ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

သု႔ရဲ႕ အေပါက္ထဲကို ေခ်ာင္းၾကည့္လိုက္ေတာ့ အထဲမွာ မဲေနတာေၾကာင့္ ကိုေအာင္ႏိုင္တစ္ေယာက္ ေတြသြားတယ္……….

ကိုေအာင္ႏိုင္တစ္ေယာက္ ညေန ထမင္းစားေတာ့ မလို႔ ေၾကာင္အိမ္ေလးကို ဖြင့္ၾကည့္ေတာ့ မနက္က အေမခ်က္ထားတဲ့ ဟင္းက သိပ္မက်န္ေတာ့တာ ေတြ႕ရတယ္ အံမယ္ သူ႔အဖို႔က ဟင္းမက်န္လည္း ကိစၥမရွိဘူး ညေနဘက္ဆိုရင္ ၾကက္ဥကို ခရမ္းခ်ဥ္သီးေလး လွီးထည့္ၿပီး ဇြန္းနဲ႔ နာနာ ခေလာက္ ၿပီးရင္ ဆီေလးနဲ႔ေၾကာ္ ထားတဲ့ ၾကက္ဥ ေမႊေၾကာ္ ပူပူေလးနဲ႔ ထမင္းစားရတာကို သူက သိပ္သေဘာက်တာကလား

ဒါနဲ႔ ကိုေအာင္ႏိုင္က ၾကက္ဥတစ္လံုးကို ပုဂံထဲ ေဖာက္ထည့္လိုက္ၿပီး ေရခဲေသတၱာထဲက ခရမ္းခ်ဥ္သီးတစ္လံုးကို ယူလာခဲ့တယ္ ၿပီးေတာ့ ေဘဇင္က ေရပိုက္ကို ဖြင့္ၿပီး ေရေဆးရင္း အမွတ္တမဲ့ ၾကည့္လိုက္ေတာ့ ခရမ္းခ်ဥ္သီးရဲ႕ အညႇာေဘးမွာ အေပါက္ေလး တစ္ေပါက္ ရွိေနတာကို သတိထားမိလိုက္တယ္

ေအာ္ ပိုးေဖာက္ထားတာဘဲ လို႔ သူေတြးလိုက္တယ္ အဲဒါနဲ႔ ကိုေအာင္ႏိုင္က ခရမ္းခ်ဥ္သီးက အေပါက္ေလးကို ဓားနဲ႔ လွီးထုတ္မလို႔ လုပ္ေနရင္း ေသျခာၾကည့္လိုက္ေတာ့ အေပါက္ကေလးက စက္နဲ႔ ဝိုင္းထားသလား ထင္ရေအာင္ ညီညီညာညာ ဝိုင္းစက္စက္ေလး ျဖစ္ေနတယ္ သူ႔ရဲ႕ အေပါက္ထဲကို ေခ်ာင္းၾကည့္လိုက္ေတာ့ အထဲမွာ မဲေနတာေၾကာင့္ ကိုေအာင္ႏိုင္တစ္ေယာက္ ေတြသြားတယ္

စိတ္ထဲ မသိုးမသန္႔ ျဖစ္လာလို႔ အဲဒီ ခရမ္းခ်ဥ္သီးကို ေဘးဖယ္ထားလိုက္ၿပီး ေနာက္ထပ္ ခရမ္းခ်ဥ္သီး တစ္လံုးကို ေရခဲ ေသတၱာထဲက သြားယူလာၿပီး ေရေဆးမယ္လုပ္ေတာ့ ဟင္..ဒါကလည္းအေပါက္ေလးနဲ႔ပါလား

ဒါနဲ႔ သူမသကၤာလို႔ ခရမ္းခ်ဥ္သီးေတြ အကုန္လံုးကို ေရခဲေသတၱာထဲက ထုတ္ၾကည့္ လိုက္တဲ့ အခါမွာ ခရမ္းခ်ဥ္သီးအားလံုးမွာ အေပါက္ေတြက တစ္ပံုစံထဲ ပါေနတာ ေတြ႕ရတယ္ ေနာက္ေတာ့ သူစဥ္းစားရင္း သေဘာေပါက္လာတယ္ အို ဘုရားေရ သူတို႔တေတြက ခရမ္းခ်ဥ္သီးေတာင္ အလႊတ္မေပးေတာ့ပါလား

