×

ဆံပင္ေတြအရမ္းကၽြတ္လို႔ မလွမပျဖစ္ေနတဲ့ဆံပင္ေတြကို ခပ္တိုတိုေလးညႇပ္ၿပီး Hair styleေျပာင္းပစ္တတ္ၾကပါ တယ္။ ဒါေပမဲ့ ဆံပင္အတိုညႇပ္လိုက္မွ အရင္ကထက္ပိုကၽြတ္ၿပီး ပုခံုးေပၚမွာ၊ အက်ီ ၤအဝတ္အစားေတြေပၚမွာ ဆံပင္ကၽြတ္ငုတ္တိုေလးေတြဟိုတစ္စဒီတစ္စ ျမင္ရတာဟာဆိုရင္ အင္မတန္စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ အဲဒီလိုဘာေၾကာင့္ျဖစ္ရတာလဲဆိုတာကို ဆန္းစစ္ၾကည့္ဖူးလား။ ၿပီးေတာ့ ဆံပင္ကၽြတ္သက္သာေစမယ့္ ေဆးနည္းေလးေတြေရာမသိခ်င္ဘူးလား ပရိသတ္ႀကီးေရ။

တကယ္ေတာ့ ဆံပင္ကၽြတ္ၿပီဆိုရင္ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္၊ ေသာက္ေနရတဲ့ေဆးေတြရွိရင္ ေသာက္ေဆးေတြေၾကာင့္ ဒါမွမဟုတ္ ေဆးကုသမႈလုပ္ေနရတယ္ဆိုရင္လည္း ေဆးကုသမႈေတြေၾကာင့္လည္းျဖစ္ တတ္သလို မ်ိဳးရိုးဗီဇ(မိသားစုကေနမ်ဳိးရိုးျခင္း)ေၾကာင့္လည္းျဖစ္တတ္ပါတယ္။

ဆံခ်ည္မွ်င္ေလးေတြက ဦးေရျပားမွာရွိတဲ့ေမႊးညႇင္းေပါက္ေလးေတြကေနထြက္တာျဖစ္ပါတယ္။ဆံပင္တိုတဲ့သူေတြမွာ ဦးေရျပားကေမႊးညႇင္းေပါက္ေလးေတြဟာက်ဳံ႕ဝင္သြားၾကတဲ့အတြက္ ဆံပင္ကၽြတ္ၿပီး ဆံပင္ခြဲေၾကာင္းရွိတဲ့ေနရာေတြ မွာ ဆံပင္ပါးလာျခင္း(ထိပ္ေျပာင္လာျခင္း)ျဖစ္ပါတယ္။

ၿပီးေတာ့ အဲလိုက်ံဳ႕ဝင္သြားတဲ့ေမႊးညႇင္းေပါက္ေလးေတြမွာ ဆံပင္အသစ္ထပ္မထြက္ေတာ့ဘဲ က်န္တဲ့ေမႊး ညႇင္းေပါက္ေလးေတြကေနပဲ ဆံပင္အသစ္ထြက္ေအာင္လႈံ႕ေဆာ္ေပးတာပဲျဖစ္ပါတယ္။

အဲဒီလို ဆံပင္တိုတိုေလးနဲ႔ အကၽြတ္သန္တဲ့သူေတြအတြက္ အသံုးဝင္တဲ့ေဆးနည္းေလးေတြရွိပါတယ္။ အဲဒီေဆးနည္းေလးေတြကိုလည္းေဖာ္ျပေပးလိုက္ပါတယ္။

