မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ လမ်းမပေါ်မှာ သူတောင်းစားဘ၀နဲ့ အသက်မွေးနေသူ John Thuo ဂျွန်သူ ဟာ မိခင်ဆုံးသွားပြီးအဖေရဲ့ နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့  အိမ်ပြေးဘ၀ကနေ ခုလို လမ်းမပေါ်ရောက်ခဲ့ပါတယ်။

ဆင်းရဲတဲ့ ကင်ညာနိုင်ငံ မြို့တွေ မှာ တောင်းစားနေကြတဲ့ခလေးပေါင်း သုံးသိန်းငါးသောင်းကျော်ရှိနေပြီး အများစုဟာ သေမင်းရောဂါ HIV ပိုးရှိနေသူ မိဘတွေကမွေးလာတဲ့ ခလေးတွေများပါတယ်။နိုင်ရိုဘီ မြို့ သားတွေက ကားနားခလေးကပ်မှာ စိုးရိမ်ကြပါတယ်၊ ခလေးတွေဟာ တောင်းစားတာထက် ငွေမရရင် ခိုးတာ လုပြေးတာ ၊ငွေမပေးရင် ကားကိုဖျက်ဆီးကြတဲ့ အထိ လက်သရမ်းကြပါတယ်။

ဂျွန်သူကတော့ ရေခဲ သူတောင်းစားလေးပါ၊ သူတောင်လို့ မပေးရင်လည်း အေးဆေး ထွက်သွားတတ်ပါတယ်။ ဂျွန်သူဟာတနေ့ မှာကားတစီးရဲ့  မှန်ကိုလက်နဲ့ ပုတ်ပြီး တောင်းဘို့  လုပ်ပါတယ်၊ကားရှေ့ မှန်ပွင့်လာတဲ့အခါ သူတခါမှ မမြင်ဘူးခဲ့ဘူးတဲ့ အမျိုးသမီးကြီးတဦးက ပါးစပ်မှာ လေရူပိုက်တွေနဲ့  အသက်ကိုကြိုးစားရူနေတာတွေ့ ရပါတယ်။

ဘာဖြစ်တာလည်းခင်ဗျာလို့  သူမေးခဲ့တော့ အမျိုးသမီးဟာအဆုတ်ကအလုပ်မလုပ်တော့လို့  အသက်ရူစက်နဲ့ တချိန်လုံးနေရတယ်ခုဆေးရုံပြဘို့ သွားမှာလို့ သိရတဲ့အချိန်မှာ ဂျွန်သူ ၀မ်းနည်းပြီးငိုလိုက်ပါတယ်။သူဟာ ဘ၀အလွန်ဆိုးလိုက်တာလို့  ထင်နေခဲ့တာ သူထက်ဆိုးတဲ့သူတွေ လောကမှာ အများကြီးဆိုတာ သိမြင်သွားခဲ့ပြီး သူတောင်းလို့ ရထားတဲ့ ငွေတွေကို လူနာရှင်အမျိုးသမီးကြီးကို ပေးလိုက်တဲ့အဖြစ်ကို ဆိုရှယ်မီဒီယာတွေမှာ အကျယ်တ၀င့်ဖေါ်ပြခဲ့ကြပါတယ်။

(ဆိုရှယ်မီးဒီယာမှာ ဂျွန်သူသတင်း ကျော်ကြားသွားခဲ့ပြီး နိုင်ငံတကာက ဂျွန်သူကို ၀ိုင်းကူညီခဲ့ကြတာ ဒေါ်လာ ၈၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ကျော် )အထိရခဲ့ပါတယ်။ဒါတင်မကသေးပါဘူးမြတ်သောအလှူကြောင့် သူဌေးဖြစ်သွားတဲ့ သူတောင်းစားလေး ဂျွန်သူကို နီစီဝမ်ဘူကူ ဆိုသူ ငွေကြေးပြည့်စုံသူ အမျိုးသမီးက မွေးစားခဲ့ပြီး ကျောက်ဆက်တက်ဘို့  ပြင်နေပြီလို့ သိရပါတယ်။

စိတ်ထားမြင့်မြတ်သူတွေဟာ ဘ၀အဆိုးဆုံး ဖြစ်ပေမယ့် ကယ်တင်မယ့်သူတွေပေါ်လာစမြဲပါ။

# Unicode Version ဖြင့် ဖတ်ပါ #
ကင်ညာနိုုင်ငံ နိုုင်ရိုုဘီမြို့လမ်းမပေါ်မှာ သူတောင်းစားဘဝနဲ့အသက်မွေးနေသူ John Thuo ဂျွန်သူ ဟာ မိခင်ဆုံုးသွားပြီးအဖေရဲ့နှိပ်စက်တဲ့ ဒဏ်မခံနိုုင်လိုု့ အိမ်ပြေးဘဝကနေ ခုုလိုု လမ်းမပေါ်ရောက်ခဲ့ပါတယ်။

