×

မိမိခ်စ္သူ မိန္းကေလးကို ဒီပို႔ ဖတ္ၾကည့္ခိုင္းပါ..။ မႀကိဳက္ဘူးဆိုရင္ အဲ့ဒီမိန္းကေလးကို လမ္းခြဲလိုက္ပါ။အိမ္ေထာင္ျပဳ ေယာက္်ားယူမယ့္ မိန္းကေလးမ်ားသို႔ဖတ္ျဖစ္ေအာင္ဖတ္ပါ႐ွင္.. ..

သမီး……။

သူ႔ကို ခ်စ္လို႔ ယူတာပဲျဖစ္ျဖစ္မိဘခ်င္း သေဘာတူေပးစားလို႔ ယူတာပဲျဖစ္ျဖစ္သူဟာ

ကိုယ့္ရဲ႕ အိမ္ေထာင္ဦးစီးတေယာက္ပါ။တနည္းေျပာရရင္ ကိုယ့္ရဲ႕ ယံုၾကည္အားကိုးရာအိမ္ဦးနတ္ေပါ့။

သမီး……။

အိမ္ဦးနတ္ ဆိုမွေတာ့ ကိုယ္က သူ႔ကိုယံုယံုၾကည္ၾကည္ ေလးေလးစားစား ျမတ္ျမတ္ႏိုးႏိုးစြာနဲ႔ ဆက္ဆံပါမွ ကိုယ္လည္း သူ႔ရဲ႕ ဂ႐ုစိုက္ ၊အေလးေပးမႈကို ခံရတယ္။

သမီး……။

ေယာက်ၤား ကို ႏိုင္(ထိန္းႏိုင္သည္)တာေကာင္းပါတယ္။ဒါေပမယ့္ မႏိုင္စားပါနဲ႔ …။သူ႔ကို ႏိုင္စားရင္ သား၊သမီးေတြကပါ လိုက္ၿပီးမေလးမစား ဆက္ဆံပါလိမ့္မယ္။မိန္းမ

ႏိုင္စားတာခံေနရတဲ့ အိမ္ေထာင္ဦးစီးဟာဘယ္ေတာ့မွ မႀကီးပြားမတိုးတက္ႏိုင္ပါဘူး။

သမီး……။

ေယာက်ၤား မေကာင္း လို႔ ဆိုၿပီး ဘဝ ကိုမၿငိဳ ျငင္ပါနဲ႔ေယာက်ၤားေကာင္း ဆိုတာ မိန္းမေတြေနာက္ကြယ္ကေန မသိမသာ ထိန္းေက်ာင္းပံုသြင္းရင္းနဲ႔ ျဖစ္လာတာပါ။

သမီး……။

ေယာက်ၤား ဆိုတာ မိသားစုအတြက္ ဂုဏ္သိကၡာ၊မ်က္ႏွာနဲ႔ အျပင္မွာစီးပြား႐ွာ ေနရတာ

ပါလူေ႐ွ႕သူေ႐ွ႕ ၊ သူ႔ အေပါင္းသင္း ၊မိတ္ေဆြေတြ ေ႐ွ႕မွာ သူ႔ကိုမေလးမစား အ႐ွက္ခြဲ ဆက္ဆံမိတာမ်ိဳးမလုပ္မိပါေစနဲ႔။

သမီး……။

တ႐ုတ္ လို ဆို႐ိုးစကား ႐ွိတယ္ကြဲ႔ပက္ထုတ္လိုက္တဲ့ေရ ျပန္မရႏိုင္ဘူးေပးလိုက္တဲ့

သမီး ျပန္မပိုင္ဘူး တဲ့ ဒါေၾကာင့္သူ႔အိမ္၊သူ႔ ေဆြမ်ိဳး မိသားစု အသိုင္းဝန္း ၾကားေရာက္သြားတဲ့အခါကိုယ့္ ေဆြမ်ိဳး မိသားစုလို ေမတၱာထားၿပီး ဆက္ဆံပါ။

