ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကၽြန္ေတာ္ဆယ္တန္းေအာင္ၿပီးေတာ့ (၁၀) တန္းေတြကို Night Guide ျပန္လုပ္ေပးျဖစ္ပါတယ္..၊ Night Guide လုပ္ၿပီး သံုးႏွစ္ေျမာက္မွာ ၀ိုင္းတစ္ခုကေန Night Guide လုပ္ဖို႕ကမ္းလွမး္လာခဲ့ပါတယ္…၊ အဲဒီ၀ိုင္းက ဘူတာဘက္မွာရွိတာပါ..၊ ကၽြန္ေတာ့္အိမ္ကေန ပံုမွန္အတုိင္း ဆိုင္ကယ္စီးသြားရင္ မိႏွစ္ (၂၀) ေလာက္ေတာ့ စီးရပါမယ္..အဲဒီသြားတဲ့လမ္းမွာ… နာမည္ၾကီးအိမ္ပ်က္ၾကီး တစ္အိမ္ရွိပါတယ္…။

နာမည္ၾကီးတာကေတာ့ အဲဒီအိမ္မွာ အရမ္းေခ်ာတဲ့ ညီမသံုးေယာက္ေနေၾကာင္း၊ တစ္ေန႕ ဘာအေၾကာင္းေၾကာင္းမွ မရွိပဲ ညီမသံုးေယာက္လံုး အိမ္ထဲမွာ ဆြဲၾကိဳးခ်ၿပီးေသေနေၾကာင္း၊ သူတို႕ သံုးဦး မကၽြတ္မလြတ္ဘဲ အခုခ်ိန္ထိ လမ္းသြားလမ္းလာေတြကို ေျခာက္လွန္႕ ေနေၾကာင္း … စသည္ျဖင့္ …ၾကားသိထားပါတယ္…ဒါေတြက ဟုတ္မဟုတ္ေတာ့ မသိပါဘူး…

ကၽြန္ေတာ္၄ ႏွစ္သားအရြယ္မွာ ျဖစ္ပ်က္ခဲ့တာလို႕ေတာ့ သိရပါတယ္… ကၽြန္ေတာ္ကေတာ့ ယခင္က မၾကံဳေတြ႕ဖူးပါ… ေန႕ခင္းဘက္ ခဏတစ္ျဖဳတ္ ျဖတ္သြား ဖူးတာေလာက္ပဲရွိပါတယ္..၊ ဒါေပမယ့္ ျဖတ္သြားရင္း ခဏတစ္ျဖဳတ္ လွမ္းၾကည့္မိလိုက္ရင္ပဲ အိမ္ပ်က္ၾကီးဟာ ၾကက္သီးမ်ား တစ္ျဖန္းျဖန္း ထသြားေလာက္ေအာင္ ေၾကာက္စရာ ေကာင္းေနတာကိုေတာ့ သတိထားမိပါတယ္..

အိမ္ၾကီးပံုစံကို ေျပာျပပါအံုးမယ္..၊ အိမ္ၾကီးက ကၽြန္ေတာ္ အိမ္ကေန၀ိုင္းကို လာရင္ လမ္းမၾကီးရဲ႕ ညာဘက္မွာ တည္ရွိပါတယ္..၊ ႏွစ္ထပ္အိမ္ၾကီးပါ..၊ တံခါးေတြက ပ်က္စီးေနၿပီျဖစ္သလို နံရံေတြေပၚမွာလည္း အပင္ေတြ ၀င္ေရာက္ တြယ္ကပ္ေနၿပီျဖစ္ပါတယ္..၊ မွန္ျပတင္းမ်ားက ကြဲေနသလို ေလတိုက္ရင္ တံခါးမ်ားက လက္ခုပ္တီးသလို တစ္ဖ်န္းဖ်န္း ျမည္ေနပါတယ္..၊ အိမ္ၾကီးက လမ္းဘက္ကို မ်က္ႏွာမမူပဲ ညာဘက္ကို လွည့္ ေဆာက္ထားပါတယ္..၊ ကၽြန္ေတာ္တို႕ ရွမ္းျပည္အယူအဆအရ ဒါမ်ိဳးလွည့္ေဆာက္ထားရင္ နိမိတ္မေကာင္းဘူး လုိ႕ ယူဆၾကပါတယ္…၊ တစ္၀န္းလံုးလည္း ခ်ံဳႏြယ္ ပိတ္ေပါင္းေတြ ျပည့္ႏွက္ေနၿပီး…၊ လျပည့္ညေတြဆို.. လမ္းေပၚကေန ၾကည့္ရင္ လေရာင္နဲ႕ အိမ္ၾကီးထဲကို တံခါးေပါက္..၊မွန္ကြဲ..မ်ားမွတစ္ဆင့္ အတိုင္းသား ျမင္ရပါတယ္။