အဲဒီမွာ Facebook မွာ အိမ္ရွင္မ ျဖစ္ဟန္တူတဲ့ အမ်ိဳးသမီးတစ္ေယာက္ ေရးထားတာကို သြားသတိ ရမိတယ္ အဲဒီ Facebook မွာ ဘာေရးထားသလဲ ဆိုေတာ့ အဲဒီ အမ်ိဳးသမီးက ေစ်းကေန ငါးရံ႕ေလး ငါးေကာင္ဝယ္လာၿပီး ခ်က္ဘို႔ ျပင္ဆင္ေတာ့ ငါးအားလံုးရဲ႕ ပါးဟက္ ေအာက္တည့္တည့္မွာ အေပါက္ဝိုင္းဝိုင္းေလးေတြ ေတြ႕လို႔ စိတ္ထဲ မသကၤာတာနဲ႔ ပုရြက္ဆိတ္ေတြနား ငါးကို ခ်ၾကည့္တဲ့အခါမွာ ပုရြက္ဆိတ္ေတြ တစ္ေကာင္မွ စားတာ မေတြ႕ဘူးတဲ့ ဒါနဲ႔ သူလည္း မစားရဲေတာ့ဘဲ ဒီအတိုင္း ထားလိုက္တာ ေနာက္တစ္ရက္ ေရာက္တာေတာင္ ငါးေတြက ပုတ္မသြားဘူးတဲ့

ေအာ္ က်ေနာ္သိလိုက္ၿပီ အခုေခတ္ ေစ်းသည္ ေတာ္ေတာ္မ်ားမ်ားဟာ ငါးေတြ ၾကက္ေတြ ပုဇြန္ေတြ ျမန္ျမန္ မပုတ္သိုးေအာင္ လူေသေတြကို ၾကာေရွ အထားခံေအာင္ သံုးတဲ့ ေဖာ္မလင္ကို ဒီအသားငါးေတြကို ထိုးေပးေနတာကိုး ဒီေဆးထိုးထားတဲ့ အသားငါးေတြကို က်ေနာ္တို႔ စားလိုက္ၿပီဆိုရင္ ဘာျဖစ္မယ္ ထင္ပါသလဲ မိတ္ေဆြတို႔

အဲဒီအစာေတြကို အစာအိမ္က ခ်က္ၿပီး စုတ္ယူလို႔ရတဲ့ အဟာရမွန္သမၽွကို ေကာင္းတာေရာ မေကာင္းတာေရာ ေသြးထဲကေနတဆင့္ အသည္းကို အရင္ဆံုး ေရာက္ရတယ္ အသည္းရဲ႕ တာဝန္က ေသြးထဲက အဆိပ္အေတာက္ေတြကို ဖယ္ထုတ္ၿပီး သန္႔စင္ေပးရတယ္ အဲလိုမ်ိဳး အသားေတြ စားပါမ်ားရင္ ၾကာလာေတာ့ က်ေနာ္တို႔တေတြရဲ႕ အသည္းကို ထိခိုက္လာတယ္ အဲလိုနည္းနဲ႔ လူေတြဟာ အေႏွးနဲ႔ အျမန္ အသည္း ေရာဂါေတြ ျဖစ္ ကုန္ၾကမွာကို ဒီေစ်းသည္ေတြ မသိၾကဘူးလားဗ်ာ သိေတာ့သိၾက မွာပါ

