ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

မိုက္႐ိုင္းလြန္းတဲ့စပါယ္ယာကို ဖေနာင့္နဲ႔ေပၚက္ခဲ့တဲ့ ငယ္စဥ္ကာလ ရွိခဲ့ဖူးတယ္။

ငယ္စဥ္ကာလ ဆိုတာေတာင္ အလုပ္လုပ္ေနပါၿပီ MRTV မွာ သတင္းဖတ္ေနတဲ့ အခ်ိန္ပါ

အဲဒီအခ်ိန္က International News ဖတ္ဘို႔ မနက္အေစာႀကီး ႐ုးံကို ေျပးရတယ္။ ဘာနဲ႔သြားရလဲဆိုေတာ့ ဘတ္စ္ကားနဲ႔ပါ ။

ကြ်န္မတို႔မွာ အိမ္ကကားရွိလို႔ အေဖက အႀကိဳအပို ့လုပ္မယ္ဆိုတာမ်ိဳး ဘယ္ေတာ့မွ မရွိပါဘူး
ဘယ္ကိစၥမဆို ကိုယ့္ေျခေထာက္ကိုယ္သုးံၿပီး လမ္းေလ်ာက္ရင္ေလ်ာက္ မေလ်ာက္ရင္ ဘတ္စ္ကားစီး ..အင္မတန္လိုအပ္လြန္းမွ အိမ္ကကား စီးဖူးတယ္ ..အဲဒီလိုေနခဲ့ရပါတယ္။

ကြ်န္မ ႐ုးံသြားရင္ လြယ္တဲ့လြယ္အိတ္ေလးရွိတယ္
ဟိုးအရင္ အထက္တန္းေက်ာင္းတက္တုန္းက ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားလြယ္ေလ့ရွိတဲ့ ေဘးလြယ္မ်ိဳးပါ

အဲဒီလြယ္အိတ္ထဲမွာ သတင္းဖတ္ရင္ဝတ္ဖို႔ ရင္ဖုးံအက်ီတထည္ပါတယ္။ အဘိဓါန္စာအုပ္အေသးေလးပါတယ္
ပိုက္ဆံထည့္တဲ့ အိတ္အေသးေလးရယ္ ..ေမာင္းခ်ဓါးတေခ်ာင္းရယ္ ..ပါတယ္။

လြယ္အိတ္နဲ႔ဆိုေတာ့ ကြ်န္မပုံက ႐ုးံတက္တဲ့သူနဲ႔မတူဘူး
သက္ႀကီးတကၠသိုလ္မွာ တဖုးံဖုးံက်ေနတဲ့ ခပ္တုးံတုးံခပ္အအ ေက်ာင္းသူ ဒီဇိုင္းမ်ိဳး

႐ုးံလုံျခည္အျပာေရာင္ရယ္ ရွပ္အက်ီအျဖဴရယ္ ..
ျပားေနေအာင္ဖိၿပီး လွန္တင္ထားတဲ့ဆံပင္ေတြရယ္

႐ုးံေရာက္မွ မိတ္ကပ္ဆရာလိမ္းေပးမယ့္တူတူ မ်က္ႏွာ ၂ ခါမသစ္ခ်င္လို႔ ဒီအတိုင္းထြက္လာတဲ့ မ်က္ႏွာရယ္
သတင္းမဖတ္ခင္စားဘို႔လက္ထဲမွာကိုင္လာတဲ့ ထမင္းေၾကာ္ဗူးေလးရယ္။ ႏြမ္းႏြမ္းပါးပါး ရွိလွတယ္။

ၿပီးေတာ့
ကြ်န္မ႐ုးံကိုသြားရတဲ့အခ်ိန္က ႐ုးံတက္ခ်ိန္လဲမဟုတ္ဘူး
ေက်ာင္းတက္ခ်ိန္လည္းမဟုတ္ဘူး..