ကၽြန္ေတာ္ Night Guide လုပ္တာ ညဆိုရင္ ၀ိုင္းမွာ ညအိပ္ေလ့မရွိပါဘူး.. ည ၁၁း၀၀ နာရီေလာက္ဆို အိမ္ျပန္အိပ္ပါတယ္..၊ စာေမးပြဲ နီးမွသာ ၀ိုင္းမွာ အိပ္ျဖစ္တာပါ…၊ တစ္ည… ကၽြန္ေတာ္ ၁၁း၀၀ ထိုးတာနဲ႕ ကေလးေတြကို ႏႈတ္ဆက္..၊ ဆိုင္ကယ္ေမာင္းၿပီး…၊ အိမ္ျပန္ခဲ့ပါတယ္..၊ ငါးမိနစ္ေလာက္စီးၿပီးရင္ပဲ… ဆိုင္ကယ္ ေနာက္ဘီးက ေထာင္းကနဲ အသံၾကားလိုက္ရတယ္.. ဆိုင္ကယ္ရပ္ၿပီး စစ္ေဆးၾကည့္လိုက္ေတာ့.. ခ်ိန္းၾကိဳး ျပတ္သြားတာ… ဒီလိုအခ်ိန္ဆိုရင္ ရန္ကုန္၊ မႏၱေလးလိုျမိဳ႕မ်ိဳးမွာ စည္ကားေနေသးေပမယ့္ လားရႈိးလုိျမိဳ႕ ကေတာ့ ဆိုင္ေတြ အကုန္ပိတ္ၿပီး လူသြားလူလာ လံုး၀ ျပတ္သြားတဲ့ အခ်ိန္မ်ိဳးပါ…၊ ကၽြန္ေတာ္လည္း လုပ္ဖို႕ တစ္ခုပဲရွိပါေတာ့တယ္..၊ ဒါကေတာ့ အိမ္ထိ ဆိုင္ကယ္ကို တြန္းၿပီးျပန္သြားဖို႕ပါပဲ…။

ကၽြန္ေတာ္ဆိုင္ကယ္တြန္းၿပီး ၁၀ မိနစ္ေလာက္ၾကာေအာင္ လမ္းေလွ်ာက္ ၿပီးေတာ့ အဲဒီအိမ္ၾကီးကို လွမ္းျမင္လိုက္ရပါတယ္..၊ အိမ္ၾကီးျမင္မွ ကၽြန္ေတာ္ သတိရတာကို ငါဒီအိမ္ၾကီးေရွ႕က ဘယ္လို ျဖတ္ေလွ်ာက္ ရမလဲဆိုတာပါပဲ..၊ ကၽြန္ေတာ္ ဆိုင္ကယ္ကို ေဒါက္ေထာက္၊ ေနာက္ကျဖစ္ျဖစ္ ေရွ႕က ျဖစ္ျဖစ္ တစ္ျခား အေဖာ္မ်ား လာေလမလားဆိုၿပီး ေစာင့္ၾကည့္ေနပါေသးတယ္..၊ ဘယ္သူမွ ေပၚမလာပါဘူး..၊ လာကလည္း ထိန္ထိန္ သာလွ်က္ပါ…၊ ေနာက္ဆံုး…ျဖစ္ခ်င္ရာျဖစ္..သြားမယ္ကြာ… သူတို႕က လူကို ေျခာက္ပဲေျခာက္ႏိုင္တာ.. ဘာမွ လုပ္ႏုိင္တာမဟုတ္ဘူးလို႕ေတြးၿပီး… ဆိုင္ကယ္ကို တြန္းလာခဲ့ပါတယ္…၊

အဲဒီျခံေရွ႕ စေရာက္တာနဲ႕ လူကို ၾကက္သီးတျဖန္းျဖန္း ထသြားပါတယ္..၊ ကၽြန္ေတာ္ သတိထားမိတာ က ကၽြန္ေတာ္ သရဲ၊ ၀ိဥာဥ္၊ နာနာဘာ၀ေတြ ေျခာက္လွန္႕တာ မခံရခါနီး ၾကက္သီးထတတ္တာပါပဲ…၊ ကၽြန္ေတာ္ ကိုယ့္စိတ္ကိုယ္တင္းၿပီး ဆိုင္ကယ္ ဆက္တြန္းလာတယ္..၊ အရင္ဆံုး ကၽြန္ေတာ္ ၾကားလိုက္ရတာက မိန္းကေလးေတြရဲ႕ ရီသံကိုပါ… ကၽြန္ေတာ္ေခါင္းၾကီးသြားပါတယ္..သြားၿပီ.. ငါေတာ့ အေျခာက္ခံေနရၿပီ လို႕ေတြး မိပါတယ္.. ကၽြန္ေတာ္ ပါးစပ္ကလည္း ရသမွ် ဘုရားစာေတြ ဆိုပါတယ္..၊ ကိုယ္အရမ္းရတဲ့ ဘုရားစာ ေတြက ဒီလိုအခ်ိန္မွာ အေၾကာက္လြန္ၿပီး ေမ့သြားတတ္ပါတယ္..၊ ၾသကာသ ေတာင္ ဆက္မဆိုတတ္ေလာက္ ေအာင္ကို ျဖစ္သြားပါတယ္..ကၽြန္ေတာ္ ကိုယ္ေတြ႕ပါ..၊ ကၽြန္ေတာ္ အိမ္ထဲကို လွည့္မၾကည့္ဖို႕ ဆံုးျဖတ္လိုက္ပါ တယ္..၊

