ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ေခ်ာင္​းစဆိုးၿပီဆိုရင္​ ျပန္​လည္​​ေပ်ာက္​ကင္​း သက္​သာဖို႔အတြက္​ အခ်ိန္​အတန္​ၾကာတတ္​ပါတယ္​။ ​ေခ်ာင္​းဆိုး​ေစတဲ့ ပိုးမႊား​ေတြ ​ေပ်ာက္​သြားၿပီးသည္​့တိုင္​​ေအာင္​ ​ေခ်ာင္​းဆက္​ဆိုး​ေနတတ္​ပါတယ္​။ တစ္​ခါတစ္​ရံမွာ ပိုး​ေၾကာင္​့မဟုတ္ပဲ ရည္​ရွည္​​ေခ်ာင္​းဆိုး​ေနတာမ်ိဳးလည္​း ရွိတတ္​ပါတယ္​။ ဒီလိုအခါမ်ိဳးမွာ ေခ်ာင္​းဆိုး​ေပ်ာက္​​ေဆး​ေတြကို  ​ ​ေသာက္​ဖို႔လိုသလို အိမ္​မွာတင္​ အလြယ္​တကူရွိတဲ့ မီးဖို​ေခ်ာင္​သံုး ပစၥည္​း​ေလး​ေတြနဲ႔ပါ ဆိုး​ေနတဲ့​ေခ်ာင္​းကို သက္သာေပ်ာက္ကင္းေအာင္ ျပဳလုပ္ၾကည့္သင့္ပါတယ္။

၁။ ပ်ားရည္​နဲ႔ သံပရိုသီး

ပ်ားရည္​ သံပရို အတြဲဟာ လည္​​ေခ်ာင္​းနာျခင္​းကို သက္​သာ​ေစနိုင္​သလို ယားက်ိက်ိနဲ႔ဆိုးတဲ့ ​ေခ်ာင္​း​ေျခာက္​အတြက္​လည္း အသံုးဝင္​ပါတယ္​။ ​ေစးကပ္​ပ်စ္​ခြၽဲ​ေနတဲ့ ပ်ားရည္​ခ်ိဳခ်ိဳဟာ လည္​​ေခ်ာင္​းတစ္​​ေလ်ာက္​ကို အလႊာတစ္​လႊာအ​ေနနဲ႔ ကာကြယ္​​ေပးၿပီး လည္​​ေခ်ာင္​းယားျခင္​း ​ေလ်ာ့ပါး​ေစနိုင္​ပါတယ္​။

၂။ ​ေရ​ေႏြး​ေငြ႕

အ​ေငြ႕ထ​ေနတဲ့ ​ေရ​ေႏြး​ေႏြး​ေလးနဲ႔ ​ေရခ်ိဳးျခင္​းျဖင္​့ နွ​ာေခါင္​းပိတ္​ျခင္​းကို သက္​သာ​ေစနိုင္​သလို ​ေျခာက္​​ေသြ႕​ေနတဲ့ အသက္​ရွဴ လမ္​း​ေၾကာင္​း တစ္​​ေလ်ာက္​ကိုလည္​း အစိုဓာတ္​​ေပးပါတယ္​။ ဘာ​ေၾကာင္​့ဆိုးတဲ့​ေခ်ာင္​းျဖစ္​ျဖစ္​၊ ဒီ​နည္​းလမ္​း​ေလးက သက္​သာ​ေစနိုင္​မွာပါ။ ​ေရ​ေႏြးထဲကို လက္​ဖက္​႐ြက္​ဆီ သို႔မဟုတ္​ ယူကလစ္​ဆီ​ေလး နွစ္​စက္​သံုးစက္​ထည္​့​ေပးျခင္​းက သူ႔ရဲ႕အစြမ္​းသတၲိကို ပိုမိုၿပီးျပည္​့စံု​ေစနိုင္​ပါတယ္​။

၃။ ႐ြက္​​ေပါင္​းဆီ

ဒါ့အျပင္​ ယူကလစ္​ဆီ စတဲ့႐ြက္​​ေပါင္​းဆီ ႀကႀကဲ​ေလးကို ရင္​ဘတ္​မွာ ပြတ္​လိမ္​း​ေပးျခင္​းကလည္​း ခြၽဲထျခင္​းကို သက္​သာ​ေစနိုင္​ပါတယ္​။