မနက္၆ နာရီခြဲေလာက္ဆိုေတာ့ လြယ္အိတ္တဖက္ ထမင္းဗူးတဖက္နဲ႔ ကားေပၚတက္လာတဲ့ ကြ်န္မကို စပါယ္ယာက ဘယ္လိုၾကည့္တယ္မွတ္လဲ ..ကားေပၚအတက္အဆင္းေျခနင္းခုံကေန လမ္းပိတ္ၿပီး သူ ့ဆီအလုပ္ဆင္းဘို႔လာတဲ့ အလုပ္သမားလို ၾကည့္တယ္။ၿပီးေတာ့ မဖယ္ေသးဘူး ကြ်န္မကိုေမးတယ္..ဘယ္သြားမွာလဲ..တဲ့

႐ုတ္တရက္ဆိုေတာ့ ကြ်န္မနဲနဲ ဇေဝဇဝါျဖစ္သြားတယ္
ဘယ္လိုႀကီးလဲဆိုတဲ့အေတြးေတြၾကားကဘဲ ကြ်န္မသူေမးတာကို ျပန္ေျဖတယ္..ျမန္မာ့အသံကို..လို႔

၂၀၀ ေပး…ဆိုတဲ့စကားနဲ႔ လမ္းမဖယ္ေသးဘဲ သူက ခါးပါအဆစ္ေထာက္လိုက္ၿပီး ကြ်န္မကို ပိုက္ဆံေတာင္းတယ္။

ကြ်န္မေဒါသ ပါးပါးေလး လြန္႔ၿပီးတက္လာတယ္။
ဒါေပမဲ့ ကြ်န္မစိတ္ထဲဇေဝဇဝါျဖစ္ေနတုန္း..အေျဖရွာခက္ေနတုန္းဘဲ..ဘာေၾကာင့္ပါလိမ့္ဆိုတဲ့ စိတ္ရႈပ္သြားတဲ့ၾကားထဲက ပိုက္ဆံ၂၀၀ ထုတ္ေပးလိုက္ျပန္တယ္။ ကြ်န္မပိုကိဆံကို ဆတ္ကနဲဆြဲယူၿပီး …

တက္…တဲ့ …ကြ်န္မကို ၿပီတီတီအျပဳးံတခုနဲ႔ ၾကည့္ရင္း ေျပာတယ္ ။

႐ုးံသြားဘို႔ အာ႐ုံေရာက္ေနတဲ့ကြ်န္မက ဘာမွသိတ္မစဥ္းစားအားဘူး ..ကားေပၚကိုလွမ္းတက္တယ္။

တံခါးဝမွာ ကြ်န္မဘက္မ်က္ႏွာလွည့္ၿပီး ကိုယ္ကိုဖယ္ေပးေပမဲ့ သူ ့ဆီက ခ်ဥ္တူးေနတဲ့ အရက္နံ႕ကို ကြ်န္မဘက္ကို တမင္ မႈတ္ထုတ္လိုက္တယ္။ စက္ဆုပ္ရြံရွာစရာေကာင္းတဲ့ေလေတြ ကြ်န္မနားသယ္စပ္နဲ႔ ပါးျပင္ကို အရွိန္ျပင္းျပင္း ပြတ္တိုက္ၿပီးမွ ႏွာသီးဝဆီကို ေထာင္းကနဲ အလုးံအရင္းနဲ႔ေျပးဝင္သြားတယ္။

မိုက္႐ိုင္းလိုက္တာ ။

ကြ်န္မတကိိုယ္လုးံ ေျခဖ်ားကေနဆံစအထိ ေဒါသမီးေတြ ဝုန္းကနဲေပၚက္ကြဲသြားတယ္။ ကြ်န္မသူ ့ကိုေသေသခ်ာခ်ာစိုက္ၾကည့္ရင္း ေျခနင္းခုံေအာက္ဆုးံဆင့္မွာ ကြ်န္မကိုေမာ့ၾကည့္ၿပီး မခန္႔ေလးစားရယ္ေနတဲ့ လူ႔ေပၚက္ပန္းကို အားျပင္းျပင္းနဲ႔ ေဆာင့္ကန္လိုက္တယ္။

ကားေပၚမွာေရာက္ႏွွင့္ၿပီးသားလူေတြဆီက ေဝါကနဲ အသံေတြထြက္လာတယ္။ လဲက်သြားတဲ့စပါယ္ယာက ေတာ္ေတာ္နဲ႔ျပန္မထႏိုင္ဘူး။ အိတ္ထဲကေမာင္းခ်ဓါးကို လက္ထဲမွာ အသာကိုင္ရင္း ကြ်န္မသူ ့ကို လက္ပိုက္ၿပီး ၾကည့္ေနလိုက္တယ္။

ကားဒ႐ိုင္ဘာခ်က္ျခင္းေရာက္လာတယ္။
ကြ်န္မသူ႔ကိုတခြန္းဘဲေမးလိုက္တယ္
စပါယ္ယာအရက္ေတြမူးေနတာ မသိဘူးလား …လို႔

