န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×


ေက်ာက္ဆည္က ဆင္မင္းဘိလပ္ေျမစက္ရံုမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းဦးထြန္းလင္းဦးတစ္ေယာက္ ေသာကဖိစီးေနပါတယ္။ လုပ္ငန္းခြင္ေၾကာင့္မဟုတ္ပါ။ သူ႕ရဲ႕တစ္ဦးတည္းေသာ သားေလး အသက္ (၁) ႏွစ္ငါးလရိွေနၿပီျဖစ္တဲ့ ဘုန္းျပည့္ၿဖိဳးက ေမြးရာပါႏွလံုးေရာဂါသည္ေဝဒနာသည္ေလးေၾကာင့္ပါ။

ကေလးငယ္အတြက္ ခြဲစိတ္ဖို႕က အေရးေပၚေငြေၾကးလိုအပ္ေနပါတယ္။ ႏိုင္ငံျခားတုိင္းျပည္ေတြျဖစ္တဲ့ အိႏိၵယ၊မေလးရွား၊စကာၤပူႏိုင္ငံေတြက ေဆးရံုေတြမွာ သူ႕သားေလးႏွလံုးေရာဂါကခြဲစိတ္ကုသမွာေအာင္ျမင္မွာပါ။

(၂) ႀကိမ္ေလာက္ခြဲစိတ္ရမွာျဖစ္ၿပီး တႀကိမ္လွ်င္ ေငြက်ပ္သိန္း (၂၀၀)ခန္႕ကုန္က်မွာျဖစ္ပါတယ္။ေငြေၾကးမတတ္ႏိုင္လို႕ ကေလးငယ္ကိုအိမ္မွာပဲထားရင္း ကေလးငယ္ကတျဖည္းျဖည္း ပိန္ခ်ံဳးက်လာလို႕ ဖခင္ျဖစ္သူစိတ္ဆင္းရဲရပါတယ္။ဒါမို႕ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေန အလွဴခံရင္းက ပထမဆံုးခြဲစိတ္မႈႈကိုျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ခုဒုတိယအႀကိမ္ထပ္မံခြဲစိတ္ဖို႕ကိုအလွဴခံေနတာ ေငြက်ပ္ (၁၀၀) ေက်ာ္ေလာက္ရေနပါၿပီ။
လူမႈကြန္ရက္ကို ေကာင္းစြာအသံုးခ်ျခင္းပါပဲ။ ႏွလံုးေရာဂါအမ်ားႀကီးထဲကမွာ ကေလးငယ္ရဲ႕ႏွလံုးေရာဂါက အဆုိးဆံုးအဆင့္တြင္ပါဝင္ေၾကာင္း ဖခင္ျဖစ္သူကေျပာပါတယ္။ “ ပထမအျကိမ္ ခြဲစိတ္ပီးမွာ အေတာ္ေလးသက္သာလာပါတယ္ ။

ေအာက္စီဂ်င္အသံုးျပဳဖို႔မလိုေတာ့တာပါ။ ဒါေပမယ့္ ဒုတိယအႀကိမ္ခြဲစိတ္ရန္အတြက္ ေငြကထပ္လိုပါတယ္ “ ဟု ဦးထြန္းလင္းဦးကေျပာပါတယ္။
“ ကေလးက ေမြးရာပါ ႏွလံုးမွာ အေပါက္ပါတာရယ္ ေသြးေၾကာမႀကီးေတြေျပာင္းျပန္ျဖစ္တာရယ္ ေနာက္ၿပီးနွလံုးေသြးလႊတ္ခန္းတစ္ခုတည္းက ပင္မေသြးလႊတ္ေၾကာေတြ ထြက္ေနတာရယ္ ျပသနာသံုးခုရွိတယ္ ပထမအေနနဲ႔အိနၵိယမွာခြဲတာက ပင္မခြဲစိတ္မႈကို မလုပ္နိုင္ေသးတဲ့အတြက္ PA Banding လို့ေခၚတဲ့ procedure ကို အရင္လုပ္ၿပီး ကေလးအေျခအေနကိုထိန္းထားတာပါ အဲဒီေတာ့ ကေလးက ေနာက္တစ္ႀကိမ္ ေသခ်ာေပါက္ final procedure လုပ္ကိုလုပ္ရပါမယ္ ဒါမွသာ ကေလးကသက္တမ္းေစ့ေနနိုင္မွာပါ အကယ္၍ ဒီအဆင့္မွာပဲထားၿပီးခြဲစိတ္မႈ ဆက္မလုပ္ျဖစ္ဘူးဆိုရင္ ကေလးအတြက္ေရရွည္မေကာင္းနိုင္ပါဘူး “ လို႕ဆရာဝန္ေျပာၾကားခ်က္ကို ဖခင္ျဖစ္သူက ျပန္ေျပာျပပါတယ္။

