×

ဒီေန႔ဟာ မိုးေန႔ပါပဲ။ ကြ်န္မ ျပတင္းအျပင္ကို
ထိုင္ေငးေနတာေပါ့။ ကြ်န္မတစ္ကိုယ္တည္း အထီးက်န္ေလ။ ကြ်န္မ ဘယ္လိုလုပ္ရပါ့မလဲ။
ခုလိုပဲ အထီးက်န္ေနရင္ ကြ်န္မေတြးေတာ ေခ်ာက္ခ်ားရၿမဲပါ။ လူလူသူသူေတြနဲ႔
ေတြ႕တဲ့အခါမွာ ကြ်န္မ ခံစားေနရတာေတြကို ဖြင့္ဟဖို႔ မေတြးပါဘူး။ ကြ်န္မ လူေတြကို ေၾကာက္ေနပါတယ္။

ကြ်န္မဟာ ေရာဂါသည္ တစ္ေယာက္။
က်န္းမာေရး မေကာင္းတဲ့သူ တစ္ေယာက္ဆိုတာ ဘယ္သူမွ မသိေစခ်င္ပါဘူး။ ကြ်န္မတို႔ရဲ႕
ေျခ၊ လက္၊ ခႏၶာကိုယ္တို႔ဟာ ေရာင္ကိုင္းကိုင္း ျဖစ္ေနတာမို႔ အကၤ်ီ အဝတ္အစား
ဖားဖားလ်ားလ်ား ႀကီးေတြကို အၿမဲဝတ္ရပါတယ္။ လူမသိေအာင္ ဆိုပါေတာ့။ ဒါေပမဲ့ ခဏခဏ
ေနမေကာင္း ျဖစ္ေနေတာ့ ဆရာဝန္ဆီလည္း မၾကာမၾကာ ေရာက္ရတာေပါ့။

အဲဒီအခါ ရပ္ကြက္ထဲကလည္း သံသယ ရွိလာ
မိၾကတာေပါ့ေလ။ အရင္တုန္းက ကြ်န္မဟာ က်န္းက်န္းမာမာ ဖြံ႕ဖြံ႕ ၿဖိဳးၿဖိဳး မဟုတ္လား။
ေနမေကာင္း ျဖစ္ကတည္းက ကြ်န္မ ပိန္သြားတာ သိပ္သိသာပါတယ္။ တခ်ဳိ႕ကေတာ့
စပ္စုတာေပါ့ေလ။ ဒါေပမဲ့ ကြ်န္မ “ေက်ာက္ကပ္ မေကာင္းရတဲ့ အထဲ ယားဖုေတြလည္း
ေပါက္ေနတယ္” လို႔ပဲ ဖံုးဖိ ေျပာေနရတာေပါ့။ တခ်ဳိ႕ကေတာ့ ကြ်န္မကို ဘာမွ
မေမးၾကပါဘူး။ ဒါေပမဲ့ သူတို႔ မ်က္လံုးေတြက စကားေျပာ ပါတယ္။ ကြ်န္မကို မယံုသကၤာ
ၾကည့္ပါတယ္။ ၿပီးေတာ့ ကၽြန္မ အေၾကာင္း တီးတိုး တီးတိုး သဖန္းပိုး လုပ္ေနပံုပါပဲ။ ကြ်န္မ
သိသလိုပဲ။ သူတို႔ ကြ်န္မအေၾကာင္း သိေနၿပီလို႔။ သူတို႔ အဲသလို ကြ်န္မကို ၾကည့္ၾက။
အကဲခတ္ၾကတာဟာ ကြ်န္မအေၾကာင္း သူတို႔ စဥ္းစာ ေနၾကလို႔ပဲ ျဖစ္မွာေပါ့။

ကြ်န္မအျဖစ္ကို ဘယ္သူ႔မွ
ဖြင့္မေျပာႏိုင္ပါဘူးရွင္။ ကြ်န္မ ဖြင့္ေျပာရင္လည္း သူတို႔ ကြ်န္မကို သတီၾကေတာ့မွာ မဟုတ္ဘူး။ ကြ်န္မဟာ

လူ႔ အသိုင္းအဝိုင္းရဲ႕ ဆူးေျငာင့္ ခလုတ္ပါပဲေလ။ အထူးသျဖင့္ ကြ်န္မ
မိသားစုအတြက္လည္း ကြ်န္မ
မခ်ိပါဘူး။ ကြ်န္မေၾကာင့္ မိသားစုပါ ပတ္ဝန္းက်င္ရဲ႕ ဆူးေျငာင့္ခလုတ္
ျဖစ္မွာ ကြ်န္မ မလိုလားဘူး။ ခုေတာ့ ကြ်န္မဟာ ပတ္ဝန္းက်င္နဲ႔ အဆက္အဆံ မရွိေအာင္
ေနေနရပါၿပီရွင္။