သမီး……။

သူ႔အိမ္ကိုေရာက္သြားတဲ့အခါ သူ႔မိဘကို ကိုယ့္မိဘလို သေဘာထားၿပီး ႐ို႐ိုေသေသ ေလးေလးစားစားဆက္ဆံပါ၊

ျပဳစု ေစာင့္ေ႐ွာက္ပါ။သူ႔ ညီအကိုေမာင္ႏွမေတြကို ကိုယ့္ ညီအကိုေမာင္ႏွမေတြလိုသေဘာထားၿပီး ခ်စ္ခ်စ္ခင္ခင္ ရင္းရင္းႏွီးႏွီးဆက္ဆံပါ။

သမီး……။

သူက အျပင္မွာ မိသားစု စားဝတ္ေနေရးအတြက္ပင္ပင္ပန္းပန္း ႀကိဳးစား႐ုန္းကန္ေနတဲ့အခ်ိန္မွာကိုယ္ကလည္း

အိမ္မွာေနၿပီး အိမ္တခုလံုးရဲ႕ ေဝယ်ာဝစၥ အဝဝကို လိုေလေသးမ႐ွိေအာင္ ထိန္းသိမ္းျခင္းျဖင့္ ကိုယ့္ရဲ႕ တာဝန္ကို ေက်ႁပြန္ပါ။

သမီး……။

အိမ္ေထာင္ တခုရဲ႕ ဘ႑ာေရး သိုေလွာင္ကန္မွာေယာက်ၤားဆိုတာ ေငြခပ္ျဖည့္တဲ့သူျဖစ္ၿပီး မိန္းမဆိုတာ ေငြခပ္သံုးတဲ့သူ ျဖစ္သတဲ့ …

ခပ္ျဖည့္ရတဲ့သူ႔ခမ်ာ မလြယ္႐ွာပါဘူးကြယ္ခ်ိဳးျခံေခြၽတာစြာနဲ႔ နည္းစနစ္တက် သံုးတတ္ပါေစကြယ္။

သမီး……။

သား၊သမီး မေကာင္း မိဘေခါင္း တဲ့သား၊သမီးေတြကို သြန္သင္ဆံုးမ ရာမွာ သမီးအေပၚမွာပဲ အမ်ားႀကီးမူတည္ပါတယ္။

သူ႔ခမ်ာ သားသမီး ေတြနဲ႔ အတူေနရတဲ့အခ်ိန္ေတြက နည္း႐ွာသကိုး။

သမီး……။

အခန္႔မသင့္ လို႔ စကားမ်ား ရန္ျဖစ္ၾကတဲ့အခါကြာ႐ွင္းျပတ္စဲ မယ္ဆိုတဲ့ အေတြး ေယာင္လို႔ေတာင္မေတြးပါနဲ႔…။ၾကားက အျပစ္မဲ့တဲ့ ကေလးေတြအတြက္စဥ္းစားေပးပါ။

သမီး……။

မျမင္ႏိူင္တဲ့ ေ႐ွ႕ေလွ်ာက္ဘဝမွာ … ေယာက်ၤား ေကာင္းစားတဲ့အခါ လိုက္ၿပီးစံစားပါ။ ေယာက်ၤား အဆင္မေျပတဲ့အခါ လိုက္ၿပီး ဒုကၡခံေပးပါ။

ေအးအတူပူအမွ် သုခ၊ဒုကၡ တို႔ကို ရင္ဆိုင္ေက်ာ္လႊားႏိုင္မွသာေအးခ်မ္းတည္ၿငိမ္တဲ့ မိသားစု ကို ပိုင္ဆိုင္ႏိုင္တာ။

ေျပာဆိုဆံုးမ ေနရင္းျဖင့္ အေမျဖစ္သူ မ်က္ရည္ေတြဝဲလာသည္။

ၿပီး… တုန္ရင္ေသာ အသံျဖင့္……ငါ့ သမီးေလး~~~~ အိမ္ေထာင္ေရး ~~~~အဆင္ေျပ ~~~ ကံေကာင္းပါေစလို႔ပဲ~~~ အေမ ဆုေတာင္းေပးႏိုင္ပါေတာ့မယ္ ….။

