ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

နဖူးေပၚတစ္ဝိုက္မွာ ဝက္ၿခံထြက္ရတဲ့ အေၾကာင္းအရင္းကေတာ့ ေန႔စဥ္အသံုးျပဳေနတဲ့ မိတ္ကပ္ အလွကုန္ ပစၥည္းေၾကာင့္လို႔ အမ်ားစုက သတ္မွတ္ၾကပါတယ္။ ဒါ့အျပင္ ဦးေရျပားမႈိေရာဂါ ရွိသူေတြ၊ ဦးေရျပား အဆီျပန္တဲ့သူနဲ႔ ဆံသားမ်ား သန္႔ရွင္းမႈ မရွိတဲ့အခါမ်ိဳးမွာလည္း နဖူးထက္မွာ ဝက္ၿခံထြက္ ေပၚလာ တတ္ပါတယ္။ နဖူးထက္မွာ ဝက္ၿခံေတြထြက္ေနလို႔ မိမိကိုယ္ကို ယံုၾကည္မႈ ေလ်ာ့နည္း ေနတယ္ ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြအတိုင္း ကုသႏိုင္ပါတယ္။

(၁) ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္က ဝက္ၿခံမ်ားကို ကုသတဲ့ေနရာမွာ တကယ့္ကို စြမ္းတယ္ဆိုတာ အားလံုး သိၾကမွာပါေနာ္။ ပန္းသီးရွာလကာရည္မွာ ပါဝင္တဲ့ ဓာတ္က ဝက္ၿခံျဖစ္ေပၚေစတဲ့ ဘတ္တီးရီးယား ပိုးမႊားမ်ားနဲ႔ အညစ္အေၾကးမ်ားကို ဖယ္ရွားသန္႔စင္ ေပးႏုိင္စြမ္း ရွိပါတယ္။ ပန္းသီးရွာလကာရည္ကို ဝါဂြမ္းစနဲ႔ တုိ႔ယူၿပီး ဝက္ၿခံရွိတဲ့ ေနရာကို လိမ္းေပးပါ။ မိနစ္ ၂၀ေလာက္ထားၿပီး ေရနဲ႔ေဆးခ်လိုက္ရံု ပါပဲ။

(၂) သံပရိုရည္

သံပရိုရည္မွာ ပါဝင္တဲ့ အက္ဆစ္ဓာတ္က ဝက္ၿခံျဖစ္ေပၚေစတဲ့ ဘတ္တီးရီးယား ပိုးမႊားမ်ားကို ေသေစႏုိင္ၿပီး ဆဲလ္ေသမ်ားကို ဖယ္ရွားသန္႔စင္ႏုိင္ဖို႔ မ်ားစြာ အေထာက္အကူျပဳ ပါတယ္။ သံပရိုရည္ ကို ဝါဂြမ္းစနဲ႔ တို႔ယူၿပီး ဝက္ၿခံေပၚကို တို႔လိမ္းေပးပါ။ ညအိပ္ခါနီးတိုင္း ပံုမွန္ျပဳလုပ္ေပးသြားမယ္ ဆိုရင္ ဝက္ၿခံနဲ႔ ဝက္ၿခံေၾကာင့္ က်န္ရစ္ခဲ့တဲ့ အမာရြတ္မ်ားကိုလည္း ေပ်ာက္ကင္းေစပါတယ္။ တကယ့္ကို လြယ္ကူရိုးရွင္းတဲ့ နည္းလမ္းေကာင္းေလးပါပဲေနာ္။