ဒ႐ိုင္ဘာလဲ ၾကက္ႀကီးလည္လိမ္သလိုၿင္ိမ္သြားတယ္
အခုရဲစခန္းကိုေမာင္း အမႈ႕ဖြင့္မယ္လို႔ ကြ်န္မဆက္ၿခိမ္းေျခာက္လိုက္တယ္။

ကားေပၚကလူေတြကလဲ တေယာက္တေပၚက္ဝိုင္းေျပာၾကတယ္။ ရင္ဝကို အကန္ခံရတဲ့စပါယ္ယာက ေတာင္းပန္တယ္။
အဲဒီကားနဲ႔ဘဲ ျမန္မာ့အသံကို ကြ်န္မလာခဲ့တယ္။

ကြ်န္မတို႔ အမ်ိဳးသမီးေတြမွာ
ေစာ္ကားမႈ႕ေတြနဲ႔ ၾကံဳလာရင္ ဘယ္လိုအတိုင္းအတာတခုမွာ တုန္႔ျပန္မလဲဆိုတာ တခါတေလမွာ ဆုးံျဖတ္ႏိုင္ဘို႔လိုပါတယ္။
တခါတေလ ပါးစပ္သရမ္းတဲ့လူယုတ္ေတြ အမူးသမားေတြ သြားရင္းလာရင္း ႏွမသားခ်င္းမစာနာ ေျပာတာ ရွိပါတယ္။ ကြ်န္မအေနနဲ႔ကေတာ့ ကြ်န္မအသားကို မထိသေရြ႕လုးံဝ ဂ႐ုမစိုက္ဘူး
အင္မတန္ရြံတာပါ ။

မိန္းကေလးေတြဟာ ပန္းကေလးေတြလို ႏုနယ္တယ္ သိမ္ေမြ႕တယ္ဆိုတိုင္း အင္အားနည္းတယ္လို႔ ဆိုတာမဟုတ္ပါဘူး ။ ခြန္အားဆိုတာ ခႏၶာကိုယ္ေပၚက ႂကြက္သားေတြထက္ စိတ္ကေပးတဲ့ သတၱိက ပိုႀကီးပါတယ္

ကိုယ္ထိလက္ေရာက္ေစာ္ကားလာၿပီဆိုရင္ ကိုယ္တိုင္မတုန္႔ျပန္ရဲလဲ ၿငိမ္မေနပါနဲ႔ တုန္႔ျပန္လို႔ရတဲ့နည္းလမ္းေပၚင္းမ်ားစြာရွိပါတယ္။ ေဘးလူကို အကူညီေတာင္းပါ
မ်က္ႏွာလႊဲမထားပါနဲ႔ ။ မရွက္ပါနဲ႔ ။ေသေသခ်ာခ်ာစိုက္ၾကည့္ပါ။ ရွက္ရမွာ ကိုယ္မဟုတ္ပါဘူး

ကိုယ့္အနားမွာ ရွိေနရင္
ေနရာေျပာင္းပါ ။ အကာအကြယ္ရမယ့္ေနရာယူၿပီး ေအာ္ဟစ္ အကူအညီေတာင္းပါ ။ စူးစူးဝါးဝါးေအာ္ဟစ္သံက တခါတေလ ထိတ္လန္႔ေစပါတယ္။
ေလသံမာမာနဲ႔ ၿခိမ္းေျခာက္တာလဲ ေနာက္ဆုတ္သြားတတ္ပါတယ္

။ ကိုယ့္အသက္ေသမွာလူတိုင္းေၾကာက္ပါတယ္။ ဒါေပမဲ့ သူတပါးအႏိုင္က်င့္တာ ခံခ်င္တိုင္းခံေနရတဲ့အျဖစ္က ႐ုန္းထြက္ႏိုင္ပါေစ ။

ပခုးံႏွစ္ဖက္ေခၚင္းေပၚက္တာျခင္းအတူတူ
ေယာက္က်ားတေယာက္ ကိုယ္ထိလက္ေရာက္ မတရားေစာ္ကား အႏိုင္က်င့္တာကို ဘာေၾကာင့္မတုန္႔ျပန္ဝ့ံရမွာလဲ ဆိုတဲ့ အင္အား ေမြးျမဴႏိုင္ပါေစ။

သတ္သြားမွာေပါ့ အင္အားမွ မမွ်တာလို႔ဆိုရင္
အဲဒီအေျခအေနေတြကို မစဥ္းစားဘဲတုန္႔ျပန္ရမယ္လို႔ မဆိုလိုပါဘူး ။