သူငယ္ခ်င္း မ်ားအားလံုး ….သာယာၾကည္ႏူးဖြယ္ေကာင္းေသာ အိမ္ေထာင္ေရး ပိုင္ဆိုင္ၾကပါေစ။

သူငယ္ခ်င္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: achitlwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

မိမိချစ်သူ မိန်းကလေးကို ဒီပို့ ဖတ်ကြည့်ခိုင်းပါ..။ မကြိုက်ဘူးဆိုရင် အဲ့ဒီမိန်းကလေးကို လမ်းခွဲလိုက်ပါ။အိမ်ထောင်ပြု ယောက်ျားယူမယ့် မိန်းကလေးများသို့ဖတ်ဖြစ်အောင်ဖတ်ပါရှင်.. ..

သမီး……။

သူ့ကို ချစ်လို့ ယူတာပဲဖြစ်ဖြစ်မိဘချင်း သဘောတူပေးစားလို့ ယူတာပဲဖြစ်ဖြစ်သူဟာ

ကိုယ့်ရဲ့ အိမ်ထောင်ဦးစီးတယောက်ပါ။တနည်းပြောရရင် ကိုယ့်ရဲ့ ယုံကြည်အားကိုးရာအိမ်ဦးနတ်ပေါ့။

သမီး……။

အိမ်ဦးနတ် ဆိုမှတော့ ကိုယ်က သူ့ကိုယုံယုံကြည်ကြည် လေးလေးစားစား မြတ်မြတ်နိုးနိုးစွာနဲ့ ဆက်ဆံပါမှ ကိုယ်လည်း သူ့ရဲ့ ဂရုစိုက် ၊အလေးပေးမှုကို ခံရတယ်။

သမီး……။

ယောင်္ကျား ကို နိုင်(ထိန်းနိုင်သည်)တာကောင်းပါတယ်။ဒါပေမယ့် မနိုင်စားပါနဲ့ …။သူ့ကို နိုင်စားရင် သား၊သမီးတွေကပါ လိုက်ပြီးမလေးမစား ဆက်ဆံပါလိမ့်မယ်။မိန်းမ

နိုင်စားတာခံနေရတဲ့ အိမ်ထောင်ဦးစီးဟာဘယ်တော့မှ မကြီးပွားမတိုးတက်နိုင်ပါဘူး။

သမီး……။

ယောင်္ကျား မကောင်း လို့ ဆိုပြီး ဘဝ ကိုမငြို ငြင်ပါနဲ့ယောင်္ကျားကောင်း ဆိုတာ မိန်းမတွေနောက်ကွယ်ကနေ မသိမသာ ထိန်းကျောင်းပုံသွင်းရင်းနဲ့ ဖြစ်လာတာပါ။

သမီး……။

ယောင်္ကျား ဆိုတာ မိသားစုအတွက် ဂုဏ်သိက္ခာ၊မျက်နှာနဲ့ အပြင်မှာစီးပွားရှာ နေရတာ

ပါလူရှေ့သူရှေ့ ၊ သူ့ အပေါင်းသင်း ၊မိတ်ဆွေတွေ ရှေ့မှာ သူ့ကိုမလေးမစား အရှက်ခွဲ ဆက်ဆံမိတာမျိုးမလုပ်မိပါစေနဲ့။

သမီး……။

တရုတ် လို ဆိုရိုးစကား ရှိတယ်ကွဲ့ပက်ထုတ်လိုက်တဲ့ရေ ပြန်မရနိုင်ဘူးပေးလိုက်တဲ့

သမီး ပြန်မပိုင်ဘူး တဲ့ ဒါကြောင့်သူ့အိမ်၊သူ့ ဆွေမျိုး မိသားစု အသိုင်းဝန်း ကြားရောက်သွားတဲ့အခါကိုယ့် ဆွေမျိုး မိသားစုလို မေတ္တာထားပြီး ဆက်ဆံပါ။

