န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဒီေန႔ အလုပ္က ျပန္တာ ေနာက္က်တယ္။  အလုပ္က အိုဗာတိုင္ဆင္းရတာတစ္မ်ဳိး၊ ၿပီးေတာ့ မေတြ႕ရတာ ၾကာၿပီျဖစ္တဲ့ သူငယ္ခ်င္းတစ္ေယာက္က ရံုးနားထိ လာေတြ႕လို႔ အေအးဆိုင္ထိုင္ စကားေတြ ေဖာင္ဖြဲ႕ျဖစ္ေနတာတစ္မ်ဳိးနဲ႔ေပါ့။ ေမွာင္ရီသမ္းစ ေကာင္းကင္ကို ၾကည့္ၿပီး လမ္းေဘး ပလက္ေဖာင္းတစ္ေလွ်ာက္ ခပ္သုတ္သုတ္ ေလွ်ာက္လာပါတယ္။ အဲဒီအခ်ိန္မွာ ကိုယ္ ေလွ်ာက္လာတဲ့ ပံုစံက ေနာက္ ေက်ာဘက္ကျဖတ္သန္းသြားတဲ့ ကားေတြကို ေက်ာေပးထားတဲ့ အေနအထားမ်ဳိးျဖစ္ေနတာေတာ့ သတိမထားလိုက္မိဘူး။ ကားဂိတ္ကလည္း နည္းနည္းေလး လွမ္းေတာ့ ျမန္ျမန္ေလးလည္း ေလွ်ာက္ေနမိတာေပါ့။ ေလွ်ာက္ေနရင္းနဲ႔မွ ကိုယ့္အနားမွာ တစ္ခုခု  ကပ္ပါေနသလို ခံစားမိလို႔ ေဘးကို ၾကည့္လိုက္ေတာ့ ေဘးနားမွာ ျဖည္းျဖည္းခ်င္း ဘီးလိမ့္ရံု ေမာင္းလာတဲ့ Taxi တစ္စီးကို ေတြ႕လိုက္ရတယ္။ စိတ္ထဲကေတာ့ ကားငွားမယ္ထင္လို႔ ေနမယ္လို႔ေပါ့ေလ။

“အသည္းေလး ဘယ္သြားမလို႔လဲ လိုက္ပို႔ေပးမယ္ေလ…။ လာပါ ကားေပၚတက္ သာယာေစရမယ္”

အဲဒီလို ၿပီတီတီအသံႀကီး ထြက္လာေတာ့မွ ေဒါသေတြ ေထာင္းခနဲျဖစ္ၿပီး ေျခအစံုကို ရပ္။ ကားေပၚက လူကို ခပ္တင္းတင္း ၾကည့္္ပစ္လိုက္တယ္။ ဘယ္လို မယဥ္ေက်းတဲ့ ေယာက်္ားမ်ဳိးလဲ။ ဘယ္ေလာက္ မိုက္ရိုင္းလိုက္ေလသလဲ။

