ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဧၿပီလ ၂၁ ရက္က စတင္ေလာင္ကၽြမ္းေနတဲ့ လိႈင္သာယာထိန္ပင္အမိႈက္ပံု မီးေလာင္မႈေၾကာင့္ YBS ၂၀ နဲ႔ ၈၃ ယာဥ္ေတြ ေျပးဆြဲမႈယာယီ ရပ္နားႏိုင္ေၾကာင္း သိရပါတယ္။

အမိႈက္ပံုမီးေလာင္ေနတဲ့ေနရာဟာ ယာဥ္စီးေရ ၅၀၀ ခန္႔ ရပ္နားထားတဲ့ ယာဥ္ရပ္နားဝန္းႏွင့္ နီးကပ္ေနၿပီး အေရးေပၚ ယာဥ္ေတြ ေနရာေရႊ႕ေျပာင္းျခင္းေတြ ျပဳလုပ္ရမယ္ဆုိရင္ ယာဥ္ေမာင္းအခက္အခဲ ျဖစ္ေပၚႏိုင္တယ္လုိ႔ YBS ၂၀ ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ယာဥ္ေမာင္းအခက္အခဲေတြေၾကာင့္ YBS ၂၀ နဲ႔ YBS ၈၃ ယာဥ္လုိင္းေတြ ေျပးဆြဲမႈ ယာယီရပ္နားဖုိ႔ ျဖစ္ေပၚႏုိင္ၿပီး ရပ္နားမယ္ဆုိရင္ အခ်ိန္မွီႀကိဳတင္ အသိေပးသြားမယ္လုိ႔ ဆိုပါတယ္။ ႏွစ္ရက္ၾကာ ေလာင္ကၽြမ္းေနတဲ့ အမိႈက္ပံုမီးဟာ ဧၿပီလ ၂၄ ရက္အထိ ၿငိမ္းသတ္ႏုိင္ျခင္းမရွိေသးဘဲ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္တခ်ိဳ႕မွာ ေညွာ္နံ႔ေတြ ဆိုးဆုိးရြားရြား ခံစားေနရပါတယ္။

ဧရိယာ စတုန္ရန္းဧက ၃၀၀ ခန္ရွိတဲ့ အမိႈက္ပံုကုိ မီးသတ္ယာဥ္၊ ေရသယ္ယာဥ္ေတြနဲ႔ ႀကိဳးစားၿငိမ္းသတ္ေနၿပီး ဧရိယာ စတုရန္းဧက ၁၀၀ ခန္႔ မီးေလာင္ေနတာေၾကာင့္ မီးခိုးေတြ အဆမတန္ထြက္ရွိေနၿပီး အဲဒီမီးခုိးေတြဟာ ေလေၾကာင္းအတုိင္း လုိက္ပါစီးေမ်ာက ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေျမာက္ဒဂံုၿမိဳ႕နယ္နဲ႔ အျခားေလလမ္းေၾကာင္းသင့္ရာ ၿမိဳ႕နယ္ေတြမွာ မီးခုိးေညွာ္နံမ်ား ျဖစ္ေပၚေနပါတယ္။

မီးေလာင္မႈျဖစ္ပြားေနတဲ့ ထိန္ပင္အမိႈက္ပံုက ေနာက္ထပ္ႏွစ္ရက္ကေန သံုးရက္အထိ ဆက္လက္ေလာင္ၾကႊမ္းႏိုင္တယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဧပြီလ ၂၁ ရက်က စတင်လောင်ကျွမ်းနေတဲ့ လှိုင်သာယာထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် YBS ၂၀ နဲ့ ၈၃ ယာဉ်တွေ ပြေးဆွဲမှုယာယီ ရပ်နားနိုင်ကြောင်း သိရပါတယ်။

အမှိုက်ပုံမီးလောင်နေတဲ့နေရာဟာ ယာဉ်စီးရေ ၅၀၀ ခန့် ရပ်နားထားတဲ့ ယာဉ်ရပ်နားဝန်းနှင့် နီးကပ်နေပြီး အရေးပေါ် ယာဉ်တွေ နေရာရွှေ့ပြောင်းခြင်းတွေ ပြုလုပ်ရမယ်ဆိုရင် ယာဉ်မောင်းအခက်အခဲ ဖြစ်ပေါ်နိုင်တယ်လို့ YBS ၂၀ ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ယာဉ်မောင်းအခက်အခဲတွေကြောင့် YBS ၂၀ နဲ့ YBS ၈၃ ယာဉ်လိုင်းတွေ ပြေးဆွဲမှု ယာယီရပ်နားဖို့ ဖြစ်ပေါ်နိုင်ပြီး ရပ်နားမယ်ဆိုရင် အချိန်မှီကြိုတင် အသိပေးသွားမယ်လို့ ဆိုပါတယ်။ နှစ်ရက်ကြာ လောင်ကျွမ်းနေတဲ့ အမှိုက်ပုံမီးဟာ ဧပြီလ ၂၄ ရက်အထိ ငြိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ရန်ကုန်မြို့ရှိ မြို့နယ်တချို့မှာ ညှော်နံ့တွေ ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။

ဧရိယာ စတုန်ရန်းဧက ၃၀၀ ခန်ရှိတဲ့ အမှိုက်ပုံကို မီးသတ်ယာဉ်၊ ရေသယ်ယာဉ်တွေနဲ့ ကြိုးစားငြိမ်းသတ်နေပြီး ဧရိယာ စတုရန်းဧက ၁၀၀ ခန့် မီးလောင်နေတာကြောင့် မီးခိုးတွေ အဆမတန်ထွက်ရှိနေပြီး အဲဒီမီးခိုးတွေဟာ လေကြောင်းအတိုင်း လိုက်ပါစီးမျောက မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နဲ့ အခြားလေလမ်းကြောင်းသင့်ရာ မြို့နယ်တွေမှာ မီးခိုးညှော်နံများ ဖြစ်ပေါ်နေပါတယ်။

မီးလောင်မှုဖြစ်ပွားနေတဲ့ ထိန်ပင်အမှိုက်ပုံက နောက်ထပ်နှစ်ရက်ကနေ သုံးရက်အထိ ဆက်လက်လောင်ကြွှမ်းနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top