ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

" ခ်စ္တယ္ " ဆုိတဲ့ စကားေလး တစ္ခြန္းဟာ ကိုယ့္ရဲ႕ ခ်စ္သူူကို အၿမဲ ေျပာဖို႔ လိုအပ္တဲ့ စကားျဖစ္ေပမဲ့ အဲဒီအျပင္ ဒီစကားေလးေတြကို ေျပာလာၿပီ ဆုိရင္ေတာ့ ခုိင္ၿမဲတဲ့ အခ်စ္ေရး တစ္ခုလုိ႔ ဆုိႏုိင္ၿပီေပါ့။
💓💓💓💓

1) ကိုယ္ မင္းကို ယံုၾကည္တယ္

ယံုၾကည္မႈ မရွိဘဲနဲ႔ ဘယ္ဆက္ဆံေရးမွ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ မယံုၾကည္တဲ့ အခ်စ္ေရး၊ အိမ္ေထာင္ေရးေတြ အမ်ားႀကီး ရိွပါတယ္။ ယံုၾကည္မႈ ဆုိတာ ယံုၾကည္တဲ့ သူအတြက္ေရာ ယံုၾကည္ခံရသူ အတြက္ေရာ လံုၿခံဳေႏြးေထြးေစတဲ့ အရာတစ္ခုပါပဲ။

ခ်စ္တယ္ ဆုိတဲ့ စကားေလး တစ္ခြန္းဟာ ကိုယ့္ရဲ႕ ခ်စ္သူူကို အၿမဲေျပာဖို႔ လိုအပ္တဲ့ စကားျဖစ္ေပမဲ့ အဲဒီအျပင္ ဒီစကားေလးေတြကို ေျပာလာၿပီ ဆုိရင္ေတာ့ ခုိင္ၿမဲတဲ့ အခ်စ္ေရး တစ္ခုလုိ႔ ဆုိႏုိင္ၿပီေပါ့။

2) ကိုယ္ မင္းနဲ႔ပဲ အတူ ရွိေနခ်င္႐ံုပါ

ကုိုယ့္အတြက္နဲ႔ တျခားအရာ အားလံုးကို စြန္႔လႊတ္ႏုိင္တယ္ ဆိုရင္ အဲဒီလူဟာ ကမာၻေပၚမွာ လူေတြ မနာလိုစရာ အေကာင္းဆံုးသူ တစ္ေယာက္ ျဖစ္ေနမွာ အမွန္ပါပဲ။

3) ဘာေတြပဲျဖစ္ျဖစ္ မင္းဘက္က ကိုယ္ရွိေနမယ္

ခ်စ္ျခင္းနဲ႔ ေပးဆပ္ျခင္းက သီးျခား သပ္သပ္စီပါ။ သင့္ရဲ႕ လက္တြဲေဖၚက သင္ဘာေတြပဲ လုပ္ေနေန သင့္ဘက္က အၿမဲ ရွိေနမယ္ဆုိတဲ့ အေတြးက ဘယ္ေလာက္ေတာင္ ၾကည္ႏူးစရာ ေကာင္းလုိက္မလဲေနာ္။

4) မင္းရဲ႕ ပံုစံေလးအတုိင္း ကိုယ္ လက္ခံႏိုင္တယ္

အခ်စ္ေရးမွာ အခက္ခဲဆံုး အရာက ကိုယ္ေရြးခ်ယ္လုိက္လူရဲ႕ နဂိုဗီဇ အက်င့္စ႐ိုက္ကို လက္ခံႏုိင္ဖို႔ပဲလို႔ ေလ့လာေတြ႕ရွိ ထားပါတယ္။ ဒါေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ေျပာင္းလဲဖုိ႔ ႀကိဳးစားၾကတယ္။ ဒါဟာ အမိုက္မဲဆံုး အရာတစ္ခုပါပဲ။

လူတစ္ေယာက္ရဲ႕ ဗီဇဆုိတာ ေျပာင္းလဲလုိ႔ရတဲ့ အရာမွ မဟုတ္တာ။ ကိုယ့္ရဲ႕ ဗီဇ အက်င့္စ႐ိုက္၊ ေနထုိင္မႈ ပံုစံအတုိင္း လက္ခံႏုိင္သူကို ေတြ႕ရွိသူဟာ ကမာၻမွာ ကံအေကာင္းဆံုး လူတစ္ေယာက္ ျဖစ္ၿပီေပါ့။

5) ကိုယ္ မင္းနဲ႔အတူ မိသားစုဘဝေလး လိုခ်င္တာ

လူေတြက မိသားစု ဆုိတာကို အဓိပၸာယ္ အမ်ဳိးမ်ဳိး ဖြင့္ဆိုၾကတယ္။ ခ်စ္တတ္ၾကေပမဲ့ လက္ထပ္ဖုိ႔ တြန္႔ဆုတ္ေနသူေတြ အမ်ားႀကီးပါ။ မိသားစု ဘဝတစ္ခု စတင္ခ်င္တယ္ လို႔ ေျပာလုိက္တာက အဲဒီ အခ်စ္ဟာ တစ္ဘဝစာပါလို႔ ေျပာလုိက္တာပါပဲ။

6) ကိုယ့္ရဲ႕ တစ္ဘဝလံုး ေစာင့္ေနသူက မင္းပဲ

နားမလည္ႏိုင္တဲ့၊ မ်က္ရည္ေတြနဲ႔ တည္ေဆာက္ခဲ့ရတဲ့ အခ်စ္ေရးေတြ အႀကိမ္ႀကိမ္ ႀကံဳေတြ႕ခဲ့ရၿပီးတဲ့ေနာက္ ကိုယ္နဲ႔ အဆင္ေျပဆံုး လူကို ရွာေတြ႕လိုက္ၿပီ ဆုိတဲ့ ခံစားခ်က္က သိန္းထီဆုႀကီး ေပါက္သလိုပါပဲ။ ဒီစကားေလာက္ ေလးနက္တဲ့ အဖိုးတန္တဲ့ စကား ရွိမယ္လို႔ မထင္ပါဘူး။ ခ်စ္တယ္ ဆုိတဲ့ စကားကို အခါ တစ္သိန္း ေျပာတာထက္ တန္ဖိုး ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္ေက်ာ္

