ဘရာဇီးလ္ႏုိင္ငံမွာ အက်ဥ္းသား အမ်ိဳးသားတဦး ဦးေခါင္းထဲ ဓားမစုိက္ဝင္ေနၿပီး ေဆး႐ံုဆီ တည္တည္ၿငိမ္ၿငိမ္ ေလွ်ာက္လာတဲ့ ႐ုပ္သံ ထြက္ေပၚလာပါတယ္။

၂၀၀၄ ခုႏွစ္ကတည္းက လက္နက္ကုိင္ လုယက္မႈနဲ႔ ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ အက်ဥ္းသား ပက္ဒ႐ိုဖာရီရာဟာ အီတာမာရာကာကြ်န္းေပၚမွာရွိတဲ့ အက်ဥ္းေထာင္မွာ အျခားအက်ဥ္းသားတဦးနဲ႔ ခိုက္ရန္ျဖစ္ခဲ့ၾကတာလို႔ ေဒသခံသတင္းေတြအရ သိရပါတယ္။

႐ုပ္သံနဲ႔ ဓာတ္ပံုေတြထဲမွာ အမ်ိဳးသားရဲ႕ နားထင္၊ မ်က္လံုးေတြနဲ႔ လက္မပိုင္းပဲ ေဝးတဲ့ ညာဘက္ဦးေခါင္းေနရာမွာ ဓားမႀကီး စုိက္ဝင္ေနတာ ေတြ႔ရပါတယ္။

လူနာက သတိရွိၿပီး ေမးခြန္းေတြကို ရွင္းရွင္းလင္းလင္း ျပန္ေျဖၿပီး လႈပ္ရွားႏုိင္၊ လမ္းေလွ်ာက္ႏုိင္လုိ႔ ဆရာဝန္ေတြလည္း အံ့ၾသခဲ့ရပါတယ္။

ဆုိးဆိုးရြားရြား ဓားနဲ႔ခုတ္ခံရေပမယ့္ အံ့ၾသဖြယ္ရာ အသက္ရွင္ခဲ့ပါတယ္။ ရီစိ့ဗ္ၿမိဳ႕က ေဆး႐ံုမွာ ၅ နာရီၾကာ ခြဲစိတ္ကာ ဓားမကို ဖယ္ရွားၿပီးတဲ့ေနာက္ ေရရွည္က်န္းမာေရး ျပႆနာလည္း ခံစားရမွာ မဟုတ္ဘူးလုိ႔ သိရပါတယ္။

ေဆး႐ံုကုတင္ေပၚမွာ ထုိင္ေနခ်ိန္ အာဏာပုိင္ေတြက လူနာကို ေမးခြန္း ေမးျမန္းေနၿပီး တုံ႔ဆုိင္းမႈမရွိဘဲ လူနာက သူ႔ကို ဓားနဲ႔ခုတ္သူရဲ႕ အခန္းကို သူဘယ္လုိ ေရာက္သြားပံုနဲ႔ ဓားနဲ႔ခုတ္ခံခဲ့ရပံုကို ရွင္းျပေနတာပါ။

ပက္ဒ႐ိုက သူ႔ကို ဓားနဲ႔ခုတ္သူက အသက္ ၂၇ ႏွစ္အရြယ္ အန္တုိနီယုိဒါေဆးလ္ဗာဆုိတဲ့ အက်ဥ္းသားဆုိတာ ေျပာေပမယ့္ ဘာေၾကာင့္ ဓားနဲ႔ခုတ္ခံရသလဲဆုိတဲ့ အေၾကာင္းကိုေတာ့ ျငင္းဆန္ခဲ့ပါတယ္။

“က်ေနာ္ကို အန္တုိနီယုိရဲ႕ အခန္းထဲသြားဖုိ႔ အျခား အက်ဥ္းသားတေယာက္က ေျပာတယ္။ က်ေနာ္ အဲဒီကုိေရာက္ေတာ့ ေခါင္းကို ဓားမနဲ႔ ခုတ္ခံခဲ့ရတာပဲ” လုိ႔ သူက ရဲကို ေျပာပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ ပက္ဒ႐ိုကို ၿမိဳ႕ေဆး႐ံုကေန အက်ဥ္းေထာင္ေဆး႐ုံကုိ ျပန္ေျပာင္းေရႊ႕ခဲ့ၿပီး သူ႔က်န္းမာေရး ေကာင္းလာလုိ႔ အက်ဥ္းခ်ရာ အခန္းက်ဥ္းထဲ ျပန္ေရာက္သြားၿပီလုိ႔ ဆုိပါတယ္။

