ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အိႏၵိယႏိုင္ငံက အသက္(၈)ႏွစ္အ႐ြယ္ ကေလးတစ္ဦးဟာ လူတစ္ေယာက္ၿပီးတစ္ေယာက္ကို ဆက္တိုက္တန္းစီသတ္တဲ့ ကမာၻ႔အသက္ငယ္ဆုံး လူသတ္သမားအျဖစ္ စာရင္းဝင္ခဲ့ပါတယ္။
“အမားဂ်တ္ဆာဒါး” ဆိုတဲ့ ကေလးဟာ အသြင္အျပင္အားျဖင့္ သာမန္ကေလးေလးတစ္ေယာက္ထက္ မပိုေပမယ့္ သူ႔ရဲ႕ လူသတ္ခ်င္တဲ့ အတြင္းဗီဇစိတ္ကေတာ့ မေကာင္းဆိုး႐ြားတစ္ေကာင္လို ေၾကာက္စရာအင္မတန္ေကာင္းပါတယ္။

“အမားဂ်တ္” ဟာ အိႏၵိယႏိုင္ငံ ျပည္နယ္တစ္ခုျဖစ္တဲ့ ဘီဟာျပည္နယ္ စီရင္စုေပါင္း ၈၃ ခုထဲက တစ္ခုျဖစ္တဲ့ မူဆာဟရီ႐ြာေလးက ျဖစ္ပါတယ္။ သူဟာ ၆ လသမီးအ႐ြယ္ ကေလးတစ္ဦးကို ရက္ရက္စက္စက္သတ္ၿပီးတဲ့ေနာက္ ရဲေတြက ဖမ္းဆီးမိခဲ့တာျဖစ္ပါတယ္။

သတ္ခံလိုက္ရတဲ့ ကေလးမေလးရဲ႕ မိခင္ဟာ အျခားမွာ အလုပ္သြားလုပ္ရတဲ့အတြက္ သူမရဲ႕သမီးေလးကို ႐ြာကမူလတန္းေက်ာင္းမွာ ဖြင့္ထားတဲ့ ကေလးေစာင့္ေရွာက္ေရးေဂဟာမွာ အပ္ထားေနၾကျဖစ္ပါတယ္။ “အမားဂ်တ္” ကလည္း ထိုမူလန္းေက်ာင္းမွာ ေက်ာင္းတက္ေနတာျဖစ္ပါတယ္။

အခင္ျဖစ္ပြားခ်ိန္က ေက်ာင္းကလူႀကီးေတြ အျခားကိစၥမ်ားနဲ႔ အလုပ္ရႈပ္ေနခ်ိန္ အလစ္မွာ “အမားဂ်တ္”က အိပ္ေပ်ာ္ေနတဲ့ ကေလးကို ေက်ာင္းအျပင္ဘက္က လယ္ကြင္းေတြဆီ မ,ခ်ီထြက္သြားခဲ့ပါတယ္။ ေနာက္ပိုင္းသူ႔ရဲ႕ ထြက္ဆိုခ်က္အရ အခုလို အေဝးႀကီးကို ေခၚသြားခဲ့တာဟာ ကေလးငိုသံ လူေတြမၾကားႏိုင္ေအာင္လို႔ ဆိုပါတယ္။
လယ္ကြင္းထဲကို ေရာက္တဲ့အခါမွာ ကေလးကို ေျမႀကီးေပၚခ်ၿပီး အနီးနားက အုတ္ခဲတစ္လုံးနဲ႔ မေသမခ်င္း ထု႐ိုက္ၿပီး သတ္ခဲ့ပါတယ္။ အဲဒီေနာက္ အေလာင္းကို သစ္႐ြက္ေတြနဲ႔ ေဖ်ာက္ထာၿပီး ဟန္မပ်က္ ေက်ာင္းကို ျပန္လာခဲ့ပါတယ္။

ညေန ကေလးမိခင္ေရာက္လာၿပီး ကေလးကိုမေတြ႕ေတာ့တဲ့အခ်ိန္မွာ အ႐ူးမီးဝိုင္းျဖစ္ၿပီး ေဆြးမ်ိဳးေတြကို လိုက္ရွာေပးဖို႔ အကူညီေတာင္းခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ “အမားဂ်တ္” လည္းေက်ာင္းမွာ ရွိေနတဲ့အခ်ိန္မို႔ သူ႔ကို မသကၤာျဖစ္ၿပီး ရဲတိုင္ခဲ့ပါတယ္။

ရဲကေက်ာင္းကိုေရာက္လာၿပီး သူ႔ကို ေခ်ာ့ေမာ့ေမးျမန္းစစ္ေဆးတဲ့အခါ သူကအလြယ္တစ္ကူပင္ သူသတ္ခဲ့ေၾကာင္း ေအးေဆးစြာဝန္ခံၿပီးေနာက္ ဘီစကစ္မုန႔္ပင္ ေတာင္းစားခဲ့ေသးတယ္။ ေသဆုံးခဲ့သူဟာ “အမားဂ်တ္” အတြက္ တတိယေျမာက္ သားေကာင္ျဖစ္ေၾကာင္း သိသြားတဲ့ေနာက္ပိုင္းမွာ ရဲေတြထိတ္လန႔္ခဲ့ရပါတယ္။