ေတာဆီးျဖဴသီး

ဒီအသီးကိုေစ်းေတြမွာအလြယ္တကူဝယ္ယူရရွိႏိုင္ပါတယ္။ ကုလားဆီးျဖဴသီး ေခၚေတာဆီးျဖဴသီးျဖစ္ပါတယ္။ ဒီအသီးရဲ႕အာနိသင္ေကာင္းက်ိဳးေၾကာင့္ အိႏၵိယလူမ်ိဳးေတြရဲ႕ ဆံေကသာနဲ႔ပတ္သက္တဲ့ေဆးေဖာ္စပ္နည္းေတြမွာ အဓိကေဆးဖက္ဝင္အသီးအျဖစ္အသံုးျပဳၾကပါတယ္။ ဒီအသီးကိုသတၳဳရည္ရေအာင္ေထာင္းၿပီး သံပုရာရည္ နဲ႔ေရာ စပ္ကာ ဦးေရျပားကိုလိမ္းေပးရမွာျဖစ္ပါတယ္။ တစ္ေန႔တစ္ႀကိမ္ပုံမွန္လိမ္းေပးသြားမယ္ဆိုရင္ ဆံပင္ ကၽြတ္တာ၊ ႏွစ္ခြျဖစ္တာ ဆံပင္ေတြက်ိဳးျပတ္တာေတြသက္သာသြားမွာျဖစ္ပါတယ္။

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴမွာ ဆာလ္ဖာနဲ႔ ဆီလီနီယမ္ပါဝင္တဲ့အတြက္ ဆံပင္ကိုသန္ေစၿပီးေတာ့ အရွည္ျမန္ေစပါတယ္။ ဒါေၾကာင့္ ၾကက္သြန္ျဖဴကို ဆံပင္ကၽြတ္တာေတြအတြက္အသံုးမ်ားၾကပါတယ္။

ဆံပင္ကိုသဘာဝအတိုင္းေပ်ာ့ေပ်ာင္းေစၿပီး ရွည္ေစပါတယ္။ ဒါေၾကာင့္ ဆံပင္ကၽြတ္ၿပီဆိုရင္ ၾကက္သြန္ျဖဴ ေလးငါးေျခာက္မႊာေလာက္ကို ၾကိတ္ၿပီးသံလြင္ဆီနဲ႔ ဆံပင္အရင္းေတြကိုႏွိပ္နယ္ၿပီးလိမ္းေပးႏိုင္ပါတယ္။ သံုးပတ္ေလာက္လိမ္းၿပီးသြားရင္ သိသာတဲ့ရလဒ္ကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ၾကက္ဆူဆီ

ၾကက္ဆူဆီမွာ antifungalနဲ႔ antibacterialအျပင္ ဗီတာမင္ အီး၊ သတၳဳဓာတ္နဲ႔ သံဓာတ္၊ Omega 6နဲ႔ fatty acidsတို႔ပါဝင္တဲ့အတြက္ အေရျပားနဲ႔ ဆံေကသာအတြက္သင့္ေတာ္တဲ့အဆီတစ္မ်ဳိးျဖစ္ပါတယ္။ ဒါေပမဲ့ ၾကက္ဆူ ဆီက သူ႔သဘာဝအဆီမွာကိုက အပူဓာတ္ရွိေနတာေၾကာင့္ တစ္မ်ိဳးတည္းမလိမ္းဘဲ သံလြင္ဆီ၊ အုန္းဆီ ဒါမွမဟုတ္ ဗာဒံဆီတို႔နဲ႔အနည္းငယ္စီေရာစပ္ၿပီးမွလိမ္းရင္ပိုၿပီးသင့္ေတာ္ပါတယ္။ ၾကက္ဆူဆီကုိလည္း ေဆးပစၥည္းဆိုင္ေတြမွာ အလြယ္ဝယ္ယူႏိုင္ေနၿပီဆိုေတာ့ ဆံပင္ကၽြတ္တာကိုအျမန္ဆံုးအဆံုးသတ္လိုက္ရေအာင္။

ၾကက္ဥ

ၾကက္ဥကေတာ့ ဆံပင္ကၽြတ္တဲ့သူေတြ၊ ပါးတဲ့သူေတြအတြက္ လြယ္ကူ၊ ျမန္၊ ေကာင္းဆိုတဲ့ အတိုင္းအလြယ္ကူ ဆံုးနဲ႔ ျမန္ျမန္ဆန္ဆန္ပဲ အက်ိဳးရလဒ္ခံစားရမယ့္နည္းပဲျဖစ္ပါတယ္။ ၾကက္ဥအႏွစ္ကိုဖယ္ၿပီးၾကက္ဥအကာႏွစ္လံုးေလာက္ကိုေက်ေနေအာင္ခေလာက္ၿပီးဦးေရျပားအႏွံ႔သုတ္လိမ္းႏွိပ္နယ္ေပးရမွာျဖစ္ပါတယ္။ ၁၅မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္လိုက္မယ္ဆိုရင္ ဆံပင္ကၽြတ္သက္သာတဲ့အျပင္ သဘာဝအတိုင္းေတာက္ေျပာင္ေနတဲ့ ဆံေကသာကိုလည္းရရွိမွာျဖစ္ပါတယ္။