ကိုယ့္ထက္ ႏွစ္ျပန္ေလာက္ အသက္ႀကီးတဲ့ အဆီျပန္မ်က္ႏွာေပါက္နဲ႔  ကားေပၚက လူႀကီးဟာ အခိုးတလွ်ံလွ်ံ မ်က္လံုး ေတြနဲ႔ စပ္ၿဖီးၿဖီးႀကီး ၾကည့္လို႔ ကိုယ္ရပ္တဲ့အတိုင္း သူ႔ကားကိုလည္း ရပ္ပစ္လိုက္ေသးတယ္။ အနီးနား ပတ္ဝန္းက်င္မွာ လမ္းေလွ်ာက္ လာသူတစ္ေယာက္တေလမွ မရွိေသး… ဒီအခ်ိန္မွာ လမ္းမေပၚ ျဖတ္သန္းသြားလာေနတဲ့ ကား တစ္စီးစ၊ ႏွစ္စီးစပဲ ေတြ႕ရတယ္။ အႏိုင္က်င့္ခံရဖို႔သက္သက္ ဒီလို ပါးစပ္ သရမ္းဖို႔ သက္သက္ မိန္းမေတြက ေမြးဖြားလာတာ မဟုတ္ဘူးေလ။ ဒီလိုပဲ ေျပာလိုက္ရင္ မိ္န္းကေလးက ရွက္မယ္ ခပ္သုတ္သုတ္ ဆက္ေလွ်ာက္မယ္။ ေခါင္းကို ငံု႔ထားမယ္။ ကားေပၚက ေယာက်္ားသားက ပါးစပ္ကို စည္းမရွိကမ္းမရွိ ထပ္ၿပီး သရမ္းမယ္။ အရသာခံမယ္။ မိန္းမတစ္ေယာက္ရဲ႕ တစ္ကိုယ္လံုးကို အရွက္မရွိ စားမလို ဝါးမလိုၾကည့္ၿပီး အၾကည့္ေတြ အေျပာေတြနဲ႔ ေစာ္ကားခ်င္တိုင္း ေစာ္ကားမယ္။ ေၾကာက္တဲ့သူ ခံရမွာပဲေပါ့။

ကိုယ္ကေတာ့ စီးထားတဲ့ ေဒါက္ဖိနပ္ကို ခၽြတ္။ လက္မွာ တင္းတင္းဆုပ္ကိုင္ၿပီး အဲဒီလူရဲ႕ မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး တစ္လံုးခ်င္း ေအာ္ေျပာလိုက္တယ္။

“အရွက္မရွိလို႔ ငါ့ ေဘးနား ထပ္လိုက္လာၿပီး ပါးစပ္သရမ္းရင္ ငါ့ လက္ထဲက ေဒါက္ဖိနပ္က နင့္မ်က္ႏွာနဲ႔ မိတ္ဖြဲ႕ၿပီးသား ျဖစ္သြားမယ္။ ဘာမွတ္ေနလဲ။ သတၱိရွိရင္ နင္ ထပ္စမ္းၾကည့္လိုက္”

အဲဒီအခ်ိန္ ခပ္လွမ္းလွမ္းကေန လူသံုးေယာက္ေလာက္ ဒီဘက္ကို ေလွ်ာက္လာေနတာကိုလည္း ေတြ႕လိုက္ရတယ္ေလ။ ကိုယ့္အသံ က်ယ္က်ယ္နဲ႔ ေဒါသမ်က္ႏွာကို ၾကည့္ၿပီး ကားေပၚကလူ ခ်က္ခ်င္းမ်က္ႏွာပ်က္ၿပီး ကားကို ေမာင္းေျပးသြားေတာ့တယ္။

ကားေမာင္းထြက္သြားေတာ့မွ ခပ္တည္တည္နဲ႔ လက္ထဲက ဖိနပ္ကို ေျမျပင္ကိုခ် ေကာက္စီးၿပီး တစ္ဖက္လမ္းကို ကူးလိုက္တယ္။