(၃) ခရမ္းခ်ဥ္သီး

မီးဖိုေခ်ာင္မွာ အလြယ္တကူရရွိႏိုင္တဲ့ ခရမ္းခ်ဥ္သီးကလည္း ဝက္ၿခံမ်ားကို အျမစ္ျပတ္ ရွင္းထုတ္ေပး ႏိုင္ ပါတယ္။ ခရမ္းခ်ဥ္သီးမွာ ပါဝင္တဲ့ သဘာဝ ဓာတ္ပစၥည္းမ်ားက ဝက္ၿခံျဖစ္ေပၚေစတဲ့ အဆီနဲ႔ အညစ္အေၾကးမ်ားကို ဖယ္ရွားသန္႔စင္ ႏုိင္ပါတယ္။ ခရမ္းခ်ဥ္သီးကို ထက္ၿခမ္းျခမ္းလိုက္ၿပီး ဝက္ၿခံရွိတဲ့ ေနရာေတြေပၚကို ပြတ္တိုက္ေပးရမွာပါ။ ၿပီးရင္ေတာ့ ၁၅မိနစ္အၾကာမွာ ေရနဲ႔ ေဆးေၾကာ သန္႔စင္ လိုက္ရံုပါပဲ။

(၄) ၾကက္ဥ

ၾကက္ဥမွာပါဝင္တဲ့ ပရိုတင္းဓာတ္က အသားအေရၾကည္လင္ဝင္းပဖိုု႔ အားျဖည့္ေပးႏိုင္သလုိ၊ ဝက္ၿခံ မ်ားကို လည္း သက္သာေပ်ာက္ကင္းေစႏုိင္ပါတယ္။ ၾကက္ဥတစ္လံုးကို မ်က္ႏွာျပင္ေပၚ ဒါမွမဟုတ္ ဝက္ၿခံရွိတဲ့ ေနရာေတြေပၚ သုတ္လိမ္းေပးပါ။ ၁၀မိနစ္ေလာက္ထားၿပီး ေရနဲ႔ ေဆးခ်လိုက္ရံုပါပဲ။ တစ္ေန႔ကို တစ္ႀကိမ္မွ ႏွစ္ႀကိမ္အထိ ပံုမွန္ျပဳလုပ္ေပးႏိုင္ပါတယ္။

(၅) ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ရဲ႕ ေအးျမတဲ့ခံစားမႈက အသားအေရအတြက္ မ်ားစြာ အားျဖည့္ေပးႏုိင္ပါတယ္။ အထူးသျဖင့္ ဝက္ၿခံကုသရာမွာ ရွားေစာင္းလက္ပတ္က ေဆးစြမ္းေကာင္း တစ္လက္ပါပဲ။ ရွားေစာင္း လက္ပတ္ အတြင္းသားဂ်ယ္လ္နဲ႔ မ်က္ႏွာျပင္ေပၚ ပြတ္တိုက္ေပးၿပီး တစ္နာရီခန္႔ ထားလို႔ရပါတယ္။ ညအိပ္ခါနီး ပြတ္တုိက္ၿပီး မနက္မွာ မ်က္ႏွာသစ္လိုက္တာကေတာ့ ပိုၿပီး ထိေရာက္မႈ ရွိပါတယ္။ ဒီနည္းအတုိင္း ညစဥ္ညတုိင္း ျပဳလုပ္ေပးသြားမယ္ဆိုရင္ ဝက္ၿခံကင္းစင္လာတာကို ေတြ႔ျမင္ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
နဖူးပေါ်တစ်ဝိုက်မှာ ဝက်ခြံထွက်ရတဲ့ အကြောင်းအရင်းကတော့ နေ့စဉ်အသုံးပြုနေတဲ့ မိတ်ကပ် အလှကုန် ပစ္စည်းကြောင့်လို့ အများစုက သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဦးရေပြားမှိုရောဂါ ရှိသူတွေ၊ ဦးရေပြား အဆီပြန်တဲ့သူနဲ့ ဆံသားများ သန့်ရှင်းမှု မရှိတဲ့အခါမျိုးမှာလည်း နဖူးထက်မှာ ဝက်ခြံထွက် ပေါ်လာ တတ်ပါတယ်။ နဖူးထက်မှာ ဝက်ခြံတွေထွက်နေလို့ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်း နေတယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေအတိုင်း ကုသနိုင်ပါတယ်။

