×

ေနြရာသီဆိုတာ စပ်စ္သီး လွိဳင္လွိဳင္ေပါတဲ့ ရာသီပါ။ စပ်စ္သီးမွာ အစိမ္းေရာင္၊ အနီေရာင္၊ အမည္းေရာင္ဆိုၿပီး အေရာင္မ်ိဳးစံုရွိပါတယ္။ ျမန္မာျပည္မွာ အစိုုက္မ်ားတာကေတာ့ အမည္းေရာင္နဲ႔ အစိမ္းေရာင္ တို႔ ျဖစ္ပါတယ္။ စပ်စ္သီးမွာ ဗီတာမင္ ေအ၊ ဗီတာမင္ စီနဲ႔ ဗီတာမင္ B6 ၊ ေဖာ့ဖရိတ္၊ ပိုတက္စီယမ္၊ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္၊ သံဓာတ္နဲ႔ သတၱဳဓာတ္တို႔ ပါ၀င္ပါတယ္။ စပ်စ္သီးမွာ အစြမ္းထက္တဲ့ antioxidants ေတြ ပါ၀င္ၿပီး အိုမင္းရင့္ေရာ္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏုိင္စြမ္း ရွိပါတယ္။

စပ်စ္သီးဟာ ႏွလံုးေရာဂါျဖစ္ႏုိင္ျခင္းကို ေလ်ာ့ခ်ေပးႏုိင္စြမ္း ရွိပါတယ္။ ကိုလက္စထေရာနဲ႔ ေအာက္ဆီဂ်င္ ဓာတ္ေပါင္းမႈတို႔ေၾကာင့္ ေသြးေၾကာ မပိတ္ေအာင္ ကာကြယ္ေပးၿပီး ရုတ္တရက္ ႏွလံုးေရာဂါ ထေဖာက္ျခင္းတို႔မွ ကာကြယ္ေပးႏုိင္ပါတယ္။စပ်စ္သီးကို ေဖ်ာ္ရည္ လုပ္ေသာက္မယ္ ဆိုရင္ေတာ့ ေခါင္းတစ္ျခမ္း ကိုက္တဲ့ ေရာဂါကို သက္သာေစၿပီး နံနက္ပိုင္းမွာ ေရမေရာဘဲ ေသာက္ေပးသင့္ပါတယ္။ စပ်စ္သီးဟာ ၀မ္းမွန္မွန္ သြားေစၿပီး အူနဲ႔ အစာအိမ္ကို က်န္းမာေစပါတယ္။

စပ်စ္သီးဟာ ပန္းနာရင္ၾကပ္ေရာဂါကို သက္သာေစၿပီး အဆုတ္အား ေကာင္းေစပါတယ္။ အစာေခ်ဖ်က္မႈကို အားေပးတာေၾကာင့္ အစာအိိမ္အခ်ဥ္ေပါက္ျခင္းကို မျဖစ္ပြားေစပါဘူး။ စပ်စ္သီးေဖ်ာ္ရည္ဟာ သံဓာတ္ကို ျဖည့္တင္းေပးတာေၾကာင့္ ေညာင္းညာျခငး္ကို သက္သာေစပါတယ္။ အမည္းေရာင္ စပ်စ္သိးေဖ်ာ္ရည္ဟာ antioxidant ေတြ ပါ၀င္တာေၾကာင့္ ကိုယ္ခံအားကို တိုးျမွင့္ေစပါတယ္။ ရင္သားကင္ဆာကိုလည္း မျဖစ္ပြားေစပါဘူး။

စပ်စ္သီးဟာ ယူရစ္အက္ဆစ္မ်ားျခင္းကို ေလ်ာ့က်ေစၿပီး ေက်ာက္ကပ္ေရာဂါကို သက္သာေစပါတယ္။ ဦးေႏွာက္ က်န္းမာေရးကို ေကာင္းေစၿပီး အရြယ္မတိုင္ခင္ အေမ့လြန္ျခင္းျဖစ္ပြားမႈကို ေလ်ာ့က်ေပးပါတယ္။ မ်က္စိက်န္းမာေရး အတြက္လည္း အေထာက္အကူျပဳၿပီး တစ္ေန႔ သံုးႀကိမ္ စားေပးျခင္းနဲ႔ တိမ္ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Goodhealth

#Unicode Version#
နွေရာသီဆိုတာ စပျစ်သီး လှိုင်လှိုင်ပေါတဲ့ ရာသီပါ။ စပျစ်သီးမှာ အစိမ်းရောင်၊ အနီရောင်၊ အမည်းရောင်ဆိုပြီး အရောင်မျိုးစုံရှိပါတယ်။ မြန်မာပြည်မှာ အစိုုက်များတာကတော့ အမည်းရောင်နဲ့ အစိမ်းရောင် တို့ ဖြစ်ပါတယ်။ စပျစ်သီးမှာ ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ ဗီတာမင် B6 ၊ ဖော့ဖရိတ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ သတ္တုဓာတ်တို့ ပါဝင်ပါတယ်။ စပျစ်သီးမှာ အစွမ်းထက်တဲ့ antioxidants တွေ ပါဝင်ပြီး အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

စပျစ်သီးဟာ နှလုံးရောဂါဖြစ်နိုင်ခြင်းကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်။ ကိုလက်စထရောနဲ့ အောက်ဆီဂျင် ဓာတ်ပေါင်းမှုတို့ကြောင့် သွေးကြော မပိတ်အောင် ကာကွယ်ပေးပြီး ရုတ်တရက် နှလုံးရောဂါ ထဖောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။စပျစ်သီးကို ဖျော်ရည် လုပ်သောက်မယ် ဆိုရင်တော့ ခေါင်းတစ်ခြမ်း ကိုက်တဲ့ ရောဂါကို သက်သာစေပြီး နံနက်ပိုင်းမှာ ရေမရောဘဲ သောက်ပေးသင့်ပါတယ်။ စပျစ်သီးဟာ ဝမ်းမှန်မှန် သွားစေပြီး အူနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။

စပျစ်သီးဟာ ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပြီး အဆုတ်အား ကောင်းစေပါတယ်။ အစာချေဖျက်မှုကို အားပေးတာကြောင့် အစာအိမ်အချဉ်ပေါက်ခြင်းကို မဖြစ်ပွားစေပါဘူး။ စပျစ်သီးဖျော်ရည်ဟာ သံဓာတ်ကို ဖြည့်တင်းပေးတာကြောင့် ညောင်းညာခြင်းကို သက်သာစေပါတယ်။ အမည်းရောင် စပျစ်သိးဖျော်ရည်ဟာ antioxidant တွေ ပါဝင်တာကြောင့် ကိုယ်ခံအားကို တိုးမြှင့်စေပါတယ်။ ရင်သားကင်ဆာကိုလည်း မဖြစ်ပွားစေပါဘူး။

စပျစ်သီးဟာ ယူရစ်အက်ဆစ်များခြင်းကို လျော့ကျစေပြီး ကျောက်ကပ်ရောဂါကို သက်သာစေပါတယ်။ ဦးနှောက် ကျန်းမာရေးကို ကောင်းစေပြီး အရွယ်မတိုင်ခင် အမေ့လွန်ခြင်းဖြစ်ပွားမှုကို လျော့ကျပေးပါတယ်။ မျက်စိကျန်းမာရေး အတွက်လည်း အထောက်အကူပြုပြီး တစ်နေ့ သုံးကြိမ် စားပေးခြင်းနဲ့ တိမ် မဖြစ်အောင် ကာကွယ်ပေးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Goodhealth
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top