ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္တိုင္းေဒသႀကီး ၊ သန္လ်င္ၿမိဳ႕နယ္ ပဲခူးျမစ္ကမ္းေဘးတြင္ ေရတိုက္စားမႈမရွိေစရန္အတြက္ သံျခင္းခ်၍ေအာက္ေျခေျမညိွေနသည့္ လုပ္သားတစ္ဦးႏႈန္းေျမပိျပီး ေသဆံုးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေျမပိေနသူကုိ ကယ္ဆယ္ျခင္း

ျဖစ္စဥ္မွာ ေမလ ၁၅ ရက္ ေန႔လယ္ ၁၂ နာရီအခ်ိန္ခန္႔တြင္ သန္လ်င္ၿမိဳ႕နယ္ ၊ စဥ္ၿမိဳ႕ေဟာင္းအေရွ႕ရပ္ကြက္ ၊ ပဲခူးျမစ္ကမ္းေဘး “တန္တစ္ရာ”သစ္စက္အနီးတြင္ အသက္ ၂၈ ႏွစ္အရြယ္ ကိုေနမ်ိဳးဆိုသူမွာ ႏႈန္းေျမမ်ားပိကာ ေသဆံုးေနေၾကာင္းသတင္းအရ သက္ဆိုင္ရာတာ၀န္ရွိသူမ်ားႏွင့္အသိသက္ေသမ်ားမွသြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၾကေၾကာင္း ရဲတပ္ဖြဲ ့ထံမွ သိရသည္။ စစ္ေဆးခ်က္အရ ေသဆံုးသူ ေနမ်ိဳးမွာ ေအာင္ကိုလင္း ၂၄ ႏွစ္၊ ေက်ာ္စိုးႏိုင္၂၅ ႏွစ္တို႔ႏွင့္အတူ အခင္းမျဖစ္ခင္ နာရီ၀က္အလိုခန္႔က ေရအရင္းအျမစ္ႏွင့္ျမစ္ေခ်ာင္းမ်ား ထိန္းသိမ္းေရးဦးစီးဌာနမွ ျမစ္ကမ္းထိန္သိမ္းရန္လုပ္ငန္းအတြက္ ေရမ်ားတိုက္စားမႈမရွိေအာင္ သံျခင္းခ်ရန္ႏွင့္ သံပိုက္ျခင္းေထာင္ရန္အလို႔ငွာ ေအာက္ေျခေျမကို ညိွေနစဥ္မွာပင္ အေပၚမွႏႈန္းေျမမ်ားက ေနမ်ိဳးရပ္တန္႔ေနသည့္ေနရာသို႔ၿပိဳက်လာသျဖင့္ ေနမ်ိဳးမွာ ႏႈန္းေျမမ်ားပိ၍ ေသဆံုးသြားရျခင္းျဖစ္ေၾကာင္း စစ္ေဆးခ်က္အရ သိရွိခဲ့ၾကသည္။

ယင္းအတြက္ေၾကာင့္ တိုက္ႀကီးၿမိဳ႕နယ္ ၊ ကတ္ကေတာ့ေက်းရြာထိုင္သူ ေနမ်ိဳး ၂၈ ႏွစ္ေသဆံုးမႈကို ေသမႈေသခင္းအမွတ္စဥ္ ၂၅/၂၀၁၈ ျဖင့္ သန္လ်န္ၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: akonthi

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်မြို့နယ် ပဲခူးမြစ်ကမ်းဘေးတွင် ရေတိုက်စားမှုမရှိစေရန်အတွက် သံခြင်းချ၍အောက်ခြေမြေညှိနေသည့် လုပ်သားတစ်ဦးနှုန်းမြေပိပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

မြေပိနေသူကို ကယ်ဆယ်ခြင်း

ဖြစ်စဉ်မှာ မေလ ၁၅ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ် ၊ စဉ်မြို့ဟောင်းအရှေ့ရပ်ကွက် ၊ ပဲခူးမြစ်ကမ်းဘေး “တန်တစ်ရာ”သစ်စက်အနီးတွင် အသက် ၂၈ နှစ်အရွယ် ကိုနေမျိုးဆိုသူမှာ နှုန်းမြေများပိကာ သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အသိသက်သေများမှသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ စစ်ဆေးချက်အရ သေဆုံးသူ နေမျိုးမှာ အောင်ကိုလင်း ၂၄ နှစ်၊ ကျော်စိုးနိုင်၂၅ နှစ်တို့နှင့်အတူ အခင်းမဖြစ်ခင် နာရီဝက်အလိုခန့်က ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဦးစီးဌာနမှ မြစ်ကမ်းထိန်သိမ်းရန်လုပ်ငန်းအတွက် ရေများတိုက်စားမှုမရှိအောင် သံခြင်းချရန်နှင့် သံပိုက်ခြင်းထောင်ရန်အလို့ငှာ အောက်ခြေမြေကို ညှိနေစဉ်မှာပင် အပေါ်မှနှုန်းမြေများက နေမျိုးရပ်တန့်နေသည့်နေရာသို့ပြိုကျလာသဖြင့် နေမျိုးမှာ နှုန်းမြေများပိ၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရ သိရှိခဲ့ကြသည်။

ယင်းအတွက်ကြောင့် တိုက်ကြီးမြို့နယ် ၊ ကတ်ကတော့ကျေးရွာထိုင်သူ နေမျိုး ၂၈ နှစ်သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် ၂၅/၂၀၁၈ ဖြင့် သန်လျန်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: akonthi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top