(၁) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ဝက်ခြံများကို ကုသတဲ့နေရာမှာ တကယ့်ကို စွမ်းတယ်ဆိုတာ အားလုံး သိကြမှာပါနော်။ ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ ဓာတ်က ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယား ပိုးမွှားများနဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင် ပေးနိုင်စွမ်း ရှိပါတယ်။ ပန်းသီးရှာလကာရည်ကို ဝါဂွမ်းစနဲ့ တို့ယူပြီး ဝက်ခြံရှိတဲ့ နေရာကို လိမ်းပေးပါ။ မိနစ် ၂၀လောက်ထားပြီး ရေနဲ့ဆေးချလိုက်ရုံ ပါပဲ။

(၂) သံပရိုရည်

သံပရိုရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယား ပိုးမွှားများကို သေစေနိုင်ပြီး ဆဲလ်သေများကို ဖယ်ရှားသန့်စင်နိုင်ဖို့ များစွာ အထောက်အကူပြု ပါတယ်။ သံပရိုရည် ကို ဝါဂွမ်းစနဲ့ တို့ယူပြီး ဝက်ခြံပေါ်ကို တို့လိမ်းပေးပါ။ ညအိပ်ခါနီးတိုင်း ပုံမှန်ပြုလုပ်ပေးသွားမယ် ဆိုရင် ဝက်ခြံနဲ့ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်များကိုလည်း ပျောက်ကင်းစေပါတယ်။ တကယ့်ကို လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးပါပဲနော်။

(၃) ခရမ်းချဉ်သီး

မီးဖိုချောင်မှာ အလွယ်တကူရရှိနိုင်တဲ့ ခရမ်းချဉ်သီးကလည်း ဝက်ခြံများကို အမြစ်ပြတ် ရှင်းထုတ်ပေး နိုင် ပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ သဘာဝ ဓာတ်ပစ္စည်းများက ဝက်ခြံဖြစ်ပေါ်စေတဲ့ အဆီနဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင် နိုင်ပါတယ်။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ဝက်ခြံရှိတဲ့ နေရာတွေပေါ်ကို ပွတ်တိုက်ပေးရမှာပါ။ ပြီးရင်တော့ ၁၅မိနစ်အကြာမှာ ရေနဲ့ ဆေးကြော သန့်စင် လိုက်ရုံပါပဲ။

(၄) ကြက်ဥ

ကြက်ဥမှာပါဝင်တဲ့ ပရိုတင်းဓာတ်က အသားအရေကြည်လင်ဝင်းပဖိုု့ အားဖြည့်ပေးနိုင်သလို၊ ဝက်ခြံ များကို လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကြက်ဥတစ်လုံးကို မျက်နှာပြင်ပေါ် ဒါမှမဟုတ် ဝက်ခြံရှိတဲ့ နေရာတွေပေါ် သုတ်လိမ်းပေးပါ။ ၁၀မိနစ်လောက်ထားပြီး ရေနဲ့ ဆေးချလိုက်ရုံပါပဲ။ တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။

(၅) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အေးမြတဲ့ခံစားမှုက အသားအရေအတွက် များစွာ အားဖြည့်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဝက်ခြံကုသရာမှာ ရှားစောင်းလက်ပတ်က ဆေးစွမ်းကောင်း တစ်လက်ပါပဲ။ ရှားစောင်း လက်ပတ် အတွင်းသားဂျယ်လ်နဲ့ မျက်နှာပြင်ပေါ် ပွတ်တိုက်ပေးပြီး တစ်နာရီခန့် ထားလို့ရပါတယ်။ ညအိပ်ခါနီး ပွတ်တိုက်ပြီး မနက်မှာ မျက်နှာသစ်လိုက်တာကတော့ ပိုပြီး ထိရောက်မှု ရှိပါတယ်။ ဒီနည်းအတိုင်း ညစဉ်ညတိုင်း ပြုလုပ်ပေးသွားမယ်ဆိုရင် ဝက်ခြံကင်းစင်လာတာကို တွေ့မြင်ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top