ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

တစ္ခါတေလ လက္ေခ်ာင္းေလးေတြ သိပ္လွတဲ့ Idol ေလးေတြ ေတြ႕လိုက္မိရင္၊ ဒါမွမဟုတ္ အျပင္မွာ တိုက္တိုက္ဆိုင္ဆိုင္ လက္ေခ်ာင္းလွလွ ေယာက္်ားေလး၊ မိန္းကေလးေတြ ေတြ႕လိုက္မိရင္ အားက်ၿပီး လိုက္ေငးရတာမ်ိဳးျဖစ္ဖူးလား ေယာင္းတို႔? ေၾသာ္.. သူတို႔ လက္ေလးေတြမ်ား လွလိုက္တာေပါ့..ကိုယ့္လက္ေခ်ာင္းေလးေတြကို ၾကည့္လုိက္ရင္ေတာ့ အိမ္ကအခ်စ္ေတာ္ေလးေတြ ကုတ္ထားတဲ႔ ဒဏ္ရာေလးေတြ၊ လက္ဆစ္ညိဳမည္းတာေလးေတြနဲ႔ အမေလးေနာ္.. ကြာပါ့ 😀 ဒါေပမဲ့ ဒီအတြက္ေတာ့ စိတ္ညစ္စရာမလိုပါဘူးေနာ္.. ဘယ္လိုပဲ ျဖစ္ျဖစ္ အလွက ကိုယ္တြင္းမွာပဲ ရွိတာ မဟုတ္လား? သို႔ေသာ္.. လက္ေခ်ာင္းေလးေတြ လွကို လွခ်င္တာ ဘယ္လိုပဲ အလွက အတြင္းကျဖစ္ေနပါေစ… လက္ေခ်ာင္းေလးေတြကလည္း လွခ်င္ေသးတာ ဆိုတဲ့ ေယာင္းေတြအတြက္ ဒီေဆာင္းပါးေလးကို တင္ဆက္လိုက္ရပါတယ္..

တို႔မ်က္ႏွာေလးေတြ ျဖဴေဖြးဝင္းမြတ္ေနေအာင္ သဘာဝနည္းလမ္းေတြေရာ အလွကုန္ပစၥည္းမ်ိဳးစံုပါ သံုးၿပီး ဂရုစိုက္ထိန္းသိမ္းၾကတယ္ေနာ္။ တို႔ေတြရဲ႕ လက္ေခ်ာင္းေလးေတြ ျဖဴဝင္းလွပေနအာင္က်ေတာ့ ထိန္းသိမ္းဖို႔ ေမ့ေနတတ္ျပန္တယ္ေလ။ ဒါေၾကာင့္ပဲ လက္ဆစ္ေလးေတြ ညိဳေနတာ၊ လက္ေခ်ာင္းေလးေတြ မလွတာမ်ိဳးေတြ ျဖစ္ေနရတာေပါ့။ ဆံပင္က ဒုတိယမ်က္ႏွာဆို လက္ခ်ာင္းေလးေတြက တတိယမ်က္ႏွာလို႔ေတာင္ ဆိုလို႔ ရႏုိင္ပါတယ္ေနာ္။ ဒါဆို တတိယမ်က္ႏွာ လက္ေခ်ာင္းေလးေတြ ျဖဴေဖြးလွပေနေအာင္ ထိန္းသိမ္းဖို႔ ဘယ္လုိ သဘာဝနည္းလမ္းေလးေတြ ရွိလဲဆိုတာ Yuki နဲ႔ အတူတူ ၾကည့္ၾကရေအာင္ေနာ္…

(၁) ပ်ားရည္နဲ႔ သံပယိုရည္

– ပါဝင္ပစၥည္းကေတာ့ ရွင္းရွင္းေလးပါေနာ္။ ပ်ားရည္ရယ္ သံပယိုရည္ရယ္ပဲ လိုပါတယ္။ ဒီႏွစ္မ်ိဳးကို ဆတူေရာျပီး အႏွစ္ပ်စ္ပ်စ္ေလး ျဖစ္လာတဲ႔အထိ ေမႊေပးပါ။
– ၿပီးရင္ လက္ေခ်ာင္းေလးေတြေပၚက ညိဳမည္းေနတဲ႔ လက္ဆစ္ေနရာေတြ အမာရြတ္ေလးေတြကို လိမ္းေပးလိုက္ပါ။
– ဆယ့္ငါးမိနစ္ကေန မိနစ္ ႏွစ္ဆယ္ထိ ထားၿပီးရင္ေတာ႔ ေရေဆးခ်လို႔ရပါၿပီ။
– ေဆးေနတုန္းမွာ လက္ေခ်ာင္းေလးေတြကို ႏွိပ္နယ္ေပးဖို႔ မေမ့နဲ႔ေနာ္။
– ပံုမွန္ေလးလုပ္ေပးရင္ေတာ႔ ၁၅ ရက္ကေန ရက္ ၂၀ အတြင္း သိသာတဲ႔ရလဒ္ေလးရလာမွာပါ။

