န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အဆုိေတာ္ ရဲရင့္ေအာင္တစ္ေယာက္ ဇြန္လ ၁ ရက္ေန႔မွာ ရုံတင္ေတာ့မယ့္ ” ငါ့ကုိ နမ္းတဲ့မုန္တုိင္း” ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပတ္သက္ၿပီး ရင္ေတြခုန္ေနတယ္လုိ႔ ဆုိပါတယ္။ အ့ဲဒီေနာက္ အကယ္ဒမီေဒၚေဆြဇင္ထုိက္က ဝင္းဦးေပါက္စေလးနဲ႔ တူတယ္ဆုိတဲ့ ခ်ီးက်ဴးခဲ့တဲ့အေပၚ သူ႔ရင္ထဲက စကားသံကုိ အခုလုိေျပာျပခဲ့ပါတယ္။

” ကၽြန္ေတာ္ ႏႈတ္ခမ္းေမႊးေလးတပ္ထားလုိ႔ထင္တယ္။ ကၽြန္ေတာ္ႏႈတ္ခမ္းေမႊးပါလုိ႔ ဦးဝင္းဦးနဲ႔တူတယ္လုိ႔ အေျပာခံရတာပဲထင္ပါတယ္ ခင္ဗ်။ ေပ်ာ္တာေပါ့ Leading တစ္ေယာက္နဲ႔ ႏႈိင္းယွဥ္ခံရတာဆုိေတာ့ ဒါေပမယ့္ ကၽြန္ေတာ္ခံယူထားတာေတာ့ ကၽြန္ေတာ္က ႏႈတ္ခမ္းေမႊးနဲ႔ နည္းနည္း ဂ်စ္ကန္ကန္ပုံျဖစ္ေနေတာ့ ဦးဝင္းဦးနဲ႔ တူတယ္လုိ႔ ေျပာတာလုိ႔ဘဲ ယူဆပါတယ္” လုိ႔ သူကဆုိပါတယ္။

ရဲရင့္ေအာင္အေနနဲ႔ ငါ့ကုိနမ္းတဲ့ မုန္တုိင္း ဇာတ္ကားထဲက ၾသရထူး ဆုိတဲ့ကာရုိက္တာအေပၚ တာဝန္ေက်ပါ့မလားဆုိတဲ့ စုိးရိမ္စိတ္ ရွိခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။

”လုပ္ရမယ့္ ကာရုိက္တာအေပၚ တာဝန္ေက်ပါ့မလားဆုိတာမ်ဳိးေတာ့ စုိးရိမ္မႈရွိခဲ့တယ္။ ကၽြန္ေတာ္အခုထိ ရင္ခုန္ေနတုန္းပါပဲ။ ၁ ရက္ေန႔ က်ရင္ ရုံေပၚေရာက္ေတာ့မွာဆုိေတာ့ ပရိသတ္ၾကည့္ၿပီးရင္ ဘာေတြ ဆက္ျဖစ္မလဲ ဆုိတာကုိ ရင္ခုန္ေနပါတယ္။ ကၽြန္ေတာ္လုပ္ခဲ့တဲ့ အရာ ေတြအတြက္ အသိအမွတ္ျပဳျခင္းခံရတာကုိလည္း တကယ္ဝမ္းသာပါတယ္။ ေအာင္ျမင္မယ္လုိ႔ ထင္ထားတယ္ဆုိတာမ်ဳိး စိတ္ထဲမွာ မရွိဘူး”

ရဲရင့္ေအာင္အတြက္ ပထမဆုံးရုံတင္လုိက္တဲ့ ရုပ္ရွင္ဇာတ္ကားႀကီးအေပၚ အားေပးေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ေတြရွိတာေၾကာင့္ ေနာက္ထပ္လည္း အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားသြားမယ္လုိ႔ ဆုိပါတယ္။ အခြင့္အေရးရရင္လည္း သရုပ္ေဆာင္အလုပ္ကုိ ဆက္လုပ္သြားဦးမယ္လုို႔ ဆုိပါတယ္။

” ကၽြန္ေတာ္လုပ္ေနတဲ့ တျခားအႏုပညာေတြကုိေရာတျခားလုပ္တဲ့အရာေတြေရာ အားေပးပါ။ ကၽြန္ေတာ္ႀကိဳးစားေနပါတယ္၊ ကၽြန္ေတာ့္ရဲ႕ ဒုတိယအေခြကုိလည္း ပရိသတ္လက္ထဲ အျမန္ဆုံးထည့္ေပးႏုိင္ေအာင္ႀကိဳးစားေနပါတယ္။ ဇာတ္ကားေတြ ရုိက္ကူးခြင့္ရရင္လည္း ရုိက္ကူးဦးမွာပါခင္ဗ်” လုိ႔ ဆုိပါတယ္။

