ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳမူတာကို ဆန္႔က်င္တဲ့ #metoo လႈပ္ရွားမႈကို ေယာင္းတို႔အားလံုးသိၾကမွာပါ။ ေဟာလိဝုဒ္ သရုပ္ေဆာင္ ဟာေဗးဝင္စတိန္က အမ်ိဳးသမီး သရုပ္ေဆာင္ေတြကို မဖြယ္မရာလုပ္ရာကေန စေပၚေပါက္လာခဲ့တဲ့ #metoo လႈပ္ရွားမႈဟာ ေဟာလိဝုဒ္မွာတင္ ရပ္မသြားဘဲ ကမၻာအႏွံ႔က အမ်ိဳးသမီးထုအၾကားမွာ အားေကာင္းပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

သတင္းေကာင္းကေတာ့ ဒီ #metoo campaignဟာ ပါကစၥတန္လို ႏိုင္ငံမွာ ပထမဆံုးအႀကိမ္အျဖစ္ စတင္လာခဲ့ပါၿပီ။ ပါကစၥတန္ဟာ ဘာသာေရးလႊမ္းမိုးမႈအား ႀကီးတာမို႔ ေရွးဆန္သလို ဖိုဝါဒီ ႀကီးစိုးတဲ့ ေနရာလည္း ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ မိန္းမေတြဟာ ေယာက်္ားေတြထက္ နိိမ့္က်တယ္လို႔ ယူဆထားတဲ့ ႏိုင္ငံျဖစ္ၿပီး ပါကစၥတန္မိန္းကေလးအမ်ားအျပားဟာ အၾကမ္းဖက္မႈနဲ႔ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမႈေတြကို မတိုင္တန္းႏိုင္ဘဲ ႀကိတ္မွိတ္ ရင္ဆိုင္ေနရပါတယ္။

ဒါေပမဲ့ ပါကစၥတန္မင္းသမီး မီရွာရွာဖီ ကေတာ့ ယမန္ေန႔က အဆိုေတာ္ သရုပ္ေဆာင္ အလီဇဖာကို သူမအေပၚ လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳမူခဲ့မႈ နဲ႔ ပတ္သက္ၿပီး ရဲရဲဝံ့ဝံ့ထုတ္ေဖာ္ ေျပာၾကားလိုက္ျခင္းအားျဖင့္ #metoo momentကို ပါကစၥတန္မွွာ ပထမဆံုး အႀကိမ္ စတင္လိုက္ပါေတာ့တယ္။ အသက္ ၃၆ႏွစ္ရွိၿပီ ျဖစ္တဲ့ ပါကစၥတန္မင္းသမီး မီရွာရွာဖီဟာ The Reluctant Fundamentalistလို ဇာတ္လမ္းမ်ိဳးေတြမွာ ပါဝင္ခဲ့တဲ့ နာမည္ႀကီး မင္းသမီး တစ္ေယာက္ျဖစ္ၿပီး ကေလးႏွစ္ေယာက္အေမလည္း ျဖစ္ပါတယ္။

အလီဟာ သူမ ခနၶာကိုယ္ကို မဖြယ္မရာ လုပ္ခဲ့ပါတယ္လို႔ မီရွာက မီဒီယာေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အလီကေတာ့ ျငင္းခဲ့ပါတယ္။ မီရွာဟာ သူ႔ကို အသေရဖ်က္တာေၾကာင့္ တရားဥပေဒအရလည္း အေရးယူေဆာင္ရြက္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မီရွာဟာ တြစ္တာမွာ ဒီလို ထုတ္ေဖာ္ေရးသားခဲ့ပါတယ္။ “မိန္းမတစ္ေယာက္အေနနဲ႔ ဖြင့္ဟဖို႔ ခက္ခဲတဲ့ တခ်ိဳ႕ကိစၥေတြ ရွိပါတယ္။အထူးသျဖင့္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြေပါ့။ ဒါေပမယ့္ ကၽြန္မရဲ႕ အသိတရားက ကၽြန္မကို ဒီထက္ပိုၿပီး ႏႈတ္ဆိတ္ေနဖို႔ ခြင့္မျပဳေတာ့ပါဘူး။ ကၽြန္မလို နာမည္ရ အႏုပညာသမားတစ္ေယာက္ကိုေတာင္ ဒါမ်ိဳး လုပ္ရဲတယ္ဆိုရင္၊ ျဖစ္လာတယ္ဆိုရင္၊ ဒါဟာ တျခား မိိန္းကေလးငယ္ေတြမွာလည္း ျဖစ္လာႏိုင္ၿပီး ဒီအခ်က္က ကၽြန္မကို အေတာ္ေလး စိုးရိမ္လာေစပါတယ္” ။

