×
"ရပါတယ်၊ ကိစ္စမရှိဘူး။ ကျွန်တော် ရပါတယ်"
ခရီးသွားက
Credit:DuWun
#Unicode Version#
မြို့လေးတစ်မြို့ကို ရောက်တော့  အခန်းလိုက်ရှာသည်။ သို့သော်လည်း ဟိုတယ်တိုင်းက အခန်းပြည့်နေသည်။ နောက်ဆုံးဟိုတယ်က မန်နေဂျာကို တောင်းပန်သည်။
"အိပ်ဖို့နေရာလေးရတယ်ဆို ရပါပြီ၊ လာရတာအဝေးကြီးမို့ ကျွန်တော်နားချင်လို့ပါ"
မန်နေဂျာက ခဏလောက်စဉ်းစားပြီး ပြောသည်။
"ကျွန်တော့်မှာ နှစ်ယောက်ခန်းယူထားရတဲ့ လူတစ်ယောက်ရှိတယ်။ သူက နောက်တစ်ယောက်နဲ့ ဒီအခန်းကို ပိုက်ဆံ မျှခံချင်တယ်။ ခင်ဗျား အဆင်ပြေရင် အဲ့မှာ တည်းလို့ရတယ်။ ဒါပေမဲ့ သူက အရမ်းဟောက်တယ်။ ဘေးခန်းတွေက ကျွန်တော်တို့ကို ညတိုင်းတိုင်တယ်"
ခရီးသွားက ခဏစဉ်းစားပြီး ပြောသည်။
"ရပါတယ်၊ ကိစ္စမရှိဘူး။ ကျွန်တော် ရပါတယ်"
နောက်တစ်နေ့ရောက်တော့ ခရီးသွားက မျက်လုံးကြည်ကြည်လင်လင် နဲ့ အေးအေးဆေးဆေးပဲ မနက်စာလာစားသည်။ မန်နေဂျာက ဘယ်လို အိပ်လဲဟု မေးကြည့်သည်။
ခရီးသွားက
"ကိစ္စမရှိပါဘူး။ ကျွန်တော်အခန်းထဲ ရောက်တော့  ဒီလူက စအိပ်နေပြီ။ ရောက်ရောက်ချင်းပဲ သူ့အိပ်ရာကိုသွား သူ့ကိုနမ်းပြီး
ကောင်းကောင်းအိပ်နော် အလှလေး လို့ ပြောလိုက်တာ သူမအိပ်တော့ဘဲ တစ်ညလုံး ကျွန်တော်အိပ်တာ ငုတ်တုပ်ထိုင်ကြည့်နေတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:DuWun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top