“ က်ေနာ့ သားေလးရဲ႕ အသက္သခင္ ေက်းဇူးရွင္မ်ားအားလံုးကို လက္ဆယ္ျဖာ ထိပ္မွာမိုး ရွိခိုးကန္ေတာ့ပါတယ္ ။ က်ေနာ့ သားေလးရဲ႕ ေမြးရာပါ ႏွလံုးေရာဂါကို ပထမအျကိမ္ 16 – 8 – 2017 ရက္ေန႔ ကခြဲစိတ္ခ့ဲပီး ပထမအျကိမ္အေနနဲ႔ေအာင္ျမင္ ခ့ဲပါတယ္ခင္ဗ်ာ ။ အခုဒုတိယအျကိမ္ခြဲစိတ္မႈကို India New Delhi Max Hospital Dr. Dinesh Mittal မွ ခြဲစိတ္ရန္အတြက္ေခၚေနပါပီ က် ေနာ့အေနျဖင့္ သြားခ်င္ေသာ္လည္း ကိုယ့္ ဘက္ကအဆင္သင့္မျဖစ္ေသးတာေျကာင့္ သြားေရာက္ခြဲစိတ္ျခင္းမျပဳလုပ္ေသးတာပါ က်ေနာ္အစြမ္းကုန္ေတာ့ ျကိုးစားေနပါတယ္ အလွဴရွင္မ်ားလည္း လွဴဒါန္းမႈျပဳႀကပါတယ္ ကုန္က်မည့္ေငြ ပမာဏကိုက မ်ားတာေျကာင့္ ခြဲစိတ္ရန္ႀက့ံႀကာေနျခင္းျဖစ္ပါတယ္ ။ “ ဟု ဦးထြန္းလင္းဦး ကဆုိပါတယ္။

“ က်ေနာ္တို႔ လင္မယား ႏွစ္ေယာက္ေပါင္းရဲ႕ တစ္လဝင္ေငြဟာ (၂၅၀၀၀၀) မွ်သာရတာ ေျကာင့္ ကေလးရဲ႕ခြဲစိတ္မႈဟာဘယ္လိုမွ မျဖစ္ ႏိုင္ပါဘူး ဒီအေျခအေနထိ ကေလးေလး အသက္ရွင္ေနတာဟာလည္း အလွဴရွင္မ်ား၏ဝ္ိုင္း ဝန္းျကိုးပမ္းကာ ကူညီလွဴဒါန္းေပးတာေျကာင့္ ရွင္သန္ေနတာပါ ဒီအတြက္ဘယ္ေတာ့မွ ေက်းဇူးတရားေတြကို မေမ့ပါဘူးခင္ဗ်ာ က်ေနာ္ေမတၲာရပ္ခံပါတယ္ ဒုတိယအျကိမ္ ဆိုတဲ႔ ခြဲစ္ိတ္မႈႀကီးကို ေအာင္ျမင္စြာခြဲစိတ္ ႏိုင္ရန္အတြက္ အလွဴရွင္ မိဘညီအကိုေမာင္ ႏွမမ်ားထံ ကေလးရဲ႕ဖခင္ က်ေနာ္ဦးထြန္းလင္းဦးမွ အကူညီေတာင္းခံပါရေစ “ ဟု ၎က ေရးသားထားသည္။
လွဴဒါန္းလိုပါက KBZ BANK ACC 049 301 049 0038 2201 ၉/လဝန(ႏိုင္)၁၆၆၄၉၉ ျဖစ္ၿပီး ဦး ထြန္းလင္းဦး 09781156910 ဆင္မင္းဘိလပ္ေျမစက္ရံု ေက်ာက္ဆည္ ကို ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာက္ဆည္သား (MyanmarNote)


