ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကားဆရာဟာ မည္သုိ႕မွတံု႕ျပန္ျခင္းမရွိပဲ အမ်ိဳးသမီးကိုသာေနရာေျပာင္းထုိင္ဖုိ႕ပဲေျပာခဲ့တယ္

ဒီရက္ပုိင္းေတြမွာ ႏွာဘူးေတြ တအားေပါလာတယ္
အခုလည္းၾကည့္…အဂၤလန္ႏုိင္ငံမွာ ဘတ္စ္ကားစီးေနတုန္း အမ်ိဳးသမီးတစ္ေယာက္ကုိၾကည့္ရင္း အာသာေျဖတယ္တဲ့…

Leeds ျမိဳ႕မွာေနထိုင္တဲ့ Karlah Louise Daly ဟာဘတ္စ္ကားစီးရင္း ခရီးသြားေနတုန္းမွာ လူတစ္ေယာက္သူ႕ခံုနားကိုလာထုိင္ျပီးေတာ့ သူ႕ကုိၾကည့္ရင္းအာသာေျဖတာကုိ ေတြ႕ၾကံဳခဲ့ရပါတယ္ ဒီအသက္ ၂၂ ႏွစ္အရြယ္အမ်ိဳးသမီးဟာ ဒီျဖစ္ရပ္ကုိ မွတ္တမ္းတင္ဖုိ႕အတြက္ ဗီဒီယိုရိုက္ကူးေနတာေတာင္မွ ဒီလူက မရပ္ခဲ့ပါဘူး

Karlah Leeds Daly ဟာ ဒီလုိမလုပ္ဖုိ႕ေျပာခဲ့ေပမယ့္လည္း ထုိသူက သူ႕စကားကုိလံုးဝလ်စ္လ်ဴရွဳထားပါတယ္

Karlah အေျပာအရေတာ့

“ေအာက္ထပ္မွာလူမ်ားေနေတာ့ ကြ်န္မအေပၚထပ္ကိုတက္စီးတယ္…
ကားေနာက္မွာလူတစ္ေယာက္ရွိေနတာကုိ ကြ်န္မသတိထားပါတယ္….ကြ်န္မလည္းဘယ္ဘက္တန္းအလယ္ေလာက္ကခံုမွာဝင္ထုိင္ခဲ့တယ္..

၁၀ မိနစ္ေလာက္ၾကာေတာ့ Leed ျမိဳ႕လည္ေခါင္ေရာက္လာတဲ့အတြက္ ကားအေပၚထပ္ကလူေတြဆင္းသြားၾကပါတယ္
အဲ့ဒီေနာက္ေတာ့ ကားေနာက္မွာစီးေနတဲ့သူ ကြ်န္မနားမွာ လာထုိင္တာသတိထားမိတယ္..ဒါေပမယ့္ သူဒီလုိလုပ္မယ္လုိ႕ ကြ်န္မ မထင္ခဲ့မိဘူး”

ေနာက္ေတာ့သူ႕ရဲ႕ ျပတင္းေပါက္မွန္မွပံုရိပ္ကတစ္ဆင့္ တစ္ဆင့္ ဒီလူမဖြယ္မရာလုပ္ေနတာကို ျမင္ေတြ႕ခဲ့ရပါေတာ့တယ္

“ကြ်န္မ လွည့္ၾကည့္လုိက္ေတာ့ ဒီအနီေရာင္ေခါင္းစြပ္အက်ီ ၤဝတ္ထားတဲ့သူဟာ ကြ်န္မကို စိုက္ၾကည့္ေနတာေတြ႕ရတယ္ ကြ်န္မကို စိုက္ၾကည့္ေနျပီးေတာ့ သူ႕ရဲ႕လက္က ေအာက္ဘက္မွာ အေပၚေအာက္ေျပးေနတာေတြ႕လိုက္ေတာ့ ကြ်န္မလန္႕သြားတယ္