ဟုတ္တယ္ေလ.. သူတို႕က ၾကည့္ေစခ်င္လို႕ ရီသံေပးေနတာကို ကၽြန္ေတာ္က လွမ္းၾကည့္လိုက္ရင္.. ကၽြန္ေတာ္ အေျခာက္ခံရမွာေပါ့..ကၽြန္ေတာ္ ေခါင္းငံုၿပီး ဆိုင္ကယ္ကိုသာ ဆက္တြန္းပါတယ္..၊ ဘုရားစာမရေတာ့..၊ သီခ်င္းေျပာင္းဆိုၾကည့္တယ္..၊ ဒါက်ေတာ့ ရတယ္ဗ်… မေမ့ဘူး..:) .. စိတ္အာရံုကို အဲဒီ အိမ္ၾကီးဘက္မရေအာင္ ထိန္းထားတယ္..၊ ရီသံခဏေပ်ာက္သြားတယ္..၊ ခဏေတာ့ စူးစူး၀ါး၀ါးေအာ္ငိုသံေတြ ထြက္လာတယ္…၊ ကေလးကို မိဘက အသားကုန္ရိုက္လို႕ ငိုေနတဲ့ အသံမ်ိဳးပါ..၊ ဒါေပမယ့္ ကေလးသံေတာ့ မဟုတ္ပါဘူး..၊ ခုနက ရီေနတဲ့ အမ်ိဳးသမီးေတြအသံပါပဲ… ဒီတစ္ခါေတာ့ ကၽြန္ေတာ္လည္း လွည့္မၾကည့္ပဲ ဆိုင္ကယ္ကို တြန္းၿပီး ေတာက္ေလွ်ာက္ေျပးပါေတာ့တယ္..၊ ေျပးေလ ေႏွးေလပါပဲ..ကိုယ့္ကိုယ္ကို အရမ္းေႏွး တယ္လို႕ ထင္မိပါတယ္..၊ လူတစ္ကိုယ္လံုးလည္း ေခၽြးေတြ စိုရႊဲေနပါၿပီ..၊ အဲဒီအိမ္ကို ေက်ာ္သြားမွပဲ ဆိုင္ကယ္ ခဏရပ္ကာ အေမာေျဖေနလိုက္ပါတယ္..

အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္ကို တစ္ေယာက္ေယာက္က စိုက္ၾကည့္ေနသလိုမ်ိဳး ခံစားလိုက္ရတယ္..၊ လူတစ္ေယာက္က ကိုယ့္ကို ေနာက္ကေန စိုက္ၾကည့္ေနရင္ မသိစိတ္ကေန သိတတ္တာကို လူတိုင္း ၾကံဳဖူးမွာပါ..ကၽြန္ေတာ္ခံစားရတာလဲ.. အဲဒီအတိုင္းပါပဲ…ကၽြန္ေတာ္လည္း.. ဘာျဖစ္လဲ.. ငါအဲဒီျခံ၀န္းေက်ာ္လာ ၿပီပဲဆိုၿပီး.. လွည့္ၾကည့္လိုက္ပါတယ္…. အဲဒီမွာ …လားလား… အဲဒီအိမ္ အေပၚထပ္ ျပတင္းေပါက္ကေန ကၽြန္ေတာ့္ကို ေသခ်ာ စုိက္ၾကည့္ေနတဲ့ အမ်ိဳးသမီး သံုးဦးကို လေရာက္ေအာက္မွာ ေတြ႕လိုက္ရပါတယ္..၊ မ်က္ႏွာကေတာ့ မည္းတူးေနတာပါပဲ… ဆံပင္ေတြကေတာ့ အရွည္ၾကီးေတြပါ… အရပ္လည္း ေတာ္ေတာ္ရွည္ၾကပါတယ္…၊

ကၽြန္ေတာ္ ျပန္လွည့္ၾကည့္တာလည္း ျမင္ေရာ ညီမသံုးေယာက္လံုး ေနာက္လွည့္ၿပီးေျပးပါတယ္..၊ ေျခသံေတြ တစ္ဒုန္းဒုန္းကို အတိုင္းသား ၾကားေနရပါတယ္..၊ ေအာက္ထပ္ကို ေျပးဆင္းလာတာပါ…၊ ၿပီးေတာ့ ျခံ၀န္းထဲကို ေျပးထြက္လာၾကပါတယ္….

ကၽြန္ေတာ္ ဘာမွ စဥ္းစားမေနေတာ့ပါဘူး…၊ ဒါသူတို႕ ကၽြန္ေတာ့္ေနာက္ကို လိုက္မလို႕ ေျပးဆင္းလာၾကတာပါ…ကၽြန္ေတာ္ဆိုင္ကယ္ေဒါက္ျပန္ျဖဳတ္…တြန္းၿပီး … ေျပးပါေတာ့တယ္… ပုဆိုး၀တ္ ထားတာဆိုတာ့ လိုသေလာက္ ခရီးမေပါက္ပါဘူး…. ဒါေပမယ့္ လံုး၀ ေနာက္ လွည့္ မၾကည့္ေတာ့ ပါဘူး…ကၽြန္ေတာ္တို႕ လမ္းထိပ္ ေရာက္တဲ့အထိ လံုး၀ မရပ္ပဲ ေတာက္ေလွ်ာက္ ေျပးပါေတာ့တယ္…၊

ကၽြန္ေတာ္တို႕လမ္းထဲ၀င္ေတာ့ ကၽြန္ေတာ္ သတၱိရွိသြားပါၿပီ…ဒီလမ္းက ငယ္ငယ္ေလးကတည္းက ေနခဲ့တာမို႕လို႕ ေၾကာက္စိတ္လံုး၀မရွိပါ… ဒီလမ္းထဲထိေတာင္ လိုက္လာရင္ေတာ့ ရင္ဆိုင္ေတြ႕မယ္လို႕ ဆံုးျဖတ္ၿပီး ဆိုင္ကယ္ကိုရပ္ၿပီး ေနာက္လွည့္ၾကည့္လိုက္ပါတယ္…၊