၄။ စမုန္​ျဖဴ

စမုန္​ျဖဴ ဟာ ​ေရာဂါအ​ေတာ္​မ်ားမ်ားကို ​ေပ်ာက္​ကင္​းသက္​သာ​ေစနိုင္​တဲ့အစြမ္​း​ေၾကာင္​့​ လူသိမ်ားထင္​ရွားပါတယ္​။ အထူးသျဖင္​့ ​ေခ်ာင္​ဆိုးခြၽဲက်ပ္ အသက္​ရွဴ လမ္​း​ေၾကာင္​းဆိုင္​ရာ​ေရာဂါ​ေတြကို သက္​သာ​ေစနိုင္​ပါတယ္​။ သလိပ္​​ေပ်ာ္​ ခြၽဲရွင္​း​ေစတဲ့အတြက္​ ခြၽဲက်ပ္​ၿပီးဆိုးတဲ့ ​ေခ်ာင္း​ေတြမွာ သံုး​နိုင္​ပါတယ္​။

၅။ ဗီတာမင္​စီ (Vitamin C)

ဗီတာမင္​စီဟာ ကိုယ္​ခံစြမ္​းအားကို ျမႇင္​့တင္​​ေပးနိုင္​တဲ့အတြက္​ အၾကာႀကီးဒုကၡ​ေပး​ေနတဲ့ ​ေခ်ာင္​းဆိုးျခင္​းကို အၿပီးတိုင္​ နွိမ္​နွင္​း​ေပးနိုင္​မွာပါ။ လိ​ေမၼာ္​၊ဘလူးဘယ္​ရီ၊ ကီဝီနဲ႔ ငရုတ္​ပြအနီတို႔မွာ ဗီတာမင္​စီဓာတ္​မ်ား အဓိက ပါဝင္​ပါတယ္​။ လူ​ေတြရဲ႕ ခႏၶာကိုယ္​ဟာ ပိုလ်ံ​ေနတဲ့ ဗီတာမင္​စီဓာတ္​​ေတြကို မသိမ္​းဆည္​းထား​ေပးနိုင္​ပါဘူး။ ဗီတာမင္​စီျဖည္​့စြက္​စာအား​ေဆး​ေတြ အမ်ားအျပား​ေသာက္​ျခင္​းဟာလည္​း ပိုလ်ံၿပီး ဆီးထျဲပန္​ပါသြားျခင္​းသာ အဖတ္​တင္​တတ္​ပါတယ္​။ ဒါ​ေၾကာင္​့ အာ​း​ေဆး​ေတြ​ေသာက္​​ေနမယ္​့အစား ​ေန႔စဥ္​စား​ေနက် အစာ​ေတြမွာ ဗီတာမင္​စီႂကြယ္​ဝတဲ့ အစားအစာမ်ားမ်ားစား​ေပးျခင္​းက အ​ေကာင္​းဆံုးျဖစ္​ပါတယ္​။ ဥပမာ. မနက္​မွာ အသီး​ေဖ်ာ္​ရည္​တစ္​မ်ိဳး၊ ​ေန႔လည္​စာစားၿပီးခ်ိန္​မွာ လိ​ေမၼာ္​သီးတစ္​လံုးနဲ႔၊ ညစာကို အ​ေရာင္​​ေတာက္​​ေတာက္​ အသီးအ႐ြက္​​ေတြ စားသံုး​ေပးသင္​့ပါတယ္​။

၆။ ​ေရဓာတ္​

ေရမ်ားမ်ား​ေသာက္​​ေပးျခင္​းက ကိုယ္​ခႏၶာကို ​ေရဓာတ္​ျပည္​့ဝ​ေစနိုင္​တဲ့အျပင္​ လည္​​ေခ်ာင္း​ေျခာက္​​ေသြ႕တာ၊ ယားယံတာ​ေတြကိုကာကြယ္​​ေပးနိုင္​ပါတယ္​။ လည္​​ေခ်ာင္​းကို ​ေတာက္​​ေလ်ာက္​အစိုဓာတ္​ထိန္​းသိမ္​း​ေပးနိုင္​ဖို႔ ​ေရကို ပမာဏနည္​းနည္​းနဲ႔ အႀကိမ္​​ေရမ်ားမ်ား ​ေသာက္​သံုးသင္​့ပါတယ္​။

