ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

‘ရင္ခြင္ေဟာင္း ေနာက္တစ္ေယာက္ေျပာင္းလည္း အဆင္မေျပလို႔ မေပ်ာ္ေတာ့ရင္ ျပန္လာခဲ့ အရင္အတိုင္းပဲ လက္ခံမယ္’ ဆိုတဲ့ သီခ်င္းၾကားတိုင္း သူ႔မ်က္နွာကို တန္းၿပီးေျပးျမင္၊ သူသာကိုယ့္ဘဝ သူ႔ရင္ခြင္ကသာ ကုိယ့္အတြက္နားခိုရာ၊ သူကလြဲရင္ တျခားဘယ္သူ႕ဆီကိုမွ မသြားနိုင္ေတာ့ပါ စသည္ျဖင့္ သူကဘဝႀကီးတစ္ခုလံုး ျဖစ္ေနတဲ့ ေယာင္းေတြရွိလားဟင္။ အဲဒီလူကလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အနားမရွိနိုင္ေတာ့ဘူး ဒါေပမဲ့ အဲ့ဒီလူကို အခုခ်ိန္ထိ တမ္းတမ္းတတျဖစ္ေနတယ္ဆိုတာ ကိုယ့္အဆက္ေဟာင္းကို ကိုယ္မေမ့နိုင္တာပါပဲ။ မေမ့ႏိုင္ဘူးဆိုတဲ့ေနရာမွာကလည္း အမ်ိဳးမ်ိဳး ရွိေနေသးတာကလား… ဆိုေတာ့ ေယာင္းတို႔ရဲ႕ အခ်စ္ေဟာင္းကို မေမ့ႏုိင္တာ ဒီလိုအခ်က္ေလးေတြေၾကာင့္ ျဖစ္မလား?

(၁) သူကကိုယ့္ဘဝမွာ အေကာင္းဆံုးအမွတ္တရေတြ ေပးႏိုင္ခဲ့လို႔။

ကိုယ့္ဘဝမွာ တစ္ခါဆို တစ္ခါမွ မႀကံဳခဲ့ဖူးတဲ့ အမွတ္တရ လွလွေလးေတြကို ပထမဆံုးဖန္တီးေပးခဲ့တဲ့ ကိုယ္သိပ္ခ်စ္ရတဲ့လူေပါ့။ သူ႔ကိုဆံုးရံႈးသြားတဲ့အခါ ဒီအမွတ္တရေတြပါ သူနဲ႔အတူပါသြားၿပီဆိုတဲ့ အသိက သူ႔ကိုလံုးဝ ယတိျပတ္ ေမ့မသြားႏိုင္တဲ့ အေၾကာင္းအရင္းေတြထဲကတစ္ခုပါပဲ။

(၂) ကိုယ္ဘယ္ေလာက္ဆိုးေနပါေစ သူအၿမဲသည္းခံခဲ့လုိ႔။

ကိုယ္က ေပါက္ကရေတြေျပာေနလည္း ၿပံဳးၿပီးသာ ၾကည့္ေနတတ္သူ၊ ကိုယ္စိတ္ညစ္ေနၿပီ၊ စိတ္ဓာတ္က်ေနၿပီဆိုရင္လည္း ဘာတစ္ခြန္းမွ မေျပာဘဲ ကိုယ့္ကိုဆြဲေခၚၿပီး သူ႔ရင္ခြင္ထဲ ဆြဲသြင္းတယ္၊ ကိုယ္ဘယ္ေလာက္ေဒါသထြက္ထြက္၊ ဘယ္ေလာက္ဆိုးဆိုး အၿမဲမၿငိဳျငင္ဘဲ သည္းခံၿပီးေနတဲ့ လူမ်ိဳးဆိုတာ ကမာၻေပၚမွာ ကိုယ့္မိဘကလြဲလို႔ မရွိနိုင္ဘူးလို႔ ယူဆခဲ့ေပမဲ့ သူက ကိုယ္မထင္ထားတဲ့ လူမ်ိဳးျဖစ္ေနေတာ့ သူ႔အေပၚကို တအားသံေယာဇဥ္ေတြတြယ္မိ၊ အဲဒီအခ်ိန္မွာမွ သူ႔ဘက္က သည္းခံနိုင္စြမ္းကုန္သြားတဲ့ အခ်ိန္က်ေတာ့ ကိုယ့္မွာ အရူးမီးဝိုင္းေတြျဖစ္ၿပီး ေသလုမတတ္ခံစားရတယ္ေလ။ ဒီေလာက္သည္းခံၿပီး ခ်စ္ေပးခဲ့မွျဖင့္ေတာ့ ကိုယ့္ဘက္က အခုခ်ိန္ထိ ကိုယ္ဆိုးသမွ် သည္းခံခဲ့တဲ့လူကို မေမ့နိုင္ေသးဘူးဆိုတာ မထူးဆန္းပါဘူးေလ။