ကဲ ဒီေလာက္လြယ္ေနမွေတာ့ ဘာမွမစဥ္းစားေတာ့ဘဲ အခုပဲလုပ္ၾကည့္လိုက္ၾကရေအာင္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ဆံပင်တွေအရမ်းကျွတ်လို့ မလှမပဖြစ်နေတဲ့ဆံပင်တွေကို ခပ်တိုတိုလေးညှပ်ပြီး Hair styleပြောင်းပစ်တတ်ကြပါ တယ်။ ဒါပေမဲ့ ဆံပင်အတိုညှပ်လိုက်မှ အရင်ကထက်ပိုကျွတ်ပြီး ပုခုံးပေါ်မှာ၊ အကျီ ၤအဝတ်အစားတွေပေါ်မှာ ဆံပင်ကျွတ်ငုတ်တိုလေးတွေဟိုတစ်စဒီတစ်စ မြင်ရတာဟာဆိုရင် အင်မတန်စိတ်ပျက်ဖို့ကောင်းပါတယ်။ အဲဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ဆန်းစစ်ကြည့်ဖူးလား။ ပြီးတော့ ဆံပင်ကျွတ်သက်သာစေမယ့် ဆေးနည်းလေးတွေရောမသိချင်ဘူးလား ပရိသတ်ကြီးရေ။

တကယ်တော့ ဆံပင်ကျွတ်ပြီဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့်၊ သောက်နေရတဲ့ဆေးတွေရှိရင် သောက်ဆေးတွေကြောင့် ဒါမှမဟုတ် ဆေးကုသမှုလုပ်နေရတယ်ဆိုရင်လည်း ဆေးကုသမှုတွေကြောင့်လည်းဖြစ် တတ်သလို မျိုးရိုးဗီဇ(မိသားစုကနေမျိုးရိုးခြင်း)ကြောင့်လည်းဖြစ်တတ်ပါတယ်။

ဆံချည်မျှင်လေးတွေက ဦးရေပြားမှာရှိတဲ့မွှေးညှင်းပေါက်လေးတွေကနေထွက်တာဖြစ်ပါတယ်။ဆံပင်တိုတဲ့သူတွေမှာ ဦးရေပြားကမွှေးညှင်းပေါက်လေးတွေဟာကျုံ့ဝင်သွားကြတဲ့အတွက် ဆံပင်ကျွတ်ပြီး ဆံပင်ခွဲကြောင်းရှိတဲ့နေရာတွေ မှာ ဆံပင်ပါးလာခြင်း(ထိပ်ပြောင်လာခြင်း)ဖြစ်ပါတယ်။

ပြီးတော့ အဲလိုကျုံ့ဝင်သွားတဲ့မွှေးညှင်းပေါက်လေးတွေမှာ ဆံပင်အသစ်ထပ်မထွက်တော့ဘဲ ကျန်တဲ့မွှေး ညှင်းပေါက်လေးတွေကနေပဲ ဆံပင်အသစ်ထွက်အောင်လှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။

အဲဒီလို ဆံပင်တိုတိုလေးနဲ့ အကျွတ်သန်တဲ့သူတွေအတွက် အသုံးဝင်တဲ့ဆေးနည်းလေးတွေရှိပါတယ်။ အဲဒီဆေးနည်းလေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