ဆင်းရဲတဲ့ ကင်ညာနိုုင်ငံ မြို့တွေ မှာ တောင်းစားနေကြတဲ့ခလေးပေါင်း သုံုးသိန်းငါးသောင်းကျော်ရှိနေပြီး အများစုုဟာ သေမင်းရောဂါ HIV ပိုုးရှိနေသူ မိဘတွေကမွေးလာတဲ့ ခလေးတွေများပါတယ်။နိုုင်ရိုုဘီ မြို့သားတွေက ကားနားခလေးကပ်မှာ စိုုးရိမ်ကြပါတယ်၊ ခလေးတွေဟာ တောင်းစားတာထက် ငွေမရရင် ခိုုးတာ လုုပြေးတာ ၊ငွေမပေးရင် ကားကိုုဖျက်ဆီးကြတဲ့ အထိ လက်သရမ်းကြပါတယ်။

ဂျွန်သူကတော့ ရေခဲ သူတောင်းစားလေးပါ၊ သူတောင်လိုု့မပေးရင်လည်း အေးဆေး ထွက်သွားတတ်ပါတယ်။ ဂျွန်သူဟာတနေ့မှာကားတစီးရဲ့ မှန်ကိုုလက်နဲ့ပုုတ်ပြီး တောင်းဘိုု့ လုုပ်ပါတယ်၊ကားရှေ့မှန်ပွင့်လာတဲ့အခါ သူတခါမှ မမြင်ဘူးခဲ့ဘူးတဲ့ အမျိုးသမီးကြီးတဦးက ပါးစပ်မှာ လေရူပိုုက်တွေနဲ့ အသက်ကိုုကြိုးစားရူနေတာတွေ့ရပါတယ်။

ဘာဖြစ်တာလည်းခင်ဗျာလိုု့ သူမေးခဲ့တော့ အမျိုးသမီးဟာအဆုုတ်ကအလုုပ်မလုုပ်တော့လိုု့ အသက်ရူစက်နဲ့တချိန်လုံုးနေရတယ်ခုုဆေးရုံုပြဘိုု့သွားမှာလိုု့သိရတဲ့အချိန်မှာ ဂျွန်သူ ဝမ်းနည်းပြီးငိုုလိုုက်ပါတယ်။သူဟာ ဘဝအလွန်ဆိုုးလိုုက်တာလိုု့ ထင်နေခဲ့တာ သူထက်ဆိုုးတဲ့သူတွေ လောကမှာ အများကြီးဆိုုတာ သိမြင်သွားခဲ့ပြီး သူတောင်းလိုု့ရထားတဲ့ ငွေတွေကိုု လူနာရှင်အမျိုးသမီးကြီးကိုု ပေးလိုုက်တဲ့အဖြစ်ကိုု ဆိုုရှယ်မီဒီယာတွေမှာ အကျယ်တဝင့်ဖေါ်ပြခဲ့ကြပါတယ်။

(ဆိုုရှယ်မီးဒီယာမှာ ဂျွန်သူသတင်း ကျော်ကြားသွားခဲ့ပြီး နိုုင်ငံတကာက ဂျွန်သူကိုု ဝိုုင်းကူညီခဲ့ကြတာ ဒေါ်လာ ၈၀၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ကျော် )အထိရခဲ့ပါတယ်။ဒါတင်မကသေးပါဘူးမြတ်သောအလှူကြောင့် သူဌေးဖြစ်သွားတဲ့ သူတောင်းစားလေး ဂျွန်သူကိုု နီစီဝမ်ဘူကူ ဆိုုသူ ငွေကြေးပြည့်စုံုသူ အမျိုးသမီးက မွေးစားခဲ့ပြီး ကျောက်ဆက်တက်ဘိုု့ ပြင်နေပြီလိုု့သိရပါတယ်။

စိတ်ထားမြင့်မြတ်သူတွေဟာ ဘဝအဆိုုးဆုံုး ဖြစ်ပေမယ့် ကယ်တင်မယ့်သူတွေပေါ်လာစမြဲပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: SAW – Credit feeds4you
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top