#Unicode Version#
" ချစ်တယ် " ဆိုတဲ့ စကားလေး တစ်ခွန်းဟာ ကိုယ့်ရဲ့ ချစ်သူူကို အမြဲ ပြောဖို့ လိုအပ်တဲ့ စကားဖြစ်ပေမဲ့ အဲဒီအပြင် ဒီစကားလေးတွေကို ပြောလာပြီ ဆိုရင်တော့ ခိုင်မြဲတဲ့ အချစ်ရေး တစ်ခုလို့ ဆိုနိုင်ပြီပေါ့။
💓💓💓💓

1) ကိုယ် မင်းကို ယုံကြည်တယ်

ယုံကြည်မှု မရှိဘဲနဲ့ ဘယ်ဆက်ဆံရေးမှ အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေ အများကြီး ရှိပါတယ်။ ယုံကြည်မှု ဆိုတာ ယုံကြည်တဲ့ သူအတွက်ရော ယုံကြည်ခံရသူ အတွက်ရော လုံခြုံနွေးထွေးစေတဲ့ အရာတစ်ခုပါပဲ။

ချစ်တယ် ဆိုတဲ့ စကားလေး တစ်ခွန်းဟာ ကိုယ့်ရဲ့ ချစ်သူူကို အမြဲပြောဖို့ လိုအပ်တဲ့ စကားဖြစ်ပေမဲ့ အဲဒီအပြင် ဒီစကားလေးတွေကို ပြောလာပြီ ဆိုရင်တော့ ခိုင်မြဲတဲ့ အချစ်ရေး တစ်ခုလို့ ဆိုနိုင်ပြီပေါ့။

2) ကိုယ် မင်းနဲ့ပဲ အတူ ရှိနေချင်ရုံပါ

ကိုယ့်အတွက်နဲ့ တခြားအရာ အားလုံးကို စွန့်လွှတ်နိုင်တယ် ဆိုရင် အဲဒီလူဟာ ကမ္ဘာပေါ်မှာ လူတွေ မနာလိုစရာ အကောင်းဆုံးသူ တစ်ယောက် ဖြစ်နေမှာ အမှန်ပါပဲ။

3) ဘာတွေပဲဖြစ်ဖြစ် မင်းဘက်က ကိုယ်ရှိနေမယ်

ချစ်ခြင်းနဲ့ ပေးဆပ်ခြင်းက သီးခြား သပ်သပ်စီပါ။ သင့်ရဲ့ လက်တွဲဖေါ်က သင်ဘာတွေပဲ လုပ်နေနေ သင့်ဘက်က အမြဲ ရှိနေမယ်ဆိုတဲ့ အတွေးက ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်မလဲနော်။

4) မင်းရဲ့ ပုံစံလေးအတိုင်း ကိုယ် လက်ခံနိုင်တယ်

အချစ်ရေးမှာ အခက်ခဲဆုံး အရာက ကိုယ်ရွေးချယ်လိုက်လူရဲ့ နဂိုဗီဇ အကျင့်စရိုက်ကို လက်ခံနိုင်ဖို့ပဲလို့ လေ့လာတွေ့ရှိ ထားပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ပြောင်းလဲဖို့ ကြိုးစားကြတယ်။ ဒါဟာ အမိုက်မဲဆုံး အရာတစ်ခုပါပဲ။

လူတစ်ယောက်ရဲ့ ဗီဇဆိုတာ ပြောင်းလဲလို့ရတဲ့ အရာမှ မဟုတ်တာ။ ကိုယ့်ရဲ့ ဗီဇ အကျင့်စရိုက်၊ နေထိုင်မှု ပုံစံအတိုင်း လက်ခံနိုင်သူကို တွေ့ရှိသူဟာ ကမ္ဘာမှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်ပြီပေါ့။

5) ကိုယ် မင်းနဲ့အတူ မိသားစုဘဝလေး လိုချင်တာ

လူတွေက မိသားစု ဆိုတာကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ ချစ်တတ်ကြပေမဲ့ လက်ထပ်ဖို့ တွန့်ဆုတ်နေသူတွေ အများကြီးပါ။ မိသားစု ဘဝတစ်ခု စတင်ချင်တယ် လို့ ပြောလိုက်တာက အဲဒီ အချစ်ဟာ တစ်ဘဝစာပါလို့ ပြောလိုက်တာပါပဲ။

6) ကိုယ့်ရဲ့ တစ်ဘဝလုံး စောင့်နေသူက မင်းပဲ

နားမလည်နိုင်တဲ့၊ မျက်ရည်တွေနဲ့ တည်ဆောက်ခဲ့ရတဲ့ အချစ်ရေးတွေ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ကိုယ်နဲ့ အဆင်ပြေဆုံး လူကို ရှာတွေ့လိုက်ပြီ ဆိုတဲ့ ခံစားချက်က သိန်းထီဆုကြီး ပေါက်သလိုပါပဲ။ ဒီစကားလောက် လေးနက်တဲ့ အဖိုးတန်တဲ့ စကား ရှိမယ်လို့ မထင်ပါဘူး။ ချစ်တယ် ဆိုတဲ့ စကားကို အခါ တစ်သိန်း ပြောတာထက် တန်ဖိုး ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်ကျော်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top