ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မထင္မွတ္ဘဲ အဆက္ေဟာင္းဆီက စာပို႕ဆက္သြယ္လာၿပီဆိုရင္ ဘာလုပ္ရမွန္းမသိ၊ဘယ္လိုျပန္တုံ႕ျပန္ရမွန္းမသိ ျဖစ္တတ္ၾကပါတယ္။သူတို႕မရွိရင္လည္း သင္တစ္ေယာက္တည္း ေနႏိုင္တယ္ဆိုတာ သူတို႕သိေအာင္ေျပာျပခ်င္တယ္ဆိုရင္ေတာ့ ေအာက္မွာေဖာ္ျပထားတဲ့ နည္းေလးေတြအတိုင္းစမ္းၾကည့္ႏိုင္ပါတယ္။

၁။ ရင့္က်က္ပါေစ

သင့္အဆက္ေဟာင္းနဲ႕ စကားအျပန္အလွန္ေျပာေနတာထက္ ငါကေတာ့ နင္နဲ႕ျပတ္ၿပီ ဆိုတဲ့စကားေလာက္ ရိုးရွင္းတဲ့စကားမရွိေတာ့ပါဘူး။အေရးအႀကီးဆံုးအခ်က္က သင့္ခ်စ္သူေဟာင္းနဲ႕စကားေျပာျဖစ္ခဲ့ရင္ေတာင္ သင္ဟာ သူမရွိလည္း ေအးေဆးေနႏိုင္သူျဖစ္ေအာင္ ေနျပပါ။ဒါေပမယ့္သိပ္ၿပီးေတာ့ အေရာတ၀င္စကားေျပာပါနဲဲ႕။

‘ ရည္စားေဟာင္းဆီက စာလာပို႕တယ္ဆိုရင္ေတာ့ သင္တို႕ဟာ ဇာတ္လမ္းျပန္စဖို႕ အေၾကာင္းမရွိဘူးဆိုတာ ေသခ်ာရွင္းရွင္းလင္းလင္း သိဖို႕လိုပါတယ္တစ္ခါတစ္ေလ ကၽြန္မရဲ႕ရည္းစားေဟာင္းက ပါတီေတြတက္ဖို႕ဖိတ္တက္တယ္ ဒီလိုအခ်ိန္ေတြမွာဆုိရင္ ကၽြန္မ ဘာမွျဖစ္မသြားဘူးဆိုတာ သူသိေအာင္ေနျပလိုက္တယ္’ ဟု တကၠဆက္ တကၠသိုလ္ေက်ာင္းသူတစ္ေယာက္က ေျပာပါတယ္။ေဒါသထြက္မိရင္ေတာ့ သင့္အမွားျဖစ္ပါလိမ့္မယ္။သင္တို႕ရဲ႕အတိတ္ကအေၾကာင္းေတြ ေမ့ထားႏိုင္ၿပီဆိုတာ သူတို႕သိေအာင္ေနျပရပါမယ္။

၂။ စကား ခပ္တိုတုိေျပာပါ

ေနာက္ထပ္တစ္နည္းကလည္း ရိုးရွင္္းပါတယ္။သူတို႕ကိုတုံ႕ျပန္တဲ့ခါ အေပၚယံသာဆက္ဆံပါ။ သိပ္ရင္းရင္းႏွီးႏွီးဆက္ဆံမိရင္ မေကာင္းပါဘူး။ဒီေတာ့ ေတာ္သင့္ရံုသာ စကားျပန္ေျပာသင့္ေပမယ့္ သိပ္အေရာမ၀င္ေစပဲ ဟန္ခ်က္ညီေအာင္ထိန္းဖို႕လိုပါတယ္။သူတို႕က စာပုိ႕ရင္ ေပါ့ေပါ့ပါးပါး ျဖစ္မယ့္စကားလံုးေတြနဲ႕ပဲ စာျပန္ပို႕သင့္ပါတယ္။ ဒါေပမယ့္ သူ႕ကိုသတိရေနေသးေၾကာင္း အရိပ္အေယာင္မျပမိပါေစနဲ႕။ သင္တို႕ျပန္ေပါင္းထုတ္ဖို႕ ဆႏၵမရွိေတာ့တာေသခ်ာရင္ေတာ့ အေကာင္းဆံုးနည္းက ခပ္ကင္းကင္းေနဖို႕ပါပဲ။သင္တို႕စကားေျပာျဖစ္တာလည္း သူငယ္ခ်င္းေတြစကားေျပာတဲ့အဆင့္ထက္မပိုဘူးဆိုတာ ေသခ်ာပါေစ။