(၂) သၾကားနဲ႔သံလြင္ဆီ scrub

– သၾကားလက္ဖက္ရည္တစ္ဇြန္း သံလြင္ဆီ လက္ဖက္ရည္တစ္ဇြန္းကို ေသခ်ာေလးေမႊေပးၿပီး ရလာတဲ႔အႏွစ္ေလးေတြကို လက္ေခ်ာင္းေလးေတြမွာ scrub လုပ္သလို ပြတ္ၿပီးႏွိပ္နယ္ေပးရမွာပါ။
– ထိေရာက္တဲ႔ အာနိသင္ေလးရလာဖို႔ ငါးမိနစ္ကေန ဆယ္မိနစ္အထိ ပြတ္ၿပီး ႏွိပ္နယ္ေပးပါေနာ္။
– ၿပီးရင္ ေရမေဆးေသးဘဲ ဆယ့္ငါးမိနစ္၊ မိနစ္ ႏွစ္ဆယ္ေလာက္ ထားလိုက္ပါဦး။
– ၿပီးသြားတာနဲ႔ ပံုမွန္ေရ မပူမေအးေလးနဲ႔ ေဆးၿပီး ေရေျခာက္ေအာင္သုတ္။ အစိုဓာတ္ျဖည့္ဖို႔ moisturizer (အစိုဓာတ္ထိန္းလိမ္းေဆး) ေလးတစ္ခုေလာက္ လိမ္းေပးလိုက္ပါ။
တစ္ပတ္ေလာက္ပံုမွန္ေလးလုပ္ၿပီးတာနဲ႔ သိသာလာမွာေနာ္။

(၃) ႏြားနို႕နဲ႔ ေပါင္မုန္႔

အို Yuki ႏွယ္ လက္ေခ်ာင္းေလးေတြ ေဖြးေအာင္လုပ္မယ္ဆိုမွ ဘယ့္ႏွယ္ ႏြားႏို႔နဲ႔ ေပါင္မုန္႔စားခိုင္းေနပါလိမ္႔လို႔ မေတြးၾကနဲ႔ဦးေနာ္။ တကယ္ထိေရာက္တဲ႔ နည္းေလးေျပာျပမလို႔ပါ။
– လုပ္နည္းကေတာ႔ ေပါင္မုန္႔တစ္ခ်ပ္ကို ႏြားနို႔ထဲ အသာစိမ္ထားရံုပါပဲ။
– ေပါင္မုန္႔အရမ္းေပ်ာ့မသြားခင္မွာ အဲ႔ေပါင္မုန္႔ေလးကို ခပ္ၿပီး ပါးစပ္ထဲထည့္ အဲေလ ေယာင္လို႔! ညိဳမည္းေနတဲ႔လက္ဆစ္ေလးေတြ အမာရြတ္ေလးေတြေပၚတင္ၿပီး ပြတ္ေပးလိုက္ပါေနာ္။
– ႏြားႏို႔စိမ္ထားတဲ႔ ေပါင္မုန္႔ေလးနဲ႔ ဆယ္မိနစ္ ဆယ္႔ငါးမိနစ္ေလာက္ ပြတ္ေပးၿပီးရင္ ေရေဆးခ်လို႔ရပါၿပီ။
ပါးစပ္ထဲထည့္လည္း အရသာရွိမယ္႔ ဒီနည္းေလးကိုေတာ႔ ဆယ္ရက္ကေန ဆယ့္ငါးရက္ေလာက္ ဆက္တိုက္လုပ္ေပးရင္ သိသာတဲ႔ ရလဒ္တစ္ခုရလာမွာပါ။😅

