ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ျပစ္မႈတခုကို ေဖာက္ထုတ္စစ္ေဆးတဲ႔အခါမွာ ယုံၾကည္စိတ္ခ်ရတဲ႔ သက္ေသထြက္ဆိုမႈက အေရးၾကီးပါတယ္။ အခုေျပာျပမယ့္ အမႈမွာေတာ့ ဘာျဖစ္ပ်က္ခဲ႔တယ္။ ဘယ္သူအမွားက်ဴးလြန္ခဲ႔ တယ္ဆိုတာ ေဖာ္ထုတ္ေပးတဲ႔ သက္ေသက သာမန္လူတစ္ေယာက္ေတာ့မဟုတ္ပါဘူး။

အသက္ (၄၉) ႏွစ္အရြယ္ရွိ ဂလီနာ ဒါဟမ္ဆိုတဲ႔ အမ်ိဳးသမီးဟာ ေခါင္းကို ကိုယ့္ဖာသာ ေသနတ္နဲ႔ပစ္မိထားတာေၾကာင့္ ေဆးရံုမွာ လေပါင္းမ်ားစြာၾကာေအာင္ ကုသေနရသူပါ။ အာဏာပိုင္ေတြက သူ႔ရဲ႕ အမ်ိဳးသား မာတင္တစ္ေယာက္ ေသနတ္ဒဏ္ရာ (၅) ခ်က္နဲ႔ ၾကမ္းျပင္မွာ ေသဆံုးေနတာကို ေတြ႔ရွိခဲ႔ပါတယ္။

မာတင္တို႔ရဲ႕ အိမ္နီးခ်င္း ကိုနီရီယမ္ကေတာ့ ေသနတ္သံအေျမာက္အမ်ားၾကားျပီးေနာက္ ႏွစ္ေယာက္စလံုးၾကမ္းျပင္မွာ လႈပ္ရွားမႈကင္းမဲ႔ျပီး လဲေနတာေတြ႔တယ္လို႔ ေျပာထားပါတယ္။ ပထမေတာ့ မာတင္တစ္ေယာက္အမဲလိုက္ေနလို႔ ေသနတ္သံေတြထြက္ေနတာထင္ခဲ႔တာပါ။ ဒါေပမယ့္ အျဖစ္အပ်က္ကို ျမင္ျပီးေနာက္မွာေတာ့ ထိတ္လန္႔ အံ့ၾသခဲ႔ရပါတယ္။

ေနာက္ထပ္မ်က္ျမင္သက္ေသတစ္ဦးကေတာ့ မာတင္တို႔ အိမ္မွာ ပစၥည္းေတြလည္း ျပန္႔က်ဲေနတာေၾကာင့္ အိမ္ေဖာက္ထြင္းအၾကမ္းဖက္ခံရတာ ထင္တယ္ဆိုျပီး သက္ေသထြက္ဆို ခဲ႔ပါတယ္။ ဒါေပမယ့္ မာတင္ရဲ႕ ကေလး (၃) ေယာက္ေတာ့ “ ေက်းဇူးျပဳျပီးခြင့္လႊတ္ပါ။ မင္းဟာငါတို႔ပိုင္ဆိုင္ခဲ႔သမွ်ထဲမွာ အေကာင္းဆံုးပါ။ ခ်စ္တယ္…အေမ” ဆိုတဲ႔ စာတေစာင္ကို ေတြ႔ရွိခဲ႔ပါတယ္။

ေဆးရံုမွာေတာ့ ဂလီနာက အဲဒီညက အျဖစ္အပ်က္နဲ႔ပတ္သက္ျပီး ဘာမွ မမွတ္မိပါဘူးတဲ႔။
ဒါေပမယ့္ အျဖစ္အပ်က္ေတြဟာ ေျပာင္းလဲသြားခဲ႔ပါတယ္။ မာတင္ေသဆံုးျပီးေနာက္မွာ မာတင္ရဲ႕ ယခင္အမ်ိဳးသမီးျဖစ္သူ ခရစၥတီးနားက ၾကက္တူေရြးေလးကို ျပန္ယူလာျပီးေနာက္မွာ ဒီၾကက္တူေရြးေလးက “မပစ္ပါနဲ႔။ မပစ္ပါနဲ႔” ဆိုျပီး မာတင္ရဲ႕ အသံတုနဲ႔ ေအာ္ေအာ္ေနတာကို သတိထားမိခဲ႔ပါတယ္။

