ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

တခ်ိဳ႕ေဆးေတြဟာ အစာနဲ႔ျခားၿပီး ေသာက္ရေပမယ့္ တခ်ိဳ႕ေဆးေတြကိုေတာ့ အစာနဲ႔တြဲၿပီး ေသာက္ခိုင္းတာ၊ အစာစားၿပီးမွ ေသာက္ခိုင္းတာမ်ိဳး ရွိပါတယ္။ ဒီလိုျဖစ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ -

1.ပ်ိဳ႕အန္ခ်င္စိတ္ နည္းေစရန္

ပ်ိဳ႕အန္ခ်င္စိတ္ကို ျဖစ္ေစတတ္တဲ Allopurinol ေဂါက္ေရာဂါေဆး၊ bromocriptine ႏို႔ခမ္းေဆးနဲ႔ madopar ဆိုတဲ့ ေဆးေတြကို အစာစားၿပီးမွ ေသာက္ျခင္းျဖင့္ ပ်ိဳ႕အန္ခ်င္စိတ္ကို နည္းေစပါတယ္။

2.အစာအိမ္ ထိခိုက္မႈ နည္းေစရန္

တခ်ိဳ႕ေဆးေတြဟာ အစာအိမ္ကို ထိခိုက္ေစတတ္ၿပီး အစာနဲ႔ တြဲစားျခင္းျဖင့္ မထိခိုက္ေစေအာင္ ကာကြယ္ႏိုင္ပါတယ္။ Aspirin နဲ႔ NSAID အကိုက္အခဲေပ်ာက္ေဆးေတြ၊ စတီး႐ြိဳက္ေဆးေတြကို ေပါင္မုန္႔၊ ႏို႔ စသည္ျဖင့္ အစာ တစ္ခုခုနဲ႔ တြဲစားသင့္ပါတယ္။

3.ရင္ပူျခင္း နည္းေစရန္

အစာအိမ္ထဲ အစာေတြ ေရာက္လာတဲ့အခါ အက္ဆစ္ဓာတ္ေတြ ထြက္ၿပီး ဒီအက္ဆစ္ေတြ အေပၚကို လွ်ံတက္တဲ့အခါ ရင္ပူတတ္ပါတယ္။ ဒီလိုရင္ပူျခင္းမျဖစ္ေအာင္ Antacid ေဆးေတြက ကာကြယ္ေပးတာေၾကာင့္ ဒီေဆးေတြကို အစာနဲ႔တြဲၿပီး သို႔မဟုတ္ အစာ စားၿပီးခ်ိန္ေတြမွာ ေသာက္ေပးသင့္ပါတယ္။

4. ေဆးေတြ အစာနဲ႔ မပါသြားေစရန္

လွ်ာမွာ ခ႐ုသင္း ေပါက္တာေတြ၊ မႈိစြဲတာေတြအတြက္ ေပးတဲ့ ပလုတ္က်င္းေဆးေတြ၊ မႈိသတ္ေဆးအရည္ေတြကို အစာ စားၿပီးမွ လိမ္းေပးျခင္းျဖင့္ အစာနဲ႔ ပါမသြားေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

5.ေဆးကို ေသြးထဲ ေကာင္းေကာင္းစုပ္ႏိုင္ရန္

HIV အတြက္ေပးတဲ့ ritonavir, saquinavir, nelfinavir စတဲ့ ေဆးေတြကို စုပ္ယူဖို႔ အစာရွိဖို႔ လိုအပ္တာေၾကာင့္ အစာ စားၿပီးမွ ေသာက္ေပးရပါမယ္။

6.အစာ စားၿပီးခ်ိန္ ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို အေထာက္အကူျဖစ္ေစရန္

ဆီးခ်ိဳေရာဂါအတြက္ ေသာက္တဲ့ေဆးေတြကို အစာ စားၿပီးခ်ိန္မွာ ေသြးတြင္းအခ်ိဳဓာတ္ကို မတက္ေအာင္၊ မက်ေအာင္ ထိန္းေပးႏိုင္ေစရန္အတြက္ အစာနဲ႔ တြဲေသာက္ေပးရသလို နာတာရွည္ မုန္႔ခ်ိဳအိတ္ ေရာင္ေနသူေတြမွာလည္း အစာေခ်ဖို႔ လိုအပ္တဲ့အင္ဇိုင္းေဆးေတြကို အစာနဲ႔ တြဲေသာက္ေပးရပါမယ္။