ကၽြန္ေတာ့္စိတ္ထဲမွာေတာ့ ဘာမွ မရွိေတာ့ဘူးထင္ၿပီး လွမ္းၾကည့္လိုက္တာပါ… ဒါေပမယ့္ လမ္းထိပ္မွာ အံေတြၾကိတ္ၿပီး.. မ်က္ႏွာမည္းတူးၿပီး..ဆံပင္အရွည္ၾကီးေတြနဲ႕ ေတာ္ေတာ္အရုပ္ဆိုးတဲ့ အဲဒီညီမသံုးေယာက္ ရပ္ေနတာကို ေတြ႕လိုက္ရပါတယ္…စိတ္တိုေနတဲ့ပံုေတြပါ.. အံေတြၾကိတ္ထားလို႕ ေမးရိုးေတြေတာင္ ေထာင္လို႕ပါ…၊ ကၽြန္ေတာ္ ရပ္ေနပါတယ္…၊ သူတို႕ လိုက္မလာပါဘူး…၊ လမ္းထိပ္ကေနသာ ကၽြန္ေတာ့္ကို စိုက္ၾကည့္ေနပါတယ္..၊ ကၽြန္ေတာ္လည္း ကိုယ့္လမ္းထဲမွာ မေျပးဖို႕ ဆံုးျဖတ္ထားလို႕ မေျပးပါဘူး…၊ သူတို႕ ၀င္မလာပါဘူး… ကၽြန္ေတာ့္ အထင္ လမ္းထဲကို ၀င္လို႕မရလို႕ထင္ပါတယ္..၊ ကၽြန္ေတာ္လည္း အေမာေျပမွ ဆိုင္ကယ္ကို အိမ္ထဲ ေအးေအးေဆးေဆးတြန္း၀င္.. ေရေသာက္…ဘုရားရွိခိုး.. ေမတၱာသုတ္ကို ရႊတ္ဖတ္ၿပီး အိပ္ယာ၀င္ခဲ့ပါေတာ့တယ္…။

ေနာက္မွ ျပန္ေတြးၾကည့္မိေတာ့ ကၽြန္ေတာ္ တစ္ကယ္လို႕ ပထမေနရာမွာ ကတည္းက မေျပးပဲ ရပ္ေနမယ္ ဆိုရင္ သူတို႕ ကၽြန္ေတာ့္ကို ဘာလုပ္ၾကမွာလဲ…အိမ္ေပၚထပ္ကေန ေျပးဆင္းလာၿပီး.. ကၽြန္ေတာ့္ကို သူတို႕ ေျခာက္လွန္႕ခ်င္လို႕လား..ဒါမမဟုတ္..အကူအညီေတာင္းစရာရွိလို႕လား… အကူအညီေတာင္းဖို႕ေတာ့ ျဖစ္ဟန္ မတူပါဘူး… ေဒါသေတြၾကီးၿပီး စိတ္တိုေနတဲ့ သူတိုိ႕ ဟန္ပန္ၾကည့္ရတာ.. လူကို ဒုကၡေပးဖို႕ ရည္ရြယ္ ခ်က္ရွိဟန္တူပါတယ္…

ဒါဆိုဘာလို႕ သူတို႕ အိမ္ေရွ႕ ျဖတ္ကတည္းက ..ဆင္းလာၿပီး ဒုကၡမေပးတာလဲ..? ကၽြန္ေတာ္သူတို႕ အိမ္ေရွ႕ျဖတ္ေလွ်ာက္တုန္းက ရီသံေတြ..၊ ငိုသံေတြ.. ၾကားရေပမယ့္ အိမ္ဖက္ကို လံုး၀ မၾကည့္ခဲ့ပါဘူး..၊ စိတ္ကိုလည္း… အိမ္ၾကီးဖက္မေရာက္ေအာင္… ဘုရားစာဆိုလိုက္.. သီခ်င္းဆိုလိုက္…လုပ္ခဲ့တာပါ… ျခံ၀င္းေက်ာ္မွသာ သိခ်င္စိတ္ေၾကာင့္ ေနာက္ကို ျပန္လွည့္ၾကည့္မိလိုက္တာပါ…

ဒါဆို ေကာက္ခ်က္ခ်လို႕ရတာက သူတို႕နဲ႕ စိတ္ခ်င္း ဆက္သြယ္မႈ ရမွသာလွ်င္ လူကို ဒုကၡေပးႏိုင္တာ ျဖစ္ပါလိမ့္မယ္..၊ ဒါေၾကာင့္ သရဲ ေၾကာက္တတ္သူမ်ား မိမိ၏ ေၾကာက္စိတ္က မိမိကုိ ျပန္လည္ၿပီး ဒုကၡေပး တတ္ေၾကာင္း အသိေပးလိုပါတယ္.. ေၾကာက္တတ္ရင္ လံုး၀မစဥ္းစားပါနဲ႕…မေတြးပါနဲ႕… အဲ… ၾကံဳလာခဲ့ရင္ ေတာ့ ကၽြန္ေတာ့္လို ေျပးသာေျပးပါ….ဘာမွေတြးမေနပါနဲ႕… တစ္ခုေတာ့ သတိေပးပါရေစ… ပုဆိုးေတာ့ ျမဲေအာင္ ၀တ္ထားပါ…J