ဒီလိုနဲ႔ ကြ်န္မရဲ႕ လွ်ဳိ႕ဝွက္ခ်က္ေတြ
မိသားစုကို ဖြင့္ေျပာ ရပါေတာ့တယ္။ ၾကာရွည္ဖံုးထားလို႔ မရေတာ့ ဘူးေလ။ ကြ်န္မရဲ႕
ညီမနဲ႔ ေမာင္ငယ္ေလးဆိုတာ ဝမ္းနည္း လိုက္ၾကတာ။ မေျပာပါ နဲ႔ေတာ့။ ကြ်န္မရဲ႕
မိဘေတြကေတာ့ စိုးရိမ္ပူပန္ ၾကတာေပါ့။ ကြ်န္မကေတာ့ အေဖတို႔၊ အေမတို႔ကို ေျပာပါတယ္။
“ေသျခင္းတရားဆိုတာ လူ႔ဘဝမွာ ျဖစ္ၿမဲပါပဲ။ ေသမင္းက ကိုယ့္ဆီ ျမန္ျမန္လာမွာနဲ႔
ျဖည္းျဖည္း လာမွာပဲ ကြာပါတယ္” လို႔။ ဒီေတာ့လည္း အေဖတို႔၊ အေမတို႔ ခမ်ာ
စိတ္နည္းနည္း သက္သာရာရ သြားရွာၾကပါရဲ႕ေလ။

ဒီေနာက္ပိုင္း ကြ်န္မ မိသားစုနဲ႔ ကြ်န္မၾကားမွာ
နားလည္မႈ ပိုမ်ားလာပါတယ္။ ေမွ်ာ္လင့္ခ်က္ ကိုယ္စီ ထားႏိုင္ လာၾကပါတယ္။ ကြ်န္မကေတာ့
သိပၸံပညာရွင္ေတြ၊ ေဆးဝါး ကြ်မ္းက်င္သူေတြ၊ ဆရာဝန္ေတြကို အႀကီးအက်ယ္ ေမွ်ာ္လင့္ ေနခဲ့ပါတယ္။
သူတို႔ဟာ မၾကာမတင္မွာပဲ
AIDS ေရာဂါႀကီးကို လံုးဝ ကာကြယ္ တားဆီးႏိုင္တဲ့ ေဆးကို ရွာေဖြ ေတြ႕ရွိၾကေတာ့မယ္
ရယ္လို႔ပါပဲ။ အဲဒီေန႔ကို ကြ်န္မ ေစာင့္ေမွ်ာ္ ေနပါတယ္ရွင္.....။

ကြ်န္မ ကိုယ့္ကိုယ္ကို သတ္ေသဖို႔
စဥ္းစားပါေသးတယ္။ ဒါေပမဲ့ အေဖတို႔၊ အေမတို႔၊ ညီမေလး၊ ေမာင္ေလးတို႔ကို သနားတယ္။
ၿပီးေတာ့ ကြ်န္မလို ေဝဒနာ ခံစားေနရတဲ့ အေပါင္းအသင္း တခ်ဳိ႕ကလည္း “ကိုယ့္ကိုယ္ကို
ေသေၾကာင္း ႀကံတယ္ဆိုတာ သူမ်ားကို သတ္တာထက္ေတာင္ အျပစ္ႀကီးတယ္။ ဒါေၾကာင့္ တို႔ေတာ့
ေသေၾကာင္း ႀကံစည္ဖို႔ ဘယ္ေတာ့မွ မစဥ္းစားဘူး” လို႔ ေျပာၾကပါတယ္။ ဒါေၾကာင့္
ကြ်န္မလည္း ကိုယ့္ကိုယ္ကို ေသေၾကာင္း ႀကံစည္ဖို႔ မစဥ္းစားေတာ့ဘဲ အသက္ပိုၿပီး
ရွည္ရွည္ ေနရဖို႔ကိုသာ ေမွ်ာ္လင့္ ေနပါေတာ့တယ္။

ကြ်န္မဟာ Phuen Keaw ဆိုတဲ့ AIDS ေဝဒနာရွင္မ်ား
ကူညီေစာင့္ေရွာက္ေရး အသင္းကိုလည္း သြားပါတယ္။ အဲဒီမွာ တာဝန္ရွိသူေတြ၊ ဆရာဝန္၊
ဆရာမေတြ၊ သူနာျပဳေတြဟာ အရမ္း သေဘာေကာင္းၾကတာပဲ။ လႈပ္ရွားမႈ အမ်ဳိးမ်ဳိးကိုလည္း
လုပ္ေပးၾကတယ္။ သူတို႔ဟာ သိပ္ၾကင္နာတယ္။ နားလည္မႈ ရွိတယ္။

ကြ်န္မအေၾကာင္း ေျပာျပရဦးမယ္။
၁၉၈၉ ခုႏွစ္ေလာက္မွာ ကြ်န္မဟာ ဗန္ေကာက္မွာ အလုပ္လုပ္ ခဲ့ပါတယ္။
သူငယ္ခ်င္းတစ္ေယာက္နဲ႔ ေနပါတယ္။ သူငယ္ခ်င္းေတြ ရလာတယ္။ သူတို႔ဟာ “ေမာင္မစၥက”ေတြပါ။ အေနၾကာလာေတာ့လည္း ေရာေရာဝင္ဝင္ ေနမိရာကေန ကြ်န္မ သူတို႔နဲ႔ ပေရာပရီျဖစ္ခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ အစိုးရကလည္း AIDS
ေရာဂါဆိုးႀကီးကို ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္လို႔ လႈံေဆာ္ေရးေတြ အရမ္း လုပ္ေနပါၿပီ။
ဒါေၾကာင့္ ကြ်န္မ “ကြန္ဒံုး” အၿမဲသံုးတယ္။ သံုးလတႀကိမ္ ေဆးစစ္တယ္။ ေသြးစစ္တယ္။ ကြ်န္မ
အၿမဲပဲ ေဆးေအာင္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီေရာဂါဆိုးနဲ႔ ပတ္သက္ၿပီး ကြ်န္မကိုယ္ ကြ်န္မ
ယံုၾကည္တယ္။ ဒီေတာ့လည္း ဂ႐ုမစိုက္္ခ်င္သလို ျဖစ္လာတယ္ေပါ့ေလ။ အဲဒီမွာတင္ ကြ်န္မ
လူတစ္ေယာက္နဲ႔ တကယ္ပဲ ခ်စ္ခဲ့ မိပါေတာ့တယ္။

