ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

၁၇ ရက္ေန႔ ေန႕လည္ပိုင္း မိုးကုတ္ျမိဳ႕နယ္ ေရႊေညာင္ပင္ေက်းရြာအုပ္စု စိန္အင္းရြာတြင္  လူသတ္မွဳ ျဖစ္ပြားသြားေၾကာင္း မိုးကုတ္ျမိဳ႕နယ္ ကင္းရဲစခန္းမွ ဒုရဲအုပ္ တင္ေမာင္က ေျပာသည္ ။

အသတ္ခံရသူမ်ားကို မိုးကုတ္ျမိဳ႕က်ပ္ျပင္ျပည္သူ႔ေဆးရုံသို႔ ပို႔ေဆာင္သြားမည္ျဖစ္ကာ စစ္ေဆးမွဳမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္းသိရသည္ ။

“ သတ္ခံရတာက မိသားစု ေလးေယာက္ပါ အသက္ ဆယ္ႏွစ္ သမီးတစ္ေယာက္ရယ္ တစ္ဆယ္ငါးႏွစ္ သားတစ္ေယာက္ရယ္ မိဘႏွစ္ဦးစလံုးရယ္ပါ ၊
ေသဆံုးသူမ်ား လီဆူးမိသားစုအေဖ အေမ သားႏွင့္သမီး
ဦးရန္တား ၄၉ နွစ္
ေဒၚစံလူမီး ၄၂ ႏွစ္
ေမာင္ အ ေလး ၁၅ ႏွစ္
မအာဝူမီး ၁၀ ႏွစ္

ဘာေၾကာင့္ျဖစ္တယ္ ဆိုတာေတာ့ စစ္ေဆးရဦးမယ္ မူးယစ္ေဆး၀ါးကိစၥနဲ႔ သတ္ခံရတယ္လို႔ ယူဆလို႔ရပါတယ္” ဟု ကင္းရဲစခန္းမွ ဒုရဲအုပ္ တင္ေမာင္ကေျပာသည္ ။

ျဖစ္စဥ္ႏွင့္ပတ္သတ္ျပီး တရားခံအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္ ။

“ က်ြန္ေတာ္က ကားေမာင္းတာဆိုေတာ့ျမင္ခဲ႔တယ္ဓါတ္ပံုရိုက္မယ္လုပ္ေတာ့ ရဲေတြနဲ႔ရွဳပ္ေနတယ္ မရိုက္ခဲ႔ရဘူး အဲ႔နားကလူေတြ ေျပာေနၾကတာေတာ့ မူးယစ္ေဆး၀ါးမွဳနဲ႔ သတ္ခံရတာလို႔သိရတယ္ “ ဟု မိုးကုတ္ေဒသခံ ကိုစိုးထက္ေအာင္က ေျပာျပသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနထက္ - Mogok Views
# Unicode Version ျဖင့္ ဖတ္ပါ #
၁၇ ရက်နေ့ နေ့လည်ပိုင်းမိုးကုတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စု စိန်အင်းရွာတွင် လူသတ်မှု ဖြစ်ပွားသွားကြောင်း မိုးကုတ်မြို့နယ် ကင်းရဲစခန်းမှ ဒုရဲအုပ် တင်မောင်က ပြောသည် ။

အသတ်ခံရသူများကို မိုးကုတ်မြို့ကျပ်ပြင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည် ။

“ သတ်ခံရတာက မိသားစု လေးယောက်ပါ အသက် ဆယ်နှစ် သမီးတစ်ယောက်ရယ် တစ်ဆယ်ငါးနှစ် သားတစ်ယောက်ရယ် မိဘနှစ်ဦးစလုံးရယ်ပါ ၊

သေဆုံးသူများ လီဆူးမိသားစုအဖေ အမေ သားနှင့်သမီး
ဦးရန်တား ၄၉ နှစ်
ဒေါ်စံလူမီး ၄၂ နှစ်

မောင် အ လေး ၁၅ နှစ်
မအာဝူမီး ၁၀ နှစ်


ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ စစ်ဆေးရဦးမယ် မူးယစ်ဆေးဝါးကိစ္စနဲ့ သတ်ခံရတယ်လို့ ယူဆလို့ရပါတယ်” ဟု ကင်းရဲစခန်းမှ ဒုရဲအုပ် တင်မောင်ကပြောသည် ။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည် ။

“ ကျွန်တော်က ကားမောင်းတာဆိုတော့မြင်ခဲ့တယ်ဓါတ်ပုံရိုက်မယ်လုပ်တော့ ရဲတွေနဲ့ရှုပ်နေတယ် မရိုက်ခဲ့ရဘူး အဲ့နားကလူတွေ ပြောနေကြတာတော့ မူးယစ်ဆေးဝါးမှုနဲ့ သတ်ခံရတာလို့သိရတယ် “ ဟု မိုးကုတ်ဒေသခံ ကိုစိုးထက်အောင်က ပြောပြသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: နေထက် - Mogok Views
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top