တခုေတာ့ရွိပါတယ္
ကြ်န္မအတြက္ဆိုရင္ေတာ့
ေနာက္ဆုးံအင္အားျခင္းမမွ်လို႔ ရင္ဆိုင္ရရင္ေတာင္

သူတို႔ပါ တပါတည္းေခၚသြားမယ္
An eye for an eye …ပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ma Myat Yee Mon
# Unicode Version ျဖင့္ ဖတ္ပါ #


မိုက်ရိုင်းလွန်းတဲ့စပါယ်ယာကို ဖနောင့်နဲ့ပေါ်က်ခဲ့တဲ့ ငယ်စဉ်ကာလ ရှိခဲ့ဖူးတယ်။

ငယ်စဉ်ကာလ ဆိုတာတောင် အလုပ်လုပ်နေပါပြီ MRTV မှာ သတင်းဖတ်နေတဲ့ အချိန်ပါ

အဲဒီအချိန်က International News ဖတ်ဘို့ မနက်အစောကြီး ရုးံကို ပြေးရတယ်။ ဘာနဲ့သွားရလဲဆိုတော့ ဘတ်စ်ကားနဲ့ပါ ။

ကျွန်မတို့မှာ အိမ်ကကားရှိလို့ အဖေက အကြိုအပို့လုပ်မယ်ဆိုတာမျိုး ဘယ်တော့မှ မရှိပါဘူး
ဘယ်ကိစ္စမဆို ကိုယ့်ခြေထောက်ကိုယ်သုးံပြီး လမ်းလျောက်ရင်လျောက် မလျောက်ရင် ဘတ်စ်ကားစီး ..အင်မတန်လိုအပ်လွန်းမှ အိမ်ကကား စီးဖူးတယ် ..အဲဒီလိုနေခဲ့ရပါတယ်။

ကျွန်မ ရုးံသွားရင် လွယ်တဲ့လွယ်အိတ်လေးရှိတယ်
ဟိုးအရင် အထက်တန်းကျောင်းတက်တုန်းက ကျောင်းသားတော်တော်များများလွယ်လေ့ရှိတဲ့ ဘေးလွယ်မျိုးပါ

အဲဒီလွယ်အိတ်ထဲမှာ သတင်းဖတ်ရင်ဝတ်ဖို့ ရင်ဖုးံအကျီတထည်ပါတယ်။ အဘိဓါန်စာအုပ်အသေးလေးပါတယ်
ပိုက်ဆံထည့်တဲ့ အိတ်အသေးလေးရယ် ..မောင်းချဓါးတချောင်းရယ် ..ပါတယ်။

လွယ်အိတ်နဲ့ဆိုတော့ ကျွန်မပုံက ရုးံတက်တဲ့သူနဲ့မတူဘူး
သက်ကြီးတက္ကသိုလ်မှာ တဖုးံဖုးံကျနေတဲ့ ခပ်တုးံတုးံခပ်အအ ကျောင်းသူ ဒီဇိုင်းမျိုး

ရုးံလုံခြည်အပြာရောင်ရယ် ရှပ်အကျီအဖြူရယ် ..
ပြားနေအောင်ဖိပြီး လှန်တင်ထားတဲ့ဆံပင်တွေရယ်

ရုးံရောက်မှ မိတ်ကပ်ဆရာလိမ်းပေးမယ့်တူတူ မျက်နှာ ၂ ခါမသစ်ချင်လို့ ဒီအတိုင်းထွက်လာတဲ့ မျက်နှာရယ်
သတင်းမဖတ်ခင်စားဘို့လက်ထဲမှာကိုင်လာတဲ့ ထမင်းကြော်ဗူးလေးရယ်။ နွမ်းနွမ်းပါးပါး ရှိလှတယ်။

ပြီးတော့
ကျွန်မရုးံကိုသွားရတဲ့အချိန်က ရုးံတက်ချိန်လဲမဟုတ်ဘူး
ကျောင်းတက်ချိန်လည်းမဟုတ်ဘူး..

