န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕ႏွင့္ ေျမပုံၿမိဳ႕တို႔အား ဆက္သြယ္ထားသည့္ မင္းျပား-ေျမပုံ ကားလမ္းေပၚက သာယာကုန္းတံတား၏ အေျခအေနမွာ အလြန္စိုးရြားလၽွက္ရွိၿပီး ကားမ်ားျဖတ္သန္းသြားလာရန္ လုံဝ မသင့္ေတာ့ေသာ အေျခအေနျဖစ္ေပၚေနေၾကာင္း ဓါတ္ပုံမ်ားနဲ႔တစ္ကြ လူမွုကြန္ယက္တြင္ ပ်ံ႕ႏွံ့လၽွက္ရွိသည္။

အဆိုပါ သာယာကုန္းတံတားသည္ မင္းျပားၿမိဳ႕မွ ၁၂ မိုင္ႏွင့္ ေျမပုံၿမိဳ႕မွ ၁၂ မိုင္အၾကားတြင္ ရွိၿပီး လူသြား လူလာမ်ားသည့္ တံတားတစ္စင္း ျဖစ္ကာ ယခုအခါ တံတား၏ ေအာက္​ေျခတိုင္မ်ား လုံးဝ ပ်က္ဆီးေနသည္ကို ျမင္ေတြ႕ရသည္။

“ဒီတံတားက ေတာ္ေတာ္ကေလး ရွည္ၿပီး လူသြားလူလာမ်ားတဲ့ တံတားတစ္စင္းျဖစ္ပါတယ္။ မင္းျပားနဲ႔ ေျမပုံကို ကားလမ္းေဖာက္တဲ့ လြန္ခဲ့တဲ့ ၅ ႏွစ္ ၆ ႏွစ္ေလာက္က တည္ေဆာက္ခဲ့တဲ့ တံတားျဖစ္ပါတယ္။ ေအာက္ေျခက တံတားတိုင္ေတြက အမာခံ မဟုတ္တဲ့ အတြက္ ခုလို က်ိဳးပ်က္သြားခဲ့တာ ျဖစ္ပါတယ္” ဟု မင္းျပားေဒသခံ ဦးသိန္းဇံ ကေျပာျပခဲ့သည္။

တံတားကိစၥႏွင့္ ပတ္သက္ၿပီး မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေအာင္ညႊန႔္အား ဆက္သြယ္ေမးျမန္းရာ - 
“ဒီတံတားရွိတဲ့ နယ္ေျမက ကၽြန္ေတာ္ မဲဆႏၵနယ္ ျဖစ္ပါတယ္။ တံတားဒီလို အႏၲရာယ္ရွိေနတယ္ဆိုတာ ကၽြန္ေတာ္သတင္းမရေသးဘူး။ ဒီတံတား ဘယ္ေလာက္ေတာင္ အေျခအေနဆိုးေနတယ္ဆိုတာ ကၽြန္ေတာ္ သြားၾကည့္ၿပီးမွ ေျပာနိုင္မွာ ျဖစ္ပါတယ္။ အခုက စစ္ေတြကို ေရာက္ေနၿပီး သြားၾကည့္ၿပီးတဲ့ေနာက္ အေၾကာင္းျပန္ၾကားေပးပါမယ္” ဟု က ေျပာခဲ့ၾကားသည္။


တံတား၏ သက္တမ္းမွာ ၆ ႏွစ္ခန႔္ ၾကာျမင့္ေနၿပီျဖစ္ကာ ေအာက္ေျခသစ္သားတိုင္မ်ား လုံးဝပ်က္ဆီးေနၿပီး လူသြားလူလာမ်ားသည့္ တံတားျဖစ္တာေၾကာင့္ မျဖစ္မေန ျပင္ဆင္ရေတာ့မည့္ အေျခေနျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

သတင္းရင္းျမစ္-Narinjara
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြေပုံမြို့တို့အား ဆက်သွယ်ထားသည့် မင်းပြား-မြေပုံ ကားလမ်းပေါ်က သာယာကုန်းတံတား၏ အခြေအနေမှာ အလွန်စိုးရွားလျှက်ရှိပြီး ကားများဖြတ်သန်းသွားလာရန် လုံဝ မသင့်တော့သော အခြေအနေဖြစ်ပေါ်နေကြောင်း ဓါတ်ပုံများနဲ့တစ်ကွ လူမှုကွန်ယက်တွင် ပျံ့နှံ့လျှက်ရှိသည်။

အဆိုပါ သာယာကုန်းတံတားသည် မင်းပြားမြို့မှ ၁၂ မိုင်နှင့် မြေပုံမြို့မှ ၁၂ မိုင်အကြားတွင် ရှိပြီး လူသွား လူလာများသည့် တံတားတစ်စင်း ဖြစ်ကာ ယခုအခါ တံတား၏ အောက်ခြေတိုင်များ လုံးဝ ပျက်ဆီးနေသည်ကို မြင်တွေ့ရသည်။

“ဒီတံတားက တော်တော်ကလေး ရှည်ပြီး လူသွားလူလာများတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ မင်းပြားနဲ့ မြေပုံကို ကားလမ်းဖောက်တဲ့ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်က တည်ဆောက်ခဲ့တဲ့ တံတားဖြစ်ပါတယ်။ အောက်ခြေက တံတားတိုင်တွေက အမာခံ မဟုတ်တဲ့ အတွက် ခုလို ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်” ဟု မင်းပြားဒေသခံ ဦးသိန်းဇံ ကပြောပြခဲ့သည်။

တံတားကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်အား ဆက်သွယ်မေးမြန်းရာ -
“ဒီတံတားရှိတဲ့ နယ်မြေက ကျွန်တော် မဲဆန္ဒနယ် ဖြစ်ပါတယ်။ တံတားဒီလို အန္တရာယ်ရှိနေတယ်ဆိုတာ ကျွန်တော်သတင်းမရသေးဘူး။ ဒီတံတား ဘယ်လောက်တောင် အခြေအနေဆိုးနေတယ်ဆိုတာ ကျွန်တော် သွားကြည့်ပြီးမှ ပြောနိုင်မှာ ဖြစ်ပါတယ်။ အခုက စစ်တွေကို ရောက်နေပြီး သွားကြည့်ပြီးတဲ့နောက် အကြောင်းပြန်ကြားပေးပါမယ်” ဟု က ပြောခဲ့ကြားသည်။


တံတား၏ သက်တမ်းမှာ ၆ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကာ အောက်ခြေသစ်သားတိုင်များ လုံးဝပျက်ဆီးနေပြီး လူသွားလူလာများသည့် တံတားဖြစ်တာကြောင့် မဖြစ်မနေ ပြင်ဆင်ရတော့မည့် အခြေနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သတင်းရင်းမြစ်-Narinjara

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top