မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
ကိုယ့်ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးချစ်သူရဲ့ အီးနံ့ကို ရှူဖို့ ဆန္ဒရှိပါသလား။ ရွံ့စရာပါ။ ဒါပေမယ့် သူ့အီးပေါက်တဲ့အနံ့က အသက်ရှည်စေတယ်ဆိုရင်တော့ ရှူချင်သွားပါလိမ့်မယ်။
University of Exeter မှ သုတေသနပညာရှင်တွေက ချစ်သူက ပေါက်လွှတ်တဲ့ အီးနံ့က ရောဂါပိုးမွားတွေကို သေစေတာ အံ့သြဖွယ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Medicinal Chemistry Communications ရဲ့ ဂျာနယ်မှာဖော်ပြချက်အရ လူအီးအနံ့မှာပါတဲ့ Hydrogen Sulfide က ပမာဏများရင် အဆိပ်အတောက်ဖြစ်စေနိုင်ပေမယ့် ပမာဏနည်းနည်းကတော့ ကျန်းမာရေးအတွက် က်ရောက်မှုရှိတယ်လို့ဖော်ပြထားပါတယ်။
ဒီဖော်ပြချက်နဲ့အတူ အီးနံ့မှာပါတဲ့ ဂက်စ်က ကင်ဆာ နဲ့ နှလုံးရောဂါတို့လို လူ့အသက်အန္တရာယ်ကိုခြိမ်းခြောက်တဲ့ ရောဂါတွေကို လျော့ကျနိုင်စွမ်းရှိပါတယ်။
သုတေသနပညာရှင်အဖွဲ့ရဲ့ပြောပြချက်အရတော့ အီးနံ့က အသက်အရွယ်ရလာချိန်မှာဖြစ်တက်တဲ့ အဆစ်ရောင်ရောဂါနဲ့ ရူးသွပ်စိတ်မနှံ့ခြင်းတွေကို ကာကွယ်ပေးတာသက်သေပြပြီး ဖြစ်ပါပြီ။
ပြီးတော့ အီးနံ့မှာပါတဲ့ AP39 ဓာတ်ပေါင်းက သွေးဖိအားကိုလျော့ကျစေနိုင်ပြီး နှလုံးဖောက်ခြင်းကြောင့် အသက်သေဆုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: KSM (MyanmarNote)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top