# Unicode Version ျဖင့္ ဖတ္ပါ #
ကျောက်ဆည်က ဆင်မင်းဘိလပ်မြေစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းဦးထွန်းလင်းဦးတစ်ယောက် သောကဖိစီးနေပါတယ်။ လုပ်ငန်းခွင်ကြောင့်မဟုတ်ပါ။ သူ့ရဲ့တစ်ဦးတည်းသော သားလေး အသက် (၁) နှစ်ငါးလရှိနေပြီဖြစ်တဲ့ ဘုန်းပြည့်ဖြိုးက မွေးရာပါနှလုံးရောဂါသည်ဝေဒနာသည်လေးကြောင့်ပါ။

ကလေးငယ်အတွက် ခွဲစိတ်ဖို့က အရေးပေါ်ငွေကြေးလိုအပ်နေပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေဖြစ်တဲ့ အိန္ဒိယ၊မလေးရှား၊စကာၤပူနိုင်ငံတွေက ဆေးရုံတွေမှာ သူ့သားလေးနှလုံးရောဂါကခွဲစိတ်ကုသမှာအောင်မြင်မှာပါ။

(၂) ကြိမ်လောက်ခွဲစိတ်ရမှာဖြစ်ပြီး တကြိမ်လျှင် ငွေကျပ်သိန်း (၂၀၀)ခန့်ကုန်ကျမှာဖြစ်ပါတယ်။ငွေကြေးမတတ်နိုင်လို့ ကလေးငယ်ကိုအိမ်မှာပဲထားရင်း ကလေးငယ်ကတဖြည်းဖြည်း ပိန်ချုံးကျလာလို့ ဖခင်ဖြစ်သူစိတ်ဆင်းရဲရပါတယ်။ဒါမို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အလှူခံရင်းက ပထမဆုံးခွဲစိတ်မှုှုကိုပြုလုပ်နိုင်ခဲ့ပါတယ်။ ခုဒုတိယအကြိမ်ထပ်မံခွဲစိတ်ဖို့ကိုအလှူခံနေတာ ငွေကျပ် (၁၀၀) ကျော်လောက်ရနေပါပြီ။
လူမှုကွန်ရက်ကို ကောင်းစွာအသုံးချခြင်းပါပဲ။ နှလုံးရောဂါအများကြီးထဲကမှာ ကလေးငယ်ရဲ့နှလုံးရောဂါက အဆိုးဆုံးအဆင့်တွင်ပါဝင်ကြောင်း ဖခင်ဖြစ်သူကပြောပါတယ်။ “ ပထမအကြိမ် ခွဲစိတ်ပီးမှာ အတော်လေးသက်သာလာပါတယ် ။

အောက်စီဂျင်အသုံးပြုဖို့မလိုတော့တာပါ။ ဒါပေမယ့် ဒုတိယအကြိမ်ခွဲစိတ်ရန်အတွက် ငွေကထပ်လိုပါတယ် “ ဟု ဦးထွန်းလင်းဦးကပြောပါတယ်။
“ ကလေးက မွေးရာပါ နှလုံးမှာ အပေါက်ပါတာရယ် သွေးကြောမကြီးတွေပြောင်းပြန်ဖြစ်တာရယ် နောက်ပြီးနှလုံးသွေးလွှတ်ခန်းတစ်ခုတည်းက ပင်မသွေးလွှတ်ကြောတွေ ထွက်နေတာရယ် ပြသနာသုံးခုရှိတယ် ပထမအနေနဲ့အိန္ဒိယမှာခွဲတာက ပင်မခွဲစိတ်မှုကို မလုပ်နိုင်သေးတဲ့အတွက် PA Banding လို့ခေါ်တဲ့ procedure ကို အရင်လုပ်ပြီး ကလေးအခြေအနေကိုထိန်းထားတာပါ အဲဒီတော့ ကလေးက နောက်တစ်ကြိမ် သေချာပေါက် final procedure လုပ်ကိုလုပ်ရပါမယ် ဒါမှသာ ကလေးကသက်တမ်းစေ့နေနိုင်မှာပါ အကယ်၍ ဒီအဆင့်မှာပဲထားပြီးခွဲစိတ်မှု ဆက်မလုပ်ဖြစ်ဘူးဆိုရင် ကလေးအတွက်ရေရှည်မကောင်းနိုင်ပါဘူး “ လို့ဆရာဝန်ပြောကြားချက်ကို ဖခင်ဖြစ်သူက ပြန်ပြောပြပါတယ်။

