×

ေဘးထြက္ဆိုးက်ဳိးလည္း မရွိ၊ အသစ္အဆန္းလည္းျဖစ္တဲ့ အလွအပအတြက္ အက်ဳိးျပဳေပးမယ့္အေလ့အထေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။ တခ်ဳိ႕အခ်က္ ေတြကသိၿပီးသားျဖစ္ေလာက္ေပမယ့္ လက္ေတြ႕လုပ္ေဆာင္ၾကည့္ဖို႔ေတာ့လိုပါလိမ့္မယ္။

ရယ္ေမာျခင္း – ရယ္ေမာျခင္းဟာ အေကာင္းဆံုးေဆးလို႔ဆိုထားတဲ့အတိုင္း စိတ္လြတ္ကိုယ္လြတ္ရယ္ေမာတဲ့ခါ စိတ္ရႊင္လန္းေပါ့ပါးၿပီး ပါးေတြႏွင္းဆီေရာင္၊ ပန္းႏုေရာင္သမ္းလာၿပီး အေရျပားအတြက္လည္း    ေကာင္းက်ဳိးျပဳပါ တယ္။

ေခါင္းေလွ်ာ္ရည္မသံုးျခင္း- ေခါင္းေလွ်ာ္ရည္ေတြက ဆံသားေတြကိုေျခာက္ၿပီးႂကြပ္ဆတ္ေစ တာေၾကာင့္ ေခါင္းေလွ်ာ္ရည္သံုးမယ့္အစား ဆံပင္ ေပ်ာ့ေဆးေလးနဲ႔ပဲ ေခါင္းေလွ်ာ္တာမ်ဳိးလုပ္သင့္ပါ

တယ္။

မ်က္ေတာင္ကိုေပါင္ဒါသုတ္ျခင္း – မ်က္ေတာင္ေကာ့ေဆးသံုးၿပီးတာနဲ႔ မ်က္ေတာင္ကိုေပါင္ဒါအနည္းငယ္ဖို႔လိုက္ျခင္းျဖင့္ မ်က္ေတာင္ပံုမက်တာကိုကာကြယ္ႏိုင္ပါတယ္။

ဗီတာမင္ေသာက္ျခင္း – အာဟာရဓာတ္ေတြဟာ ခႏၶာကိုယ္ အတြက္သာမက အေရျပားအတြက္လည္းလုိအပ္တာေၾကာင့္ဗီတာမင္ဘီ၂၊ အီး၊ စီ၊ ဒီ၊ ေအတို႔ကို စိတ္ဖိစီးမႈ၊ အေရျပားပ်က္စီးမႈ၊ ညစ္ညမ္းမႈေတြက ကာကြယ္ႏိုင္ေအာင္ေသာက္သံုးသင့္ ပါတယ္။

ေကာ္ဖီမႈန္႔အႏွစ္ျဖင့္ ခႏၶာကိုယ္ကို ပြတ္ျခင္း – ေကာ္ဖီမႈန္႔နဲ႔ေခ်းခြၽတ္တာမ်ဳိးလုပ္ေပးရင္ အေရျပားက်န္းမာၿပီး အသားအေရ ၾကည္စင္ဝင္းပေစတာေၾကာင့္ စမ္းသပ္ၾကည့္သင့္ပါတယ္။ သဘာဝေကာ္ဖီမႈန္႔နဲ႔ အညိဳေရာင္သၾကား လက္ဖက္ရည္ ပန္းကန္လံုးတစ္ဝက္စီကို အုန္းဆီအနည္းငယ္၊ သစ္ႀကံပိုး ေခါက္မႈန္႔အနည္းငယ္ ေရာစပ္ၿပီး လုပ္ေဆာင္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version#
ဘေးထွက်ဆိုးကျိုးလည်း မရှိ၊ အသစ်အဆန်းလည်းဖြစ်တဲ့ အလှအပအတွက် အကျိုးပြုပေးမယ့်အလေ့အထလေးတွေကို မျှဝေပေးလိုက်ပါတယ်။ တချို့အချက် တွေကသိပြီးသားဖြစ်လောက်ပေမယ့် လက်တွေ့လုပ်ဆောင်ကြည့်ဖို့တော့လိုပါလိမ့်မယ်။

ရယ်မောခြင်း – ရယ်မောခြင်းဟာ အကောင်းဆုံးဆေးလို့ဆိုထားတဲ့အတိုင်း စိတ်လွတ်ကိုယ်လွတ်ရယ်မောတဲ့ခါ စိတ်ရွှင်လန်းပေါ့ပါးပြီး ပါးတွေနှင်းဆီရောင်၊ ပန်းနုရောင်သမ်းလာပြီး အရေပြားအတွက်လည်း    ကောင်းကျိုးပြုပါ တယ်။

ခေါင်းလျှော်ရည်မသုံးခြင်း- ခေါင်းလျှော်ရည်တွေက ဆံသားတွေကိုခြောက်ပြီးကြွပ်ဆတ်စေ တာကြောင့် ခေါင်းလျှော်ရည်သုံးမယ့်အစား ဆံပင် ပျော့ဆေးလေးနဲ့ပဲ ခေါင်းလျှော်တာမျိုးလုပ်သင့်ပါ

တယ်။

မျက်တောင်ကိုပေါင်ဒါသုတ်ခြင်း – မျက်တောင်ကော့ဆေးသုံးပြီးတာနဲ့ မျက်တောင်ကိုပေါင်ဒါအနည်းငယ်ဖို့လိုက်ခြင်းဖြင့် မျက်တောင်ပုံမကျတာကိုကာကွယ်နိုင်ပါတယ်။

ဗီတာမင်သောက်ခြင်း – အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ် အတွက်သာမက အရေပြားအတွက်လည်းလိုအပ်တာကြောင့်ဗီတာမင်ဘီ၂၊ အီး၊ စီ၊ ဒီ၊ အေတို့ကို စိတ်ဖိစီးမှု၊ အရေပြားပျက်စီးမှု၊ ညစ်ညမ်းမှုတွေက ကာကွယ်နိုင်အောင်သောက်သုံးသင့် ပါတယ်။

ကော်ဖီမှုန့်အနှစ်ဖြင့် ခန္ဓာကိုယ်ကို ပွတ်ခြင်း – ကော်ဖီမှုန့်နဲ့ချေးချွတ်တာမျိုးလုပ်ပေးရင် အရေပြားကျန်းမာပြီး အသားအရေ ကြည်စင်ဝင်းပစေတာကြောင့် စမ်းသပ်ကြည့်သင့်ပါတယ်။ သဘာဝကော်ဖီမှုန့်နဲ့ အညိုရောင်သကြား လက်ဖက်ရည် ပန်းကန်လုံးတစ်ဝက်စီကို အုန်းဆီအနည်းငယ်၊ သစ်ကြံပိုး ခေါက်မှုန့်အနည်းငယ် ရောစပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top