(၄)သၾကားရယ္ Glycerine (ဂလစ္စရင္း) နဲ႔ သံပယိုသီး

– သၾကားလက္ဖက္ရည္ဇြန္းတစ္ဇြန္းရယ္ Glycerine(ဂလစ္စရင္း) လက္ဖက္ရည္တစ္ဇြန္းရယ္ကိုေရာလိုက္ပါ။
– သံပယိုသီးတစ္လံုးကို အရည္ညွစ္ၿပီး အရည္ေတြေရာ အခြံေတြေရာ ေစာေစာကေရာထားတဲ႔ထဲ ထည့္ၿပီး အကုန္ေရာေမႊလိုက္ပါ။
– ၿပီးရင္ လက္ေခ်ာင္းေလးေတြရယ္ လက္ဆစ္ေလးေတြ အမာရြတ္ေနရာေလးေတြကို ေစာေစာက ေမႊထားတဲ႔ အရည္ေလးလိမ္းၿပီး သံပယိုခြံေတြနဲ႔ပါ ပြတ္တိုက္ႏွိပ္နယ္ေပးပါေနာ္။
– ငါးမိနစ္ေလာက္ ႏွိပ္နယ္ေပးၿပီးရင္ေတာ႔ ေရေဆးခ်လို႔ရပါၿပီ။
ဒီနည္းေလးကို တစ္ပတ္ကို သံုးေလးႀကိမ္ လုပ္ေပးရံုနဲ႔ သိသာတဲ႔ရလဒ္ ရလာမွာပါ။ ဘာလို႔ဆို ဒီထဲမွာပါတဲ႔ ပါဝင္ပစၥည္းေတြအားလံုး အထူးသျဖင့္ သံပယိုရည္က အသားအရည္ကို ျဖဴေဖြးၾကည္လင္ေစတာကိုး။

ကဲ ေယာင္းတို႔ေရ။ ဒီနည္းေလးေတြကို ေဖြးေဖြးေလးနဲ႔ အမာရြတ္ကင္းစင္တဲ႔ လက္ေခ်ာင္းေလးေတြရဖို႔ သံုးနိုင္သလို ေျခေခ်ာင္းေလးေတြ ျဖဴေဖြးဖို႔ကိုလည္းသံုးနိုင္ပါေသးတယ္ေနာ္။ ဒီနည္းေလးေတြရဲ႕ ပါဝင္ပစၥည္းေတြအားလံုးက ေယာင္းတို႔လက္တစ္ကမ္းမွာ အလြယ္တကူဝယ္လို႔ရတဲ႔ ပစၥည္းေလးေတြျဖစ္တာေၾကာင့္ ျမန္ျမန္ေလး ေျပးဝယ္လို႔ လက္ေခ်ာင္းေလးေတြ လွပေအာင္ ျပင္ဆင္လုိက္ၾကရေအာင္….

ေယာင္းေလးတို႔ က်န္းမာေပ်ာ္ရႊင္ၾကပါေစ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Miyuki ( For Her Myanmar )
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါတလေ လက်ချောင်းလေးတွေ သိပ်လှတဲ့ Idol လေးတွေ တွေ့လိုက်မိရင်၊ ဒါမှမဟုတ် အပြင်မှာ တိုက်တိုက်ဆိုင်ဆိုင် လက်ချောင်းလှလှ ယောက်ျားလေး၊ မိန်းကလေးတွေ တွေ့လိုက်မိရင် အားကျပြီး လိုက်ငေးရတာမျိုးဖြစ်ဖူးလား ယောင်းတို့? သြော်.. သူတို့ လက်လေးတွေများ လှလိုက်တာပေါ့..ကိုယ့်လက်ချောင်းလေးတွေကို ကြည့်လိုက်ရင်တော့ အိမ်ကအချစ်တော်လေးတွေ ကုတ်ထားတဲ့ ဒဏ်ရာလေးတွေ၊ လက်ဆစ်ညိုမည်းတာလေးတွေနဲ့ အမလေးနော်.. ကွာပါ့ 😀 ဒါပေမဲ့ ဒီအတွက်တော့ စိတ်ညစ်စရာမလိုပါဘူးနော်.. ဘယ်လိုပဲ ဖြစ်ဖြစ် အလှက ကိုယ်တွင်းမှာပဲ ရှိတာ မဟုတ်လား? သို့သော်.. လက်ချောင်းလေးတွေ လှကို လှချင်တာ ဘယ်လိုပဲ အလှက အတွင်းကဖြစ်နေပါစေ… လက်ချောင်းလေးတွေကလည်း လှချင်သေးတာ ဆိုတဲ့ ယောင်းတွေအတွက် ဒီဆောင်းပါးလေးကို တင်ဆက်လိုက်ရပါတယ်..

