ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

၄ တန္​းပါ..ကိုယ္​၀န္​က ၈ လပါတဲ့မိဘေတြက ဆင္းရဲေတာ့ ကေလးတင့္ေတာင္းတင့္တယ္ျဖစ္ေအာင္ ေမြးစားဖို႔ေပးတာ ေမြးစားတဲ့သူက ေစာ္ကားတာတဲ့

ဒီသမီးငယ္​က​ေတာ့ ကူညီ​ေပးခဲ့ဖူးသမွ်ထဲအငယ္​ဆံုးစံခ်ိန္​ပါပဲ..
၄ တန္​းပါ..ကိုယ္​၀န္​က ၈ လပါ..
သူ႔ဇာတ္​လမ္​း​ေလးကလည္​း ဆင္​ျခင္​စရာပါပဲ..
မိဘ​ေတြက ဆင္​းရဲလြန္​း​ေတာ့ သမ​ီး​ေလးကို
တင္​့တင္​့တယ္​တယ္​​ေလးထားႏိုင္​​ေအာင္​ ဟိုးငယ္​ငယ္​ထဲက
​ေမြးစားမိဘ​ေတြလက္​ထဲ ​ေမြးစားဖို႔​ေပးထားတယ္​..
အဲဒီ​ေမြးစား အ​ေဖက သမီး​ေလးကို ​ေစာ္​ကားတာပါ..
ဒီစာ​ေတြ ၊ ဒီအ​ေၾကာင္​း​ေတြကုိ ကြၽန္​​ေတာ္​ မ​ေရးခ်င္​..
လူ​ေတြက ၾကား​ေတာင္​ မၾကားခ်င္​တဲ့ ဒီအ​ေၾကာင္​း​ေတြကို
ကိုယ္​က အျမဲတမ္​း ႏွဖူး​ေတြ ့ ဒူး​ေတြ႔ ၾကံဳ​ေနရသူမို႔
ႏွလံုးပုိ နာပါတယ္​..

မိဘမ်ားဆင္​ျခင္​ႏိုင္​​ေအာင္​ရယ္​၊
သက္​ငယ္​မုဒိန္​းဆိုတာ ျမန္​မာႏိုင္​ငံမွာ
ဘယ္​​ေလာက္​အထိ ဆိုးရြား​ေနၿပီလည္​းဆိုတာရယ္​၊
​အမ်ားျမင္​သာ​ေအာင္​ မီး​ေမာင္းထိုးျပရတာပါ..
ဒီသမီး​ေလးကလည္​း ​ေမြးခါနီးၿပီမို႔
​ေထာက္​ပ့ံ​ေငြ တစ္​သိန္​းနဲ႔ ​ေမြးၿပီး ၃ လအထိ
လစဥ္​ ၅ေသာင္း ကူညီသြားပါ့မယ္​..
စကား​ေျပာ​ေနရင္​း ​ေမာပန္​း​ေနပံုရတဲ့ သမီးငယ္​​ေလးအတြက္​
​ေဆး​ေတြလည္​း ၀ယ္​​ေပးခဲ့တယ္​..
​ဖိနပ္​အစုပ္​​ေလးစီးထားတာ​ေၾကာင္​့ ​ေခ်ာ္​လဲမွာစိုးရိမ္​လို႔
ဖိနပ္​၀ယ္​ဖုိ႔ပါ ​မွာခဲ့တယ္​..
​ေမြးၿပီးရင္​​ေတာ့ ကြၽန္​​ေတာ္​့ဆီ လာ​ေနဖို႔
​​ေျပာခဲ့ပါတယ္​..ကြၽန္​​ေတာ္​ ​ေက်ာင္​းဆက္​ထား​ေပးခ်င္​လို႔ပါ..
သူ႔အနာဂတ္​​ေလးကို ပံု​ေဖာ္​​ေပးခ်င္​လို႔ပါ..
​ေကာက္​ႏိုင္​သမွ် ၾကယ္​ငါး​ေလး​ေတြ ​ေကာက္​​ၿပီး
ပင္​လယ္​ထဲ ၾကဳိးစားၿပီး ျပန္​ပစ္​ခ်​ေပး​ေန​ေပမဲ့
ဒါဟာ အ​ေျဖတစ္​ခု​ေတာ့ မဟုတ္​ပါဘူး..
ဒီၾကယ္​ငါး​ေလး​ေတြ ​ေသာင္​မတင္​​ေအာင္​
ႀကိဳတင္​ကာကြယ္​ျခင္​းသည္​သာ အ​ေျဖပါ..
ကြၽန္​​ေတာ္​တို႔အားလံုး အ​ေျဖထုတ္​ၾကပါစို႔...