(၃) သူ႔ေလာက္ကိုယ့္အေပၚ ဘယ္သူကမွမေကာင္းနိုင္လို႔။

အႏြံတာခံတာလည္း သူ႔အျပင္မရွိဘူး၊ ကိုယ့္အေၾကာင္းကိုလည္း အူမေခ်းခါးကအစ အကုန္နားလည္တတ္တဲ့ လူ၊ ကိုယ္ဘယ္အခ်ိန္မွာ ဘာေတြျဖစ္တတ္တယ္၊ ဘယ္လိုမ်ိဳးေတြ အားငယ္တတ္တယ္ကအစ ဘယ္အေအးကို ဘယ္လိုနဲ႔မွႀကိဳက္တတ္တယ္ ဆိုတာေတြအဆံုး နားလည္ေပးနိုင္တဲ့လူ၊ ကိုယ္ဘယ္အခ်ိန္မွာ ဘာစားခ်င္တယ္ဆိုတာနဲ႔ ခ်က္ခ်င္းေရာက္ေအာင္ လာပို႔ေပးတဲ့လူမ်ိဳး၊ သြားခ်င္တဲ့ေနရာတိုင္းကိုလည္း ခ်က္ခ်င္းလိုက္ပို႔ေပး၊ ကိုယ္ကထီးမေဆာင္တတ္တဲ့လူမ်ိဳး ျဖစ္ေနရင္လည္း သူက အၿမဲထီးယူယူလာၿပီး ေဆာင္းေပးတတ္တဲ့လူမ်ိဳးကို ကိုယ့္အေတြးကေနဆြဲထုတ္လို႔မရဘူး ဆိုတာ ကိုယ့္အေပၚသူ႔ေလာက္ တျခားသူေတြက မေကာင္းနိုင္ဘူးလို႔ မသိိစိတ္ကေရာ၊ သိစိတ္ကပါ လက္ခံထားတာမို႔ပါ။

 အေပၚက အခ်က္ေတြကိုဖတ္ေနတဲ့အခ်ိန္ ကိုယ့္စိတ္ထဲမွာ လူတစ္ေယာက္ကဝင္လာၿပီး ရင္ထဲက ဆို႔နစ္ေနေအာင္ ခံစားရသြားရတယ္ဆိုရင္ ဒီလူကိုေယာင္းမခြဲနိုင္တာ မဟုတ္ပါဘူး။ သူ႔အၾကင္နာေတြကို သတိရမိၿပီး အခုခ်ိန္ထိ စြဲလမ္းေနေသးတာပါ။ အကယ္၍ သူ႔ကို တကယ္ခ်စ္မခ်စ္ေသခ်ာခ်င္ရင္ေတာ့ အဲဒီအၾကင္အနာေတြ လံုးဝမေပးနိုင္ေတာ့မယ့္ လူတစ္ေယာက္အေနနဲ႔ ေတြးၾကည့္ၿပီး သူ႔ကိုဆက္ခ်စ္နိုင္ဦးမလားဆိုတာကို ျပန္ေတြးၾကည့္…

ခ်စ္ႏိုင္ေသးတယ္ဆိုရင္ေတာ့ သူ႔ကိုေယာင္းတကယ္ခ်စ္ၿပီး ‘ဟင္း အဲ့ဒါေတြမရွိမွေတာ့ ခ်စ္ၿပီး ဘာလုပ္ရမွာလဲ၊ တျခားလူကို ေျပာင္းခ်စ္လိုက္မွာေပါ့’ ဆိုၿပီး ေတြးမိရင္ေတာ့ လူကိုခ်စ္တာမဟုတ္ဘဲ အၾကင္နာေတြကို မက္ေမာေနတာပါ။ အဲ့လိုမက္ေမာတာ ဆိုရင္ေတာ့ သိပ္မၾကာခင္ ကိုယ့္အနားကို သူ႕လုိခ်စ္ႏုိင္တဲ့သူတစ္ေယာက္ ေရာက္လာတဲ့အခါ ေမ့သြားပါလိမ့္မယ္။ သူန႔ဲတုန္းက မွားခဲ့သမွ်ေတြကို သင္ခန္းစာယူၿပီး ပိုေကာင္းတဲ့အခ်စ္ေရးကို တည္ေဆာက္ၾကတာေပါ့ေလ…