အဲဒီ တစ္ေယာက္ေသာ သူနဲ႔ပဲ
အတူေနသြားၾကဖို႔ ကြ်န္မ ဆံုးျဖတ္ လိုက္ပါတယ္။ ဒါေၾကာင့္ ကြ်န္မတို႔ ေသြး သြားစစ္ခဲ့ပါတယ္။ႏွစ္ေယာက္စလံုး ေဆးေအာင္ ၾကပါတယ္။ ကြ်န္မ ဘယ္ေလာက္ ေပ်ာ္ခဲ့ ရပါသလဲရွင္။ ကြ်န္မသိပါတယ္။သူဟာ သိပ္သစၥာရွိတယ္။ သူကလည္း ကြ်န္မကို ခ်စ္ကတိေတြ အမ်ဳိးမ်ဳိး ေပးခဲ့ပါတယ္။
သူ႔ဘဝမွာ ကြ်န္မဟာ တစ္ဦးတည္းေသာ ခ်စ္သူပါတဲ့။ ကြ်န္မတို႔ ကြန္ဒံုး မသံုးၾကေတာ့ ဘူးေပါ့။

၁၉၉၃ ခုႏွစ္က်ေတာ့ သူေရာ၊ ကြ်န္မပါ
ခဏခဏ ဖ်ားနာၾကပါတယ္။ ကိုယ္အေလးခ်ိန္ ေတြလည္း က်လာပါေရာ။ ခဏခဏ ဝမ္းေလွ်ာ ပါတယ္။
ဒါနဲ႔ ကြ်န္မတို႔ ဆရာဝန္ သြားျပၾကေတာ့ သူက ေသြးစစ္ပါတယ္။ အလို ကြ်န္မတို႔
ႏွစ္ေယာက္ ေဆးမေအာင္ ၾကေတာ့ပါလား။ ကြ်န္မ အႀကီးအက်ယ္ ေခ်ာက္ခ်ား သြားရပါၿပီ။
ဘယ့္ႏွယ့္ လုပ္ၿပီး ဒီေရာဂါ ကြ်န္မကို ကူးစက္ခဲ့သလဲ။ ကြ်န္မဟာ ခ်စ္သူ
တစ္ေယာက္နဲ႔သာ အခ်ိန္အၾကာႀကီး တြဲေနခဲ့ပါၿပီ။ သူူဟာ ကြ်န္မအေပၚ အလြန္သစၥာရွိသူ
မဟုတ္လား။

ေနာက္ဆံုးေတာ့ ကြ်န္မ ခ်စ္သူက ဝန္ခ်ေတာင္းပန္ ေတာ့တာပါပဲ။ သူ မ်က္ရည္ေတြ က်ရွာပါတယ္။ သူကေျပာတယ္။ သူဟာ ကြ်န္မနဲ႔အတူေနစဥ္ ကာလမွာပဲ တျခားမိန္းမေတြနဲ႔ ပေရာပရီ ေနခဲ့ပါ သတဲ့ရွင္။ အကာအကြယ္ေတြ ဘာေတြမလုပ္ဘူးလားဆိုေတာ့လည္း အဲဒီအခ်ိန္ေတြတုန္းက သူဟာ အရက္ မူး ေနလို႔ပါတဲ့။

အဲဒီကတည္းက ကြ်န္မ သူနဲ႔အတူ မေနေတာ့ဘူးလို႔
ဆံုးျဖတ္လိုက္ပါတယ္။ ခ်စ္တာကေတာ့ ခ်စ္တုန္းပါပဲေလ။ ဒါေပမဲ့ ကြ်န္မ သူ႔ကိုစိတ္ဆိုးတယ္။
ေဒါသျဖစ္တယ္။ ကြ်န္မ အမ်ဳိးမ်ဳိး စဥ္းစားပါတယ္။ သူလည္းေလ ကြ်န္မလိုပဲ ေနမွာေပါ့။

သူကြ်န္မကို ခ်စ္ေနတုန္းပဲေနမွာပါ။ သူလည္း ဝမ္းနည္းပူေဆြး ေနရမွာပါ။ ဒါေပမဲ့ ကြ်န္မ သူနဲ႔ ဆက္ဆံေရးကိုရပ္ရပါတယ္။ အဲဒီကတည္းက ကြ်န္မ ဘယ္သူနဲ႔မွ ပေရာပရီ မလုပ္ေတာ့ပါဘူး။ ကြ်န္မကိုယ္ ကြ်န္မလည္းေသေသခ်ာခ်ာ သံုးသပ္ ေလ့လာႏိုင္ပါၿပီ။ စဥ္းစား ဆံုးျဖတ္ ႏိုင္ခဲ့ပါၿပီ။