အခုလူသတ္မႈကို မက်ဴးလြန္ခင္ တစ္ႏွစ္ခန႔္က သူဟာ ဦးေလးျဖစ္သူရဲ႕ကေလး သူနဲ႔ညီအစ္ကိုဝမ္းကြဲ ေတာ္စပ္တဲ့ (၆)လသားအ႐ြယ္ ေကာင္ေလးတစ္ဦးကို ပထမဦးဆုံး သတ္ခဲ့ပါတယ္။ “အမားဂ်တ္” ဖမ္းခံရမည္စိုးၿပီး ဒီကိစၥကို မိသားစုေတြက ရဲကိုမတိုင္ၾကားပဲ ဖုံးထားခဲ့ပါတယ္ ဒါ့အျပင္ သူတို႔ကိုယ္တိုင္ကလည္း ဒါဟာမေတာ္တဆျဖစ္တာလို႔ ထင္ခဲ့ၾကလို႔ျဖစ္ပါတယ္။

“အမားဂ်တ္” ရဲ႕ ဒုတိယသားေကာင္ကေတာ့ သူ႔ရဲ႕ ညီမအရင္းခ်ာ (၈)လသမီးကို သတ္ခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တာဝန္ရွိသူေတြက “အမားဂ်တ္” ဟာ စိတ္မူမွန္တဲ့ေရာဂါခံစားေနရၿပီး သူ႔အသက္ကိုသတ္ရမွ ေက်နပ္ေစတဲ့စိတ္က တစ္ျဖည္းျဖည္း ဖြံ႕ၿဖိဳးလာေနတယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္မွာ “အမားဂ်တ္” ကို ကေလးေထာင္မွာ အသက္ ၁၈ ႏွစ္ျပည့္သည္ထိ ထိန္းသိမ္းထားဖို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းကစၿပီး “အမားဂ်တ္” ရဲ႕သတင္းေတြ ထပ္မၾကားေတာ့ပါ။ အခုခ်ိန္မွာေတာ့ “အမားဂ်တ္”ဟာ ဆယ္ေက်ာ္သက္အ႐ြယ္ကို ေရာက္ေနေလာက္ၿပီမို႔ သူ႔အေနနဲ႔ ထိန္းသိမ္းေရးစခန္းက လြတ္လာခဲ့ရင္ အႏၲရာယ္ႀကီးတဲ့ လူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္လာႏိုင္တဲ့အတြက္ အေျခေနက စိုးရိမ္စရာေကာင္းတယ္လို႔ သတင္းေတြက ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  POPOLAY

#Unicode Version#
အိန္ဒိယနိုင်ငံက အသက်(၈)နှစ်အရွယ် ကလေးတစ်ဦးဟာ လူတစ်ယောက်ပြီးတစ်ယောက်ကို ဆက်တိုက်တန်းစီသတ်တဲ့ ကမ္ဘာ့အသက်ငယ်ဆုံး လူသတ်သမားအဖြစ် စာရင်းဝင်ခဲ့ပါတယ်။
“အမားဂျတ်ဆာဒါး” ဆိုတဲ့ ကလေးဟာ အသွင်အပြင်အားဖြင့် သာမန်ကလေးလေးတစ်ယောက်ထက် မပိုပေမယ့် သူ့ရဲ့ လူသတ်ချင်တဲ့ အတွင်းဗီဇစိတ်ကတော့ မကောင်းဆိုးရွားတစ်ကောင်လို ကြောက်စရာအင်မတန်ကောင်းပါတယ်။

“အမားဂျတ်” ဟာ အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာပြည်နယ် စီရင်စုပေါင်း ၈၃ ခုထဲက တစ်ခုဖြစ်တဲ့ မူဆာဟရီရွာလေးက ဖြစ်ပါတယ်။ သူဟာ ၆ လသမီးအရွယ် ကလေးတစ်ဦးကို ရက်ရက်စက်စက်သတ်ပြီးတဲ့နောက် ရဲတွေက ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

သတ်ခံလိုက်ရတဲ့ ကလေးမလေးရဲ့ မိခင်ဟာ အခြားမှာ အလုပ်သွားလုပ်ရတဲ့အတွက် သူမရဲ့သမီးလေးကို ရွာကမူလတန်းကျောင်းမှာ ဖွင့်ထားတဲ့ ကလေးစောင့်ရှောက်ရေးဂေဟာမှာ အပ်ထားနေကြဖြစ်ပါတယ်။ “အမားဂျတ်” ကလည်း ထိုမူလန်းကျောင်းမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။