တို့မျက်နှာလေးတွေ ဖြူဖွေးဝင်းမွတ်နေအောင် သဘာဝနည်းလမ်းတွေရော အလှကုန်ပစ္စည်းမျိုးစုံပါ သုံးပြီး ဂရုစိုက်ထိန်းသိမ်းကြတယ်နော်။ တို့တွေရဲ့ လက်ချောင်းလေးတွေ ဖြူဝင်းလှပနေအာင်ကျတော့ ထိန်းသိမ်းဖို့ မေ့နေတတ်ပြန်တယ်လေ။ ဒါကြောင့်ပဲ လက်ဆစ်လေးတွေ ညိုနေတာ၊ လက်ချောင်းလေးတွေ မလှတာမျိုးတွေ ဖြစ်နေရတာပေါ့။ ဆံပင်က ဒုတိယမျက်နှာဆို လက်ချာင်းလေးတွေက တတိယမျက်နှာလို့တောင် ဆိုလို့ ရနိုင်ပါတယ်နော်။ ဒါဆို တတိယမျက်နှာ လက်ချောင်းလေးတွေ ဖြူဖွေးလှပနေအောင် ထိန်းသိမ်းဖို့ ဘယ်လို သဘာဝနည်းလမ်းလေးတွေ ရှိလဲဆိုတာ Yuki နဲ့ အတူတူ ကြည့်ကြရအောင်နော်…

(၁) ပျားရည်နဲ့ သံပယိုရည်

– ပါဝင်ပစ္စည်းကတော့ ရှင်းရှင်းလေးပါနော်။ ပျားရည်ရယ် သံပယိုရည်ရယ်ပဲ လိုပါတယ်။ ဒီနှစ်မျိုးကို ဆတူရောပြီး အနှစ်ပျစ်ပျစ်လေး ဖြစ်လာတဲ့အထိ မွှေပေးပါ။
– ပြီးရင် လက်ချောင်းလေးတွေပေါ်က ညိုမည်းနေတဲ့ လက်ဆစ်နေရာတွေ အမာရွတ်လေးတွေကို လိမ်းပေးလိုက်ပါ။
– ဆယ့်ငါးမိနစ်ကနေ မိနစ် နှစ်ဆယ်ထိ ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။
– ဆေးနေတုန်းမှာ လက်ချောင်းလေးတွေကို နှိပ်နယ်ပေးဖို့ မမေ့နဲ့နော်။
– ပုံမှန်လေးလုပ်ပေးရင်တော့ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း သိသာတဲ့ရလဒ်လေးရလာမှာပါ။

(၂) သကြားနဲ့သံလွင်ဆီ scrub

– သကြားလက်ဖက်ရည်တစ်ဇွန်း သံလွင်ဆီ လက်ဖက်ရည်တစ်ဇွန်းကို သေချာလေးမွှေပေးပြီး ရလာတဲ့အနှစ်လေးတွေကို လက်ချောင်းလေးတွေမှာ scrub လုပ်သလို ပွတ်ပြီးနှိပ်နယ်ပေးရမှာပါ။
– ထိရောက်တဲ့ အာနိသင်လေးရလာဖို့ ငါးမိနစ်ကနေ ဆယ်မိနစ်အထိ ပွတ်ပြီး နှိပ်နယ်ပေးပါနော်။
– ပြီးရင် ရေမဆေးသေးဘဲ ဆယ့်ငါးမိနစ်၊ မိနစ် နှစ်ဆယ်လောက် ထားလိုက်ပါဦး။
– ပြီးသွားတာနဲ့ ပုံမှန်ရေ မပူမအေးလေးနဲ့ ဆေးပြီး ရေခြောက်အောင်သုတ်။ အစိုဓာတ်ဖြည့်ဖို့ moisturizer (အစိုဓာတ်ထိန်းလိမ်းဆေး) လေးတစ်ခုလောက် လိမ်းပေးလိုက်ပါ။
တစ်ပတ်လောက်ပုံမှန်လေးလုပ်ပြီးတာနဲ့ သိသာလာမှာနော်။