အဆင္ေျပႏုိင္ၾကပါေစ ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
‘ရင်ခွင်ဟောင်း နောက်တစ်ယောက်ပြောင်းလည်း အဆင်မပြေလို့ မပျော်တော့ရင် ပြန်လာခဲ့ အရင်အတိုင်းပဲ လက်ခံမယ်’ ဆိုတဲ့ သီချင်းကြားတိုင်း သူ့မျက်နှာကို တန်းပြီးပြေးမြင်၊ သူသာကိုယ့်ဘဝ သူ့ရင်ခွင်ကသာ ကိုယ့်အတွက်နားခိုရာ၊ သူကလွဲရင် တခြားဘယ်သူ့ဆီကိုမှ မသွားနိုင်တော့ပါ စသည်ဖြင့် သူကဘဝကြီးတစ်ခုလုံး ဖြစ်နေတဲ့ ယောင်းတွေရှိလားဟင်။ အဲဒီလူကလည်း အကြောင်းအမျိုးမျိုးကြောင့် အနားမရှိနိုင်တော့ဘူး ဒါပေမဲ့ အဲ့ဒီလူကို အခုချိန်ထိ တမ်းတမ်းတတဖြစ်နေတယ်ဆိုတာ ကိုယ့်အဆက်ဟောင်းကို ကိုယ်မမေ့နိုင်တာပါပဲ။ မမေ့နိုင်ဘူးဆိုတဲ့နေရာမှာကလည်း အမျိုးမျိုး ရှိနေသေးတာကလား… ဆိုတော့ ယောင်းတို့ရဲ့ အချစ်ဟောင်းကို မမေ့နိုင်တာ ဒီလိုအချက်လေးတွေကြောင့် ဖြစ်မလား?

(၁) သူကကိုယ့်ဘဝမှာ အကောင်းဆုံးအမှတ်တရတွေ ပေးနိုင်ခဲ့လို့။

ကိုယ့်ဘဝမှာ တစ်ခါဆို တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အမှတ်တရ လှလှလေးတွေကို ပထမဆုံးဖန်တီးပေးခဲ့တဲ့ ကိုယ်သိပ်ချစ်ရတဲ့လူပေါ့။ သူ့ကိုဆုံးရှုံးသွားတဲ့အခါ ဒီအမှတ်တရတွေပါ သူနဲ့အတူပါသွားပြီဆိုတဲ့ အသိက သူ့ကိုလုံးဝ ယတိပြတ် မေ့မသွားနိုင်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါပဲ။

(၂) ကိုယ်ဘယ်လောက်ဆိုးနေပါစေ သူအမြဲသည်းခံခဲ့လို့။

ကိုယ်က ပေါက်ကရတွေပြောနေလည်း ပြုံးပြီးသာ ကြည့်နေတတ်သူ၊ ကိုယ်စိတ်ညစ်နေပြီ၊ စိတ်ဓာတ်ကျနေပြီဆိုရင်လည်း ဘာတစ်ခွန်းမှ မပြောဘဲ ကိုယ့်ကိုဆွဲခေါ်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းတယ်၊ ကိုယ်ဘယ်လောက်ဒေါသထွက်ထွက်၊ ဘယ်လောက်ဆိုးဆိုး အမြဲမငြိုငြင်ဘဲ သည်းခံပြီးနေတဲ့ လူမျိုးဆိုတာ ကမ္ဘာပေါ်မှာ ကိုယ့်မိဘကလွဲလို့ မရှိနိုင်ဘူးလို့ ယူဆခဲ့ပေမဲ့ သူက ကိုယ်မထင်ထားတဲ့ လူမျိုးဖြစ်နေတော့ သူ့အပေါ်ကို တအားသံယောဇဉ်တွေတွယ်မိ၊ အဲဒီအချိန်မှာမှ သူ့ဘက်က သည်းခံနိုင်စွမ်းကုန်သွားတဲ့ အချိန်ကျတော့ ကိုယ့်မှာ အရူးမီးဝိုင်းတွေဖြစ်ပြီး သေလုမတတ်ခံစားရတယ်လေ။ ဒီလောက်သည်းခံပြီး ချစ်ပေးခဲ့မှဖြင့်တော့ ကိုယ့်ဘက်က အခုချိန်ထိ ကိုယ်ဆိုးသမျှ သည်းခံခဲ့တဲ့လူကို မမေ့နိုင်သေးဘူးဆိုတာ မထူးဆန်းပါဘူးလေ။

