မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×










Credit: Hla Taw Thar

# Unicode Version ဖြင့်ဖတ်ရန် #
ဘရာဇီး မှာ လုယက်မှု၊ ခိုးမှု၊ ဒါးပြတိုက် မှုများ လွန်းလို့ မသွား သင့်တော့ မြို့တော် များ စာရင်းထဲမှာ ရီရိုဒီဂျနေးဒိုး ပါဝင်ပါတယ်။

မြန်မာ ကဆင်းရဲတာ မှန်သော် လည်း ဆိုးဆိုးဝါးဝါး လုံးဝ မဖြစ် သလောက် နီးပါး လို့တောင်ပြောလို့ရပါတယ်။အနောက် အာဖရိက နှင့် တောင်အမေရိက ရောက်ဖူးတဲ့သူတွေ သိမှာပါ။

ဘရာဇီးနိုင်ငံ Sobradinho မြို့ မှာနေတဲ့ အရိုးအကြော အထူးကု ဆရာဝန် မ သည်အိမ် ထဲကို သူခိုး ခဏခဏ အဝင်ခံရပါတယ်။

နောက်ဆုံး သူ၏ အသက်ကို ရန်ရှာ ဖို့ အထိ ဖြစ်လာ မှာ စိုးသောကြောင့်။အိမ်ခြံစည်း ရိုးတွေမှာ အပ်တွေ ထောင်ပြီး ချည် လိုက်ပါတယ် ပြီးတော့ စာတမ်းထိုး လိုက်တယ်။

ဒီအပ် များသည် HIV Positive ( HIV ဗိုင်းရပ်စ်) ရှိနေသည် ဟု ရေး လိုက်ပါတယ်။HIV တကယ်ရှိမရှိ တော့ မသိပါဘူး။

သူခိုး မပြောနဲ့ သူ့ခြံနား က လမ်းကိုတောင် လူတွေ အသုံးမပြု ကြတော့ ဘဲ အခြား လမ်းတွေ က သာသွားလာကြပါတယ်။

နောက်ဆုံး မှာ ကွန်ဒို မီနီယံ ကြီးကြပ် သူက ခြံပေါ်က ဆေးထိုးအပ် တွေ ဖြုတ်ခိုင်းကာ သူမကို US $ 100 ဒါဏ်ရိုက်လိုက်ပါတယ်။

ဒီကိစ္စဖြစ်ပြီးနောက် ပြည်သူတွေက သူခိုး အပေါ်၊ အစိုးရအပေါ်၊ ဆရာဝန်မ အပေါ် ဝေဖန် မှုတွေ အမျိုး မျိုးရှိလာခဲ့ သော် လည်း ခြံပေါ်မှာ ဆေးထိုးအပ် ထောင်ရမည့် ဥပဒေ တော့ ထွက်မလာသေးပါဘူး။

ကျွန်တော် သိသလောက် ကတော့ သူခိုးတွေဟာ အဆိပ်ပါတဲ့ razor ဝိုင်ယာ၊လျပ်စစ် ဓာတ်အား ဝိုင်ယာ တွေကို ဂရုစိုက်လောက်မယ် လို့ ထင်မိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hla Taw Thar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top