ဒါနဲ႕ ဖုန္းနဲ႕ဗီဒီယိုရိုက္ျပီးေတာ့ နင္ရပ္ရင္ေကာင္းမယ္လုိ႕ သြားေျပာေပမယ့္လည္း
ကြ်န္မကုိယ္ေပၚက သူ႕မ်က္လံုးေတြကုိ နဲနဲေလးေတာင္မေရြ႕ဘူး
ကြ်န္မ အဲ့ဒီေနရာကထြက္လာေတာ့ “I love you” ဆိုျပီးလွမ္းေအာ္တယ္
ဒီအေျခအေနကိုဘယ္လုိတုံ႕ျပန္ရမလဲကြ်န္မမသိဘူး…ဘာမွလည္းမေျပာတတ္ေတာ့တဲ့အတြက္ ထြက္လာခဲ့တယ္” လုိ႕ Daly ကေျပာခဲ့ပါတယ္

ကားဆရာကုိသြားတုိင္ၾကားခဲ့ေပမယ့္လည္း ခံုေျပာင္းထုိင္ဖုိ႕သာေျပာခဲ့ပါတယ္တဲ့..

Karlah ကားေပၚကဆင္းလာခဲ့ေပမယ့္ ႏွာဘူးေကာင္ကေတာ့ ကားေပၚမွာဆက္လုိက္လုိက္ပါသြားပါတယ္

ဒီအျဖစ္အပ်က္ကို တကယ္ပဲစိတ္ပ်က္မိတယ္လုိ႕ Karlahကေျပာတယ္

“ကြ်န္မ ေအာက္ထပ္ကို ဆင္းျပီးေတာ့ ကားဆရာကုိသြားေျပာေသးတယ္

အနီေရာင္ဝတ္ထားတဲ့တစ္ေယာက္လားလုိ႕သူကေမးေတာ့ ကြ်န္မဟုတ္တယ္လုိ႕ေျပာလုိက္တယ္
ကားဆရာက ကင္မရာကတစ္ဆင့္ ဒါကုိျမင္တာပဲေလ…

ဒါေပမယ့္လည္း ဘာမွသြားမေျပာပဲနဲ႕ ကြ်န္မကုိပဲေအာက္ထပ္မွာေနခုိင္းခဲ့တယ္
ကြ်န္မ ကားေပၚကဆင္းလာတဲ့အခ်ိန္မွာ ဒီလူက အေပၚထပ္မွာဆက္လိုက္သြားေတာ့ ကားသမား ဒီလူကို ကိုင္တြယ္ႏုိင္ဖုိ႕ ေမွ်ာ္လင့္မိတာပဲ

ကေလးေတြနဲ႕ မိန္းကေလးငယ္ေတြ ဒီကားစီးမိရင္ဘယ္လုိလုပ္ၾကမလဲ

ဒီႏွာဘူးက အခုလိုပဲျပဳမူမွာပဲ” လို႕သူမက ေဒါသနဲ႕ေျပာၾကားခဲ့ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
ကားဆရာဟာ မည်သို့မှတုံ့ပြန်ခြင်းမရှိပဲ အမျိုးသမီးကိုသာနေရာပြောင်းထိုင်ဖို့ပဲပြောခဲ့တယ်

ဒီရက်ပိုင်းတွေမှာ နှာဘူးတွေ တအားပေါလာတယ်
အခုလည်းကြည့်…အင်္ဂလန်နိုင်ငံမှာ ဘတ်စ်ကားစီးနေတုန်း အမျိုးသမီးတစ်ယောက်ကိုကြည့်ရင်း အာသာဖြေတယ်တဲ့…

Leeds မြို့မှာနေထိုင်တဲ့ Karlah Louise Daly ဟာဘတ်စ်ကားစီးရင်း ခရီးသွားနေတုန်းမှာ လူတစ်ယောက်သူ့ခုံနားကိုလာထိုင်ပြီးတော့ သူ့ကိုကြည့်ရင်းအာသာဖြေတာကို တွေ့ကြုံခဲ့ရပါတယ် ဒီအသက် ၂၂ နှစ်အရွယ်အမျိုးသမီးဟာ ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ဖို့အတွက် ဗီဒီယိုရိုက်ကူးနေတာတောင်မှ ဒီလူက မရပ်ခဲ့ပါဘူး

Karlah Leeds Daly ဟာ ဒီလိုမလုပ်ဖို့ပြောခဲ့ပေမယ့်လည်း ထိုသူက သူ့စကားကိုလုံးဝလျစ်လျူရှုထားပါတယ်

Karlah အပြောအရတော့

“အောက်ထပ်မှာလူများနေတော့ ကျွန်မအပေါ်ထပ်ကိုတက်စီးတယ်…
ကားနောက်မှာလူတစ်ယောက်ရှိနေတာကို ကျွန်မသတိထားပါတယ်….ကျွန်မလည်းဘယ်ဘက်တန်းအလယ်လောက်ကခုံမှာဝင်ထိုင်ခဲ့တယ်..