WOOD-TV 8 နဲ႔ အင္တာဗ်ဳးအစီအစဥ္မွာေတာ့ ခရစၥတီးနားက ၾကက္တူေရြးေလးက မာတင္နဲ႔ သူ႔အမ်ိဳးသမီးၾကား အျဖစ္အပ်က္ကို တခုခုေျပာခ်င္ေနတယ္ထင္တယ္ ဆိုတာကို အခုလိုပဲ ေျပာျပခဲ႔ပါတယ္။ သူက “ကၽြန္မ လူႏွစ္ေယာက္ျပင္းျပင္းထန္ထန္ အျငင္းအခုန္လုပ္ေနတာမ်ိဳး ၾကားရတယ္။ ကၽြန္မသိတဲ႔ အသံပိုင္ရွင္ႏွစ္ေယာက္လိုမ်ိဳးေပါ့။ဒါက ျပင္းထန္တဲ႔ပံုပဲ။ ျဖစ္ပ်က္သြားခဲ႔တုန္းက ကၽြန္မအိမ္မွာ ေသြးေတြခ်ည္းပဲ။ ျပီးေတာ့ ၾကက္တူေရြးေလးက အဲဒီမွာရွိေနျပီး အကုန္ျမင္တယ္။ အကုန္ၾကားတယ္။ အျဖစ္အပ်က္ေတြက သူ႔ဦးေႏွာက္ထဲ စြဲေနတာ။ မေမ့ႏိုင္ဘူးျဖစ္ေနတယ္” ဆိုျပီး ေျပာျပခဲ႔ပါတယ္။
ေနာက္ဆံုးမွာေတာ့ ဂလီနာတစ္ေယာက္ လူသတ္ခဲ႔တယ္ဆိုတာ အျဖစ္မွန္ေပၚသြားျပီး ဂလီနာလည္း လက္နက္ကိုင္ လူသတ္မႈနဲ႔ ၾကီးမားတဲ႔ အျပစ္ဒဏ္ က်ခံရပါေတာ့တယ္။ Metro ရဲ႕ အေျပာအရေတာ့ “မာတင္တု႔ိစံုတြဲက အေၾကြးကိစၥေတြ၊ ေငြျပႆနာေတြနဲ႔ စကားမ်ားေနတုန္း ဂလီနာက ေသနတ္နဲ႔ သူ႔ေယာက်္ားကို အရင္ပစ္သတ္ခဲ႔ျပီး သူ႔ေခါင္းသူ ပစ္လိုက္တာပါ” ဆိုျပီးေျပာထားပါတယ္။

KSM

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
ပြစ်မှုတခုကို ဖောက်ထုတ်စစ်ဆေးတဲ့အခါမှာ ယုံကြည်စိတ်ချရတဲ့ သက်သေထွက်ဆိုမှုက အရေးကြီးပါတယ်။ အခုပြောပြမယ့် အမှုမှာတော့ ဘာဖြစ်ပျက်ခဲ့တယ်။ ဘယ်သူအမှားကျူးလွန်ခဲ့ တယ်ဆိုတာ ဖော်ထုတ်ပေးတဲ့ သက်သေက သာမန်လူတစ်ယောက်တော့မဟုတ်ပါဘူး။

အသက် (၄၉) နှစ်အရွယ်ရှိ ဂလီနာ ဒါဟမ်ဆိုတဲ့ အမျိုးသမီးဟာ ခေါင်းကို ကိုယ့်ဖာသာ သေနတ်နဲ့ပစ်မိထားတာကြောင့် ဆေးရုံမှာ လပေါင်းများစွာကြာအောင် ကုသနေရသူပါ။ အာဏာပိုင်တွေက သူ့ရဲ့ အမျိုးသား မာတင်တစ်ယောက် သေနတ်ဒဏ်ရာ (၅) ချက်နဲ့ ကြမ်းပြင်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
မာတင်တို့ရဲ့ အိမ်နီးချင်း ကိုနီရီယမ်ကတော့ သေနတ်သံအမြောက်အများကြားပြီးနောက် နှစ်ယောက်စလုံးကြမ်းပြင်မှာ လှုပ်ရှားမှုကင်းမဲ့ပြီး လဲနေတာတွေ့တယ်လို့ ပြောထားပါတယ်။ ပထမတော့ မာတင်တစ်ယောက်အမဲလိုက်နေလို့ သေနတ်သံတွေထွက်နေတာထင်ခဲ့တာပါ။ ဒါပေမယ့် အဖြစ်အပျက်ကို မြင်ပြီးနောက်မှာတော့ ထိတ်လန့် အံ့သြခဲ့ရပါတယ်။