တောဆီးဖြူသီး

ဒီအသီးကိုဈေးတွေမှာအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ကုလားဆီးဖြူသီး ခေါ်တောဆီးဖြူသီးဖြစ်ပါတယ်။ ဒီအသီးရဲ့အာနိသင်ကောင်းကျိုးကြောင့် အိန္ဒိယလူမျိုးတွေရဲ့ ဆံကေသာနဲ့ပတ်သက်တဲ့ဆေးဖော်စပ်နည်းတွေမှာ အဓိကဆေးဖက်ဝင်အသီးအဖြစ်အသုံးပြုကြပါတယ်။ ဒီအသီးကိုသတ္ထုရည်ရအောင်ထောင်းပြီး သံပုရာရည် နဲ့ရော စပ်ကာ ဦးရေပြားကိုလိမ်းပေးရမှာဖြစ်ပါတယ်။ တစ်နေ့တစ်ကြိမ်ပုံမှန်လိမ်းပေးသွားမယ်ဆိုရင် ဆံပင် ကျွတ်တာ၊ နှစ်ခွဖြစ်တာ ဆံပင်တွေကျိုးပြတ်တာတွေသက်သာသွားမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ဆာလ်ဖာနဲ့ ဆီလီနီယမ်ပါဝင်တဲ့အတွက် ဆံပင်ကိုသန်စေပြီးတော့ အရှည်မြန်စေပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို ဆံပင်ကျွတ်တာတွေအတွက်အသုံးများကြပါတယ်။

ဆံပင်ကိုသဘာဝအတိုင်းပျော့ပျောင်းစေပြီး ရှည်စေပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ပြီဆိုရင် ကြက်သွန်ဖြူ လေးငါးခြောက်မွှာလောက်ကို ကြိတ်ပြီးသံလွင်ဆီနဲ့ ဆံပင်အရင်းတွေကိုနှိပ်နယ်ပြီးလိမ်းပေးနိုင်ပါတယ်။ သုံးပတ်လောက်လိမ်းပြီးသွားရင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ကြက်ဆူဆီ

ကြက်ဆူဆီမှာ antifungalနဲ့ antibacterialအပြင် ဗီတာမင် အီး၊ သတ္ထုဓာတ်နဲ့ သံဓာတ်၊ Omega 6နဲ့ fatty acidsတို့ပါဝင်တဲ့အတွက် အရေပြားနဲ့ ဆံကေသာအတွက်သင့်တော်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ကြက်ဆူ ဆီက သူ့သဘာဝအဆီမှာကိုက အပူဓာတ်ရှိနေတာကြောင့် တစ်မျိုးတည်းမလိမ်းဘဲ သံလွင်ဆီ၊ အုန်းဆီ ဒါမှမဟုတ် ဗာဒံဆီတို့နဲ့အနည်းငယ်စီရောစပ်ပြီးမှလိမ်းရင်ပိုပြီးသင့်တော်ပါတယ်။ ကြက်ဆူဆီကိုလည်း ဆေးပစ္စည်းဆိုင်တွေမှာ အလွယ်ဝယ်ယူနိုင်နေပြီဆိုတော့ ဆံပင်ကျွတ်တာကိုအမြန်ဆုံးအဆုံးသတ်လိုက်ရအောင်။

ကြက်ဥ

ကြက်ဥကတော့ ဆံပင်ကျွတ်တဲ့သူတွေ၊ ပါးတဲ့သူတွေအတွက် လွယ်ကူ၊ မြန်၊ ကောင်းဆိုတဲ့ အတိုင်းအလွယ်ကူ ဆုံးနဲ့ မြန်မြန်ဆန်ဆန်ပဲ အကျိုးရလဒ်ခံစားရမယ့်နည်းပဲဖြစ်ပါတယ်။ ကြက်ဥအနှစ်ကိုဖယ်ပြီးကြက်ဥအကာနှစ်လုံးလောက်ကိုကျေနေအောင်ခလောက်ပြီးဦးရေပြားအနှံ့သုတ်လိမ်းနှိပ်နယ်ပေးရမှာဖြစ်ပါတယ်။ ၁၅မိနစ်လောက်ထားပြီး ခေါင်းလျှော်လိုက်မယ်ဆိုရင် ဆံပင်ကျွတ်သက်သာတဲ့အပြင် သဘာဝအတိုင်းတောက်ပြောင်နေတဲ့ ဆံကေသာကိုလည်းရရှိမှာဖြစ်ပါတယ်။

ကဲ ဒီလောက်လွယ်နေမှတော့ ဘာမှမစဉ်းစားတော့ဘဲ အခုပဲလုပ်ကြည့်လိုက်ကြရအောင်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top