တကယ္ေတာ့ ကိုယ္ တစ္ခ်က္လိုသြားတာက ဒီလို လူျပတ္တဲ့ေနရာမွာ လမ္းေလွ်ာက္မယ္ဆိုရင္ ကားနဲ႔ကိုယ္နဲ႔ ေဘးခ်င္းယွဥ္လ်က္ အေနအထားကေန ေလွ်ာက္တာထက္ မ်က္ႏွာခ်င္းဆိုင္ကလာတဲ့ ကားေတြကို တည့္တည့္ၾကည့္ၿပီး လမ္းေလွ်ာက္တာဟာ ပိုၿပီး လံုျခံဳတယ္ဆိုတာပဲ။ ေျပာခ်င္တာက ေယာက်္ားတိုင္းဟာ တန္ဖိုးမဲ့ လူ႕အမိႈက္ေတြေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ခုနက ကားေပၚကလူလို ေအာက္တန္းက်တဲ့ စိတ္ဓာတ္နဲ႔ စည္းကမ္းမရွိ မိန္းကေလးေတြကို အသားယူ အေခ်ာင္ႏိႈက္ခ်င္တဲ့ ပါးစပ္သရမ္းတတ္တဲ့ ေယာက်္ားမ်ဳိးေတြကို ရင္ဆိုင္ဖို႔က် ေၾကာက္ရြံ႕ေနလို႔ မရဘူး။ ရုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ ဖြဲ႕စည္းမႈမွာ အားနည္းတယ္ဆိုေပမဲ့ စိတ္ပိုင္းဆိုင္ရာမွာက ကိုယ္တို႕ မိန္းကေလးေတြက ေယာက်္ားသားေတြထက္ သာတဲ့အခ်က္ေတြ အမ်ားႀကီးရွိတယ္။ ကိုယ့္ကိုယ္ကိုယ္ အားနည္းတယ္ဆိုတဲ့ အေတြးကို အရင္ဆံုး ေဖ်ာက္ထားၿပီး သတၱိရွိေပးဖို႔ပဲ လိုတာပါ။

တကယ္ေျပာတာပါ။ ကိုယ္တို႔ မိန္းမေတြမွာ တန္ဖိုးမျဖတ္ႏိုင္တဲ့ အရည္အခ်င္းေတြ ခြန္အားေတြ အမ်ားႀကီးရွိတယ္။

အေျခအေန အေၾကာင္းအရာေပၚမွာ မူတည္ျပီး စဥ္းစားဆံုးျဖတ္တတ္တဲ့ ညဏ္ရယ္ သတၱိရွိမႈရယ္ ရွိလာျပီဆိုရင္ ဒီထက္ လံုျခံဳၿပီး ေပ်ာ္ရႊင္တဲ့ ဘဝေတြကို ရလာၾကမွာပါ။ အဓိကက ဒီလို လူ႔အမိႈက္မ်ဳိးကို ရင္ဆိုင္တဲ့အခါ ဘယ္ေတာ့မွ ေၾကာက္ရြံ႕စိတ္ မေမြးမိေစဖို႔ပါပဲ။ အလိုလိုေနရင္း ငါဟာ အားနည္းသူတစ္ေယာက္ပဲ ဆိုတဲ့ စိတ္ေတြကို ေဖ်ာက္၊ သတိၱေတြ ပိုရွိရင္း ေပ်ာ္ရႊင္တဲ့ ဘဝေတြကို ပိုင္ဆိုင္ႏိုင္ပါေစ ေယာင္းတို႔ေရ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မပိုး (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီနေ့ အလုပ်က ပြန်တာ နောက်ကျတယ်။  အလုပ်က အိုဗာတိုင်ဆင်းရတာတစ်မျိုး၊ ပြီးတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ရုံးနားထိ လာတွေ့လို့ အအေးဆိုင်ထိုင် စကားတွေ ဖောင်ဖွဲ့ဖြစ်နေတာတစ်မျိုးနဲ့ပေါ့။ မှောင်ရီသမ်းစ ကောင်းကင်ကို ကြည့်ပြီး လမ်းဘေး ပလက်ဖောင်းတစ်လျှောက် ခပ်သုတ်သုတ် လျှောက်လာပါတယ်။ အဲဒီအချိန်မှာ ကိုယ် လျှောက်လာတဲ့ ပုံစံက နောက် ကျောဘက်ကဖြတ်သန်းသွားတဲ့ ကားတွေကို ကျောပေးထားတဲ့ အနေအထားမျိုးဖြစ်နေတာတော့ သတိမထားလိုက်မိဘူး။ ကားဂိတ်ကလည်း နည်းနည်းလေး လှမ်းတော့ မြန်မြန်လေးလည်း လျှောက်နေမိတာပေါ့။ လျှောက်နေရင်းနဲ့မှ ကိုယ့်အနားမှာ တစ်ခုခု  ကပ်ပါနေသလို ခံစားမိလို့ ဘေးကို ကြည့်လိုက်တော့ ဘေးနားမှာ ဖြည်းဖြည်းချင်း ဘီးလိမ့်ရုံ မောင်းလာတဲ့ Taxi တစ်စီးကို တွေ့လိုက်ရတယ်။ စိတ်ထဲကတော့ ကားငှားမယ်ထင်လို့ နေမယ်လို့ပေါ့လေ။