အခုေတာ့ အဲဒီအိမ္ၾကီးလည္း မရွိေတာ့ပါဘူး.. ဗ်ဴဟာမွဴး တစ္ေယာက္က ၀ယ္ၿပီး စစ္မိန္႕ နဲ႕ ႏွင္ထုတ္ ၿပီးၿပီလို႕ သိရပါတယ္..၊ အိမ္ေဟာင္းၾကီးကိုဖ်က္ၿပီး အိမ္သစ္ၾကီးလည္း ေဆာက္ထားပါတယ္…၊ အဲဒီ ညီမသံုး ေဖာ္လည္း ကၽြန္ေတာ္နဲ႕ ေနာက္ဆံုးေတြ႕ၿပီးကတည္းက အစေပ်ာက္သြားခဲ့တာ အခုထိ ဘာသတင္းမွ မၾကားရ ေတာ့ပါေၾကာင္း………………………….။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ထြန္းဦး
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ (၁၀) တန်းတွေကို Night Guide ပြန်လုပ်ပေးဖြစ်ပါတယ်..၊ Night Guide လုပ်ပြီး သုံးနှစ်မြောက်မှာ ဝိုင်းတစ်ခုကနေ Night Guide လုပ်ဖို့ကမ်းလှမ်းလာခဲ့ပါတယ်…၊ အဲဒီဝိုင်းက ဘူတာဘက်မှာရှိတာပါ..၊ ကျွန်တော့်အိမ်ကနေ ပုံမှန်အတိုင်း ဆိုင်ကယ်စီးသွားရင် မိနှစ် (၂၀) လောက်တော့ စီးရပါမယ်..အဲဒီသွားတဲ့လမ်းမှာ… နာမည်ကြီးအိမ်ပျက်ကြီး တစ်အိမ်ရှိပါတယ်…။

နာမည်ကြီးတာကတော့ အဲဒီအိမ်မှာ အရမ်းချောတဲ့ ညီမသုံးယောက်နေကြောင်း၊ တစ်နေ့ ဘာအကြောင်းကြောင်းမှ မရှိပဲ ညီမသုံးယောက်လုံး အိမ်ထဲမှာ ဆွဲကြိုးချပြီးသေနေကြောင်း၊ သူတို့ သုံးဦး မကျွတ်မလွတ်ဘဲ အခုချိန်ထိ လမ်းသွားလမ်းလာတွေကို ခြောက်လှန့် နေကြောင်း … စသည်ဖြင့် …ကြားသိထားပါတယ်…ဒါတွေက ဟုတ်မဟုတ်တော့ မသိပါဘူး…

ကျွန်တော်၄ နှစ်သားအရွယ်မှာ ဖြစ်ပျက်ခဲ့တာလို့တော့ သိရပါတယ်… ကျွန်တော်ကတော့ ယခင်က မကြုံတွေ့ဖူးပါ… နေ့ခင်းဘက် ခဏတစ်ဖြုတ် ဖြတ်သွား ဖူးတာလောက်ပဲရှိပါတယ်..၊ ဒါပေမယ့် ဖြတ်သွားရင်း ခဏတစ်ဖြုတ် လှမ်းကြည့်မိလိုက်ရင်ပဲ အိမ်ပျက်ကြီးဟာ ကြက်သီးများ တစ်ဖြန်းဖြန်း ထသွားလောက်အောင် ကြောက်စရာ ကောင်းနေတာကိုတော့ သတိထားမိပါတယ်..

အိမ်ကြီးပုံစံကို ပြောပြပါအုံးမယ်..၊ အိမ်ကြီးက ကျွန်တော် အိမ်ကနေဝိုင်းကို လာရင် လမ်းမကြီးရဲ့ ညာဘက်မှာ တည်ရှိပါတယ်..၊ နှစ်ထပ်အိမ်ကြီးပါ..၊ တံခါးတွေက ပျက်စီးနေပြီဖြစ်သလို နံရံတွေပေါ်မှာလည်း အပင်တွေ ဝင်ရောက် တွယ်ကပ်နေပြီဖြစ်ပါတယ်..၊ မှန်ပြတင်းများက ကွဲနေသလို လေတိုက်ရင် တံခါးများက လက်ခုပ်တီးသလို တစ်ဖျန်းဖျန်း မြည်နေပါတယ်..၊ အိမ်ကြီးက လမ်းဘက်ကို မျက်နှာမမူပဲ ညာဘက်ကို လှည့် ဆောက်ထားပါတယ်..၊ ကျွန်တော်တို့ ရှမ်းပြည်အယူအဆအရ ဒါမျိုးလှည့်ဆောက်ထားရင် နိမိတ်မကောင်းဘူး လို့ ယူဆကြပါတယ်…၊ တစ်ဝန်းလုံးလည်း ချုံနွယ် ပိတ်ပေါင်းတွေ ပြည့်နှက်နေပြီး…၊ လပြည့်ညတွေဆို.. လမ်းပေါ်ကနေ ကြည့်ရင် လရောင်နဲ့ အိမ်ကြီးထဲကို တံခါးပေါက်..၊မှန်ကွဲ..များမှတစ်ဆင့် အတိုင်းသား မြင်ရပါတယ်။