“ ကျနော့ သားလေးရဲ့ အသက်သခင် ကျေးဇူးရှင်များအားလုံးကို လက်ဆယ်ဖြာ ထိပ်မှာမိုး ရှိခိုးကန်တော့ပါတယ် ။ ကျနော့ သားလေးရဲ့ မွေးရာပါ နှလုံးရောဂါကို ပထမအကြိမ် 16 – 8 – 2017 ရက်နေ့ ကခွဲစိတ်ခဲ့ပီး ပထမအကြိမ်အနေနဲ့အောင်မြင် ခဲ့ပါတယ်ခင်ဗျာ ။ အခုဒုတိယအကြိမ်ခွဲစိတ်မှုကို India New Delhi Max Hospital Dr. Dinesh Mittal မှ ခွဲစိတ်ရန်အတွက်ခေါ်နေပါပီ ကျ နော့အနေဖြင့် သွားချင်သော်လည်း ကိုယ့် ဘက်ကအဆင်သင့်မဖြစ်သေးတာကြောင့် သွားရောက်ခွဲစိတ်ခြင်းမပြုလုပ်သေးတာပါ ကျနော်အစွမ်းကုန်တော့ ကြိုးစားနေပါတယ် အလှူရှင်များလည်း လှူဒါန်းမှုပြုကြပါတယ် ကုန်ကျမည့်ငွေ ပမာဏကိုက များတာကြောင့် ခွဲစိတ်ရန်ကြံ့ကြာနေခြင်းဖြစ်ပါတယ် ။ “ ဟု ဦးထွန်းလင်းဦး ကဆိုပါတယ်။

“ ကျနော်တို့ လင်မယား နှစ်ယောက်ပေါင်းရဲ့ တစ်လဝင်ငွေဟာ (၂၅၀၀၀၀) မျှသာရတာ ကြောင့် ကလေးရဲ့ခွဲစိတ်မှုဟာဘယ်လိုမှ မဖြစ် နိုင်ပါဘူး ဒီအခြေအနေထိ ကလေးလေး အသက်ရှင်နေတာဟာလည်း အလှူရှင်များ၏ဝိုင်း ဝန်းကြိုးပမ်းကာ ကူညီလှူဒါန်းပေးတာကြောင့် ရှင်သန်နေတာပါ ဒီအတွက်ဘယ်တော့မှ ကျေးဇူးတရားတွေကို မမေ့ပါဘူးခင်ဗျာ ကျနော်မေတ္တာရပ်ခံပါတယ် ဒုတိယအကြိမ် ဆိုတဲ့ ခွဲစိတ်မှုကြီးကို အောင်မြင်စွာခွဲစိတ် နိုင်ရန်အတွက် အလှူရှင် မိဘညီအကိုမောင် နှမများထံ ကလေးရဲ့ဖခင် ကျနော်ဦးထွန်းလင်းဦးမှ အကူညီတောင်းခံပါရစေ “ ဟု ၎င်းက ရေးသားထားသည်။
လှူဒါန်းလိုပါက KBZ BANK ACC 049 301 049 0038 2201 ၉/လဝန(နိုင်)၁၆၆၄၉၉ ဖြစ်ပြီး ဦး ထွန်းလင်းဦး 09781156910 ဆင်မင်းဘိလပ်မြေစက်ရုံ ကျောက်ဆည် ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျောက်ဆည်သား (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top