ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အမူးလြန္ေနတဲ့ခ်စ္သူက သူ႕သူငယ္ခ်င္းေတြကုိ ဝိုင္းမဒိန္းက်င့္ခိုင္းတဲ့အျပင္ အျပင္းအထန္ရိုက္ႏွက္ခဲ့တဲ့အတြက္ ဒီေကာင္မေလး ေသဆံုးသြားခဲ့ပါျပီ ။တခ်ိဳ႕မိန္းကေလးေတြက ခ်စ္သူေရြးတာသိပ္မေတာ္ၾကဘူး ။ဒါေၾကာင့္လည္းဆုိးသြမ္းတဲ့သူေတြနဲ႕ေတြ႕ျပီးေတာ့ အဆံုးသတ္သြားၾကတာေပါ့ ။ပိုဆိုးတာကေတာ့ ကိုယ့္ကိုေသေအာင္ရိုက္မဲ့သူလက္ထဲေရာက္သြားျပီး အသတ္ခံလိုက္ရတဲ့အဆင့္ပါပဲ ။

အေမရိကန္ႏုိင္ငံက အမ်ိဳးသမီး ၃ ေယာက္မွာ တစ္ေယာက္ဟာ ခ်စ္သူရဲ႕အႏုိင္က်င့္ဗိုလ္က်မႈကိုခံေနရပါတယ္ ။Carleigh Hager ဟာလည္းသူ႕ခ်စ္သူရဲ႕မညွာမတာႏွိပ္စက္မႈကုိခံခဲ့ရတဲ့ ကံဆိုးတဲ့ေကာင္မေလးတစ္ေယာက္ပါပဲ ။Carleigh Hager ရဲ႕အျဖစ္အပ်က္ဟာ အျခားအမ်ိဳးသမီးေတြကုိ ကိုယ္တြဲမယ့္သူကုိေသခ်ာေရြးဖုိ႕အတြက္သတိေပးေနသေယာင္။

ေအာက္တုိဘာ ၂၂ ရက္ေန႕ ၂၀၁၆ ခုႏွစ္မတုိင္ခင္အထိ သူ႕ခ်စ္သူ Ryan Cameron နဲ႕ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ေနခဲ့တဲ့ Carleigh ဟာ ညတစ္ညမွာေတာ့ ေကာင္ေလးရဲ႕သူငယ္ခ်င္သံုးေယာက္နဲ႕အတူ မဂၤလာပြဲတစ္ခုမွ သူတို႕ ၅ ေယာက္လံုး Carleigh တုိ႕အိမ္ကိုျပန္လာခဲ့ၾကပါတယ္ ။ဒါေပမယ့္လည္း အလန္းစားညတစ္ညမျဖစ္ခဲ့ပဲ အဆိုးရြားဆံုးညတစ္ညအျဖစ္အဆံုးသတ္သြားခဲပါတယ္ ။

အရင္ကလည္း Carleigh ဟာ သူ႕ခ်စ္သူ Ryan Cameron ႏွိပ္စက္ထားတဲ့ဒဏ္ရာေတြကုိလည္းဖံုးကြယ္ထားခဲ့တာပဲျဖစ္ပါတယ္ ။ဒီျဖစ္ရပ္ ျဖစ္ပ်က္ခဲ့တဲ့ညမွေတာ့ Ryan ဟာသူမကုိ သတ္လုနီးပါးအထိျဖစ္သြားခဲ့ပါတယ္ ။အရမ္းအမူးလြန္ေနတဲ့ Ryan ဟာ သူ႕သူငယ္ခ်င္းေတြေရွ႕မွာ Carleigh ကုိေစာ္ကားတယ္ ။ျပီးေတာ့ သူ႕သူငယ္ခ်င္းေတြကို မဒိန္းဝုိင္းက်င့္ဖုိ႕ေျပာတယ္ ။Carleigh လည္းလန္႕ျပီးေတာ့သူတုိ႕ဆီကထြက္သြားျပီး အိပ္ယာထဲကိုသြားခဲ့တယ္ ။သူ႕ကုိမျမင္ရေတာ့ရင္ Ryan လည္းစိတ္ေျပသြားမယ္လုိ႕ထင္ခ့ဲေပမယ့္တကယ္တမ္းကေတာ့ ေျပာင္းျပန္ပါပဲ ။