ကျွန်တော် Night Guide လုပ်တာ ညဆိုရင် ဝိုင်းမှာ ညအိပ်လေ့မရှိပါဘူး.. ည ၁၁း၀၀ နာရီလောက်ဆို အိမ်ပြန်အိပ်ပါတယ်..၊ စာမေးပွဲ နီးမှသာ ဝိုင်းမှာ အိပ်ဖြစ်တာပါ…၊ တစ်ည… ကျွန်တော် ၁၁း၀၀ ထိုးတာနဲ့ ကလေးတွေကို နှုတ်ဆက်..၊ ဆိုင်ကယ်မောင်းပြီး…၊ အိမ်ပြန်ခဲ့ပါတယ်..၊ ငါးမိနစ်လောက်စီးပြီးရင်ပဲ… ဆိုင်ကယ် နောက်ဘီးက ထောင်းကနဲ အသံကြားလိုက်ရတယ်.. ဆိုင်ကယ်ရပ်ပြီး စစ်ဆေးကြည့်လိုက်တော့.. ချိန်းကြိုး ပြတ်သွားတာ… ဒီလိုအချိန်ဆိုရင် ရန်ကုန်၊ မန္တလေးလိုမြို့မျိုးမှာ စည်ကားနေသေးပေမယ့် လားရှိုးလိုမြို့ ကတော့ ဆိုင်တွေ အကုန်ပိတ်ပြီး လူသွားလူလာ လုံး၀ ပြတ်သွားတဲ့ အချိန်မျိုးပါ…၊ ကျွန်တော်လည်း လုပ်ဖို့ တစ်ခုပဲရှိပါတော့တယ်..၊ ဒါကတော့ အိမ်ထိ ဆိုင်ကယ်ကို တွန်းပြီးပြန်သွားဖို့ပါပဲ…။

ကျွန်တော်ဆိုင်ကယ်တွန်းပြီး ၁၀ မိနစ်လောက်ကြာအောင် လမ်းလျှောက် ပြီးတော့ အဲဒီအိမ်ကြီးကို လှမ်းမြင်လိုက်ရပါတယ်..၊ အိမ်ကြီးမြင်မှ ကျွန်တော် သတိရတာကို ငါဒီအိမ်ကြီးရှေ့က ဘယ်လို ဖြတ်လျှောက် ရမလဲဆိုတာပါပဲ..၊ ကျွန်တော် ဆိုင်ကယ်ကို ဒေါက်ထောက်၊ နောက်ကဖြစ်ဖြစ် ရှေ့က ဖြစ်ဖြစ် တစ်ခြား အဖော်များ လာလေမလားဆိုပြီး စောင့်ကြည့်နေပါသေးတယ်..၊ ဘယ်သူမှ ပေါ်မလာပါဘူး..၊ လာကလည်း ထိန်ထိန် သာလျှက်ပါ…၊ နောက်ဆုံး…ဖြစ်ချင်ရာဖြစ်..သွားမယ်ကွာ… သူတို့က လူကို ခြောက်ပဲခြောက်နိုင်တာ.. ဘာမှ လုပ်နိုင်တာမဟုတ်ဘူးလို့တွေးပြီး… ဆိုင်ကယ်ကို တွန်းလာခဲ့ပါတယ်…၊

အဲဒီခြံရှေ့ စရောက်တာနဲ့ လူကို ကြက်သီးတဖြန်းဖြန်း ထသွားပါတယ်..၊ ကျွန်တော် သတိထားမိတာ က ကျွန်တော် သရဲ၊ ဝိဉာဉ်၊ နာနာဘာဝတွေ ခြောက်လှန့်တာ မခံရခါနီး ကြက်သီးထတတ်တာပါပဲ…၊ ကျွန်တော် ကိုယ့်စိတ်ကိုယ်တင်းပြီး ဆိုင်ကယ် ဆက်တွန်းလာတယ်..၊ အရင်ဆုံး ကျွန်တော် ကြားလိုက်ရတာက မိန်းကလေးတွေရဲ့ ရီသံကိုပါ… ကျွန်တော်ခေါင်းကြီးသွားပါတယ်..သွားပြီ.. ငါတော့ အခြောက်ခံနေရပြီ လို့တွေး မိပါတယ်.. ကျွန်တော် ပါးစပ်ကလည်း ရသမျှ ဘုရားစာတွေ ဆိုပါတယ်..၊ ကိုယ်အရမ်းရတဲ့ ဘုရားစာ တွေက ဒီလိုအချိန်မှာ အကြောက်လွန်ပြီး မေ့သွားတတ်ပါတယ်..၊ သြကာသ တောင် ဆက်မဆိုတတ်လောက် အောင်ကို ဖြစ်သွားပါတယ်..ကျွန်တော် ကိုယ်တွေ့ပါ..၊ ကျွန်တော် အိမ်ထဲကို လှည့်မကြည့်ဖို့ ဆုံးဖြတ်လိုက်ပါ တယ်..၊