တာ၀န္ရွိသူေတြက ဘာေၾကာင့္တုိက္ခုိက္တယ္ဆုိတာကိုနဲ႔ လံုၿခံဳေရးေတြက အက်ဥ္းေထာင္ထဲကို ဓားသြင္းခြင့္ျပဳခဲ့တာကို သိရဖုိ႔ စံုစမ္းေမးျမန္းေနတယ္လို႔ ေမလ ၂၅ ရက္ေန႔ ေမရာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ဘရာဇီးလ်နိုင်ငံမှာ အကျဉ်းသား အမျိုးသားတဦး ဦးခေါင်းထဲ ဓားမစိုက်ဝင်နေပြီး ဆေးရုံဆီ တည်တည်ငြိမ်ငြိမ် လျှောက်လာတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။

၂၀၀၄ ခုနှစ်ကတည်းက လက်နက်ကိုင် လုယက်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသား ပက်ဒရိုဖာရီရာဟာ အီတာမာရာကာကျွန်းပေါ်မှာရှိတဲ့ အကျဉ်းထောင်မှာ အခြားအကျဉ်းသားတဦးနဲ့ ခိုက်ရန်ဖြစ်ခဲ့ကြတာလို့ ဒေသခံသတင်းတွေအရ သိရပါတယ်။

ရုပ်သံနဲ့ ဓာတ်ပုံတွေထဲမှာ အမျိုးသားရဲ့ နားထင်၊ မျက်လုံးတွေနဲ့ လက်မပိုင်းပဲ ဝေးတဲ့ ညာဘက်ဦးခေါင်းနေရာမှာ ဓားမကြီး စိုက်ဝင်နေတာ တွေ့ရပါတယ်။

လူနာက သတိရှိပြီး မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ပြန်ဖြေပြီး လှုပ်ရှားနိုင်၊ လမ်းလျှောက်နိုင်လို့ ဆရာဝန်တွေလည်း အံ့သြခဲ့ရပါတယ်။

ဆိုးဆိုးရွားရွား ဓားနဲ့ခုတ်ခံရပေမယ့် အံ့သြဖွယ်ရာ အသက်ရှင်ခဲ့ပါတယ်။ ရီစိ့ဗ်မြို့က ဆေးရုံမှာ ၅ နာရီကြာ ခွဲစိတ်ကာ ဓားမကို ဖယ်ရှားပြီးတဲ့နောက် ရေရှည်ကျန်းမာရေး ပြဿနာလည်း ခံစားရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဆေးရုံကုတင်ပေါ်မှာ ထိုင်နေချိန် အာဏာပိုင်တွေက လူနာကို မေးခွန်း မေးမြန်းနေပြီး တုံ့ဆိုင်းမှုမရှိဘဲ လူနာက သူ့ကို ဓားနဲ့ခုတ်သူရဲ့ အခန်းကို သူဘယ်လို ရောက်သွားပုံနဲ့ ဓားနဲ့ခုတ်ခံခဲ့ရပုံကို ရှင်းပြနေတာပါ။

ပက်ဒရိုက သူ့ကို ဓားနဲ့ခုတ်သူက အသက် ၂၇ နှစ်အရွယ် အန်တိုနီယိုဒါဆေးလ်ဗာဆိုတဲ့ အကျဉ်းသားဆိုတာ ပြောပေမယ့် ဘာကြောင့် ဓားနဲ့ခုတ်ခံရသလဲဆိုတဲ့ အကြောင်းကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

“ကျနော်ကို အန်တိုနီယိုရဲ့ အခန်းထဲသွားဖို့ အခြား အကျဉ်းသားတယောက်က ပြောတယ်။ ကျနော် အဲဒီကိုရောက်တော့ ခေါင်းကို ဓားမနဲ့ ခုတ်ခံခဲ့ရတာပဲ” လို့ သူက ရဲကို ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် ပက်ဒရိုကို မြို့ဆေးရုံကနေ အကျဉ်းထောင်ဆေးရုံကို ပြန်ပြောင်းရွှေ့ခဲ့ပြီး သူ့ကျန်းမာရေး ကောင်းလာလို့ အကျဉ်းချရာ အခန်းကျဉ်းထဲ ပြန်ရောက်သွားပြီလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာကိုနဲ့ လုံခြုံရေးတွေက အကျဉ်းထောင်ထဲကို ဓားသွင်းခွင့်ပြုခဲ့တာကို သိရဖို့ စုံစမ်းမေးမြန်းနေတယ်လို့ မေလ ၂၅ ရက်နေ့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top