Carleigh ကုိ Ryan က ရက္ရက္စက္စက္ကုိရိုက္ႏွက္ခဲ့တာပါ ။Carleigh ရဲ႕အခန္းထဲကုိ တံခါးဖ်က္ဝင္လာျပီးေတာ့ ဝုန္ဒုိင္းၾကဲေတာ့တယ္ ။Ryan ရဲ႕သူငယ္ခ်င္းေတြတားၾကေပမယ့္ သူကအားသန္လြန္းေနတဲ့အတြက္ သူတုိ႕အားလံုးကုိအိမ္အျပင္တြန္းထုတ္လိုက္တယ္ ။ေနာက္ေတာ့ တံခါးပိတ္ျပီး Carleigh ကုိရိုက္ႏွက္ေတာ့တာပဲ ။သူငယ္ခ်င္းေတြဟာ ၉၁၁ ကုိအကူအညီေတာင္းခံခဲ့ေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ Ryan ဟာသူ႕ေကာင္မေလးအသားကုန္ရုိက္ေနခဲ့ျပီးကုိင္ေတာင္ေပါက္ခဲ့ေသးတယ္တဲ့ ။ေကာင္မေလးကလည္း အသက္လုျပီးျပန္တုိက္ခိုက္ခဲ့ေပမယ့္ Ryan ကပဲသူ႕ကုိထိုးႏွက္ေနေတာ့ နာက်င္လြန္းတာေၾကာင့္ ဘာမွျပန္မလုပ္ႏုိင္ခဲ့ေတာ့ပါဘူး ။

ရဲေတြေရာက္လာျပီးေတာ့ အိမ္ထဲဖ်က္ဝင္ျပီး Ryan လက္ထဲမွ Carleigh ကိုကယ္ႏုိင္ခဲ့ပါတယ္ ။ဒါေပမယ့္လည္း Carleigh ကုိေတြ႕တဲ့အခ်ိန္မွာ သူမဟာ ေသြးအိုင္ထဲလဲေနပါျပီ ။ေဆးရံုကုိခ်က္ခ်င္းပို႕ေဆာင္ေပးခဲ့တဲ့အခါမွာေတာ့ မ်က္ႏွာနဲ႕ ခႏၶာကိုယ္မွာ ဒဏ္ရာမ်ားစြာရရွိထားတာကိုေတြ႕ရပါတယ္ ။ဒီလူဟာ ေကာင္မေလးလ်ာကိုေတာင္ ပါးစပ္ထဲက ဆြဲထုတ္ဖုိ႕လုပ္ခဲ့ေသးတယ္တဲ့ ။

ကံေကာင္းစြာပဲ အခ်ိန္မွီကယ္ဆယ္ႏုိင္ခဲ့တဲ့အတြက္အသက္ခ်မ္းသာရာရခဲ့ပါတယ္ ။သံုးပတ္တာ ကုသမႈခံယူျပီးတဲ့ေနာက္မွာမွ Carleigh ဟာအစားအေသာက္ျပန္စားႏုိင္ခဲ့တာပါ ။ရုပ္ပိုင္းဆုိင္ရာ ဒဏ္ရာေတြျပန္ေကာင္းသြားေပမယ့္ႏွလံုးသားထဲကနာက်င္မႈနဲ႕ခံစားခ်က္ေတြျပန္ေကာင္းဖုိ႕အတြက္ေတာ့ ကုထံုးတစ္ခုခံယူဖုိ႕လိုအပ္ပါလိမ့္မယ္ ။မ်က္ႏွာကဒဏ္ရာေတြက်က္သြားေပမယ္လည္း ဆာဂ်ရိလုပ္ဖုိ႕ေတာ့လိုအပ္ေနပါေသးတယ္ ။