နောက်ထပ်မျက်မြင်သက်သေတစ်ဦးကတော့ မာတင်တို့ အိမ်မှာ ပစ္စည်းတွေလည်း ပြန့်ကျဲနေတာကြောင့် အိမ်ဖောက်ထွင်းအကြမ်းဖက်ခံရတာ ထင်တယ်ဆိုပြီး သက်သေထွက်ဆို ခဲ့ပါတယ်။ ဒါပေမယ့် မာတင်ရဲ့ ကလေး (၃) ယောက်တော့ “ ကျေးဇူးပြုပြီးခွင့်လွှတ်ပါ။ မင်းဟာငါတို့ပိုင်ဆိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးပါ။ ချစ်တယ်…အမေ” ဆိုတဲ့ စာတစောင်ကို တွေ့ရှိခဲ့ပါတယ်။

ဆေးရုံမှာတော့ ဂလီနာက အဲဒီညက အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဘာမှ မမှတ်မိပါဘူးတဲ့။
ဒါပေမယ့် အဖြစ်အပျက်တွေဟာ ပြောင်းလဲသွားခဲ့ပါတယ်။ မာတင်သေဆုံးပြီးနောက်မှာ မာတင်ရဲ့ ယခင်အမျိုးသမီးဖြစ်သူ ခရစ္စတီးနားက ကြက်တူရွေးလေးကို ပြန်ယူလာပြီးနောက်မှာ ဒီကြက်တူရွေးလေးက “မပစ်ပါနဲ့။ မပစ်ပါနဲ့” ဆိုပြီး မာတင်ရဲ့ အသံတုနဲ့ အော်အော်နေတာကို သတိထားမိခဲ့ပါတယ်။

WOOD-TV 8 နဲ့ အင်တာဗျုးအစီအစဉ်မှာတော့ ခရစ္စတီးနားက ကြက်တူရွေးလေးက မာတင်နဲ့ သူ့အမျိုးသမီးကြား အဖြစ်အပျက်ကို တခုခုပြောချင်နေတယ်ထင်တယ် ဆိုတာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ သူက “ကျွန်မ လူနှစ်ယောက်ပြင်းပြင်းထန်ထန် အငြင်းအခုန်လုပ်နေတာမျိုး ကြားရတယ်။ ကျွန်မသိတဲ့ အသံပိုင်ရှင်နှစ်ယောက်လိုမျိုးပေါ့။ဒါက ပြင်းထန်တဲ့ပုံပဲ။ ဖြစ်ပျက်သွားခဲ့တုန်းက ကျွန်မအိမ်မှာ သွေးတွေချည်းပဲ။ ပြီးတော့ ကြက်တူရွေးလေးက အဲဒီမှာရှိနေပြီး အကုန်မြင်တယ်။ အကုန်ကြားတယ်။ အဖြစ်အပျက်တွေက သူ့ဦးနှောက်ထဲ စွဲနေတာ။ မမေ့နိုင်ဘူးဖြစ်နေတယ်” ဆိုပြီး ပြောပြခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဂလီနာတစ်ယောက် လူသတ်ခဲ့တယ်ဆိုတာ အဖြစ်မှန်ပေါ်သွားပြီး ဂလီနာလည်း လက်နက်ကိုင် လူသတ်မှုနဲ့ ကြီးမားတဲ့ အပြစ်ဒဏ် ကျခံရပါတော့တယ်။ Metro ရဲ့ အပြောအရတော့ “မာတင်တု့ိစုံတွဲက အကြွေးကိစ္စတွေ၊ ငွေပြဿနာတွေနဲ့ စကားများနေတုန်း ဂလီနာက သေနတ်နဲ့ သူ့ယောကျ်ားကို အရင်ပစ်သတ်ခဲ့ပြီး သူ့ခေါင်းသူ ပစ်လိုက်တာပါ” ဆိုပြီးပြောထားပါတယ်။

KSM

ဖိုးသူတော် (www.phothutaw.com)
Credit: MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top