မနက်၆ နာရီခွဲလောက်ဆိုတော့ လွယ်အိတ်တဖက် ထမင်းဗူးတဖက်နဲ့ ကားပေါ်တက်လာတဲ့ ကျွန်မကို စပါယ်ယာက ဘယ်လိုကြည့်တယ်မှတ်လဲ ..ကားပေါ်အတက်အဆင်းခြေနင်းခုံကနေ လမ်းပိတ်ပြီး သူ့ဆီအလုပ်ဆင်းဘို့လာတဲ့ အလုပ်သမားလို ကြည့်တယ်။ပြီးတော့ မဖယ်သေးဘူး ကျွန်မကိုမေးတယ်..ဘယ်သွားမှာလဲ..တဲ့

ရုတ်တရက်ဆိုတော့ ကျွန်မနဲနဲ ဇဝေဇဝါဖြစ်သွားတယ်
ဘယ်လိုကြီးလဲဆိုတဲ့အတွေးတွေကြားကဘဲ ကျွန်မသူမေးတာကို ပြန်ဖြေတယ်..မြန်မာ့အသံကို..လို့

၂၀၀ ပေး…ဆိုတဲ့စကားနဲ့ လမ်းမဖယ်သေးဘဲ သူက ခါးပါအဆစ်ထောက်လိုက်ပြီး ကျွန်မကို ပိုက်ဆံတောင်းတယ်။

ကျွန်မဒေါသ ပါးပါးလေး လွန့်ပြီးတက်လာတယ်။
ဒါပေမဲ့ ကျွန်မစိတ်ထဲဇဝေဇဝါဖြစ်နေတုန်း..အဖြေရှာခက်နေတုန်းဘဲ..ဘာကြောင့်ပါလိမ့်ဆိုတဲ့ စိတ်ရှုပ်သွားတဲ့ကြားထဲက ပိုက်ဆံ၂၀၀ ထုတ်ပေးလိုက်ပြန်တယ်။ ကျွန်မပိုကိဆံကို ဆတ်ကနဲဆွဲယူပြီး …

တက်…တဲ့ …ကျွန်မကို ပြီတီတီအပြုးံတခုနဲ့ ကြည့်ရင်း ပြောတယ် ။

ရုးံသွားဘို့ အာရုံရောက်နေတဲ့ကျွန်မက ဘာမှသိတ်မစဉ်းစားအားဘူး ..ကားပေါ်ကိုလှမ်းတက်တယ်။

တံခါးဝမှာ ကျွန်မဘက်မျက်နှာလှည့်ပြီး ကိုယ်ကိုဖယ်ပေးပေမဲ့ သူ့ဆီက ချဉ်တူးနေတဲ့ အရက်နံ့ကို ကျွန်မဘက်ကို တမင် မှုတ်ထုတ်လိုက်တယ်။ စက်ဆုပ်ရွံရှာစရာကောင်းတဲ့လေတွေ ကျွန်မနားသယ်စပ်နဲ့ ပါးပြင်ကို အရှိန်ပြင်းပြင်း ပွတ်တိုက်ပြီးမှ နှာသီးဝဆီကို ထောင်းကနဲ အလုးံအရင်းနဲ့ပြေးဝင်သွားတယ်။

မိုက်ရိုင်းလိုက်တာ ။

ကျွန်မတကိုယ်လုးံ ခြေဖျားကနေဆံစအထိ ဒေါသမီးတွေ ဝုန်းကနဲပေါ်က်ကွဲသွားတယ်။ ကျွန်မသူ့ကိုသေသေချာချာစိုက်ကြည့်ရင်း ခြေနင်းခုံအောက်ဆုးံဆင့်မှာ ကျွန်မကိုမော့ကြည့်ပြီး မခန့်လေးစားရယ်နေတဲ့ လူ့ပေါ်က်ပန်းကို အားပြင်းပြင်းနဲ့ ဆောင့်ကန်လိုက်တယ်။

ကားပေါ်မှာရောက်နှှင့်ပြီးသားလူတွေဆီက ဝေါကနဲ အသံတွေထွက်လာတယ်။ လဲကျသွားတဲ့စပါယ်ယာက တော်တော်နဲ့ပြန်မထနိုင်ဘူး။ အိတ်ထဲကမောင်းချဓါးကို လက်ထဲမှာ အသာကိုင်ရင်း ကျွန်မသူ့ကို လက်ပိုက်ပြီး ကြည့်နေလိုက်တယ်။

ကားဒရိုင်ဘာချက်ခြင်းရောက်လာတယ်။
ကျွန်မသူ့ကိုတခွန်းဘဲမေးလိုက်တယ်
စပါယ်ယာအရက်တွေမူးနေတာ မသိဘူးလား …လို့