အခုဆိုရင္ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ အသည္းေျခာက္ အသည္း ကင္ဆာ ေရဖ်င္းစြဲၿပီး အသည္းေရာဂါနဲ႔ ေသတဲ့သူေတြ ေတာ္ေတာ္ မ်ားေနၿပီဗ် သူတို႔က ဆရာဝန္မဟုတ္ဘဲ ေဆးထိုးအပ္ကိုင္ၿပီး ေဆးထိုးေနမွေတာ့ ေဆးရဲ႕ဆိုးက်ိဳးေတြ လည္း မသိဘဲေတာ့ မေနေလာက္ဘူး သူတို႔ေရာင္းတဲ့အသားေတြ အခ်ိန္မွီ မေရာင္းရရင္ ပုတ္ကုန္မွာစိုးလို႔ သိသိႀကီးနဲ႔ လုပ္တယ္ဆိုတာ ထင္ရွားေန တာဘဲ

ဘယ့္နယ္ဗ်ာ အခုေတာ့ ခရမ္းခ်ဥ္သီးေတာင္ အလႊတ္ မေပးၾကေတာ့ဘူး ..ေအာ္..ဒီ လိုလုပ္တဲ့ ေစ်းသည္ေတြဟာ ဘယ္သူေသေသ ငေတမာရင္ ၿပီးေရာဆိုတဲ့ ဝိႆမ ေလာဘသားေတြ တနည္းေျပာရရင္ လၽွို႔ဝွက္ လူသတ္သမားေတြလို႔ဘဲ ေျပာရေတာ့မယ္နဲ႔ တူတယ္

ကဲ က်ေနာ္တို႔ ေရွ႕ေလၽွာက္ ဘာေတြစားၾကမလဲ က်ေနာ္တို႔အားလံုး က်န္းမာေရးအတြက္ ေရြးျခယ္စရာ အစားအစာေတြ ဒီကမၻာႀကီးမွာသိပ္ရွားပါးေနၿပီ အင္း…ငါတို႔ လူသားေတြရဲ႕ ေရွ႕ေရးကေတာ့ ရင္ေလးစရာပါလားေနာ္ လို႔ ကိုေအာင္ႏိုင္က ေတြးေနရင္း ခရမ္းခ်ဥ္သီးမပါဘဲ ခေလာက္ထားတဲ့ ၾကက္ဥကို ဆီေငြ႕ေတြ လွိုင္လွိုင္ ထြက္ေနၿပီျဖစ္တဲ့ ဒယ္အိုးထဲသို႔ ေလာင္းထည့္ရင္း အဆုတ္ထဲက ေလပူမ်ားကို မႈတ္ထုတ္ လိုက္ပါေတာ့တယ္

စာဖတ္သူ မိတ္ေဆြမ်ား အားလံုး က်န္းမာေရး ဗဟုသုတမ်ား ရၾက၍ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာ ၾကပါေစ

Create…(ပုံကေတာ့ မွန္ရင္မွ မွန္မယ္ ဒါေပမယ့္ စာကမွန္ဖုိ႔
မ်ားပါတယ္ သိျကတဲ့အတိုငး္ပဲ )
​ေမတၱာမ်ားစြာျဖင့္Chaw lay Su.

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္းပို႔စ္
# Unicode Version ျဖင့္ ဖတ္ပါ #
သု့ရဲ့ အပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်……….

ကိုအောင်နိုင်တစ်ယောက် ညနေ ထမင်းစားတော့ မလို့ ကြောင်အိမ်လေးကို ဖွင့်ကြည့်တော့ မနက်က အမေချက်ထားတဲ့ ဟင်းက သိပ်မကျန်တော့တာ တွေ့ရတယ် အံမယ် သူ့အဖို့က ဟင်းမကျန်လည်း ကိစ္စမရှိဘူး ညနေဘက်ဆိုရင် ကြက်ဥကို ခရမ်းချဉ်သီးလေး လှီးထည့်ပြီး ဇွန်းနဲ့ နာနာ ခလောက် ပြီးရင် ဆီလေးနဲ့ကြော် ထားတဲ့ ကြက်ဥ မွှေကြော် ပူပူလေးနဲ့ ထမင်းစားရတာကို သူက သိပ်သဘောကျတာကလား

