မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×


Image result for Han Yeseul

Image result for Han Yeseul 2017



Credit: Lwinpyin

#Unicode Version#
အင်တာနက်စာမျက်နှာတွေပေါ်မှာ ပရိတ်တွေ အသိချင်ဆုံး ဖြစ်ရပ်တစ်ခုကတော့ သရုပ်ဆောင် Han Yeseul ရဲ့ခွဲစိတ်မူအခြေနေပါ။

သူမက အင်စတာဂ၇မ်ပေါ်မှာလဲ ခွဲစိတ်မူနဲ့ပတ်သက်တဲ့အကြောင်းရာတွေ တင်နေတော့ ပရိတ်တွေ စိတ်ထဲရှင်းသွားအောင် အခုလိုဖော်ပြပေးလိုက်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က မင်းသမီး Han Yeseul ဟာ အမာရွတ်ခွဲစိတ်ကုသမူပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သူမရဲ့အင်စတာဂရမ်မှာတော့ လွန်ခဲ့တဲ့ နှစ်ပတ်တည်းက ခွဲစိတ်ခဲ့တဲ့အမာရွတ်ဟာ အခုထိ အဆင်မပြေသေးကြောင်း နဲ့ဆက်လက်ကုသမူခံယူနေရကြောင်းရေးသားခဲ့ပါတယ်။ ဒီလိုဖြစ်လို့လဲသူမရမ်းကြေကွဲခံစားရပါတယ်လို့လဲရေးသားထားတာပါ။

မင်းသမီးတွေ ခွဲစိတ်မူ ပြုလုပ်တဲ့အခါ အရမ်းသတိထားရပါတယ်။ ပြစ်မျိုးမှဲ့မထင်အလှ ဆိုလို မင်းသမီးလို့ဆိုလိုက်တာနဲ့ ပရိတ်သတ်အားလုံး စင်းလုံးချောအပြစ်ကင်းစင်တဲ့အသားရည် နဲ့ လှလှပပလေး မျှော်လင့်တတ်ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေက သူမရဲ့အေဂျင်စီတွေကို ဆက်သွယ်မေးမြန်းရာမှတော့ သူမက အဆီကျိတ် ခွဲစိတ်မူ ပြုလုပ်ခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ personal ဖြစ်တဲ့အတွက် မေးမြန်းခွင့်မရှိခဲ့ပါဘူး။

နောက်တစ်နေ့ဧပြီ ၂၂ ရက်မှာတော့ ခွဲစိတ်ဆရာဝန်ကိုယ်တိုင်က သရုပ်ဆောင် Han Yeseul ဟာအဆီကျိတ်ခွဲစိတ်မူပြုလုပ်ခဲ့တာဖြစ်ကြောင်း နဲ့ ခွဲစိတ်နေစဉ် မှာ ဆရာဝန်ဘက် လွဲမှားမူ တစ်ခုဖြစ်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ ဆရာဝန်ကတော့ ပရော်ဖက်ဆာ လီဂျီဟွန်းပါ။ သူရဲ့ပြောပြချက်အရတော့ ဒီလိုခွဲစိတ်မူမှာတော့ အမာရွတ်တစ်ခုခုကျန်ခဲ့နိုင်ကြောင်း ဆရာဝန်ကိုယ်တိုင်က သရုပ်ဆောင်ကို ရှင်းပြခဲ့ပါတယ်။ သရုပ်ဆောင်က တော့အမာရွတ်ကို နည်းနိုင်သမျှနည်းအောင် ခွဲစိတ်စေချင်ကြောင်း ဆရာဝန်နဲ့တိုင်ပင်ခဲ့ပါတယ်။ ဒါကြောင့် ဆရာဝန်က အပေါ်ဘက် အသားပို အဆီကျိတ်ကို ခွဲစိတ်ရမည့်အစား အတွင်းဘက်အောက်ဘက်မှ ခွဲစိတ်ခဲ့ပါတယ်။ အဲ့ဒီမှာပြသာနာဖြစ်သွားရခြင်းဖြစ်ကြောင်း ပြောပြပြီး ခွဲစိတ်မူပြုလုပ်ပေးခဲ့တဲ့ဆရာဝန် ကိုယ်တိုင်တောင်းပန်ခဲ့ပါတယ်။

ဒီကနေ့ထပ်မံထွက်ရှိလာတဲ့သတင်းတွေမှာတော့ သရုပ်ဆောင် Han Yeseul ရဲ့ အင်စတာဂရမ်မှာတင်ထားတဲ့ပုံအရ ခွဲစိတ်မူရလဒ် အမာရွတ်ဟာ သက်သာမလာဘဲ ပိုဆိုးလာတယ်လို့သိရပါတယ်။ တကယ်ကိုကြေကွဲရပါတယ် လို့ လဲ သူမက ပုံနဲ့စာသားရေးသားခဲ့ပါတယ်။ သူမအမြန်ဆုံးသက်သာအောင် အက်မင်တို့တွေလဲ ဆုတောင်း ပေးလိုက်ပါတယ်။
သူ့လို အလှပဂေးလေး တစ်ယောက်ကို မှ ဖြစ်ရတယ်လို့ကွယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top