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုစိုးထိုက္

#Unicode Version#
၄ တန်းပါ..ကိုယ်ဝန်က ၈ လပါတဲ့မိဘတွေက ဆင်းရဲတော့ ကလေးတင့်တောင်းတင့်တယ်ဖြစ်အောင် မွေးစားဖို့ပေးတာ မွေးစားတဲ့သူက စော်ကားတာတဲ့

ဒီသမီးငယ်ကတော့ ကူညီပေးခဲ့ဖူးသမျှထဲအငယ်ဆုံးစံချိန်ပါပဲ..
၄ တန်းပါ..ကိုယ်ဝန်က ၈ လပါ..
သူ့ဇာတ်လမ်းလေးကလည်း ဆင်ခြင်စရာပါပဲ..
မိဘတွေက ဆင်းရဲလွန်းတော့ သမီးလေးကို
တင့်တင့်တယ်တယ်လေးထားနိုင်အောင် ဟိုးငယ်ငယ်ထဲက
မွေးစားမိဘတွေလက်ထဲ မွေးစားဖို့ပေးထားတယ်..
အဲဒီမွေးစား အဖေက သမီးလေးကို စော်ကားတာပါ..
ဒီစာတွေ ၊ ဒီအကြောင်းတွေကို ကျွန်တော် မရေးချင်..
လူတွေက ကြားတောင် မကြားချင်တဲ့ ဒီအကြောင်းတွေကို
ကိုယ်က အမြဲတမ်း နှဖူးတွေ့ ဒူးတွေ့ ကြုံနေရသူမို့
နှလုံးပို နာပါတယ်..

မိဘများဆင်ခြင်နိုင်အောင်ရယ်၊
သက်ငယ်မုဒိန်းဆိုတာ မြန်မာနိုင်ငံမှာ
ဘယ်လောက်အထိ ဆိုးရွားနေပြီလည်းဆိုတာရယ်၊
အများမြင်သာအောင် မီးမောင်းထိုးပြရတာပါ..
ဒီသမီးလေးကလည်း မွေးခါနီးပြီမို့
ထောက်ပံ့ငွေ တစ်သိန်းနဲ့ မွေးပြီး ၃ လအထိ
လစဉ် ၅သောင်း ကူညီသွားပါ့မယ်..
စကားပြောနေရင်း မောပန်းနေပုံရတဲ့ သမီးငယ်လေးအတွက်
ဆေးတွေလည်း ဝယ်ပေးခဲ့တယ်..
ဖိနပ်အစုပ်လေးစီးထားတာကြောင့် ချော်လဲမှာစိုးရိမ်လို့
ဖိနပ်ဝယ်ဖို့ပါ မှာခဲ့တယ်..
မွေးပြီးရင်တော့ ကျွန်တော့်ဆီ လာနေဖို့
ပြောခဲ့ပါတယ်..ကျွန်တော် ကျောင်းဆက်ထားပေးချင်လို့ပါ..
သူ့အနာဂတ်လေးကို ပုံဖော်ပေးချင်လို့ပါ..
ကောက်နိုင်သမျှ ကြယ်ငါးလေးတွေ ကောက်ပြီး
ပင်လယ်ထဲ ကြိုးစားပြီး ပြန်ပစ်ချပေးနေပေမဲ့
ဒါဟာ အဖြေတစ်ခုတော့ မဟုတ်ပါဘူး..
ဒီကြယ်ငါးလေးတွေ သောင်မတင်အောင်
ကြိုတင်ကာကွယ်ခြင်းသည်သာ အဖြေပါ..
ကျွန်တော်တို့အားလုံး အဖြေထုတ်ကြပါစို့...


ဖိုးသူတော် (www.phothutaw.com)
Credit: ကိုစိုးထိုက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top