ဟုတ်တယ်လေ.. သူတို့က ကြည့်စေချင်လို့ ရီသံပေးနေတာကို ကျွန်တော်က လှမ်းကြည့်လိုက်ရင်.. ကျွန်တော် အခြောက်ခံရမှာပေါ့..ကျွန်တော် ခေါင်းငုံပြီး ဆိုင်ကယ်ကိုသာ ဆက်တွန်းပါတယ်..၊ ဘုရားစာမရတော့..၊ သီချင်းပြောင်းဆိုကြည့်တယ်..၊ ဒါကျတော့ ရတယ်ဗျ… မမေ့ဘူး..:) .. စိတ်အာရုံကို အဲဒီ အိမ်ကြီးဘက်မရအောင် ထိန်းထားတယ်..၊ ရီသံခဏပျောက်သွားတယ်..၊ ခဏတော့ စူးစူးဝါးဝါးအော်ငိုသံတွေ ထွက်လာတယ်…၊ ကလေးကို မိဘက အသားကုန်ရိုက်လို့ ငိုနေတဲ့ အသံမျိုးပါ..၊ ဒါပေမယ့် ကလေးသံတော့ မဟုတ်ပါဘူး..၊ ခုနက ရီနေတဲ့ အမျိုးသမီးတွေအသံပါပဲ… ဒီတစ်ခါတော့ ကျွန်တော်လည်း လှည့်မကြည့်ပဲ ဆိုင်ကယ်ကို တွန်းပြီး တောက်လျှောက်ပြေးပါတော့တယ်..၊ ပြေးလေ နှေးလေပါပဲ..ကိုယ့်ကိုယ်ကို အရမ်းနှေး တယ်လို့ ထင်မိပါတယ်..၊ လူတစ်ကိုယ်လုံးလည်း ချွေးတွေ စိုရွှဲနေပါပြီ..၊ အဲဒီအိမ်ကို ကျော်သွားမှပဲ ဆိုင်ကယ် ခဏရပ်ကာ အမောဖြေနေလိုက်ပါတယ်..

အဲဒီအချိန်မှာ ကျွန်တော့်ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး ခံစားလိုက်ရတယ်..၊ လူတစ်ယောက်က ကိုယ့်ကို နောက်ကနေ စိုက်ကြည့်နေရင် မသိစိတ်ကနေ သိတတ်တာကို လူတိုင်း ကြုံဖူးမှာပါ..ကျွန်တော်ခံစားရတာလဲ.. အဲဒီအတိုင်းပါပဲ…ကျွန်တော်လည်း.. ဘာဖြစ်လဲ.. ငါအဲဒီခြံဝန်းကျော်လာ ပြီပဲဆိုပြီး.. လှည့်ကြည့်လိုက်ပါတယ်…. အဲဒီမှာ …လားလား… အဲဒီအိမ် အပေါ်ထပ် ပြတင်းပေါက်ကနေ ကျွန်တော့်ကို သေချာ စိုက်ကြည့်နေတဲ့ အမျိုးသမီး သုံးဦးကို လရောက်အောက်မှာ တွေ့လိုက်ရပါတယ်..၊ မျက်နှာကတော့ မည်းတူးနေတာပါပဲ… ဆံပင်တွေကတော့ အရှည်ကြီးတွေပါ… အရပ်လည်း တော်တော်ရှည်ကြပါတယ်…၊

ကျွန်တော် ပြန်လှည့်ကြည့်တာလည်း မြင်ရော ညီမသုံးယောက်လုံး နောက်လှည့်ပြီးပြေးပါတယ်..၊ ခြေသံတွေ တစ်ဒုန်းဒုန်းကို အတိုင်းသား ကြားနေရပါတယ်..၊ အောက်ထပ်ကို ပြေးဆင်းလာတာပါ…၊ ပြီးတော့ ခြံဝန်းထဲကို ပြေးထွက်လာကြပါတယ်….

ကျွန်တော် ဘာမှ စဉ်းစားမနေတော့ပါဘူး…၊ ဒါသူတို့ ကျွန်တော့်နောက်ကို လိုက်မလို့ ပြေးဆင်းလာကြတာပါ…ကျွန်တော်ဆိုင်ကယ်ဒေါက်ပြန်ဖြုတ်…တွန်းပြီး … ပြေးပါတော့တယ်… ပုဆိုးဝတ် ထားတာဆိုတာ့ လိုသလောက် ခရီးမပေါက်ပါဘူး…. ဒါပေမယ့် လုံး၀ နောက် လှည့် မကြည့်တော့ ပါဘူး…ကျွန်တော်တို့ လမ်းထိပ် ရောက်တဲ့အထိ လုံး၀ မရပ်ပဲ တောက်လျှောက် ပြေးပါတော့တယ်…၊

ကျွန်တော်တို့လမ်းထဲဝင်တော့ ကျွန်တော် သတ္တိရှိသွားပါပြီ…ဒီလမ်းက ငယ်ငယ်လေးကတည်းက နေခဲ့တာမို့လို့ ကြောက်စိတ်လုံးဝမရှိပါ… ဒီလမ်းထဲထိတောင် လိုက်လာရင်တော့ ရင်ဆိုင်တွေ့မယ်လို့ ဆုံးဖြတ်ပြီး ဆိုင်ကယ်ကိုရပ်ပြီး နောက်လှည့်ကြည့်လိုက်ပါတယ်…၊

