ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အေနာက္ေတာင္မုတ္ သုံေလသည္ ျမန္မာႏိုင္ငံသုိ႔စတင္ ၀င္ေရာက္ေနၿပီး မုတ္သုံ၀င္ရာ လမ္းေၾကာင္းတစ္ေလွ်ာက္ ေလ ျပင္းႏွင့္မုိးႀကိဳးအႏၲရာယ္ဆက္ လက္သတိျပဳေနထုိင္ရန္ ေဒါက္ တာထြန္းလြင္က သတိေပးသည္။

မုတ္သုံေလဦးသည္ ျမန္မာ ႏုိင္ငံေတာင္ပိုင္းေဒသျဖစ္သည့္ တနသၤာရီတိုင္းေဒသႀကီးသုိ႔ ေမ လ ၁၂ ရက္ကစတင္၀င္ေရာက္ ေနၿပီး အားေလ်ာ့နည္းေနေၾကာင္း ၎ကရွင္းျပသည္။

‘‘မုတ္သုံေလဦးက စ၀င္ေန ေပမယ့္ အားေလ်ာ့ေနတယ္။ မုိး အားလည္း ေလ်ာ့ေနႏုိင္တယ္။ ဒါေပမဲ့ မုိးတိမ္ေတာင္နဲ႔ေလျပင္း အႏၲရာယ္ကေတာ့ အထူးသတိျပဳ ရဦးမယ္။ ေမလကုန္အထိ သတိ ထားဖုိ႔လုိတယ္’’ ဟု ေဒါက္တာ ထြန္းလြင္က ေျပာသည္။

အေနာက္ေတာင္မုတ္သုံ ေလသည္ ေမလ ၁၆ ရက္မွ ၂၀ ရက္အတြင္း ျမန္မာႏုိင္ငံေတာင္ ပုိင္းေဒသမ်ားသုိ႔ ၀င္ေရာက္ႏုိင္ ေၾကာင္း မုိးေလ၀သႏွင့္ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတင္း ထုတ္ျပန္ထားသည္။ ထုိ႔အျပင္ ေမလ ၂၁ ရက္မွ ၂၅ ရက္အတြင္း ျမစ္၀ကြၽန္းေပၚ ေဒသသုိ႔လည္း ေကာင္း၊ ေမလ ၂၆ မွ ၃၁ ရက္အ တြင္း ျမန္မာႏုိင္ငံအလယ္ပုိင္းေဒ သမ်ားသုိ႔လည္းေကာင္း အစဥ္ လုိက္၀င္ေရာက္လာႏုိင္ေၾကာင္း ဧၿပီ ၂၈ ရက္တြင္သတင္းထုတ္ျပန္ ထားသည္။ မုတ္သုံေလ၀င္ ေရာက္ရာ လမ္းေၾကာင္းတစ္ ေလွ်ာက္တြင္ ေလထုမတည္မၿငိမ္ ျဖစ္ၿပီး ေလျပင္းက်ျခင္း၊ မုိးႀကိဳး ပစ္ျခင္းတို႔ျဖစ္ေစသည့္ မုိးတိမ္ ေတာင္အႏၲရာယ္ရွိေနသည္။

မုိးေလ၀သဆုိင္ရာ အျခား သတင္းတစ္ရပ္က ျမန္မာႏုိင္ငံသုိ႔ မုန္တိုင္း၀င္ေရာက္လာႏုိင္ ေၾကာင္း ေမလဆန္းကစတင္၍ ထြက္ေပၚေနသည့္ေကာလာဟ လသည္ လူထုၾကား၌ဆက္လက္ ႀကီးထြားေနဆဲျဖစ္သည္။ ေမလ ၂၀ ရက္ႏွင့္ ၂၁ ရက္တြင္ Roanu အမည္ရွိ ဆုိင္ကလုန္းမုန္တုိင္း ျမန္မာႏုိင္ငံေဒသမ်ားေပၚ ျဖတ္ေက်ာ္၀င္ေရာက္မည္ျဖစ္ေၾကာင္း သတင္းအမွားသည္ ဓာတ္ပုံမ်ားႏွင့္ ပ်ံ႕ႏွံ႔ေနျခင္းျဖစ္ သည္။ Roanu မုန္တိုင္းသည္ ၂၀၁၆ ေမလကျဖစ္ေပၚခဲ့သည့္ မုန္တိုင္းျဖစ္ၿပီး သတင္းအမွားမ်ားကုိ မယုံၾကည္ရန္ ေဒါက္တာထြန္းလြင္ႏွင့္မုိးဇလဌာနက သတိေပးထားသည္။