သူ႕ခ်စ္သူနဲ႕ေနရတာကုိ ေၾကာက္ေနတာၾကာျပီျဖစ္ေၾကာင္း Carleigh ကေျပာၾကားခဲ့ပါတယ္ ။ဆိုရွယ္မီဒီယာေပၚမွာေတာ့သူတုိ႕ႏွစ္ေယာက္ေပ်ာ္ေနတဲ့ပံုေတြပဲတင္ထားတဲ့အတြက္ သူမအတြက္အႏၱရာယ္ရွိေနတာကုိဘယ္သူမွသတိမထားမိခဲ့ၾကပါဘူး ။အင္ဒီယာနာပုိလစ္ ရဲေတြံကေတာ့ သူမလုိမ်ိဳးမျဖစ္ေစဖုိ႕သတိေပးခ်က္ေတြထုတ္ျပန္ခဲ့ပါတယ္သူမကလည္းအခုလိုပဲအၾကံေပးထားပါတယ္ ။

“မင္းတစ္ေယာက္ေယာက္ကုိေျပာခဲ့သင့္တယ္..ရွက္မေနရဘူး ။ေၾကာက္မေနရဘူးကြ်န္မကိုယ္တုိင္ေတာင္ေသေတာ့မလုိ႕ေသလည္းေသသြားႏုိင္တယ္” ။

အခုဆိုရင္ Ryan ေထာင္ထဲေရာက္ေနျပီျဖစ္ေပမယ့္လည္း သူအခ်ိန္အၾကာၾကီးေထာင္က်ေစဖုိ႕ Carleigh နဲ႕သူ႕မိသားစုကဘာမဆိုလုပ္ေဆာင္မွာပဲျဖစ္တယ္ ။Carleighရဲ႕မိသားစုဟာ ဆာဂ်ရီလုပ္ဖုိ႕အတြက္ GoFundMe မွာရံပံုေငြေကာက္ခံေနပါတယ္ ။သူ႕အေမ Amy Ballard ကေတာ့အခုလိုပဲေျပာထားပါတယ္ ။“သမီးက စိတ္သေဘာထားေရာ ရုပ္ေလးေရာလွပတဲ့သူေလးပါ ။သူမရဲ႕ အင္အားနဲ႕ အတြင္းစိတ္ရဲ႕အလွတရားေၾကာင့္ အမာရြတ္ေတြေရာ ႏွလံုးသားကဒဏ္ရာေရာ ေပ်ာက္သြားမွာပါ” တဲ့ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Daily Hot News

#Unicode Version#
အမူးလွန်နေတဲ့ချစ်သူက သူ့သူငယ်ချင်းတွေကို ဝိုင်းမဒိန်းကျင့်ခိုင်းတဲ့အပြင် အပြင်းအထန်ရိုက်နှက်ခဲ့တဲ့အတွက် ဒီကောင်မလေး သေဆုံးသွားခဲ့ပါပြီ ။တချို့မိန်းကလေးတွေက ချစ်သူရွေးတာသိပ်မတော်ကြဘူး ။ဒါကြောင့်လည်းဆိုးသွမ်းတဲ့သူတွေနဲ့တွေ့ပြီးတော့ အဆုံးသတ်သွားကြတာပေါ့ ။ပိုဆိုးတာကတော့ ကိုယ့်ကိုသေအောင်ရိုက်မဲ့သူလက်ထဲရောက်သွားပြီး အသတ်ခံလိုက်ရတဲ့အဆင့်ပါပဲ ။

အမေရိကန်နိုင်ငံက အမျိုးသမီး ၃ ယောက်မှာ တစ်ယောက်ဟာ ချစ်သူရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကိုခံနေရပါတယ် ။Carleigh Hager ဟာလည်းသူ့ချစ်သူရဲ့မညှာမတာနှိပ်စက်မှုကိုခံခဲ့ရတဲ့ ကံဆိုးတဲ့ကောင်မလေးတစ်ယောက်ပါပဲ ။Carleigh Hager ရဲ့အဖြစ်အပျက်ဟာ အခြားအမျိုးသမီးတွေကို ကိုယ်တွဲမယ့်သူကိုသေချာရွေးဖို့အတွက်သတိပေးနေသယောင်။