ကျွန်တော့်စိတ်ထဲမှာတော့ ဘာမှ မရှိတော့ဘူးထင်ပြီး လှမ်းကြည့်လိုက်တာပါ… ဒါပေမယ့် လမ်းထိပ်မှာ အံတွေကြိတ်ပြီး.. မျက်နှာမည်းတူးပြီး..ဆံပင်အရှည်ကြီးတွေနဲ့ တော်တော်အရုပ်ဆိုးတဲ့ အဲဒီညီမသုံးယောက် ရပ်နေတာကို တွေ့လိုက်ရပါတယ်…စိတ်တိုနေတဲ့ပုံတွေပါ.. အံတွေကြိတ်ထားလို့ မေးရိုးတွေတောင် ထောင်လို့ပါ…၊ ကျွန်တော် ရပ်နေပါတယ်…၊ သူတို့ လိုက်မလာပါဘူး…၊ လမ်းထိပ်ကနေသာ ကျွန်တော့်ကို စိုက်ကြည့်နေပါတယ်..၊ ကျွန်တော်လည်း ကိုယ့်လမ်းထဲမှာ မပြေးဖို့ ဆုံးဖြတ်ထားလို့ မပြေးပါဘူး…၊ သူတို့ ဝင်မလာပါဘူး… ကျွန်တော့် အထင် လမ်းထဲကို ဝင်လို့မရလို့ထင်ပါတယ်..၊ ကျွန်တော်လည်း အမောပြေမှ ဆိုင်ကယ်ကို အိမ်ထဲ အေးအေးဆေးဆေးတွန်းဝင်.. ရေသောက်…ဘုရားရှိခိုး.. မေတ္တာသုတ်ကို ရွှတ်ဖတ်ပြီး အိပ်ယာဝင်ခဲ့ပါတော့တယ်…။

နောက်မှ ပြန်တွေးကြည့်မိတော့ ကျွန်တော် တစ်ကယ်လို့ ပထမနေရာမှာ ကတည်းက မပြေးပဲ ရပ်နေမယ် ဆိုရင် သူတို့ ကျွန်တော့်ကို ဘာလုပ်ကြမှာလဲ…အိမ်ပေါ်ထပ်ကနေ ပြေးဆင်းလာပြီး.. ကျွန်တော့်ကို သူတို့ ခြောက်လှန့်ချင်လို့လား..ဒါမမဟုတ်..အကူအညီတောင်းစရာရှိလို့လား… အကူအညီတောင်းဖို့တော့ ဖြစ်ဟန် မတူပါဘူး… ဒေါသတွေကြီးပြီး စိတ်တိုနေတဲ့ သူတို့ ဟန်ပန်ကြည့်ရတာ.. လူကို ဒုက္ခပေးဖို့ ရည်ရွယ် ချက်ရှိဟန်တူပါတယ်…

ဒါဆိုဘာလို့ သူတို့ အိမ်ရှေ့ ဖြတ်ကတည်းက ..ဆင်းလာပြီး ဒုက္ခမပေးတာလဲ..? ကျွန်တော်သူတို့ အိမ်ရှေ့ဖြတ်လျှောက်တုန်းက ရီသံတွေ..၊ ငိုသံတွေ.. ကြားရပေမယ့် အိမ်ဖက်ကို လုံး၀ မကြည့်ခဲ့ပါဘူး..၊ စိတ်ကိုလည်း… အိမ်ကြီးဖက်မရောက်အောင်… ဘုရားစာဆိုလိုက်.. သီချင်းဆိုလိုက်…လုပ်ခဲ့တာပါ… ခြံဝင်းကျော်မှသာ သိချင်စိတ်ကြောင့် နောက်ကို ပြန်လှည့်ကြည့်မိလိုက်တာပါ…

ဒါဆို ကောက်ချက်ချလို့ရတာက သူတို့နဲ့ စိတ်ချင်း ဆက်သွယ်မှု ရမှသာလျှင် လူကို ဒုက္ခပေးနိုင်တာ ဖြစ်ပါလိမ့်မယ်..၊ ဒါကြောင့် သရဲ ကြောက်တတ်သူများ မိမိ၏ ကြောက်စိတ်က မိမိကို ပြန်လည်ပြီး ဒုက္ခပေး တတ်ကြောင်း အသိပေးလိုပါတယ်.. ကြောက်တတ်ရင် လုံးဝမစဉ်းစားပါနဲ့…မတွေးပါနဲ့… အဲ… ကြုံလာခဲ့ရင် တော့ ကျွန်တော့်လို ပြေးသာပြေးပါ….ဘာမှတွေးမနေပါနဲ့… တစ်ခုတော့ သတိပေးပါရစေ… ပုဆိုးတော့ မြဲအောင် ဝတ်ထားပါ…J

အခုတော့ အဲဒီအိမ်ကြီးလည်း မရှိတော့ပါဘူး.. ဗျူဟာမှူး တစ်ယောက်က ဝယ်ပြီး စစ်မိန့် နဲ့ နှင်ထုတ် ပြီးပြီလို့ သိရပါတယ်..၊ အိမ်ဟောင်းကြီးကိုဖျက်ပြီး အိမ်သစ်ကြီးလည်း ဆောက်ထားပါတယ်…၊ အဲဒီ ညီမသုံး ဖော်လည်း ကျွန်တော်နဲ့ နောက်ဆုံးတွေ့ပြီးကတည်းက အစပျောက်သွားခဲ့တာ အခုထိ ဘာသတင်းမှ မကြားရ တော့ပါကြောင်း………………………….။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ထွန်းဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top