၃။ ဟာသေျပာပါ

အဆက္ေဟာင္းဆီက စာပို႕တာ ဆိုးရြားတဲ့ကိစၥေတာ့မဟုတ္လွပါဘူး။သင္တို႕အခ်စ္ေရး လံုး၀ အဆံုးသတ္သြားခဲ့ၿပီဆိုရင္ ဒါကိုဟာသတစ္ခုလို႕မထင္မွတ္ႏိုင္စရာ အေၾကာင္းမရွိပါဘူး။ ‘ သူကကၽြန္မကို စိတ္ရူပ္ေထြးေအာင္ လာေႏွာင့္ယွက္ေနရင္ ကၽြန္မကလည္းဟာသတစ္ခုလို႕ မေတြးႏိုင္စရာမရွိပါဘူး ဒီေတာ့ ဂ်က္စတင္ဘီဘာရဲ႕ သီခ်င္းစာသားတစ္ခ်ိဳ႕ ျပန္ေရးပို႕လိုက္တယ္’ လို႕တကၠသိုလ္ေက်ာင္းသူေလးျဖစ္တဲ့ ရီစ္ဟာဒင္ ကသူမရဲ႕အေတြ႕အႀကံဳကို ေ၀မွ်ခဲ့ပါတယ္။

တစ္ခါတစ္ေလမွာေတာ့ ဟာသေတြဟာ အေျခေနတစ္ခုကို အေကာင္းဖက္ကို တြန္းပို႕ေစႏိုင္ပါတယ္။သင္ဟာ ခ်စ္သူေဟာင္း ေၾကာင့္ ထပ္ၿပီးမနာက်င္ေတာ့ဘူးဆိုရင္ေတာ့ ဒီလိုအေျခေနေတြကို သိပ္ၿပီးအေလးနက္ထားေနစရာမလိုပါဘူး။

၄။ မတုံ႕ျပန္ပါနဲ႕

ေနာက္ဆံုးနည္းေလးကေတာ့ အဆက္ေဟာင္းကပို႕လာတဲ့စာကို ျပန္မတံု႕ျပန္ပါနဲ႕။မျပက္မသား ခံစားခ်က္ေတြက ဒီျပႆနာကို မေျဖရွင္းႏိုင္ပါဘူး။သင့္အတြက္ မေကာင္းေတာ့တဲ့ လူတစ္ေယာက္နဲ႕ဆက္သြယ္တာက ပိုေကာင္းလာစရာမရွိပါဘူး။အေကာင္းဆံုးကေတာ့ သူတို႕ကို သင့္ဘ၀ကေနအၿပီးအပိုင္ ထုတ္ပစ္လိုက္ဖို႕ပါပဲ။ဒီေတာ့ အေကာင္းဆံုးက ခ်စ္သူေဟာင္းဆီက မထင္မွတ္ပဲ စာပုိ႕လာရင္ ျပန္ပို႕ၿပီး သူတို႕ကိုမေမ့ႏိုင္ေသးဘူးဆိုတာ ျပမေနသင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးစက္ေလး (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
မထင်မှတ်ဘဲ အဆက်ဟောင်းဆီက စာပို့ဆက်သွယ်လာပြီဆိုရင် ဘာလုပ်ရမှန်းမသိ၊ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိ ဖြစ်တတ်ကြပါတယ်။သူတို့မရှိရင်လည်း သင်တစ်ယောက်တည်း နေနိုင်တယ်ဆိုတာ သူတို့သိအောင်ပြောပြချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ နည်းလေးတွေအတိုင်းစမ်းကြည့်နိုင်ပါတယ်။

၁။ ရင့်ကျက်ပါစေ

သင့်အဆက်ဟောင်းနဲ့ စကားအပြန်အလှန်ပြောနေတာထက် ငါကတော့ နင်နဲ့ပြတ်ပြီ ဆိုတဲ့စကားလောက် ရိုးရှင်းတဲ့စကားမရှိတော့ပါဘူး။အရေးအကြီးဆုံးအချက်က သင့်ချစ်သူဟောင်းနဲ့စကားပြောဖြစ်ခဲ့ရင်တောင် သင်ဟာ သူမရှိလည်း အေးဆေးနေနိုင်သူဖြစ်အောင် နေပြပါ။ဒါပေမယ့်သိပ်ပြီးတော့ အရောတဝင်စကားပြောပါနဲ့။

‘ ရည်စားဟောင်းဆီက စာလာပို့တယ်ဆိုရင်တော့ သင်တို့ဟာ ဇာတ်လမ်းပြန်စဖို့ အကြောင်းမရှိဘူးဆိုတာ သေချာရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်တစ်ခါတစ်လေ ကျွန်မရဲ့ရည်းစားဟောင်းက ပါတီတွေတက်ဖို့ဖိတ်တက်တယ် ဒီလိုအချိန်တွေမှာဆိုရင် ကျွန်မ ဘာမှဖြစ်မသွားဘူးဆိုတာ သူသိအောင်နေပြလိုက်တယ်’ ဟု တက္ကဆက် တက္ကသိုလ်ကျောင်းသူတစ်ယောက်က ပြောပါတယ်။ဒေါသထွက်မိရင်တော့ သင့်အမှားဖြစ်ပါလိမ့်မယ်။သင်တို့ရဲ့အတိတ်ကအကြောင်းတွေ မေ့ထားနိုင်ပြီဆိုတာ သူတို့သိအောင်နေပြရပါမယ်။