၇။ စိတ္​​ေရာကိုယ္​ပါ အနားယူပါ။

ဘယ္​​ေလာက္​ပဲ ​ေဆး​ေကာင္​း​ေကာင္​း​ေတြ​ေသာက္​​ေနပါ​ေစ အျပည္​့အဝ အနားမယူပါက ​ေခ်ာင္​းဆိုးျခင္​းက သက္​​သာ​ေပ်ာက္​ကင္​းနိုင္​မွာ မဟုတ္​ပါဘူး။ လူ​အ​ေတာ္​မ်ားမ်ားဟာ အ​ေအးမိ၊တုတ္​​ေကြး​ေရာဂါ နာလန္​ထူတာနဲ႔ တစ္​ၿပိဳင္​နက္​ ​ေန႔တဓူဝအလုပ္​အကိုင္​​ေတြနဲ႔ ျပန္​လည္​အလုပ္​ရႈပ္​တတ္​ၾကပါတယ္​။ ဒီလိုလူ​ေတြမွာ ​ေခ်ာင္​းဆိုးျခင္​းအျမစ္တြယ္​တတ္​ၾကပါတယ္​။ ဒါ​ေၾကာင္​့ တစ္​ပတ္​တန္​သည္ နွစ္​ပတ္​တန္​ နားနား​ေန​ေန လုပ္​ကိုင္​ၿပီး တစ္​ညကို ၈နာရီျပည္​့​ေအာင္​ အိပ္​စက္​အနားယူသင္​့ပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
 ချောင်းစဆိုးပြီဆိုရင် ပြန်လည်ပျောက်ကင်း သက်သာဖို့အတွက် အချိန်အတန်ကြာတတ်ပါတယ်။ ချောင်းဆိုးစေတဲ့ ပိုးမွှားတွေ ပျောက်သွားပြီးသည့်တိုင်အောင် ချောင်းဆက်ဆိုးနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ပိုးကြောင့်မဟုတ်ပဲ ရည်ရှည်ချောင်းဆိုးနေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ချောင်းဆိုးပျောက်ဆေးတွေကို   သောက်ဖို့လိုသလို အိမ်မှာတင် အလွယ်တကူရှိတဲ့ မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပါ ဆိုးနေတဲ့ချောင်းကို သက်သာပျောက်ကင်းအောင် ပြုလုပ်ကြည့်သင့်ပါတယ်။

၁။ ပျားရည်နဲ့ သံပရိုသီး

ပျားရည် သံပရို အတွဲဟာ လည်ချောင်းနာခြင်းကို သက်သာစေနိုင်သလို ယားကျိကျိနဲ့ဆိုးတဲ့ ချောင်းခြောက်အတွက်လည်း အသုံးဝင်ပါတယ်။ စေးကပ်ပျစ်ချွဲနေတဲ့ ပျားရည်ချိုချိုဟာ လည်ချောင်းတစ်လျောက်ကို အလွှာတစ်လွှာအနေနဲ့ ကာကွယ်ပေးပြီး လည်ချောင်းယားခြင်း လျော့ပါးစေနိုင်ပါတယ်။

၂။ ရေနွေးငွေ့

အငွေ့ထနေတဲ့ ရေနွေးနွေးလေးနဲ့ ရေချိုးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာစေနိုင်သလို ခြောက်သွေ့နေတဲ့ အသက်ရှူ လမ်းကြောင်း တစ်လျောက်ကိုလည်း အစိုဓာတ်ပေးပါတယ်။ ဘာကြောင့်ဆိုးတဲ့ချောင်းဖြစ်ဖြစ်၊ ဒီနည်းလမ်းလေးက သက်သာစေနိုင်မှာပါ။ ရေနွေးထဲကို လက်ဖက်ရွက်ဆီ သို့မဟုတ် ယူကလစ်ဆီလေး နှစ်စက်သုံးစက်ထည့်ပေးခြင်းက သူ့ရဲ့အစွမ်းသတ္တိကို ပိုမိုပြီးပြည့်စုံစေနိုင်ပါတယ်။