ခ်ဴလာေဆး႐ံုမွာ ကြ်န္မ အၿမဲတမ္းျပသပါတယ္။ ကြ်န္မရဲ႕ ခႏၶာကိုယ္ဟာ ပိုမို ႀကံဳလွီ လာပါတယ္။ ဖ်ားနာတာ၊
ေခါင္းကိုက္တာ၊ ေမာပန္း ႏြမ္းနယ္တာလည္း အရမ္းပါပဲ။ ေဆး႐ံု ကေတာ့ AIDS ေရာဂါကို
ဟန္႔တားတဲ့ ေဆးေတြ အခမဲ့ ေပးပါတယ္။

ဗန္ေကာက္မွာ ေနတုန္းမွာပဲ ၁၉၉၇
ခုႏွစ္၊ စီးပြားေရး ကပ္ႀကီးနဲ႔ ႀကံဳရ ပါေတာ့တယ္။ ကြ်န္မဝင္ေငြ က်ဆင္းသြားပါတယ္။
ကြ်န္မ ဆံပင္ညႇပ္ဆိုင္ ဖြင့္ရပါတယ္။ အခန္းငွားခက တက္လာတယ္။ အစိုးရမွာလည္း
စီးပြားေရးကပ္ႀကီးနဲ႔ ႀကံဳေနေတာ့ အရင္လို AIDS ေဆးေတြ အခမဲ့ မေပးႏိုင္ေတာ့ပါဘူး။
ဒါေပမဲ့ ကြ်န္မ ရသမွ် ဝင္ေငြနဲ႔ ကာကြယ္ေဆးေတြ ဝယ္ေသာက္ ခဲ့ပါတယ္။

ဒီလိုနဲ႔ပဲ ကြ်န္မ
ကိုယ့္ရပ္ကိုယ့္ရြာ ျပန္ခဲ့ ပါေတာ့တယ္။ ဒါေပမဲ့ ပထမေတာ့ ကြ်န္မရဲ႕ အေျခအေနကို
ဖြင့္မေျပာခဲ့ပါဘူး။ စုေဆာင္းထားတဲ့ ေငြကေလးနဲ႔ပဲ ခ်င္းမိုင္ ေဆး႐ံုမွာ က်ိတ္ၿပီး
ကုသခဲ့ပါတယ္။ ရပ္ရြာနဲ႔လည္း ကိုယ္ေယာင္ ေဖ်ာက္ေနခဲ့ပါတယ္။ ကြ်န္မမွာ ရွိတဲ့ေငြဟာ
ကြ်န္မ ေဆးကုဖို႔ပဲ ေပါ့ေလ။

အခုေတာ့ ကြ်န္မဟာ က်န္းမာေရး
အာမခံကတ္ျပားလည္း လုပ္လိုက္ပါၿပီ။ လန္းပန္းေဆး႐ံုရဲ႕ ကူညီမႈကိုလည္း ၁၉၉၉
ခုႏွစ္ကတည္းက ရရွိေနခဲ့ပါၿပီ။

ကြ်န္မဟာ လူေကာင္း တစ္ေယာက္လို
သာမန္လူ တစ္ေယာက္လို ေနႏိုင္ဖို႔ ႀကိဳးစား ခဲ့ပါၿပီ။ ျဖစ္ရာဘဝမွာ ေက်နပ္ ေပ်ာ္ရႊင္ေအာင္လည္း
ေနတတ္ ႏိုင္လာပါၿပီ။ ေနမေကာင္း ထိုင္မသာ ျဖစ္လာတဲ့ အခါေတြတင္ မကပါဘူး။ ကြ်န္မဟာ အၿမဲလိုလို
ပံုမွန္ ေဆးကုသ ခံေနပါၿပီ။ ဆရာဝန္ေတြရဲ႕ လမ္းညႊန္ခ်က္ ေတြကိုလည္း လုိက္နာေနပါၿပီ။
ရြာမွာ ဆံပင္ညႇပ္ ဆိုင္ေလး ဖြင့္ထားလို႔လည္း ဝင္ေငြကေလး ရွိေနပါၿပီ။ ၿပီးေတာ့
လန္းပန္း ေဆး႐ံုက ဖြင့္လွစ္တဲ့ Pnuan Keaw ကလပ္မွာလည္း လူမႈေရး ကိစၥေတြ ေဆာင္ရြက္ေန ပါၿပီ။ေရာဂါ သည္ မိတ္ေဆြေတြနဲ႔ အက်ဳိးတူ ပူးေပါင္းၿပီး အက်ဳိးျပဳ လုပ္ငန္းေတြလည္း
လုပ္ေနပါၿပီ။ “သကၠရာဇ္ ၂၀၀၀ မွာ လူတိုင္းက်န္းမာ” ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ ကေလးနဲ႔ေပါ့။