ဒရိုင်ဘာလဲ ကြက်ကြီးလည်လိမ်သလိုြငိမ်သွားတယ်
အခုရဲစခန်းကိုမောင်း အမှု့ဖွင့်မယ်လို့ ကျွန်မဆက်ခြိမ်းခြောက်လိုက်တယ်။

ကားပေါ်ကလူတွေကလဲ တယောက်တပေါ်က်ဝိုင်းပြောကြတယ်။ ရင်ဝကို အကန်ခံရတဲ့စပါယ်ယာက တောင်းပန်တယ်။
အဲဒီကားနဲ့ဘဲ မြန်မာ့အသံကို ကျွန်မလာခဲ့တယ်။

ကျွန်မတို့ အမျိုးသမီးတွေမှာ
စော်ကားမှု့တွေနဲ့ ကြုံလာရင် ဘယ်လိုအတိုင်းအတာတခုမှာ တုန့်ပြန်မလဲဆိုတာ တခါတလေမှာ ဆုးံဖြတ်နိုင်ဘို့လိုပါတယ်။
တခါတလေ ပါးစပ်သရမ်းတဲ့လူယုတ်တွေ အမူးသမားတွေ သွားရင်းလာရင်း နှမသားချင်းမစာနာ ပြောတာ ရှိပါတယ်။ ကျွန်မအနေနဲ့ကတော့ ကျွန်မအသားကို မထိသရွေ့လုးံဝ ဂရုမစိုက်ဘူး
အင်မတန်ရွံတာပါ ။

မိန်းကလေးတွေဟာ ပန်းကလေးတွေလို နုနယ်တယ် သိမ်မွေ့တယ်ဆိုတိုင်း အင်အားနည်းတယ်လို့ ဆိုတာမဟုတ်ပါဘူး ။ ခွန်အားဆိုတာ ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေထက် စိတ်ကပေးတဲ့ သတ္တိက ပိုကြီးပါတယ်

ကိုယ်ထိလက်ရောက်စော်ကားလာပြီဆိုရင် ကိုယ်တိုင်မတုန့်ပြန်ရဲလဲ ငြိမ်မနေပါနဲ့ တုန့်ပြန်လို့ရတဲ့နည်းလမ်းပေါ်င်းများစွာရှိပါတယ်။ ဘေးလူကို အကူညီတောင်းပါ
မျက်နှာလွှဲမထားပါနဲ့ ။ မရှက်ပါနဲ့ ။သေသေချာချာစိုက်ကြည့်ပါ။ ရှက်ရမှာ ကိုယ်မဟုတ်ပါဘူး

ကိုယ့်အနားမှာ ရှိနေရင်
နေရာပြောင်းပါ ။ အကာအကွယ်ရမယ့်နေရာယူပြီး အော်ဟစ် အကူအညီတောင်းပါ ။ စူးစူးဝါးဝါးအော်ဟစ်သံက တခါတလေ ထိတ်လန့်စေပါတယ်။
လေသံမာမာနဲ့ ခြိမ်းခြောက်တာလဲ နောက်ဆုတ်သွားတတ်ပါတယ်

။ ကိုယ့်အသက်သေမှာလူတိုင်းကြောက်ပါတယ်။ ဒါပေမဲ့ သူတပါးအနိုင်ကျင့်တာ ခံချင်တိုင်းခံနေရတဲ့အဖြစ်က ရုန်းထွက်နိုင်ပါစေ ။

ပခုးံနှစ်ဖက်ခေါ်င်းပေါ်က်တာခြင်းအတူတူ
ယောက်ကျားတယောက် ကိုယ်ထိလက်ရောက် မတရားစော်ကား အနိုင်ကျင့်တာကို ဘာကြောင့်မတုန့်ပြန်ဝံ့ရမှာလဲ ဆိုတဲ့ အင်အား မွေးမြူနိုင်ပါစေ။

သတ်သွားမှာပေါ့ အင်အားမှ မမျှတာလို့ဆိုရင်
အဲဒီအခြေအနေတွေကို မစဉ်းစားဘဲတုန့်ပြန်ရမယ်လို့ မဆိုလိုပါဘူး ။

တခုတော့ရှိပါတယ်
ကျွန်မအတွက်ဆိုရင်တော့
နောက်ဆုးံအင်အားခြင်းမမျှလို့ ရင်ဆိုင်ရရင်တောင်

သူတို့ပါ တပါတည်းခေါ်သွားမယ်
An eye for an eye …ပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit: Ma Myat Yee Mon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top