အောက်တိုဘာ ၂၂ ရက်နေ့ ၂၀၁၆ ခုနှစ်မတိုင်ခင်အထိ သူ့ချစ်သူ Ryan Cameron နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေခဲ့တဲ့ Carleigh ဟာ ညတစ်ညမှာတော့ ကောင်လေးရဲ့သူငယ်ချင်သုံးယောက်နဲ့အတူ မင်္ဂလာပွဲတစ်ခုမှ သူတို့ ၅ ယောက်လုံး Carleigh တို့အိမ်ကိုပြန်လာခဲ့ကြပါတယ် ။ဒါပေမယ့်လည်း အလန်းစားညတစ်ညမဖြစ်ခဲ့ပဲ အဆိုးရွားဆုံးညတစ်ညအဖြစ်အဆုံးသတ်သွားခဲပါတယ် ။

အရင်ကလည်း Carleigh ဟာ သူ့ချစ်သူ Ryan Cameron နှိပ်စက်ထားတဲ့ဒဏ်ရာတွေကိုလည်းဖုံးကွယ်ထားခဲ့တာပဲဖြစ်ပါတယ် ။ဒီဖြစ်ရပ် ဖြစ်ပျက်ခဲ့တဲ့ညမှတော့ Ryan ဟာသူမကို သတ်လုနီးပါးအထိဖြစ်သွားခဲ့ပါတယ် ။အရမ်းအမူးလွန်နေတဲ့ Ryan ဟာ သူ့သူငယ်ချင်းတွေရှေ့မှာ Carleigh ကိုစော်ကားတယ် ။ပြီးတော့ သူ့သူငယ်ချင်းတွေကို မဒိန်းဝိုင်းကျင့်ဖို့ပြောတယ် ။Carleigh လည်းလန့်ပြီးတော့သူတို့ဆီကထွက်သွားပြီး အိပ်ယာထဲကိုသွားခဲ့တယ် ။သူ့ကိုမမြင်ရတော့ရင် Ryan လည်းစိတ်ပြေသွားမယ်လို့ထင်ခဲ့ပေမယ့်တကယ်တမ်းကတော့ ပြောင်းပြန်ပါပဲ ။

Carleigh ကို Ryan က ရက်ရက်စက်စက်ကိုရိုက်နှက်ခဲ့တာပါ ။Carleigh ရဲ့အခန်းထဲကို တံခါးဖျက်ဝင်လာပြီးတော့ ဝုန်ဒိုင်းကြဲတော့တယ် ။Ryan ရဲ့သူငယ်ချင်းတွေတားကြပေမယ့် သူကအားသန်လွန်းနေတဲ့အတွက် သူတို့အားလုံးကိုအိမ်အပြင်တွန်းထုတ်လိုက်တယ် ။နောက်တော့ တံခါးပိတ်ပြီး Carleigh ကိုရိုက်နှက်တော့တာပဲ ။သူငယ်ချင်းတွေဟာ ၉၁၁ ကိုအကူအညီတောင်းခံခဲ့ပေမယ့်လည်း အဲ့ဒီအချိန်မှာ Ryan ဟာသူ့ကောင်မလေးအသားကုန်ရိုက်နေခဲ့ပြီးကိုင်တောင်ပေါက်ခဲ့သေးတယ်တဲ့ ။ကောင်မလေးကလည်း အသက်လုပြီးပြန်တိုက်ခိုက်ခဲ့ပေမယ့် Ryan ကပဲသူ့ကိုထိုးနှက်နေတော့ နာကျင်လွန်းတာကြောင့် ဘာမှပြန်မလုပ်နိုင်ခဲ့တော့ပါဘူး ။