အလီဟာ သူမကို မဖြယ္မရာ ျပဳခဲ့တာတစ္ႀကိမ္တစ္ခါ မကပါဘူးတဲ့။ “အလီဟာ ကၽြန္မ ႏွစ္ေပါင္းမ်ားစြာ သိလာတဲ့သူ တစ္ေယာက္ျဖစ္ၿပီး စင္ျမင့္ထက္မွာ အတူတူေဖ်ာ္ေျဖခဲ့ၾကသူပါ။ ဒါေပမဲ့ သူ႔ရဲ႕ စရိုက္နဲ႔ စိတ္ဓာတ္ေၾကာင့္ ကၽြန္မ သစၥာေဖာက္ခံလိုက္ရသလို ခံစားခဲ့ရပါတယ္” လို႔ မီရွာက ေျပာခဲ့ပါတယ္။ မီရွာဟာ သူမေစာ္ကားခံရမႈကို  သားသမီးႏွစ္ေယာက္ရဲ႕ မိခင္အေနနဲ႔ ပါ ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

အလီဇဖာဟာ ဆုေတြအမ်ားႀကီး ရရွိထားတဲ့ နာမည္ႀကီးအဆိုေတာ္ျဖစ္ၿပီး ေဘာလီးဝုဒ္ကားေတြမွာလည္း ပါတဲ့ မင္းသားတစ္လက္ပါ။ သူကေတာ့ သူမဟုတ္ဘူးဆိုတဲ့အေၾကာင္း၊ #metoo လႈပ္ရွားမႈကိုလည္း ေထာက္ခံပါေၾကာင္းေျပာခဲ့ၿပီး တရားရံုးကေန ေျဖရွင္းသြားမယ္လို႔ တံု႔ျပန္လာခဲ့ပါတယ္။

ဘယ္သူမွားတယ္ ဘယ္သူမွန္တယ္ဆိုတာ ေသခ်ာ မသိရေသးေပမယ့္ ပါကစၥတန္လို ႏိုင္ငံမ်ိဳးမွာ ထုတ္ေျပာရဲ႕တဲ့ မီရွာရဲ႕ သတၱိကိုေတာ့ အမ်ိဳးသမီးအေတာ္မ်ားမ်ားက ေလးစားေနၾကၿပီး လူမႈကြန္ရက္ေတြမွာလည္း ေထာက္ခံအားေပးေနၾကပါတယ္။ မဖြယ္မရာျပဳက်င့္ခံရတဲ့ အမ်ိဳးသမီးေတြအတြက္ေတာ့ #metoo လႈပ္ရွားမႈ ဟာ သူတို႔ကို ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္ေျပာၾကားဖို႔ သတၱိေတြ ခြန္အားေတြ ေပးတဲ့ အရာတစ္ခုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mia( For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူတာကို ဆန့်ကျင်တဲ့ #metoo လှုပ်ရှားမှုကို ယောင်းတို့အားလုံးသိကြမှာပါ။ ဟောလိဝုဒ် သရုပ်ဆောင် ဟာဗေးဝင်စတိန်က အမျိုးသမီး သရုပ်ဆောင်တွေကို မဖွယ်မရာလုပ်ရာကနေ စပေါ်ပေါက်လာခဲ့တဲ့ #metoo လှုပ်ရှားမှုဟာ ဟောလိဝုဒ်မှာတင် ရပ်မသွားဘဲ ကမ္ဘာအနှံ့က အမျိုးသမီးထုအကြားမှာ အားကောင်းပျံ့နှံ့လာခဲ့ပါတယ်။

သတင်းကောင်းကတော့ ဒီ #metoo campaignဟာ ပါကစ္စတန်လို နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် စတင်လာခဲ့ပါပြီ။ ပါကစ္စတန်ဟာ ဘာသာရေးလွှမ်းမိုးမှုအား ကြီးတာမို့ ရှေးဆန်သလို ဖိုဝါဒီ ကြီးစိုးတဲ့ နေရာလည်း ဖြစ်ပါတယ်။ များသောအားဖြင့် မိန်းမတွေဟာ ယောကျ်ားတွေထက် နိမ့်ကျတယ်လို့ ယူဆထားတဲ့ နိုင်ငံဖြစ်ပြီး ပါကစ္စတန်မိန်းကလေးအများအပြားဟာ အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကို မတိုင်တန်းနိုင်ဘဲ ကြိတ်မှိတ် ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ ပါကစ္စတန်မင်းသမီး မီရှာရှာဖီ ကတော့ ယမန်နေ့က အဆိုတော် သရုပ်ဆောင် အလီဇဖာကို သူမအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူခဲ့မှု နဲ့ ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ထုတ်ဖော် ပြောကြားလိုက်ခြင်းအားဖြင့် #metoo momentကို ပါကစ္စတန်မှှာ ပထမဆုံး အကြိမ် စတင်လိုက်ပါတော့တယ်။ အသက် ၃၆နှစ်ရှိပြီ ဖြစ်တဲ့ ပါကစ္စတန်မင်းသမီး မီရှာရှာဖီဟာ The Reluctant Fundamentalistလို ဇာတ်လမ်းမျိုးတွေမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီး မင်းသမီး တစ်ယောက်ဖြစ်ပြီး ကလေးနှစ်ယောက်အမေလည်း ဖြစ်ပါတယ်။