“အသည်းလေး ဘယ်သွားမလို့လဲ လိုက်ပို့ပေးမယ်လေ…။ လာပါ ကားပေါ်တက် သာယာစေရမယ်”

အဲဒီလို ပြီတီတီအသံကြီး ထွက်လာတော့မှ ဒေါသတွေ ထောင်းခနဲဖြစ်ပြီး ခြေအစုံကို ရပ်။ ကားပေါ်က လူကို ခပ်တင်းတင်း ကြည့်ပစ်လိုက်တယ်။ ဘယ်လို မယဉ်ကျေးတဲ့ ယောကျ်ားမျိုးလဲ။ ဘယ်လောက် မိုက်ရိုင်းလိုက်လေသလဲ။

ကိုယ့်ထက် နှစ်ပြန်လောက် အသက်ကြီးတဲ့ အဆီပြန်မျက်နှာပေါက်နဲ့  ကားပေါ်က လူကြီးဟာ အခိုးတလျှံလျှံ မျက်လုံး တွေနဲ့ စပ်ဖြီးဖြီးကြီး ကြည့်လို့ ကိုယ်ရပ်တဲ့အတိုင်း သူ့ကားကိုလည်း ရပ်ပစ်လိုက်သေးတယ်။ အနီးနား ပတ်ဝန်းကျင်မှာ လမ်းလျှောက် လာသူတစ်ယောက်တလေမှ မရှိသေး… ဒီအချိန်မှာ လမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ ကား တစ်စီးစ၊ နှစ်စီးစပဲ တွေ့ရတယ်။ အနိုင်ကျင့်ခံရဖို့သက်သက် ဒီလို ပါးစပ် သရမ်းဖို့ သက်သက် မိန်းမတွေက မွေးဖွားလာတာ မဟုတ်ဘူးလေ။ ဒီလိုပဲ ပြောလိုက်ရင် မိန်းကလေးက ရှက်မယ် ခပ်သုတ်သုတ် ဆက်လျှောက်မယ်။ ခေါင်းကို ငုံ့ထားမယ်။ ကားပေါ်က ယောကျ်ားသားက ပါးစပ်ကို စည်းမရှိကမ်းမရှိ ထပ်ပြီး သရမ်းမယ်။ အရသာခံမယ်။ မိန်းမတစ်ယောက်ရဲ့ တစ်ကိုယ်လုံးကို အရှက်မရှိ စားမလို ဝါးမလိုကြည့်ပြီး အကြည့်တွေ အပြောတွေနဲ့ စော်ကားချင်တိုင်း စော်ကားမယ်။ ကြောက်တဲ့သူ ခံရမှာပဲပေါ့။

ကိုယ်ကတော့ စီးထားတဲ့ ဒေါက်ဖိနပ်ကို ချွတ်။ လက်မှာ တင်းတင်းဆုပ်ကိုင်ပြီး အဲဒီလူရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး တစ်လုံးချင်း အော်ပြောလိုက်တယ်။

“အရှက်မရှိလို့ ငါ့ ဘေးနား ထပ်လိုက်လာပြီး ပါးစပ်သရမ်းရင် ငါ့ လက်ထဲက ဒေါက်ဖိနပ်က နင့်မျက်နှာနဲ့ မိတ်ဖွဲ့ပြီးသား ဖြစ်သွားမယ်။ ဘာမှတ်နေလဲ။ သတ္တိရှိရင် နင် ထပ်စမ်းကြည့်လိုက်”

