န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အရင္တုန္းက အလြန္ထူးဆန္းၿပီး သနားဖို႔လည္းေကာင္းတဲ့ အျဖစ္အပ်က္ေလးတစ္ခု ျဖစ္ပ်က္ခဲ့ပါတယ္။ ခရစ္ႏွစ္ ၁၈၀၀ ဝန္းက်င္ေလာက္မွာ Edward Mordrake ဆိုတဲ့ လူ တစ္ေယာက္ဟာ ေမြးလာကတည္းက သူ႔ရဲ႕ သဘာဝမ်က္ႏွာအျပင္ ေနာက္ထပ္ မ်က္ႏွာအပိုတစ္ပါ ပါလာပါတယ္။ အာ့ဒီ ဒုတိယမ်က္ႏွာဟာ ထူးဆန္းၿပီး အလြန္လည္း ၾကည့္ရဆိုးလွပါတယ္။ သူ႔ရဲ႕ အပိုပါလာတဲ့ ဒုတိယမ်က္ႏွာမွာ သာမန္မ်က္ႏွာအတိုင္း မ်က္လုံး ၊ ႏွာေခါင္း နဲ႔ ပါးစပ္တို႔ အကုန္ပါဝင္ပါတယ္။ အခုလို ထူးဆန္းလွတဲ့ အေၾကာင္းကို ေဘာ္စတြန္ ပိုစ့္ သတင္းစာမွာ ၁၈၉၅ ခုႏွစ္က ေဖာ္ျပခဲ့ပါတယ္။

Edward ဟာ ယခုျဖစ္ရပ္ေၾကာင့္ အလြန္ပဲ ရွက္ခဲ့ရၿပီး သူ႔အသက္ ၂၃ႏွစ္မွာ ကိုယ့္ကိုကိုယ္ သတ္ေသဖို႔ ႀကိဳးစားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ တစ္ေယာက္တည္း သီးသန႔္ေနထိုင္ခဲ့ၿပီး သူ႔ရဲ႕မိသားစုေတြကိုလည္း အေတြ႕မခံခဲ့ပါဘူး ။ ဒီေနာက္သူဟာ ဆရာဝန္မ်ားစြာနဲ႔ ျပခဲ့ၿပီး ဆရာဝန္တိုင္းက ခြဲစိတ္ေပးဖို႔ကို ျငင္းပယ္ခဲ့ကာ ေသတဲ့အထိ ဒီဒုတိယမ်က္ႏွာကို ဒီအတိုင္းထားဖို႔ သာ အႀကံေပးခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ Edward ဟာ သူ႔ရဲ႕ ဒုတိယမ်က္ႏွာကို ဖယ္ရွားဖို႔ အႀကံအစည္ကို လက္လႊတ္ခဲ့ၿပီး သူဝါသနာ ပါတာေလးေတြကိုပဲ ေလ့လာသင္ၾကားခဲ့ပါတယ္။

Edward ဟာ ဂီတပညာရပ္ကို ေလ့လာလိုက္စားခဲ့ၿပီး တူရိယာအတီးပိုင္းမွာ အေတာ္ေလးထူးခြၽန္ခဲ့ပါတယ္။ ေနာက္ပိုကင္းမွာေတာ့ Edward ဟာေသဆုံးသြားခဲ့ၿပီး သမိုင္းအေထာက္အထားေတြမွာ Edward ဘယ္လိုေသသြားတယ္ဆိုတာနဲ႔ ဘယ္ေန႔မွာေသဆုံးခဲ့တယ္ဆိုတဲ့ မွတ္တမ္းေတြကို မေတြ႕ခဲ့ရပါဘူး။ အခုအခါမွာေတာ့ ၿဗိတိန္ႏိုင္ငံရဲ႕ ျပတိုက္တစ္ခုမွာ Edward ရဲ႕ ေဆးစိမ္ထားတဲ့ မ်က္ႏွာကို ျပသထားၿပီး ယေန႔အခ်ိန္အထိ ေလ့လာသူေတြ မ်ားျပားလ်က္ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: No One Cares

#Unicode Version#
အရင်တုန်းက အလွန်ထူးဆန်းပြီး သနားဖို့လည်းကောင်းတဲ့ အဖြစ်အပျက်လေးတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၀၀ ဝန်းကျင်လောက်မှာ Edward Mordrake ဆိုတဲ့ လူ တစ်ယောက်ဟာ မွေးလာကတည်းက သူ့ရဲ့ သဘာဝမျက်နှာအပြင် နောက်ထပ် မျက်နှာအပိုတစ်ပါ ပါလာပါတယ်။ အာ့ဒီ ဒုတိယမျက်နှာဟာ ထူးဆန်းပြီး အလွန်လည်း ကြည့်ရဆိုးလှပါတယ်။ သူ့ရဲ့ အပိုပါလာတဲ့ ဒုတိယမျက်နှာမှာ သာမန်မျက်နှာအတိုင်း မျက်လုံး ၊ နှာခေါင်း နဲ့ ပါးစပ်တို့ အကုန်ပါဝင်ပါတယ်။ အခုလို ထူးဆန်းလှတဲ့ အကြောင်းကို ဘော်စတွန် ပိုစ့် သတင်းစာမှာ ၁၈၉၅ ခုနှစ်က ဖော်ပြခဲ့ပါတယ်။

Edward ဟာ ယခုဖြစ်ရပ်ကြောင့် အလွန်ပဲ ရှက်ခဲ့ရပြီး သူ့အသက် ၂၃နှစ်မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ တစ်ယောက်တည်း သီးသန့်နေထိုင်ခဲ့ပြီး သူ့ရဲ့မိသားစုတွေကိုလည်း အတွေ့မခံခဲ့ပါဘူး ။ ဒီနောက်သူဟာ ဆရာဝန်များစွာနဲ့ ပြခဲ့ပြီး ဆရာဝန်တိုင်းက ခွဲစိတ်ပေးဖို့ကို ငြင်းပယ်ခဲ့ကာ သေတဲ့အထိ ဒီဒုတိယမျက်နှာကို ဒီအတိုင်းထားဖို့ သာ အကြံပေးခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Edward ဟာ သူ့ရဲ့ ဒုတိယမျက်နှာကို ဖယ်ရှားဖို့ အကြံအစည်ကို လက်လွှတ်ခဲ့ပြီး သူဝါသနာ ပါတာလေးတွေကိုပဲ လေ့လာသင်ကြားခဲ့ပါတယ်။

Edward ဟာ ဂီတပညာရပ်ကို လေ့လာလိုက်စားခဲ့ပြီး တူရိယာအတီးပိုင်းမှာ အတော်လေးထူးချွန်ခဲ့ပါတယ်။ နောက်ပိုကင်းမှာတော့ Edward ဟာသေဆုံးသွားခဲ့ပြီး သမိုင်းအထောက်အထားတွေမှာ Edward ဘယ်လိုသေသွားတယ်ဆိုတာနဲ့ ဘယ်နေ့မှာသေဆုံးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကို မတွေ့ခဲ့ရပါဘူး။ အခုအခါမှာတော့ ဗြိတိန်နိုင်ငံရဲ့ ပြတိုက်တစ်ခုမှာ Edward ရဲ့ ဆေးစိမ်ထားတဲ့ မျက်နှာကို ပြသထားပြီး ယနေ့အချိန်အထိ လေ့လာသူတွေ များပြားလျက်ရှိနေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: No One Cares


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top