ေဆးကို ဘယ္အခ်ိန္မွာ ေသာက္သင့္သလဲ မေသမခ်ာ မေရမရာ ျဖစ္ေနခဲ့ရင္ ဆရာဝန္ သို႔မဟုတ္ ေဆးဝါးပညာရွင္ေတြကို ေမးျမန္းႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
တချို့ဆေးတွေဟာ အစာနဲ့ခြားပြီး သောက်ရပေမယ့် တချို့ဆေးတွေကိုတော့ အစာနဲ့တွဲပြီး သောက်ခိုင်းတာ၊ အစာစားပြီးမှ သောက်ခိုင်းတာမျိုး ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ -

1.ပျို့အန်ချင်စိတ် နည်းစေရန်

ပျို့အန်ချင်စိတ်ကို ဖြစ်စေတတ်တဲ Allopurinol ဂေါက်ရောဂါဆေး၊ bromocriptine နို့ခမ်းဆေးနဲ့ madopar ဆိုတဲ့ ဆေးတွေကို အစာစားပြီးမှ သောက်ခြင်းဖြင့် ပျို့အန်ချင်စိတ်ကို နည်းစေပါတယ်။

2.အစာအိမ် ထိခိုက်မှု နည်းစေရန်

တချို့ဆေးတွေဟာ အစာအိမ်ကို ထိခိုက်စေတတ်ပြီး အစာနဲ့ တွဲစားခြင်းဖြင့် မထိခိုက်စေအောင် ကာကွယ်နိုင်ပါတယ်။ Aspirin နဲ့ NSAID အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်ဆေးတွေကို ပေါင်မုန့်၊ နို့ စသည်ဖြင့် အစာ တစ်ခုခုနဲ့ တွဲစားသင့်ပါတယ်။

3.ရင်ပူခြင်း နည်းစေရန်

အစာအိမ်ထဲ အစာတွေ ရောက်လာတဲ့အခါ အက်ဆစ်ဓာတ်တွေ ထွက်ပြီး ဒီအက်ဆစ်တွေ အပေါ်ကို လျှံတက်တဲ့အခါ ရင်ပူတတ်ပါတယ်။ ဒီလိုရင်ပူခြင်းမဖြစ်အောင် Antacid ဆေးတွေက ကာကွယ်ပေးတာကြောင့် ဒီဆေးတွေကို အစာနဲ့တွဲပြီး သို့မဟုတ် အစာ စားပြီးချိန်တွေမှာ သောက်ပေးသင့်ပါတယ်။

4. ဆေးတွေ အစာနဲ့ မပါသွားစေရန်

လျှာမှာ ခရုသင်း ပေါက်တာတွေ၊ မှိုစွဲတာတွေအတွက် ပေးတဲ့ ပလုတ်ကျင်းဆေးတွေ၊ မှိုသတ်ဆေးအရည်တွေကို အစာ စားပြီးမှ လိမ်းပေးခြင်းဖြင့် အစာနဲ့ ပါမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

5.ဆေးကို သွေးထဲ ကောင်းကောင်းစုပ်နိုင်ရန်

HIV အတွက်ပေးတဲ့ ritonavir, saquinavir, nelfinavir စတဲ့ ဆေးတွေကို စုပ်ယူဖို့ အစာရှိဖို့ လိုအပ်တာကြောင့် အစာ စားပြီးမှ သောက်ပေးရပါမယ်။

6.အစာ စားပြီးချိန် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူဖြစ်စေရန်

ဆီးချိုရောဂါအတွက် သောက်တဲ့ဆေးတွေကို အစာ စားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်ကို မတက်အောင်၊ မကျအောင် ထိန်းပေးနိုင်စေရန်အတွက် အစာနဲ့ တွဲသောက်ပေးရသလို နာတာရှည် မုန့်ချိုအိတ် ရောင်နေသူတွေမှာလည်း အစာချေဖို့ လိုအပ်တဲ့အင်ဇိုင်းဆေးတွေကို အစာနဲ့ တွဲသောက်ပေးရပါမယ်။

ဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ မသေမချာ မရေမရာ ဖြစ်နေခဲ့ရင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်တွေကို မေးမြန်းနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top