န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဗိုလ္မွဴးရဲ႔ မိန္းမ သူမကိုယ္တိုင္ကလဲ ဥပေဒရံုးမွာ လက္ရွိတာ၀န္ထမ္းေဆာင္ေန
သူလဲ ၿဖစ္တဲ႔ ေဒၚသိဂႌစု ဟာ ေမလ ``၁၉``ရက္ေန႔က အသက္``၄၀``အရႊယ္ရွိ အိမ္အကူ ကရင္မ (ခ) မခင္စႏၵာဦး ကို ဆြဲႀကိဳး ခိုးသည္ဟု ေဒၚသိဂႌစုက စြပ္စြဲေျပာဆိုၿပီး ေျခေထာက္ျဖင့္ ကန္ျခင္း၊ ေက်ာက္ျပင္ ျဖင့္ထုျခင္း ``မတရား ရက္စက္စြာ ညႇင္းပန္းႏွိပ္စက္ ၿခင္းတို႔ကို ျပဳလုပ္ခဲ့ေသာ္ေၾကာင့္ ကရင္မ (ခ) မခင္စႏၵာဦး၏
ဦးေခါင္း၊ မ်က္ႏွာႏွင့္ ရင္ဘတ္တို႔တြင္ ဒဏ္ရာမ်ားစြာ ရရွိခဲ႔ၿပီးေနာက္ ေသႏိုင္ေႀကာင္း သိရွိေသာ္ေႀကာင္႔ လူသတ္မွုအား ဖံုးကြယ္ႏိုင္ရန္ ဒဏ္ရာၿပင္းထန္ေနတဲ႔ အိမ္အကူကို ဗိုလ္မွဴးႏွင္႔ ဇနီးတို႔မွ ရႊာသို႔ ၿပန္လည္ပို႔ေဆာင္ခဲ႔ေႀကာင္း သိရပါတယ္။
-
ေအာက္ပါပို႔ေဆာင္သည္႔ ေန႔မွာတြင္ ႐ြာလူႀကီးမ်ားက အိမ္အကူၿဖစ္သူ ကရင္မ (ခ) မခင္စႏၵာဦးကို ေဆး႐ံုသို႔ တင္ပို႔ရန္ ျပင္ဆင္ေနခ်ိန္တြင္ ေသဆံုးသြား သျဖင့္
ရာအိမ္မွဴး ဦးေအးေသာင္းက ဗိုလ္မွူးဇနီးၿဖစ္သူ ေဒၚသိဂႌစုကို အမႈဖြင့္ အေရးယူေပးပါရန္ တရားလိုျပဳ တိုင္ၾကားခဲ့ေႀကာင္း သိရပါတယ္။
-
ေသဆံုးသူ အိမ္အကူအမ်ိဳးသမီးတြင္ သားသမီး ေလးဦးရွိၿပီး လြန္ခဲ့သည့္ ေလးႏွစ္ခန္႔က ခင္ပြန္းေသဆံုးခဲ့ရာ စီးပြားေရး အဆင္မေျပသျဖင့္ အိမ္အကူလုပ္ကာ မိသားစု
ကို ေထာက္ပံ့ေနသူျဖစ္ ေၾကာင္း၊ ၎၏႐ုပ္အေလာင္းကို ရင္ခြဲစစ္ေဆးခ်က္အရ
ဦးေခါင္း ခ်ိဳေစာင္းရွိ ဦးေႏွာက္ေသြးေၾကာမ်ား ပံုမွန္ထက္ ေဖာင္းကားေနျခင္း၊ ဝမ္းဗိုက္ညိဳမည္းစြဲဒဏ္ရာႏွင့္ အူတစ္လက္မခန္႔ ေပါက္ၿပဲဒဏ္ရာမ်ားကို ေတြ႔ရွိ
ခဲ့ၿပီး ယင္းဒဏ္ရာမ်ားမွာ လြန္ခဲ့သည့္ ငါးရက္ခန္႔က ရရွိခဲ့သည့္ ဒဏ္ရာမ်ားျဖစ္ေၾကာင္း ေဆးစာအရ သိရွိရသည္။
-
ေအာက္ေဖာ္ၿပပါ အိမ္အကူအား လူသတ္အေလာင္းေဖ်ာက္ရန္ ႀကံစည္ေသာ ဗိုလ္မွုးႏွင္႔ ဇနီးအား တြံေတးၿမိဳ႕နယ္၊ ခေလာက္ခ်ိဳက္ နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ကာ သက္ေသမ်ား၏ ထြက္ဆိုခ်က္မ်ားအရ ေဒၚသိဂႌစုမွာ ျပစ္မႈက်ဴးလြန္
ေၾကာင္း ေပၚေပါက္ခဲ့သျဖင့္ ေမလ ၂၁ ရက္ မြန္းလြဲပိုင္းက ဖမ္းဆီးခဲ့ေၾကာင္း၊ လူသတ္မွဳ က်ဴလြန္သူကို တြံေတးၿမိဳ႕မ ရဲစခန္း အခ်ဳပ္တြင္ ထိန္းသိ္မ္းထားေၾကာင္း ရဲတပ္ဖြဲ႔မွ သတင္းထုတ္ၿပန္ ခဲ႔ေသာ္လည္း အမွန္တကယ္ ဖမ္းဆီးခ်င္းမရွိေႀကာင္း သိရပါတယ္။
-
ေအာက္ပါ လူသတ္မွုကို က်ဳးလြန္ရာတြင္ အလိုတူအလိုပါၿဖစ္သူ ဗိုလ္မွဳးအားလဲ ``လံုး၀``စစ္ေဆးေမးၿမန္ၿခင္းလဲ မရွိေႀကာင္း သိရပါတယ္။
-
ဥပေဒရဲ႔ေအာက္မွာ စစ္တပ္က ဗိုလ္မွူးႏွင္႔ဇနီးဟာ လူသတ္မွု က်ဳးလြန္ၿပီး
အေလာင္းေဖ်ာက္ရန္ ႀကံစည္ခဲ႔မွုကို လူသတ္တရာခံ ၿဖစ္သူ ဗိုလ္မွူးဇနီကို
ဖမ္းဆီးထားေႀကာင္း ရုပ္ပံုနဲ႔ တကြ သတင္းထုတ္ၿပန္ၿခင္း မရွိပါက ရဲတပ္ဖြဲ႔
ပါ လိမ္လည္ ထြက္ဆိုေပးေနၿပီၿဖစ္ေႀကာင္း ႏိုင္ငံေတာ္ သမၼတ သိေစရန္ တင္ၿပလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရာအိမ္မွဴး ဦးေအးေသာင္း

#Unicode Version#
ဗိုလ်မှူးရဲ့ မိန်းမ သူမကိုယ်တိုင်ကလဲ ဥပဒေရုံးမှာ လက်ရှိတာဝန်ထမ်းဆောင်နေ