(၃) နွားနို့နဲ့ ပေါင်မုန့်

အို Yuki နှယ် လက်ချောင်းလေးတွေ ဖွေးအောင်လုပ်မယ်ဆိုမှ ဘယ့်နှယ် နွားနို့နဲ့ ပေါင်မုန့်စားခိုင်းနေပါလိမ့်လို့ မတွေးကြနဲ့ဦးနော်။ တကယ်ထိရောက်တဲ့ နည်းလေးပြောပြမလို့ပါ။
– လုပ်နည်းကတော့ ပေါင်မုန့်တစ်ချပ်ကို နွားနို့ထဲ အသာစိမ်ထားရုံပါပဲ။
– ပေါင်မုန့်အရမ်းပျော့မသွားခင်မှာ အဲ့ပေါင်မုန့်လေးကို ခပ်ပြီး ပါးစပ်ထဲထည့် အဲလေ ယောင်လို့! ညိုမည်းနေတဲ့လက်ဆစ်လေးတွေ အမာရွတ်လေးတွေပေါ်တင်ပြီး ပွတ်ပေးလိုက်ပါနော်။
– နွားနို့စိမ်ထားတဲ့ ပေါင်မုန့်လေးနဲ့ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ပွတ်ပေးပြီးရင် ရေဆေးချလို့ရပါပြီ။
ပါးစပ်ထဲထည့်လည်း အရသာရှိမယ့် ဒီနည်းလေးကိုတော့ ဆယ်ရက်ကနေ ဆယ့်ငါးရက်လောက် ဆက်တိုက်လုပ်ပေးရင် သိသာတဲ့ ရလဒ်တစ်ခုရလာမှာပါ။😅

(၄)သကြားရယ် Glycerine (ဂလစ်စရင်း) နဲ့ သံပယိုသီး

– သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းရယ် Glycerine(ဂလစ်စရင်း) လက်ဖက်ရည်တစ်ဇွန်းရယ်ကိုရောလိုက်ပါ။
– သံပယိုသီးတစ်လုံးကို အရည်ညှစ်ပြီး အရည်တွေရော အခွံတွေရော စောစောကရောထားတဲ့ထဲ ထည့်ပြီး အကုန်ရောမွှေလိုက်ပါ။
– ပြီးရင် လက်ချောင်းလေးတွေရယ် လက်ဆစ်လေးတွေ အမာရွတ်နေရာလေးတွေကို စောစောက မွှေထားတဲ့ အရည်လေးလိမ်းပြီး သံပယိုခွံတွေနဲ့ပါ ပွတ်တိုက်နှိပ်နယ်ပေးပါနော်။
– ငါးမိနစ်လောက် နှိပ်နယ်ပေးပြီးရင်တော့ ရေဆေးချလို့ရပါပြီ။
ဒီနည်းလေးကို တစ်ပတ်ကို သုံးလေးကြိမ် လုပ်ပေးရုံနဲ့ သိသာတဲ့ရလဒ် ရလာမှာပါ။ ဘာလို့ဆို ဒီထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေအားလုံး အထူးသဖြင့် သံပယိုရည်က အသားအရည်ကို ဖြူဖွေးကြည်လင်စေတာကိုး။

ကဲ ယောင်းတို့ရေ။ ဒီနည်းလေးတွေကို ဖွေးဖွေးလေးနဲ့ အမာရွတ်ကင်းစင်တဲ့ လက်ချောင်းလေးတွေရဖို့ သုံးနိုင်သလို ခြေချောင်းလေးတွေ ဖြူဖွေးဖို့ကိုလည်းသုံးနိုင်ပါသေးတယ်နော်။ ဒီနည်းလေးတွေရဲ့ ပါဝင်ပစ္စည်းတွေအားလုံးက ယောင်းတို့လက်တစ်ကမ်းမှာ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းလေးတွေဖြစ်တာကြောင့် မြန်မြန်လေး ပြေးဝယ်လို့ လက်ချောင်းလေးတွေ လှပအောင် ပြင်ဆင်လိုက်ကြရအောင်….

ယောင်းလေးတို့ ကျန်းမာပျော်ရွှင်ကြပါစေ…

ဖိုးသူတော် (www.phothutaw.com)
Credit: Miyuki ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top