(၃) သူ့လောက်ကိုယ့်အပေါ် ဘယ်သူကမှမကောင်းနိုင်လို့။

အနွံတာခံတာလည်း သူ့အပြင်မရှိဘူး၊ ကိုယ့်အကြောင်းကိုလည်း အူမချေးခါးကအစ အကုန်နားလည်တတ်တဲ့ လူ၊ ကိုယ်ဘယ်အချိန်မှာ ဘာတွေဖြစ်တတ်တယ်၊ ဘယ်လိုမျိုးတွေ အားငယ်တတ်တယ်ကအစ ဘယ်အအေးကို ဘယ်လိုနဲ့မှကြိုက်တတ်တယ် ဆိုတာတွေအဆုံး နားလည်ပေးနိုင်တဲ့လူ၊ ကိုယ်ဘယ်အချိန်မှာ ဘာစားချင်တယ်ဆိုတာနဲ့ ချက်ချင်းရောက်အောင် လာပို့ပေးတဲ့လူမျိုး၊ သွားချင်တဲ့နေရာတိုင်းကိုလည်း ချက်ချင်းလိုက်ပို့ပေး၊ ကိုယ်ကထီးမဆောင်တတ်တဲ့လူမျိုး ဖြစ်နေရင်လည်း သူက အမြဲထီးယူယူလာပြီး ဆောင်းပေးတတ်တဲ့လူမျိုးကို ကိုယ့်အတွေးကနေဆွဲထုတ်လို့မရဘူး ဆိုတာ ကိုယ့်အပေါ်သူ့လောက် တခြားသူတွေက မကောင်းနိုင်ဘူးလို့ မသိစိတ်ကရော၊ သိစိတ်ကပါ လက်ခံထားတာမို့ပါ။

 အပေါ်က အချက်တွေကိုဖတ်နေတဲ့အချိန် ကိုယ့်စိတ်ထဲမှာ လူတစ်ယောက်ကဝင်လာပြီး ရင်ထဲက ဆို့နစ်နေအောင် ခံစားရသွားရတယ်ဆိုရင် ဒီလူကိုယောင်းမခွဲနိုင်တာ မဟုတ်ပါဘူး။ သူ့အကြင်နာတွေကို သတိရမိပြီး အခုချိန်ထိ စွဲလမ်းနေသေးတာပါ။ အကယ်၍ သူ့ကို တကယ်ချစ်မချစ်သေချာချင်ရင်တော့ အဲဒီအကြင်အနာတွေ လုံးဝမပေးနိုင်တော့မယ့် လူတစ်ယောက်အနေနဲ့ တွေးကြည့်ပြီး သူ့ကိုဆက်ချစ်နိုင်ဦးမလားဆိုတာကို ပြန်တွေးကြည့်…

ချစ်နိုင်သေးတယ်ဆိုရင်တော့ သူ့ကိုယောင်းတကယ်ချစ်ပြီး ‘ဟင်း အဲ့ဒါတွေမရှိမှတော့ ချစ်ပြီး ဘာလုပ်ရမှာလဲ၊ တခြားလူကို ပြောင်းချစ်လိုက်မှာပေါ့’ ဆိုပြီး တွေးမိရင်တော့ လူကိုချစ်တာမဟုတ်ဘဲ အကြင်နာတွေကို မက်မောနေတာပါ။ အဲ့လိုမက်မောတာ ဆိုရင်တော့ သိပ်မကြာခင် ကိုယ့်အနားကို သူ့လိုချစ်နိုင်တဲ့သူတစ်ယောက် ရောက်လာတဲ့အခါ မေ့သွားပါလိမ့်မယ်။ သူနဲ့တုန်းက မှားခဲ့သမျှတွေကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့အချစ်ရေးကို တည်ဆောက်ကြတာပေါ့လေ…

အဆင်ပြေနိုင်ကြပါစေ ….

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top