၃။ ရွက်ပေါင်းဆီ

ဒါ့အပြင် ယူကလစ်ဆီ စတဲ့ရွက်ပေါင်းဆီ ကြကြဲလေးကို ရင်ဘတ်မှာ ပွတ်လိမ်းပေးခြင်းကလည်း ချွဲထခြင်းကို သက်သာစေနိုင်ပါတယ်။

၄။ စမုန်ဖြူ

စမုန်ဖြူ ဟာ ရောဂါအတော်များများကို ပျောက်ကင်းသက်သာစေနိုင်တဲ့အစွမ်းကြောင့် လူသိများထင်ရှားပါတယ်။ အထူးသဖြင့် ချောင်ဆိုးချွဲကျပ် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သလိပ်ပျော် ချွဲရှင်းစေတဲ့အတွက် ချွဲကျပ်ပြီးဆိုးတဲ့ ချောင်းတွေမှာ သုံးနိုင်ပါတယ်။

၅။ ဗီတာမင်စီ (Vitamin C)

ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အတွက် အကြာကြီးဒုက္ခပေးနေတဲ့ ချောင်းဆိုးခြင်းကို အပြီးတိုင် နှိမ်နှင်းပေးနိုင်မှာပါ။ လိမ္မော်၊ဘလူးဘယ်ရီ၊ ကီဝီနဲ့ ငရုတ်ပွအနီတို့မှာ ဗီတာမင်စီဓာတ်များ အဓိက ပါဝင်ပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ဟာ ပိုလျံနေတဲ့ ဗီတာမင်စီဓာတ်တွေကို မသိမ်းဆည်းထားပေးနိုင်ပါဘူး။ ဗီတာမင်စီဖြည့်စွက်စာအားဆေးတွေ အများအပြားသောက်ခြင်းဟာလည်း ပိုလျံပြီး ဆီးထြဲပန်ပါသွားခြင်းသာ အဖတ်တင်တတ်ပါတယ်။ ဒါကြောင့် အားဆေးတွေသောက်နေမယ့်အစား နေ့စဉ်စားနေကျ အစာတွေမှာ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာများများစားပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ. မနက်မှာ အသီးဖျော်ရည်တစ်မျိုး၊ နေ့လည်စာစားပြီးချိန်မှာ လိမ္မော်သီးတစ်လုံးနဲ့၊ ညစာကို အရောင်တောက်တောက် အသီးအရွက်တွေ စားသုံးပေးသင့်ပါတယ်။

၆။ ရေဓာတ်

ရေများများသောက်ပေးခြင်းက ကိုယ်ခန္ဓာကို ရေဓာတ်ပြည့်ဝစေနိုင်တဲ့အပြင် လည်ချောင်းခြောက်သွေ့တာ၊ ယားယံတာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ လည်ချောင်းကို တောက်လျောက်အစိုဓာတ်ထိန်းသိမ်းပေးနိုင်ဖို့ ရေကို ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ သောက်သုံးသင့်ပါတယ်။

၇။ စိတ်ရောကိုယ်ပါ အနားယူပါ။

ဘယ်လောက်ပဲ ဆေးကောင်းကောင်းတွေသောက်နေပါစေ အပြည့်အဝ အနားမယူပါက ချောင်းဆိုးခြင်းက သက်သာပျောက်ကင်းနိုင်မှာ မဟုတ်ပါဘူး။ လူအတော်များများဟာ အအေးမိ၊တုတ်ကွေးရောဂါ နာလန်ထူတာနဲ့ တစ်ပြိုင်နက် နေ့တဓူဝအလုပ်အကိုင်တွေနဲ့ ပြန်လည်အလုပ်ရှုပ်တတ်ကြပါတယ်။ ဒီလိုလူတွေမှာ ချောင်းဆိုးခြင်းအမြစ်တွယ်တတ်ကြပါတယ်။ ဒါကြောင့် တစ်ပတ်တန်သည် နှစ်ပတ်တန် နားနားနေနေ လုပ်ကိုင်ပြီး တစ်ညကို ၈နာရီပြည့်အောင် အိပ်စက်အနားယူသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top