ရဲတွေရောက်လာပြီးတော့ အိမ်ထဲဖျက်ဝင်ပြီး Ryan လက်ထဲမှ Carleigh ကိုကယ်နိုင်ခဲ့ပါတယ် ။ဒါပေမယ့်လည်း Carleigh ကိုတွေ့တဲ့အချိန်မှာ သူမဟာ သွေးအိုင်ထဲလဲနေပါပြီ ။ဆေးရုံကိုချက်ချင်းပို့ဆောင်ပေးခဲ့တဲ့အခါမှာတော့ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာများစွာရရှိထားတာကိုတွေ့ရပါတယ် ။ဒီလူဟာ ကောင်မလေးလျာကိုတောင် ပါးစပ်ထဲက ဆွဲထုတ်ဖို့လုပ်ခဲ့သေးတယ်တဲ့ ။

ကံကောင်းစွာပဲ အချိန်မှီကယ်ဆယ်နိုင်ခဲ့တဲ့အတွက်အသက်ချမ်းသာရာရခဲ့ပါတယ် ။သုံးပတ်တာ ကုသမှုခံယူပြီးတဲ့နောက်မှာမှ Carleigh ဟာအစားအသောက်ပြန်စားနိုင်ခဲ့တာပါ ။ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေပြန်ကောင်းသွားပေမယ့်နှလုံးသားထဲကနာကျင်မှုနဲ့ခံစားချက်တွေပြန်ကောင်းဖို့အတွက်တော့ ကုထုံးတစ်ခုခံယူဖို့လိုအပ်ပါလိမ့်မယ် ။မျက်နှာကဒဏ်ရာတွေကျက်သွားပေမယ်လည်း ဆာဂျရိလုပ်ဖို့တော့လိုအပ်နေပါသေးတယ် ။

သူ့ချစ်သူနဲ့နေရတာကို ကြောက်နေတာကြာပြီဖြစ်ကြောင်း Carleigh ကပြောကြားခဲ့ပါတယ် ။ဆိုရှယ်မီဒီယာပေါ်မှာတော့သူတို့နှစ်ယောက်ပျော်နေတဲ့ပုံတွေပဲတင်ထားတဲ့အတွက် သူမအတွက်အန္တရာယ်ရှိနေတာကိုဘယ်သူမှသတိမထားမိခဲ့ကြပါဘူး ။အင်ဒီယာနာပိုလစ် ရဲတွေံကတော့ သူမလိုမျိုးမဖြစ်စေဖို့သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်သူမကလည်းအခုလိုပဲအကြံပေးထားပါတယ် ။

“မင်းတစ်ယောက်ယောက်ကိုပြောခဲ့သင့်တယ်..ရှက်မနေရဘူး ။ကြောက်မနေရဘူးကျွန်မကိုယ်တိုင်တောင်သေတော့မလို့သေလည်းသေသွားနိုင်တယ်” ။

အခုဆိုရင် Ryan ထောင်ထဲရောက်နေပြီဖြစ်ပေမယ့်လည်း သူအချိန်အကြာကြီးထောင်ကျစေဖို့ Carleigh နဲ့သူ့မိသားစုကဘာမဆိုလုပ်ဆောင်မှာပဲဖြစ်တယ် ။Carleighရဲ့မိသားစုဟာ ဆာဂျရီလုပ်ဖို့အတွက် GoFundMe မှာရံပုံငွေကောက်ခံနေပါတယ် ။သူ့အမေ Amy Ballard ကတော့အခုလိုပဲပြောထားပါတယ် ။“သမီးက စိတ်သဘောထားရော ရုပ်လေးရောလှပတဲ့သူလေးပါ ။သူမရဲ့ အင်အားနဲ့ အတွင်းစိတ်ရဲ့အလှတရားကြောင့် အမာရွတ်တွေရော နှလုံးသားကဒဏ်ရာရော ပျောက်သွားမှာပါ” တဲ့ ။


ဖိုးသူတော် (www.phothutaw.com)
Credit: Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top