အဂၤလိပ္
စကားတြင္ “I, You" (ကြ်ႏု္ပ္ႏွင့္သင္) ဆိုၿပီးေတာ့ သံုးစြဲ႐ုိး ရွိေသာ္လည္း
ကြ်န္ေတာ္က ဘာသာျပန္ေသာအခါ ပထမနာမ္စားကို “ကြ်န္မ” ဟုပင္သံုး ပါသည္။ ေရး သူ ကေမာင္မစၥက ျဖစ္ေနေသာေၾကာင့္ ျဖစ္ပါသည္။ သူသည္လည္း စာေရးေကာင္းသူ တစ္ေယာက္သာျဖစ္ပါ သည္။ သူ႔ဘဝ သူ ေဖာ္က်ဴးရာ၌ အဖြဲ႕အႏြဲ႕ ကေလးမ်ား ပါဝင္ေနတာ ေတြ႕ရပါသည္။ သူသည္
စိတ္ကူးယဥ္လည္း ဆန္ပါသည္။ သူ၏ အထက္ပါ ကိုယ္ေရးမွတ္တမ္း ေလးကို ကဗ်ာတစ္ပုဒ္ျဖင့္
ခံစားၾကည့္ၾကပါေတာ့ ....။
-
အတိတ္ကို ျပန္သြားမယ္ဆိုရင္ေတာ့
-
ကိုယ့္ အျပစ္ေတြကို ျပန္လည္ ေဆးေၾကာမယ္ ဆိုရင္ေပါ့
-
အေကာင္းဆံုးကေတာ့ HIV ပိုး ကင္းသူ ျဖစ္သင့္တာေပါ့....။
-
ခ်စ္သူကို လံုးလံုးႀကီး မယံုၾကည္ လိုက္ပါနဲ႔ .....
-
ပံုၿပီးခ်စ္လိုက္မယ္ဆိုလည္း AIDS သူငယ္ခ်င္းကို သတိထားကြယ္။
-
တေန႔ကေလးမွားတာနဲ႔
ေသမင္းက ျမန္ျမန္လာမွာကြယ့္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yawyawthamamwe

#Unicode Version#
ဒီနေ့ဟာ မိုးနေ့ပါပဲ။ ကျွန်မ ပြတင်းအပြင်ကို
ထိုင်ငေးနေတာပေါ့။ ကျွန်မတစ်ကိုယ်တည်း အထီးကျန်လေ။ ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ။
ခုလိုပဲ အထီးကျန်နေရင် ကျွန်မတွေးတော ချောက်ချားရမြဲပါ။ လူလူသူသူတွေနဲ့
တွေ့တဲ့အခါမှာ ကျွန်မ ခံစားနေရတာတွေကို ဖွင့်ဟဖို့ မတွေးပါဘူး။ ကျွန်မ လူတွေကို ကြောက်နေပါတယ်။

ကျွန်မဟာ ရောဂါသည် တစ်ယောက်။
ကျန်းမာရေး မကောင်းတဲ့သူ တစ်ယောက်ဆိုတာ ဘယ်သူမှ မသိစေချင်ပါဘူး။ ကျွန်မတို့ရဲ့
ခြေ၊ လက်၊ ခန္ဓာကိုယ်တို့ဟာ ရောင်ကိုင်းကိုင်း ဖြစ်နေတာမို့ အင်္ကျီ အဝတ်အစား
ဖားဖားလျားလျား ကြီးတွေကို အမြဲဝတ်ရပါတယ်။ လူမသိအောင် ဆိုပါတော့။ ဒါပေမဲ့ ခဏခဏ
နေမကောင်း ဖြစ်နေတော့ ဆရာဝန်ဆီလည်း မကြာမကြာ ရောက်ရတာပေါ့။

အဲဒီအခါ ရပ်ကွက်ထဲကလည်း သံသယ ရှိလာ
မိကြတာပေါ့လေ။ အရင်တုန်းက ကျွန်မဟာ ကျန်းကျန်းမာမာ ဖွံ့ဖွံ့ ဖြိုးဖြိုး မဟုတ်လား။
နေမကောင်း ဖြစ်ကတည်းက ကျွန်မ ပိန်သွားတာ သိပ်သိသာပါတယ်။ တချို့ကတော့
စပ်စုတာပေါ့လေ။ ဒါပေမဲ့ ကျွန်မ “ကျောက်ကပ် မကောင်းရတဲ့ အထဲ ယားဖုတွေလည်း
ပေါက်နေတယ်” လို့ပဲ ဖုံးဖိ ပြောနေရတာပေါ့။ တချို့ကတော့ ကျွန်မကို ဘာမှ
မမေးကြပါဘူး။ ဒါပေမဲ့ သူတို့ မျက်လုံးတွေက စကားပြော ပါတယ်။ ကျွန်မကို မယုံသင်္ကာ
ကြည့်ပါတယ်။ ပြီးတော့ ကျွန်မ အကြောင်း တီးတိုး တီးတိုး သဖန်းပိုး လုပ်နေပုံပါပဲ။ ကျွန်မ
သိသလိုပဲ။ သူတို့ ကျွန်မအကြောင်း သိနေပြီလို့။ သူတို့ အဲသလို ကျွန်မကို ကြည့်ကြ။
အကဲခတ်ကြတာဟာ ကျွန်မအကြောင်း သူတို့ စဉ်းစာ နေကြလို့ပဲ ဖြစ်မှာပေါ့။

ကျွန်မအဖြစ်ကို ဘယ်သူ့မှ
ဖွင့်မပြောနိုင်ပါဘူးရှင်။ ကျွန်မ ဖွင့်ပြောရင်လည်း သူတို့ ကျွန်မကို သတီကြတော့မှာ မဟုတ်ဘူး။ ကျွန်မဟာ