အဲဒီအချိန် ခပ်လှမ်းလှမ်းကနေ လူသုံးယောက်လောက် ဒီဘက်ကို လျှောက်လာနေတာကိုလည်း တွေ့လိုက်ရတယ်လေ။ ကိုယ့်အသံ ကျယ်ကျယ်နဲ့ ဒေါသမျက်နှာကို ကြည့်ပြီး ကားပေါ်ကလူ ချက်ချင်းမျက်နှာပျက်ပြီး ကားကို မောင်းပြေးသွားတော့တယ်။

ကားမောင်းထွက်သွားတော့မှ ခပ်တည်တည်နဲ့ လက်ထဲက ဖိနပ်ကို မြေပြင်ကိုချ ကောက်စီးပြီး တစ်ဖက်လမ်းကို ကူးလိုက်တယ်။

တကယ်တော့ ကိုယ် တစ်ချက်လိုသွားတာက ဒီလို လူပြတ်တဲ့နေရာမှာ လမ်းလျှောက်မယ်ဆိုရင် ကားနဲ့ကိုယ်နဲ့ ဘေးချင်းယှဉ်လျက် အနေအထားကနေ လျှောက်တာထက် မျက်နှာချင်းဆိုင်ကလာတဲ့ ကားတွေကို တည့်တည့်ကြည့်ပြီး လမ်းလျှောက်တာဟာ ပိုပြီး လုံခြုံတယ်ဆိုတာပဲ။ ပြောချင်တာက ယောကျ်ားတိုင်းဟာ တန်ဖိုးမဲ့ လူ့အမှိုက်တွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခုနက ကားပေါ်ကလူလို အောက်တန်းကျတဲ့ စိတ်ဓာတ်နဲ့ စည်းကမ်းမရှိ မိန်းကလေးတွေကို အသားယူ အချောင်နှိုက်ချင်တဲ့ ပါးစပ်သရမ်းတတ်တဲ့ ယောကျ်ားမျိုးတွေကို ရင်ဆိုင်ဖို့ကျ ကြောက်ရွံ့နေလို့ မရဘူး။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဖွဲ့စည်းမှုမှာ အားနည်းတယ်ဆိုပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာက ကိုယ်တို့ မိန်းကလေးတွေက ယောကျ်ားသားတွေထက် သာတဲ့အချက်တွေ အများကြီးရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အားနည်းတယ်ဆိုတဲ့ အတွေးကို အရင်ဆုံး ဖျောက်ထားပြီး သတ္တိရှိပေးဖို့ပဲ လိုတာပါ။

တကယ်ပြောတာပါ။ ကိုယ်တို့ မိန်းမတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရည်အချင်းတွေ ခွန်အားတွေ အများကြီးရှိတယ်။

အခြေအနေ အကြောင်းအရာပေါ်မှာ မူတည်ပြီး စဉ်းစားဆုံးဖြတ်တတ်တဲ့ ညဏ်ရယ် သတ္တိရှိမှုရယ် ရှိလာပြီဆိုရင် ဒီထက် လုံခြုံပြီး ပျော်ရွှင်တဲ့ ဘဝတွေကို ရလာကြမှာပါ။ အဓိကက ဒီလို လူ့အမှိုက်မျိုးကို ရင်ဆိုင်တဲ့အခါ ဘယ်တော့မှ ကြောက်ရွံ့စိတ် မမွေးမိစေဖို့ပါပဲ။ အလိုလိုနေရင်း ငါဟာ အားနည်းသူတစ်ယောက်ပဲ ဆိုတဲ့ စိတ်တွေကို ဖျောက်၊ သတ္တိတွေ ပိုရှိရင်း ပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ပါစေ ယောင်းတို့ရေ…။

ဖိုးသူတော် (www.phothutaw.com)
Credit: မပိုး (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top