ဒါနဲ့ ကိုအောင်နိုင်က ကြက်ဥတစ်လုံးကို ပုဂံထဲ ဖောက်ထည့်လိုက်ပြီး ရေခဲသေတ္တာထဲက ခရမ်းချဉ်သီးတစ်လုံးကို ယူလာခဲ့တယ် ပြီးတော့ ဘေဇင်က ရေပိုက်ကို ဖွင့်ပြီး ရေဆေးရင်း အမှတ်တမဲ့ ကြည့်လိုက်တော့ ခရမ်းချဉ်သီးရဲ့ အညှာဘေးမှာ အပေါက်လေး တစ်ပေါက် ရှိနေတာကို သတိထားမိလိုက်တယ်

အော် ပိုးဖောက်ထားတာဘဲ လို့ သူတွေးလိုက်တယ် အဲဒါနဲ့ ကိုအောင်နိုင်က ခရမ်းချဉ်သီးက အပေါက်လေးကို ဓားနဲ့ လှီးထုတ်မလို့ လုပ်နေရင်း သေခြာကြည့်လိုက်တော့ အပေါက်ကလေးက စက်နဲ့ ဝိုင်းထားသလား ထင်ရအောင် ညီညီညာညာ ဝိုင်းစက်စက်လေး ဖြစ်နေတယ် သူ့ရဲ့ အပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်

စိတ်ထဲ မသိုးမသန့် ဖြစ်လာလို့ အဲဒီ ခရမ်းချဉ်သီးကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ် ခရမ်းချဉ်သီး တစ်လုံးကို ရေခဲ သေတ္တာထဲက သွားယူလာပြီး ရေဆေးမယ်လုပ်တော့ ဟင်..ဒါကလည်းအပေါက်လေးနဲ့ပါလား

ဒါနဲ့ သူမသင်္ကာလို့ ခရမ်းချဉ်သီးတွေ အကုန်လုံးကို ရေခဲသေတ္တာထဲက ထုတ်ကြည့် လိုက်တဲ့ အခါမှာ ခရမ်းချဉ်သီးအားလုံးမှာ အပေါက်တွေက တစ်ပုံစံထဲ ပါနေတာ တွေ့ရတယ် နောက်တော့ သူစဉ်းစားရင်း သဘောပေါက်လာတယ် အို ဘုရားရေ သူတို့တတွေက ခရမ်းချဉ်သီးတောင် အလွှတ်မပေးတော့ပါလား

အဲဒီမှာ Facebook မှာ အိမ်ရှင်မ ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက် ရေးထားတာကို သွားသတိ ရမိတယ် အဲဒီ Facebook မှာ ဘာရေးထားသလဲ ဆိုတော့ အဲဒီ အမျိုးသမီးက ဈေးကနေ ငါးရံ့လေး ငါးကောင်ဝယ်လာပြီး ချက်ဘို့ ပြင်ဆင်တော့ ငါးအားလုံးရဲ့ ပါးဟက် အောက်တည့်တည့်မှာ အပေါက်ဝိုင်းဝိုင်းလေးတွေ တွေ့လို့ စိတ်ထဲ မသင်္ကာတာနဲ့ ပုရွက်ဆိတ်တွေနား ငါးကို ချကြည့်တဲ့အခါမှာ ပုရွက်ဆိတ်တွေ တစ်ကောင်မှ စားတာ မတွေ့ဘူးတဲ့ ဒါနဲ့ သူလည်း မစားရဲတော့ဘဲ ဒီအတိုင်း ထားလိုက်တာ နောက်တစ်ရက် ရောက်တာတောင် ငါးတွေက ပုတ်မသွားဘူးတဲ့

အော် ကျနော်သိလိုက်ပြီ အခုခေတ် ဈေးသည် တော်တော်များများဟာ ငါးတွေ ကြက်တွေ ပုဇွန်တွေ မြန်မြန် မပုတ်သိုးအောင် လူသေတွေကို ကြာရှေ အထားခံအောင် သုံးတဲ့ ဖော်မလင်ကို ဒီအသားငါးတွေကို ထိုးပေးနေတာကိုး ဒီဆေးထိုးထားတဲ့ အသားငါးတွေကို ကျနော်တို့ စားလိုက်ပြီဆိုရင် ဘာဖြစ်မယ် ထင်ပါသလဲ မိတ်ဆွေတို့