လူ့ အသိုင်းအဝိုင်းရဲ့ ဆူးငြောင့် ခလုတ်ပါပဲလေ။ အထူးသဖြင့် ကျွန်မ
မိသားစုအတွက်လည်း ကျွန်မ
မချိပါဘူး။ ကျွန်မကြောင့် မိသားစုပါ ပတ်ဝန်းကျင်ရဲ့ ဆူးငြောင့်ခလုတ်
ဖြစ်မှာ ကျွန်မ မလိုလားဘူး။ ခုတော့ ကျွန်မဟာ ပတ်ဝန်းကျင်နဲ့ အဆက်အဆံ မရှိအောင်
နေနေရပါပြီရှင်။

ဒီလိုနဲ့ ကျွန်မရဲ့ လျှို့ဝှက်ချက်တွေ
မိသားစုကို ဖွင့်ပြော ရပါတော့တယ်။ ကြာရှည်ဖုံးထားလို့ မရတော့ ဘူးလေ။ ကျွန်မရဲ့
ညီမနဲ့ မောင်ငယ်လေးဆိုတာ ဝမ်းနည်း လိုက်ကြတာ။ မပြောပါ နဲ့တော့။ ကျွန်မရဲ့
မိဘတွေကတော့ စိုးရိမ်ပူပန် ကြတာပေါ့။ ကျွန်မကတော့ အဖေတို့၊ အမေတို့ကို ပြောပါတယ်။
“သေခြင်းတရားဆိုတာ လူ့ဘဝမှာ ဖြစ်မြဲပါပဲ။ သေမင်းက ကိုယ့်ဆီ မြန်မြန်လာမှာနဲ့
ဖြည်းဖြည်း လာမှာပဲ ကွာပါတယ်” လို့။ ဒီတော့လည်း အဖေတို့၊ အမေတို့ ခမျာ
စိတ်နည်းနည်း သက်သာရာရ သွားရှာကြပါရဲ့လေ။

ဒီနောက်ပိုင်း ကျွန်မ မိသားစုနဲ့ ကျွန်မကြားမှာ
နားလည်မှု ပိုများလာပါတယ်။ မျှော်လင့်ချက် ကိုယ်စီ ထားနိုင် လာကြပါတယ်။ ကျွန်မကတော့
သိပ္ပံပညာရှင်တွေ၊ ဆေးဝါး ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေကို အကြီးအကျယ် မျှော်လင့် နေခဲ့ပါတယ်။
သူတို့ဟာ မကြာမတင်မှာပဲ
AIDS ရောဂါကြီးကို လုံးဝ ကာကွယ် တားဆီးနိုင်တဲ့ ဆေးကို ရှာဖွေ တွေ့ရှိကြတော့မယ်
ရယ်လို့ပါပဲ။ အဲဒီနေ့ကို ကျွန်မ စောင့်မျှော် နေပါတယ်ရှင်.....။

ကျွန်မ ကိုယ့်ကိုယ်ကို သတ်သေဖို့
စဉ်းစားပါသေးတယ်။ ဒါပေမဲ့ အဖေတို့၊ အမေတို့၊ ညီမလေး၊ မောင်လေးတို့ကို သနားတယ်။
ပြီးတော့ ကျွန်မလို ဝေဒနာ ခံစားနေရတဲ့ အပေါင်းအသင်း တချို့ကလည်း “ကိုယ့်ကိုယ်ကို
သေကြောင်း ကြံတယ်ဆိုတာ သူများကို သတ်တာထက်တောင် အပြစ်ကြီးတယ်။ ဒါကြောင့် တို့တော့
သေကြောင်း ကြံစည်ဖို့ ဘယ်တော့မှ မစဉ်းစားဘူး” လို့ ပြောကြပါတယ်။ ဒါကြောင့်
ကျွန်မလည်း ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ဖို့ မစဉ်းစားတော့ဘဲ အသက်ပိုပြီး
ရှည်ရှည် နေရဖို့ကိုသာ မျှော်လင့် နေပါတော့တယ်။

ကျွန်မဟာ Phuen Keaw ဆိုတဲ့ AIDS ဝေဒနာရှင်များ
ကူညီစောင့်ရှောက်ရေး အသင်းကိုလည်း သွားပါတယ်။ အဲဒီမှာ တာဝန်ရှိသူတွေ၊ ဆရာဝန်၊
ဆရာမတွေ၊ သူနာပြုတွေဟာ အရမ်း သဘောကောင်းကြတာပဲ။ လှုပ်ရှားမှု အမျိုးမျိုးကိုလည်း
လုပ်ပေးကြတယ်။ သူတို့ဟာ သိပ်ကြင်နာတယ်။ နားလည်မှု ရှိတယ်။

ကျွန်မအကြောင်း ပြောပြရဦးမယ်။
၁၉၈၉ ခုနှစ်လောက်မှာ ကျွန်မဟာ ဗန်ကောက်မှာ အလုပ်လုပ် ခဲ့ပါတယ်။
သူငယ်ချင်းတစ်ယောက်နဲ့ နေပါတယ်။ သူငယ်ချင်းတွေ ရလာတယ်။ သူတို့ဟာ “မောင်မစ္စက”တွေပါ။ အနေကြာလာတော့လည်း ရောရောဝင်ဝင် နေမိရာကနေ ကျွန်မ သူတို့နဲ့ ပရောပရီဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ အစိုးရကလည်း AIDS
ရောဂါဆိုးကြီးကို ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ လှုံဆော်ရေးတွေ အရမ်း လုပ်နေပါပြီ။
ဒါကြောင့် ကျွန်မ “ကွန်ဒုံး” အမြဲသုံးတယ်။ သုံးလတကြိမ် ဆေးစစ်တယ်။ သွေးစစ်တယ်။ ကျွန်မ
အမြဲပဲ ဆေးအောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါဆိုးနဲ့ ပတ်သက်ပြီး ကျွန်မကိုယ် ကျွန်မ
ယုံကြည်တယ်။ ဒီတော့လည်း ဂရုမစိုက်ချင်သလို ဖြစ်လာတယ်ပေါ့လေ။ အဲဒီမှာတင် ကျွန်မ
လူတစ်ယောက်နဲ့ တကယ်ပဲ ချစ်ခဲ့ မိပါတော့တယ်။