အခင်ဖြစ်ပွားချိန်က ကျောင်းကလူကြီးတွေ အခြားကိစ္စများနဲ့ အလုပ်ရှုပ်နေချိန် အလစ်မှာ “အမားဂျတ်”က အိပ်ပျော်နေတဲ့ ကလေးကို ကျောင်းအပြင်ဘက်က လယ်ကွင်းတွေဆီ မ,ချီထွက်သွားခဲ့ပါတယ်။ နောက်ပိုင်းသူ့ရဲ့ ထွက်ဆိုချက်အရ အခုလို အဝေးကြီးကို ခေါ်သွားခဲ့တာဟာ ကလေးငိုသံ လူတွေမကြားနိုင်အောင်လို့ ဆိုပါတယ်။
လယ်ကွင်းထဲကို ရောက်တဲ့အခါမှာ ကလေးကို မြေကြီးပေါ်ချပြီး အနီးနားက အုတ်ခဲတစ်လုံးနဲ့ မသေမချင်း ထုရိုက်ပြီး သတ်ခဲ့ပါတယ်။ အဲဒီနောက် အလောင်းကို သစ်ရွက်တွေနဲ့ ဖျောက်ထာပြီး ဟန်မပျက် ကျောင်းကို ပြန်လာခဲ့ပါတယ်။

ညနေ ကလေးမိခင်ရောက်လာပြီး ကလေးကိုမတွေ့တော့တဲ့အချိန်မှာ အရူးမီးဝိုင်းဖြစ်ပြီး ဆွေးမျိုးတွေကို လိုက်ရှာပေးဖို့ အကူညီတောင်းခဲ့ပါတယ်။ အဲဒီအချိန်မှာ “အမားဂျတ်” လည်းကျောင်းမှာ ရှိနေတဲ့အချိန်မို့ သူ့ကို မသင်္ကာဖြစ်ပြီး ရဲတိုင်ခဲ့ပါတယ်။

ရဲကကျောင်းကိုရောက်လာပြီး သူ့ကို ချော့မော့မေးမြန်းစစ်ဆေးတဲ့အခါ သူကအလွယ်တစ်ကူပင် သူသတ်ခဲ့ကြောင်း အေးဆေးစွာဝန်ခံပြီးနောက် ဘီစကစ်မုန့်ပင် တောင်းစားခဲ့သေးတယ်။ သေဆုံးခဲ့သူဟာ “အမားဂျတ်” အတွက် တတိယမြောက် သားကောင်ဖြစ်ကြောင်း သိသွားတဲ့နောက်ပိုင်းမှာ ရဲတွေထိတ်လန့်ခဲ့ရပါတယ်။

အခုလူသတ်မှုကို မကျူးလွန်ခင် တစ်နှစ်ခန့်က သူဟာ ဦးလေးဖြစ်သူရဲ့ကလေး သူနဲ့ညီအစ်ကိုဝမ်းကွဲ တော်စပ်တဲ့ (၆)လသားအရွယ် ကောင်လေးတစ်ဦးကို ပထမဦးဆုံး သတ်ခဲ့ပါတယ်။ “အမားဂျတ်” ဖမ်းခံရမည်စိုးပြီး ဒီကိစ္စကို မိသားစုတွေက ရဲကိုမတိုင်ကြားပဲ ဖုံးထားခဲ့ပါတယ် ဒါ့အပြင် သူတို့ကိုယ်တိုင်ကလည်း ဒါဟာမတော်တဆဖြစ်တာလို့ ထင်ခဲ့ကြလို့ဖြစ်ပါတယ်။

“အမားဂျတ်” ရဲ့ ဒုတိယသားကောင်ကတော့ သူ့ရဲ့ ညီမအရင်းချာ (၈)လသမီးကို သတ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တာဝန်ရှိသူတွေက “အမားဂျတ်” ဟာ စိတ်မူမှန်တဲ့ရောဂါခံစားနေရပြီး သူ့အသက်ကိုသတ်ရမှ ကျေနပ်စေတဲ့စိတ်က တစ်ဖြည်းဖြည်း ဖွံ့ဖြိုးလာနေတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ “အမားဂျတ်” ကို ကလေးထောင်မှာ အသက် ၁၈ နှစ်ပြည့်သည်ထိ ထိန်းသိမ်းထားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး “အမားဂျတ်” ရဲ့သတင်းတွေ ထပ်မကြားတော့ပါ။ အခုချိန်မှာတော့ “အမားဂျတ်”ဟာ ဆယ်ကျော်သက်အရွယ်ကို ရောက်နေလောက်ပြီမို့ သူ့အနေနဲ့ ထိန်းသိမ်းရေးစခန်းက လွတ်လာခဲ့ရင် အန္တရာယ်ကြီးတဲ့ လူတစ်ယောက် ဖြစ်ကောင်းဖြစ်လာနိုင်တဲ့အတွက် အခြေနေက စိုးရိမ်စရာကောင်းတယ်လို့ သတင်းတွေက ရေးသားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top