အဲဒီအစာတွေကို အစာအိမ်က ချက်ပြီး စုတ်ယူလို့ရတဲ့ အဟာရမှန်သမျှကို ကောင်းတာရော မကောင်းတာရော သွေးထဲကနေတဆင့် အသည်းကို အရင်ဆုံး ရောက်ရတယ် အသည်းရဲ့ တာဝန်က သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပြီး သန့်စင်ပေးရတယ် အဲလိုမျိုး အသားတွေ စားပါများရင် ကြာလာတော့ ကျနော်တို့တတွေရဲ့ အသည်းကို ထိခိုက်လာတယ် အဲလိုနည်းနဲ့ လူတွေဟာ အနှေးနဲ့ အမြန် အသည်း ရောဂါတွေ ဖြစ် ကုန်ကြမှာကို ဒီဈေးသည်တွေ မသိကြဘူးလားဗျာ သိတော့သိကြ မှာပါ

အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အသည်းခြောက် အသည်း ကင်ဆာ ရေဖျင်းစွဲပြီး အသည်းရောဂါနဲ့ သေတဲ့သူတွေ တော်တော် များနေပြီဗျ သူတို့က ဆရာဝန်မဟုတ်ဘဲ ဆေးထိုးအပ်ကိုင်ပြီး ဆေးထိုးနေမှတော့ ဆေးရဲ့ဆိုးကျိုးတွေ လည်း မသိဘဲတော့ မနေလောက်ဘူး သူတို့ရောင်းတဲ့အသားတွေ အချိန်မှီ မရောင်းရရင် ပုတ်ကုန်မှာစိုးလို့ သိသိကြီးနဲ့ လုပ်တယ်ဆိုတာ ထင်ရှားနေ တာဘဲ

ဘယ့်နယ်ဗျာ အခုတော့ ခရမ်းချဉ်သီးတောင် အလွှတ် မပေးကြတော့ဘူး ..အော်..ဒီ လိုလုပ်တဲ့ ဈေးသည်တွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ဝိဿမ လောဘသားတွေ တနည်းပြောရရင် လျှို့ဝှက် လူသတ်သမားတွေလို့ဘဲ ပြောရတော့မယ်နဲ့ တူတယ်

ကဲ ကျနော်တို့ ရှေ့လျှောက် ဘာတွေစားကြမလဲ ကျနော်တို့အားလုံး ကျန်းမာရေးအတွက် ရွေးခြယ်စရာ အစားအစာတွေ ဒီကမ္ဘာကြီးမှာသိပ်ရှားပါးနေပြီ အင်း…ငါတို့ လူသားတွေရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါလားနော် လို့ ကိုအောင်နိုင်က တွေးနေရင်း ခရမ်းချဉ်သီးမပါဘဲ ခလောက်ထားတဲ့ ကြက်ဥကို ဆီငွေ့တွေ လှိုင်လှိုင် ထွက်နေပြီဖြစ်တဲ့ ဒယ်အိုးထဲသို့ လောင်းထည့်ရင်း အဆုတ်ထဲက လေပူများကို မှုတ်ထုတ် လိုက်ပါတော့တယ်

စာဖတ်သူ မိတ်ဆွေများ အားလုံး ကျန်းမာရေး ဗဟုသုတများ ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ

Create…(ပုံကတော့ မှန်ရင်မှ မှန်မယ် ဒါပေမယ့် စာကမှန်ဖို့
များပါတယ် သိကြတဲ့အတိုင်းပဲ )
မေတ္တာများစွာဖြင့်Chaw lay Su.

ဖိုးသူတော် (www.phothutaw.com)
Credit: မူရင်းပို့စ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top