့ သေဒါဏ်အပေးခံလိုက်ရသည်။

တက္ကသိုလ်တစ်ခုလုံးတင်သာမက တောင်ကိုရီးယားတစ်နိုင်ငံလုံးက ဂျန့်ကိုမုန်းတော့သည်။ကောင်းသောရလဒ်တစ်ခုမှ မရှိပေ..။ယခုအခါ ထောင်ထဲတွင် ဒေါသမီးတို့ဖြင့်ပူလောင်၍ သေရမည့်ရက်ကို စောင့်နေလေသည်။မည်သူမပြု မိမိမှုဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး (ကိုရီးယား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top