အလီဟာ သူမ ခန္ဓာကိုယ်ကို မဖွယ်မရာ လုပ်ခဲ့ပါတယ်လို့ မီရှာက မီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပြီး အလီကတော့ ငြင်းခဲ့ပါတယ်။ မီရှာဟာ သူ့ကို အသရေဖျက်တာကြောင့် တရားဥပဒေအရလည်း အရေးယူဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မီရှာဟာ တွစ်တာမှာ ဒီလို ထုတ်ဖော်ရေးသားခဲ့ပါတယ်။ “မိန်းမတစ်ယောက်အနေနဲ့ ဖွင့်ဟဖို့ ခက်ခဲတဲ့ တချို့ကိစ္စတွေ ရှိပါတယ်။အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပေါ့။ ဒါပေမယ့် ကျွန်မရဲ့ အသိတရားက ကျွန်မကို ဒီထက်ပိုပြီး နှုတ်ဆိတ်နေဖို့ ခွင့်မပြုတော့ပါဘူး။ ကျွန်မလို နာမည်ရ အနုပညာသမားတစ်ယောက်ကိုတောင် ဒါမျိုး လုပ်ရဲတယ်ဆိုရင်၊ ဖြစ်လာတယ်ဆိုရင်၊ ဒါဟာ တခြား မိန်းကလေးငယ်တွေမှာလည်း ဖြစ်လာနိုင်ပြီး ဒီအချက်က ကျွန်မကို အတော်လေး စိုးရိမ်လာစေပါတယ်” ။

အလီဟာ သူမကို မဖွယ်မရာ ပြုခဲ့တာတစ်ကြိမ်တစ်ခါ မကပါဘူးတဲ့။ “အလီဟာ ကျွန်မ နှစ်ပေါင်းများစွာ သိလာတဲ့သူ တစ်ယောက်ဖြစ်ပြီး စင်မြင့်ထက်မှာ အတူတူဖျော်ဖြေခဲ့ကြသူပါ။ ဒါပေမဲ့ သူ့ရဲ့ စရိုက်နဲ့ စိတ်ဓာတ်ကြောင့် ကျွန်မ သစ္စာဖောက်ခံလိုက်ရသလို ခံစားခဲ့ရပါတယ်” လို့ မီရှာက ပြောခဲ့ပါတယ်။ မီရှာဟာ သူမစော်ကားခံရမှုကို  သားသမီးနှစ်ယောက်ရဲ့ မိခင်အနေနဲ့ ပါ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အလီဇဖာဟာ ဆုတွေအများကြီး ရရှိထားတဲ့ နာမည်ကြီးအဆိုတော်ဖြစ်ပြီး ဘောလီးဝုဒ်ကားတွေမှာလည်း ပါတဲ့ မင်းသားတစ်လက်ပါ။ သူကတော့ သူမဟုတ်ဘူးဆိုတဲ့အကြောင်း၊ #metoo လှုပ်ရှားမှုကိုလည်း ထောက်ခံပါကြောင်းပြောခဲ့ပြီး တရားရုံးကနေ ဖြေရှင်းသွားမယ်လို့ တုံ့ပြန်လာခဲ့ပါတယ်။

ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ သေချာ မသိရသေးပေမယ့် ပါကစ္စတန်လို နိုင်ငံမျိုးမှာ ထုတ်ပြောရဲ့တဲ့ မီရှာရဲ့ သတ္တိကိုတော့ အမျိုးသမီးအတော်များများက လေးစားနေကြပြီး လူမှုကွန်ရက်တွေမှာလည်း ထောက်ခံအားပေးနေကြပါတယ်။ မဖွယ်မရာပြုကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက်တော့ #metoo လှုပ်ရှားမှု ဟာ သူတို့ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားဖို့ သတ္တိတွေ ခွန်အားတွေ ပေးတဲ့ အရာတစ်ခုပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mia( For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top