အဲဒီ တစ်ယောက်သော သူနဲ့ပဲ
အတူနေသွားကြဖို့ ကျွန်မ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် ကျွန်မတို့ သွေး သွားစစ်ခဲ့ပါတယ်။နှစ်ယောက်စလုံး ဆေးအောင် ကြပါတယ်။ ကျွန်မ ဘယ်လောက် ပျော်ခဲ့ ရပါသလဲရှင်။ ကျွန်မသိပါတယ်။သူဟာ သိပ်သစ္စာရှိတယ်။ သူကလည်း ကျွန်မကို ချစ်ကတိတွေ အမျိုးမျိုး ပေးခဲ့ပါတယ်။
သူ့ဘဝမှာ ကျွန်မဟာ တစ်ဦးတည်းသော ချစ်သူပါတဲ့။ ကျွန်မတို့ ကွန်ဒုံး မသုံးကြတော့ ဘူးပေါ့။

၁၉၉၃ ခုနှစ်ကျတော့ သူရော၊ ကျွန်မပါ
ခဏခဏ ဖျားနာကြပါတယ်။ ကိုယ်အလေးချိန် တွေလည်း ကျလာပါရော။ ခဏခဏ ဝမ်းလျှော ပါတယ်။
ဒါနဲ့ ကျွန်မတို့ ဆရာဝန် သွားပြကြတော့ သူက သွေးစစ်ပါတယ်။ အလို ကျွန်မတို့
နှစ်ယောက် ဆေးမအောင် ကြတော့ပါလား။ ကျွန်မ အကြီးအကျယ် ချောက်ချား သွားရပါပြီ။
ဘယ့်နှယ့် လုပ်ပြီး ဒီရောဂါ ကျွန်မကို ကူးစက်ခဲ့သလဲ။ ကျွန်မဟာ ချစ်သူ
တစ်ယောက်နဲ့သာ အချိန်အကြာကြီး တွဲနေခဲ့ပါပြီ။ သူူဟာ ကျွန်မအပေါ် အလွန်သစ္စာရှိသူ
မဟုတ်လား။

နောက်ဆုံးတော့ ကျွန်မ ချစ်သူက ဝန်ချတောင်းပန် တော့တာပါပဲ။ သူ မျက်ရည်တွေ ကျရှာပါတယ်။ သူကပြောတယ်။ သူဟာ ကျွန်မနဲ့အတူနေစဉ် ကာလမှာပဲ တခြားမိန်းမတွေနဲ့ ပရောပရီ နေခဲ့ပါ သတဲ့ရှင်။ အကာအကွယ်တွေ ဘာတွေမလုပ်ဘူးလားဆိုတော့လည်း အဲဒီအချိန်တွေတုန်းက သူဟာ အရက် မူး နေလို့ပါတဲ့။

အဲဒီကတည်းက ကျွန်မ သူနဲ့အတူ မနေတော့ဘူးလို့
ဆုံးဖြတ်လိုက်ပါတယ်။ ချစ်တာကတော့ ချစ်တုန်းပါပဲလေ။ ဒါပေမဲ့ ကျွန်မ သူ့ကိုစိတ်ဆိုးတယ်။
ဒေါသဖြစ်တယ်။ ကျွန်မ အမျိုးမျိုး စဉ်းစားပါတယ်။ သူလည်းလေ ကျွန်မလိုပဲ နေမှာပေါ့။

သူကျွန်မကို ချစ်နေတုန်းပဲနေမှာပါ။ သူလည်း ဝမ်းနည်းပူဆွေး နေရမှာပါ။ ဒါပေမဲ့ ကျွန်မ သူနဲ့ ဆက်ဆံရေးကိုရပ်ရပါတယ်။ အဲဒီကတည်းက ကျွန်မ ဘယ်သူနဲ့မှ ပရောပရီ မလုပ်တော့ပါဘူး။ ကျွန်မကိုယ် ကျွန်မလည်းသေသေချာချာ သုံးသပ် လေ့လာနိုင်ပါပြီ။ စဉ်းစား ဆုံးဖြတ် နိုင်ခဲ့ပါပြီ။

ချူလာဆေးရုံမှာ ကျွန်မ အမြဲတမ်းပြသပါတယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ ပိုမို ကြုံလှီ လာပါတယ်။ ဖျားနာတာ၊
ခေါင်းကိုက်တာ၊ မောပန်း နွမ်းနယ်တာလည်း အရမ်းပါပဲ။ ဆေးရုံ ကတော့ AIDS ရောဂါကို
ဟန့်တားတဲ့ ဆေးတွေ အခမဲ့ ပေးပါတယ်။