သူလဲ ဖြစ်တဲ့ ဒေါ်သိင်္ဂီစု ဟာ မေလ ``၁၉``ရက်နေ့က အသက်``၄၀``အရွှယ်ရှိ အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦး ကို ဆွဲကြိုး ခိုးသည်ဟု ဒေါ်သိင်္ဂီစုက စွပ်စွဲပြောဆိုပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပြင် ဖြင့်ထုခြင်း ``မတရား ရက်စက်စွာ ညှင်းပန်းနှိပ်စက် ခြင်းတို့ကို ပြုလုပ်ခဲ့သော်ကြောင့် ကရင်မ (ခ) မခင်စန္ဒာဦး၏
ဦးခေါင်း၊ မျက်နှာနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများစွာ ရရှိခဲ့ပြီးနောက် သေနိုင်ကြောင်း သိရှိသော်ကြောင့် လူသတ်မှုအား ဖုံးကွယ်နိုင်ရန် ဒဏ်ရာပြင်းထန်နေတဲ့ အိမ်အကူကို ဗိုလ်မှူးနှင့် ဇနီးတို့မှ ရွှာသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
-
အောက်ပါပို့ဆောင်သည့် နေ့မှာတွင် ရွာလူကြီးများက အိမ်အကူဖြစ်သူ ကရင်မ (ခ) မခင်စန္ဒာဦးကို ဆေးရုံသို့ တင်ပို့ရန် ပြင်ဆင်နေချိန်တွင် သေဆုံးသွား သဖြင့်
ရာအိမ်မှူး ဦးအေးသောင်းက ဗိုလ်မှူးဇနီးဖြစ်သူ ဒေါ်သိင်္ဂီစုကို အမှုဖွင့် အရေးယူပေးပါရန် တရားလိုပြု တိုင်ကြားခဲ့ကြောင်း သိရပါတယ်။
-
သေဆုံးသူ အိမ်အကူအမျိုးသမီးတွင် သားသမီး လေးဦးရှိပြီး လွန်ခဲ့သည့် လေးနှစ်ခန့်က ခင်ပွန်းသေဆုံးခဲ့ရာ စီးပွားရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ကာ မိသားစု
ကို ထောက်ပံ့နေသူဖြစ် ကြောင်း၊ ၎င်း၏ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ
ဦးခေါင်း ချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းဗိုက်ညိုမည်းစွဲဒဏ်ရာနှင့် အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများကို တွေ့ရှိ
ခဲ့ပြီး ယင်းဒဏ်ရာများမှာ လွန်ခဲ့သည့် ငါးရက်ခန့်က ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ကြောင်း ဆေးစာအရ သိရှိရသည်။
-
အောက်ဖော်ပြပါ အိမ်အကူအား လူသတ်အလောင်းဖျောက်ရန် ကြံစည်သော ဗိုလ်မှုးနှင့် ဇနီးအား တွံတေးမြို့နယ်၊ ခလောက်ချိုက် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ သက်သေများ၏ ထွက်ဆိုချက်များအရ ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်
ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မေလ ၂၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း၊ လူသတ်မှု ကျူလွန်သူကို တွံတေးမြို့မ ရဲစခန်း အချုပ်တွင် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ခဲ့သော်လည်း အမှန်တကယ် ဖမ်းဆီးချင်းမရှိကြောင်း သိရပါတယ်။
-
အောက်ပါ လူသတ်မှုကို ကျုးလွန်ရာတွင် အလိုတူအလိုပါဖြစ်သူ ဗိုလ်မှုးအားလဲ ``လုံးဝ``စစ်ဆေးမေးမြန်ခြင်းလဲ မရှိကြောင်း သိရပါတယ်။
-
ဥပဒေရဲ့အောက်မှာ စစ်တပ်က ဗိုလ်မှူးနှင့်ဇနီးဟာ လူသတ်မှု ကျုးလွန်ပြီး
အလောင်းဖျောက်ရန် ကြံစည်ခဲ့မှုကို လူသတ်တရာခံ ဖြစ်သူ ဗိုလ်မှူးဇနီကို
ဖမ်းဆီးထားကြောင်း ရုပ်ပုံနဲ့ တကွ သတင်းထုတ်ပြန်ခြင်း မရှိပါက ရဲတပ်ဖွဲ့
ပါ လိမ်လည် ထွက်ဆိုပေးနေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတ သိစေရန် တင်ပြလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရာအိမ်မှူး ဦးအေးသောင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top