၂။ စကား ခပ်တိုတိုပြောပါ

နောက်ထပ်တစ်နည်းကလည်း ရိုးရှင်းပါတယ်။သူတို့ကိုတုံ့ပြန်တဲ့ခါ အပေါ်ယံသာဆက်ဆံပါ။ သိပ်ရင်းရင်းနှီးနှီးဆက်ဆံမိရင် မကောင်းပါဘူး။ဒီတော့ တော်သင့်ရုံသာ စကားပြန်ပြောသင့်ပေမယ့် သိပ်အရောမဝင်စေပဲ ဟန်ချက်ညီအောင်ထိန်းဖို့လိုပါတယ်။သူတို့က စာပို့ရင် ပေါ့ပေါ့ပါးပါး ဖြစ်မယ့်စကားလုံးတွေနဲ့ပဲ စာပြန်ပို့သင့်ပါတယ်။ ဒါပေမယ့် သူ့ကိုသတိရနေသေးကြောင်း အရိပ်အယောင်မပြမိပါစေနဲ့။ သင်တို့ပြန်ပေါင်းထုတ်ဖို့ ဆန္ဒမရှိတော့တာသေချာရင်တော့ အကောင်းဆုံးနည်းက ခပ်ကင်းကင်းနေဖို့ပါပဲ။သင်တို့စကားပြောဖြစ်တာလည်း သူငယ်ချင်းတွေစကားပြောတဲ့အဆင့်ထက်မပိုဘူးဆိုတာ သေချာပါစေ။

၃။ ဟာသပြောပါ

အဆက်ဟောင်းဆီက စာပို့တာ ဆိုးရွားတဲ့ကိစ္စတော့မဟုတ်လှပါဘူး။သင်တို့အချစ်ရေး လုံး၀ အဆုံးသတ်သွားခဲ့ပြီဆိုရင် ဒါကိုဟာသတစ်ခုလို့မထင်မှတ်နိုင်စရာ အကြောင်းမရှိပါဘူး။ ‘ သူကကျွန်မကို စိတ်ရူပ်ထွေးအောင် လာနှောင့်ယှက်နေရင် ကျွန်မကလည်းဟာသတစ်ခုလို့ မတွေးနိုင်စရာမရှိပါဘူး ဒီတော့ ဂျက်စတင်ဘီဘာရဲ့ သီချင်းစာသားတစ်ချို့ ပြန်ရေးပို့လိုက်တယ်’ လို့တက္ကသိုလ်ကျောင်းသူလေးဖြစ်တဲ့ ရီစ်ဟာဒင် ကသူမရဲ့အတွေ့အကြုံကို ဝေမျှခဲ့ပါတယ်။

တစ်ခါတစ်လေမှာတော့ ဟာသတွေဟာ အခြေနေတစ်ခုကို အကောင်းဖက်ကို တွန်းပို့စေနိုင်ပါတယ်။သင်ဟာ ချစ်သူဟောင်း ကြောင့် ထပ်ပြီးမနာကျင်တော့ဘူးဆိုရင်တော့ ဒီလိုအခြေနေတွေကို သိပ်ပြီးအလေးနက်ထားနေစရာမလိုပါဘူး။

၄။ မတုံ့ပြန်ပါနဲ့

နောက်ဆုံးနည်းလေးကတော့ အဆက်ဟောင်းကပို့လာတဲ့စာကို ပြန်မတုံ့ပြန်ပါနဲ့။မပြက်မသား ခံစားချက်တွေက ဒီပြဿနာကို မဖြေရှင်းနိုင်ပါဘူး။သင့်အတွက် မကောင်းတော့တဲ့ လူတစ်ယောက်နဲ့ဆက်သွယ်တာက ပိုကောင်းလာစရာမရှိပါဘူး။အကောင်းဆုံးကတော့ သူတို့ကို သင့်ဘဝကနေအပြီးအပိုင် ထုတ်ပစ်လိုက်ဖို့ပါပဲ။ဒီတော့ အကောင်းဆုံးက ချစ်သူဟောင်းဆီက မထင်မှတ်ပဲ စာပို့လာရင် ပြန်ပို့ပြီး သူတို့ကိုမမေ့နိုင်သေးဘူးဆိုတာ ပြမနေသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးစက်လေး (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top