၁၀ မိနစ်လောက်ကြာတော့ Leed မြို့လည်ခေါင်ရောက်လာတဲ့အတွက် ကားအပေါ်ထပ်ကလူတွေဆင်းသွားကြပါတယ်
အဲ့ဒီနောက်တော့ ကားနောက်မှာစီးနေတဲ့သူ ကျွန်မနားမှာ လာထိုင်တာသတိထားမိတယ်..ဒါပေမယ့် သူဒီလိုလုပ်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး”

နောက်တော့သူ့ရဲ့ ပြတင်းပေါက်မှန်မှပုံရိပ်ကတစ်ဆင့် တစ်ဆင့် ဒီလူမဖွယ်မရာလုပ်နေတာကို မြင်တွေ့ခဲ့ရပါတော့တယ်

“ကျွန်မ လှည့်ကြည့်လိုက်တော့ ဒီအနီရောင်ခေါင်းစွပ်အကျီ ၤဝတ်ထားတဲ့သူဟာ ကျွန်မကို စိုက်ကြည့်နေတာတွေ့ရတယ် ကျွန်မကို စိုက်ကြည့်နေပြီးတော့ သူ့ရဲ့လက်က အောက်ဘက်မှာ အပေါ်အောက်ပြေးနေတာတွေ့လိုက်တော့ ကျွန်မလန့်သွားတယ်

ဒါနဲ့ ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးတော့ နင်ရပ်ရင်ကောင်းမယ်လို့ သွားပြောပေမယ့်လည်း
ကျွန်မကိုယ်ပေါ်က သူ့မျက်လုံးတွေကို နဲနဲလေးတောင်မရွေ့ဘူး
ကျွန်မ အဲ့ဒီနေရာကထွက်လာတော့ “I love you” ဆိုပြီးလှမ်းအော်တယ်
ဒီအခြေအနေကိုဘယ်လိုတုံ့ပြန်ရမလဲကျွန်မမသိဘူး…ဘာမှလည်းမပြောတတ်တော့တဲ့အတွက် ထွက်လာခဲ့တယ်” လို့ Daly ကပြောခဲ့ပါတယ်

ကားဆရာကိုသွားတိုင်ကြားခဲ့ပေမယ့်လည်း ခုံပြောင်းထိုင်ဖို့သာပြောခဲ့ပါတယ်တဲ့..

Karlah ကားပေါ်ကဆင်းလာခဲ့ပေမယ့် နှာဘူးကောင်ကတော့ ကားပေါ်မှာဆက်လိုက်လိုက်ပါသွားပါတယ်

ဒီအဖြစ်အပျက်ကို တကယ်ပဲစိတ်ပျက်မိတယ်လို့ Karlahကပြောတယ်

“ကျွန်မ အောက်ထပ်ကို ဆင်းပြီးတော့ ကားဆရာကိုသွားပြောသေးတယ်

အနီရောင်ဝတ်ထားတဲ့တစ်ယောက်လားလို့သူကမေးတော့ ကျွန်မဟုတ်တယ်လို့ပြောလိုက်တယ်
ကားဆရာက ကင်မရာကတစ်ဆင့် ဒါကိုမြင်တာပဲလေ…

ဒါပေမယ့်လည်း ဘာမှသွားမပြောပဲနဲ့ ကျွန်မကိုပဲအောက်ထပ်မှာနေခိုင်းခဲ့တယ်
ကျွန်မ ကားပေါ်ကဆင်းလာတဲ့အချိန်မှာ ဒီလူက အပေါ်ထပ်မှာဆက်လိုက်သွားတော့ ကားသမား ဒီလူကို ကိုင်တွယ်နိုင်ဖို့ မျှော်လင့်မိတာပဲ

ကလေးတွေနဲ့ မိန်းကလေးငယ်တွေ ဒီကားစီးမိရင်ဘယ်လိုလုပ်ကြမလဲ

ဒီနှာဘူးက အခုလိုပဲပြုမူမှာပဲ” လို့သူမက ဒေါသနဲ့ပြောကြားခဲ့ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top