ဗန်ကောက်မှာ နေတုန်းမှာပဲ ၁၉၉၇
ခုနှစ်၊ စီးပွားရေး ကပ်ကြီးနဲ့ ကြုံရ ပါတော့တယ်။ ကျွန်မဝင်ငွေ ကျဆင်းသွားပါတယ်။
ကျွန်မ ဆံပင်ညှပ်ဆိုင် ဖွင့်ရပါတယ်။ အခန်းငှားခက တက်လာတယ်။ အစိုးရမှာလည်း
စီးပွားရေးကပ်ကြီးနဲ့ ကြုံနေတော့ အရင်လို AIDS ဆေးတွေ အခမဲ့ မပေးနိုင်တော့ပါဘူး။
ဒါပေမဲ့ ကျွန်မ ရသမျှ ဝင်ငွေနဲ့ ကာကွယ်ဆေးတွေ ဝယ်သောက် ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ကျွန်မ
ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ခဲ့ ပါတော့တယ်။ ဒါပေမဲ့ ပထမတော့ ကျွန်မရဲ့ အခြေအနေကို
ဖွင့်မပြောခဲ့ပါဘူး။ စုဆောင်းထားတဲ့ ငွေကလေးနဲ့ပဲ ချင်းမိုင် ဆေးရုံမှာ ကျိတ်ပြီး
ကုသခဲ့ပါတယ်။ ရပ်ရွာနဲ့လည်း ကိုယ်ယောင် ဖျောက်နေခဲ့ပါတယ်။ ကျွန်မမှာ ရှိတဲ့ငွေဟာ
ကျွန်မ ဆေးကုဖို့ပဲ ပေါ့လေ။

အခုတော့ ကျွန်မဟာ ကျန်းမာရေး
အာမခံကတ်ပြားလည်း လုပ်လိုက်ပါပြီ။ လန်းပန်းဆေးရုံရဲ့ ကူညီမှုကိုလည်း ၁၉၉၉
ခုနှစ်ကတည်းက ရရှိနေခဲ့ပါပြီ။

ကျွန်မဟာ လူကောင်း တစ်ယောက်လို
သာမန်လူ တစ်ယောက်လို နေနိုင်ဖို့ ကြိုးစား ခဲ့ပါပြီ။ ဖြစ်ရာဘဝမှာ ကျေနပ် ပျော်ရွှင်အောင်လည်း
နေတတ် နိုင်လာပါပြီ။ နေမကောင်း ထိုင်မသာ ဖြစ်လာတဲ့ အခါတွေတင် မကပါဘူး။ ကျွန်မဟာ အမြဲလိုလို
ပုံမှန် ဆေးကုသ ခံနေပါပြီ။ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက် တွေကိုလည်း လိုက်နာနေပါပြီ။
ရွာမှာ ဆံပင်ညှပ် ဆိုင်လေး ဖွင့်ထားလို့လည်း ဝင်ငွေကလေး ရှိနေပါပြီ။ ပြီးတော့
လန်းပန်း ဆေးရုံက ဖွင့်လှစ်တဲ့ Pnuan Keaw ကလပ်မှာလည်း လူမှုရေး ကိစ္စတွေ ဆောင်ရွက်နေ ပါပြီ။ရောဂါ သည် မိတ်ဆွေတွေနဲ့ အကျိုးတူ ပူးပေါင်းပြီး အကျိုးပြု လုပ်ငန်းတွေလည်း
လုပ်နေပါပြီ။ “သက္ကရာဇ် ၂၀၀၀ မှာ လူတိုင်းကျန်းမာ” ဆိုတဲ့ မျှော်လင့်ချက် ကလေးနဲ့ပေါ့။

အင်္ဂလိပ်
စကားတွင် “I, You" (ကျွနု်ပ်နှင့်သင်) ဆိုပြီးတော့ သုံးစွဲရိုး ရှိသော်လည်း
ကျွန်တော်က ဘာသာပြန်သောအခါ ပထမနာမ်စားကို “ကျွန်မ” ဟုပင်သုံး ပါသည်။ ရေး သူ ကမောင်မစ္စက ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ သူသည်လည်း စာရေးကောင်းသူ တစ်ယောက်သာဖြစ်ပါ သည်။ သူ့ဘဝ သူ ဖော်ကျူးရာ၌ အဖွဲ့အနွဲ့ ကလေးများ ပါဝင်နေတာ တွေ့ရပါသည်။ သူသည်
စိတ်ကူးယဉ်လည်း ဆန်ပါသည်။ သူ၏ အထက်ပါ ကိုယ်ရေးမှတ်တမ်း လေးကို ကဗျာတစ်ပုဒ်ဖြင့်
ခံစားကြည့်ကြပါတော့ ....။
-
အတိတ်ကို ပြန်သွားမယ်ဆိုရင်တော့
-
ကိုယ့် အပြစ်တွေကို ပြန်လည် ဆေးကြောမယ် ဆိုရင်ပေါ့
-
အကောင်းဆုံးကတော့ HIV ပိုး ကင်းသူ ဖြစ်သင့်တာပေါ့....။
-
ချစ်သူကို လုံးလုံးကြီး မယုံကြည် လိုက်ပါနဲ့ .....
-
ပုံပြီးချစ်လိုက်မယ်ဆိုလည်း AIDS သူငယ်ချင်းကို သတိထားကွယ်။
-
တနေ့ကလေးမှားတာနဲ့
သေမင်းက မြန်မြန်လာမှာကွယ့်။

ဖိုးသူတော် (www.phothutaw.com)
Credit: yawyawthamamwe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top