ဇြန္လ ၁ ရက္ေန႔မွာ ရုံတင္ျပသေတာ့မယ့္ ” ငါ့ကုိနမ္းတဲ့ မုန္တုိင္း” ရုပ္ရွင္ဇာတ္ကားႀကီးကုိ Bo Bo Flim Production ကေန ထုတ္လုပ္တာ ျဖစ္ၿပီး ဒါရုိက္တာေအာင္ေဇာ္လင္းနဲ႔ ဝင္းလြင္ထက္ တုိ႔က ရုိက္ကူးပုံေဖာ္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးထဲမွာ ၾသရထူး အျဖစ္ ရဲရင့္ေအာင္၊ ေနညိဳသြင္ အျဖစ္ လႊမ္းပုိင္၊ ရွင္ပ်ဴိ အျဖစ္ ေဖြးေဖြးတုိ႕က အဓိကပါဝင္သရုပ္ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun

#Unicode Version#
အဆိုတော် ရဲရင့်အောင်တစ်ယောက် ဇွန်လ ၁ ရက်နေ့မှာ ရုံတင်တော့မယ့် ” ငါ့ကို နမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ရင်တွေခုန်နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ဝင်းဦးပေါက်စလေးနဲ့ တူတယ်ဆိုတဲ့ ချီးကျူးခဲ့တဲ့အပေါ် သူ့ရင်ထဲက စကားသံကို အခုလိုပြောပြခဲ့ပါတယ်။

” ကျွန်တော် နှုတ်ခမ်းမွှေးလေးတပ်ထားလို့ထင်တယ်။ ကျွန်တော်နှုတ်ခမ်းမွှေးပါလို့ ဦးဝင်းဦးနဲ့တူတယ်လို့ အပြောခံရတာပဲထင်ပါတယ် ခင်ဗျ။ ပျော်တာပေါ့ Leading တစ်ယောက်နဲ့ နှိုင်းယှဉ်ခံရတာဆိုတော့ ဒါပေမယ့် ကျွန်တော်ခံယူထားတာတော့ ကျွန်တော်က နှုတ်ခမ်းမွှေးနဲ့ နည်းနည်း ဂျစ်ကန်ကန်ပုံဖြစ်နေတော့ ဦးဝင်းဦးနဲ့ တူတယ်လို့ ပြောတာလို့ဘဲ ယူဆပါတယ်” လို့ သူကဆိုပါတယ်။

ရဲရင့်အောင်အနေနဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကားထဲက သြရထူး ဆိုတဲ့ကာရိုက်တာအပေါ် တာဝန်ကျေပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။

”လုပ်ရမယ့် ကာရိုက်တာအပေါ် တာဝန်ကျေပါ့မလားဆိုတာမျိုးတော့ စိုးရိမ်မှုရှိခဲ့တယ်။ ကျွန်တော်အခုထိ ရင်ခုန်နေတုန်းပါပဲ။ ၁ ရက်နေ့ ကျရင် ရုံပေါ်ရောက်တော့မှာဆိုတော့ ပရိသတ်ကြည့်ပြီးရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ရင်ခုန်နေပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အရာ တွေအတွက် အသိအမှတ်ပြုခြင်းခံရတာကိုလည်း တကယ်ဝမ်းသာပါတယ်။ အောင်မြင်မယ်လို့ ထင်ထားတယ်ဆိုတာမျိုး စိတ်ထဲမှာ မရှိဘူး”

ရဲရင့်အောင်အတွက် ပထမဆုံးရုံတင်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအပေါ် အားပေးစောင့်မျှော်နေကြတဲ့ ပရိသတ်တွေရှိတာကြောင့် နောက်ထပ်လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အခွင့်အရေးရရင်လည်း သရုပ်ဆောင်အလုပ်ကို ဆက်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

” ကျွန်တော်လုပ်နေတဲ့ တခြားအနုပညာတွေကိုရောတခြားလုပ်တဲ့အရာတွေရော အားပေးပါ။ ကျွန်တော်ကြိုးစားနေပါတယ်၊ ကျွန်တော့်ရဲ့ ဒုတိယအခွေကိုလည်း ပရိသတ်လက်ထဲ အမြန်ဆုံးထည့်ပေးနိုင်အောင်ကြိုးစားနေပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးခွင့်ရရင်လည်း ရိုက်ကူးဦးမှာပါခင်ဗျ” လို့ ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ” ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo Flim Production ကနေ ထုတ်လုပ်တာ ဖြစ်ပြီး ဒါရိုက်တာအောင်ဇော်လင်းနဲ့ ဝင်းလွင်ထက် တို့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ သြရထူး အဖြစ် ရဲရင့်အောင်၊ နေညိုသွင် အဖြစ် လွှမ်းပိုင်၊ ရှင်ပျိူ အဖြစ် ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top