သမီး……။

သူ့အိမ်ကိုရောက်သွားတဲ့အခါ သူ့မိဘကို ကိုယ့်မိဘလို သဘောထားပြီး ရိုရိုသေသေ လေးလေးစားစားဆက်ဆံပါ၊

ပြုစု စောင့်ရှောက်ပါ။သူ့ ညီအကိုမောင်နှမတွေကို ကိုယ့် ညီအကိုမောင်နှမတွေလိုသဘောထားပြီး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဆက်ဆံပါ။

သမီး……။

သူက အပြင်မှာ မိသားစု စားဝတ်နေရေးအတွက်ပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်နေတဲ့အချိန်မှာကိုယ်ကလည်း

အိမ်မှာနေပြီး အိမ်တခုလုံးရဲ့ ဝေယျာဝစ္စ အဝဝကို လိုလေသေးမရှိအောင် ထိန်းသိမ်းခြင်းဖြင့် ကိုယ့်ရဲ့ တာဝန်ကို ကျေပြွန်ပါ။

သမီး……။

အိမ်ထောင် တခုရဲ့ ဘဏ္ဍာရေး သိုလှောင်ကန်မှာယောင်္ကျားဆိုတာ ငွေခပ်ဖြည့်တဲ့သူဖြစ်ပြီး မိန်းမဆိုတာ ငွေခပ်သုံးတဲ့သူ ဖြစ်သတဲ့ …

ခပ်ဖြည့်ရတဲ့သူ့ခမျာ မလွယ်ရှာပါဘူးကွယ်ချိုးခြံချွေတာစွာနဲ့ နည်းစနစ်တကျ သုံးတတ်ပါစေကွယ်။

သမီး……။

သား၊သမီး မကောင်း မိဘခေါင်း တဲ့သား၊သမီးတွေကို သွန်သင်ဆုံးမ ရာမှာ သမီးအပေါ်မှာပဲ အများကြီးမူတည်ပါတယ်။

သူ့ခမျာ သားသမီး တွေနဲ့ အတူနေရတဲ့အချိန်တွေက နည်းရှာသကိုး။

သမီး……။

အခန့်မသင့် လို့ စကားများ ရန်ဖြစ်ကြတဲ့အခါကွာရှင်းပြတ်စဲ မယ်ဆိုတဲ့ အတွေး ယောင်လို့တောင်မတွေးပါနဲ့…။ကြားက အပြစ်မဲ့တဲ့ ကလေးတွေအတွက်စဉ်းစားပေးပါ။

သမီး……။

မမြင်နိူင်တဲ့ ရှေ့လျှောက်ဘဝမှာ … ယောင်္ကျား ကောင်းစားတဲ့အခါ လိုက်ပြီးစံစားပါ။ ယောင်္ကျား အဆင်မပြေတဲ့အခါ လိုက်ပြီး ဒုက္ခခံပေးပါ။

အေးအတူပူအမျှ သုခ၊ဒုက္ခ တို့ကို ရင်ဆိုင်ကျော်လွှားနိုင်မှသာအေးချမ်းတည်ငြိမ်တဲ့ မိသားစု ကို ပိုင်ဆိုင်နိုင်တာ။

ပြောဆိုဆုံးမ နေရင်းဖြင့် အမေဖြစ်သူ မျက်ရည်တွေဝဲလာသည်။

ပြီး… တုန်ရင်သော အသံဖြင့်……ငါ့ သမီးလေး~~~~ အိမ်ထောင်ရေး ~~~~အဆင်ပြေ ~~~ ကံကောင်းပါစေလို့ပဲ~~~ အမေ ဆုတောင်းပေးနိုင်ပါတော့မယ် ….။

သူငယ်ချင်း များအားလုံး ….သာယာကြည်နူးဖွယ်ကောင်းသော အိမ်ထောင်ရေး ပိုင်ဆိုင်ကြပါစေ။

သူငယ်ချင်း

ဖိုးသူတော် (www.phothutaw.com)
Credit: achitlwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top