ထြက္ေပၚေနေသာေကာ လာဟလသည္ေမလ ၂၂ ရက္ တြင္ျမန္မာႏုိင္ငံသုိ႔ အားျပင္းထန္ ေသာ မုန္တိုင္း၀င္ေရာက္ႏုိင္၍ ေတာင္ၿပိဳျခင္း၊ ေရႀကီးျခင္း၊ လွ်ပ္ စစ္မီးျပတ္ေတာက္ျခင္း၊ ျမစ္ေရ မ်ား ႐ုတ္တရက္ႀကီးျခင္းျဖစ္ႏုိင္ ကာ ယင္းသဘာ၀ေဘးအႏၲရာယ္ ကုိ ျမန္မာျပည္သူျပည္သားမ်ား၏ အားျဖင့္ပူူးေပါင္းကာကြယ္ရန္လုိ အပ္ေၾကာင္း၊ သတင္းအမွားမ်ား ကုိ သတင္းဌာနအမည္ခံလူမႈကြန္ ရက္အေကာင့္အခ်ိဳ႕က ျဖန္႔ေ၀ ေနျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily
# Unicode Version ျဖင့္ ဖတ္ပါ #
အနောက်တောင်မုတ် သုံလေသည် မြန်မာနိုင်ငံသို့စတင် ဝင်ရောက်နေပြီး မုတ်သုံဝင်ရာ လမ်းကြောင်းတစ်လျှောက် လေ ပြင်းနှင့်မိုးကြိုးအန္တရာယ်ဆက် လက်သတိပြုနေထိုင်ရန် ဒေါက် တာထွန်းလွင်က သတိပေးသည်။

မုတ်သုံလေဦးသည် မြန်မာ နိုင်ငံတောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးသို့ မေ လ ၁၂ ရက်ကစတင်ဝင်ရောက် နေပြီး အားလျော့နည်းနေကြောင်း ၎င်းကရှင်းပြသည်။

‘‘မုတ်သုံလေဦးက စဝင်နေ ပေမယ့် အားလျော့နေတယ်။ မိုး အားလည်း လျော့နေနိုင်တယ်။ ဒါပေမဲ့ မိုးတိမ်တောင်နဲ့လေပြင်း အန္တရာယ်ကတော့ အထူးသတိပြု ရဦးမယ်။ မေလကုန်အထိ သတိ ထားဖို့လိုတယ်’’ ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

အနောက်တောင်မုတ်သုံ လေသည် မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင် ပိုင်းဒေသများသို့ ဝင်ရောက်နိုင် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ထို့အပြင် မေလ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသသို့လည်း ကောင်း၊ မေလ ၂၆ မှ ၃၁ ရက်အ တွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေ သများသို့လည်းကောင်း အစဉ် လိုက်ဝင်ရောက်လာနိုင်ကြောင်း ဧပြီ ၂၈ ရက်တွင်သတင်းထုတ်ပြန် ထားသည်။ မုတ်သုံလေဝင် ရောက်ရာ လမ်းကြောင်းတစ် လျှောက်တွင် လေထုမတည်မငြိမ် ဖြစ်ပြီး လေပြင်းကျခြင်း၊ မိုးကြိုး ပစ်ခြင်းတို့ဖြစ်စေသည့် မိုးတိမ် တောင်အန္တရာယ်ရှိနေသည်။

မိုးလေဝသဆိုင်ရာ အခြား သတင်းတစ်ရပ်က မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်လာနိုင် ကြောင်း မေလဆန်းကစတင်၍ ထွက်ပေါ်နေသည့်ကောလာဟ လသည် လူထုကြား၌ဆက်လက် ကြီးထွားနေဆဲဖြစ်သည်။ မေလ ၂၀ ရက်နှင့် ၂၁ ရက်တွင် Roanu အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံဒေသများပေါ် ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း သတင်းအမှားသည် ဓာတ်ပုံများနှင့် ပျံ့နှံ့နေခြင်းဖြစ် သည်။ Roanu မုန်တိုင်းသည် ၂၀၁၆ မေလကဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဖြစ်ပြီး သတင်းအမှားများကို မယုံကြည်ရန် ဒေါက်တာထွန်းလွင်နှင့်မိုးဇလဌာနက သတိပေးထားသည်။

ထွက်ပေါ်နေသောကော လာဟလသည်မေလ ၂၂ ရက် တွင်မြန်မာနိုင်ငံသို့ အားပြင်းထန် သော မုန်တိုင်းဝင်ရောက်နိုင်၍ တောင်ပြိုခြင်း၊ ရေကြီးခြင်း၊ လျှပ် စစ်မီးပြတ်တောက်ခြင်း၊ မြစ်ရေ များ ရုတ်တရက်ကြီးခြင်းဖြစ်နိုင် ကာ ယင်းသဘာဝဘေးအန္တရာယ် ကို မြန်မာပြည်သူပြည်သားများ၏ အားဖြင့်ပူူးပေါင်းကာကွယ်ရန်လို အပ်ကြောင်း၊ သတင်းအမှားများ ကို သတင်းဌာနအမည်ခံလူမှုကွန် ရက်အကောင့်အချို့က ဖြန့်ေ၀ နေခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top